ပိုးလမ်းမသစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပိုးလမ်းမသစ် Covering Burma and Southeast Asia Thu, 30 Mar 2023 18:10:48 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ပိုးလမ်းမသစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပိုးလမ်းမသစ် 32 32 တရုတ်ပိုးလမ်းမသစ်ကို အိန္ဒိယ စိုးရိမ်မကင်းဖြစ်နေ https://burma.irrawaddy.com/news/2017/05/25/135451.html Thu, 25 May 2017 09:46:58 +0000 https://burma.irrawaddy.com/lytbox/?p=135451 အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် တရုတ် သမ္မတ ရှီကျင်ဖျင့် / Reutersအိန္ဒိယပါဝင်လာအောင် တရုတ်နိုင်ငံဘက်က မလုပ်ဆောင်နိုင် ခြင်းမှာ နယ်နိမိတ် အငြင်းပွားမှုများနှင့် တရုတ်နိုင်ငံက ပါကစ္စတန်ကို ထောက်ခံခြင်းကြောင့် ဖြစ်ပြီး ၂ နိုင်ငံ အကြား ဆက်ဆံရေး ယိုယွင်းလာသည်ကို ပြသနေသည်။]]> အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် တရုတ် သမ္မတ ရှီကျင်ဖျင့် / Reuters

တရုတ်နိုင်ငံသည် ယခုလအတွင်း ကျင်းပခဲ့သည့် ၎င်း၏ ပိုးလမ်းမသစ် ထိပ်သီးဆွေးနွေးပွဲသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် အစိုးရအဖွဲ့ဝင် ၆ ဦးတို့ကို ဖိတ်ကြားခဲ့ပြီး ၎င်းတို့ တက်ရောက်ရန် စည်းရုံးသည့် အနေဖြင့် အငြင်းပွားနေသော ကက်ရှ်မီးယားဒေသကို ဖြတ်သန်းသည့် ပါကစ္စတန်မှ အဓိကကျသည့် စီမံကိန်းကိုပင် အမည်ပြောင်းပေးမည် ဟု ကမ်းလှမ်းခဲ့သည်ဟု မိုဒီ၏ ပါတီမှ ထိပ်တန်းအရာရှိတဦးနှင့် သံတမန်များက ပြောသည်။

သို့သော် အိန္ဒိယသည် တရုတ်၏ သံတမန်ရေးရာ လှုပ်ရှားမှုကို ဝေဖန်ခဲ့ပြီး တရုတ်နှင့် ကျန်အာရှဒေသများနှင့် အခြား ဒေသများကို ဆက်စပ်ပေးသည့် ကုန်းနှင့် ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်ရေး အစီအစဉ်မှ အဓိက စီမံကိန်းတခုသည် ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားကို ဖြတ်သန်းနေသည် ဟု အပြစ်တင်ခဲ့သည်။

အိန္ဒိယပါဝင်လာအောင် တရုတ်နိုင်ငံဘက်က မလုပ်ဆောင်နိုင် ခြင်းမှာ နယ်နိမိတ် အငြင်းပွားမှုများနှင့် တရုတ်နိုင်ငံက ပါကစ္စတန်ကို ထောက်ခံခြင်းကြောင့် ဖြစ်ပြီး ၂ နိုင်ငံ အကြား ဆက်ဆံရေး ယိုယွင်းလာသည်ကို ပြသနေသည်။

တရုတ်နိုင်ငံ၏ One Belt, One road အစီအစဉ်ကို အိန္ဒိယက မသိကျိုးကျွန်ပြုခြင်းမှာ မိုဒီအနေဖြင့် တရုတ်နိုင်ငံကို အပြင်းထန်ဆုံး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုလုပ်ရပ်ကြောင့် အိန္ဒိယအနေဖြင့် အာရှတွင် သြဇာကြီးထွားနေသော တရုတ်ကို ချိန်ခွင်လျှာညှိရန် အမေရိကန် ထောက်ခံမှုကို ဆက်လက် အားမထားနိုင်တော့သည့် အချိန်တွင် အထီးကျန်ဖြစ်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည် ဟု တရုတ်ဆောင်းပါးရှင်များနှင့် အိန္ဒိယရေးရာကျွမ်းကျင်သူများက ပြောသည်။

အမေရိကန်နှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း ၆၀ မှ ကိုယ်စားလှယ်များသည် မေလ ၁၄-၁၅ ရက်များက ကျင်းပသော တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ အရေးပါသော စီမံကိန်းထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

သို့သော် One Belt, One Road အစီအစဉ်၏ ကြီးမားသော အစိတ်အပိုင်း ဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်သည် အိန္ဒိယက ၎င်း၏ ပိုင်နက် အဖြစ် သတ်မှတ်ထားသော ပါကစ္စတန်ထိန်းချုပ်သည့် ကက်ရှ်မီးယားကို ဖြတ်သန်းနေလျှင် အိန္ဒိယအနေဖြင့် ပါဝင်ရန် မဖြစ်နိုင်ကြောင်း မိုဒီ၏ အာဏာရပါတီ ဖြစ်သည့်

Bharatiya Janata Party (BJP) နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် ပါဝင်သည့် သြဇာကြီးမားသော ခေါင်းဆောင် ရမ်မက်ဟက် Ram Madhav က ပြောသည်။

“သူတို့ရဲ့ အချုပ်အခြာ အာဏာ ချိုးဖောက်ခံရတာနဲ့ နည်းနည်းလေးပဲ ဆက်စပ်တဲ့ ပြဿနာရှိရင်တောင်မှ တရုတ်က အခြားနိုင်ငံတွေကို အမြဲ ခြိမ်းခြောက်နေကျပဲ။ ဘယ်နိုင်ငံမှ အချုပ်အခြာအာဏာနဲ့ ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွား အတွက် အပေးအယူ မလုပ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

စီးပွားရေး အလာအလာ

အရွယ်အစားနှင့် ၎င်း၏ စီးပွားရေးချဲ့ထွင်မှု နှုန်းအရ အိန္ဒိယသည် အာရှနှင့် ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက တို့ကို အခြေခံအဆောက်အအုံ တည်ဆောက်ဆက်သွယ်ပြီး၊ ကုန်သွယ်မှု တွန်းအားပေးသော ထိုစီမံကိန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးရဖွယ်ရှိသည် ဟု ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ Credit Suisse က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယတွင် တရုတ်ရင်းနှီးမြှပ်နှံမှုမှာ ၂၀၁၇ မှ ၂၀၂၁ အတွင်း အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံမှ ၁၂၆ ဘီလီယံ အထိ ရှိနိုင်ပြီး ရုရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် တရုတ်၏ အစီအစဉ်တွင် ပါဝင်သော အခြားနိုင်ငံများထက် များစွာ ပိုမိုသည်။

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံကို မည်သည့် စီမံကိန်းမျှ အတိအကျ သတ်မှတ် မပေးရသေးဘဲ နှစ်ပေါင်းများစွာ ကပင် စီစဉ်ထားသော ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြန် ကဲ့သို့သော လက်ရှိ စီမံကိန်းများကိုပင် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်တွင် ထည့်သွင်းခဲ့သည်။

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ဒေလီနှင့် ချန်းနိုင်ကို ဆက်သွယ်သော မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ စမ်းသပ်မှုများ ပြုလုပ်နေပြီ ဖြစ်ပြီး ထိုရထားလမ်းသည် နောင်တွင် ခေတ်သစ်ပိုးလမ်းနှင့် ဆက်သွယ် ချိတ်ဆက်မည် ဖြစ်သည်။

တရုတ်၏ ဒေသတွင်း ဆက်စပ်မည့် စီမံကိန်းများတွင် အိန္ဒိယက ဆက်လက် နောက်ချန်နေခဲ့ပါက ထိုစီမံကိန်းများ လက်တွေ့ဖြစ်နိုင်ခြေကို မေးခွန်းထုတ်ရတော့မည် ဖြစ်သည်ဟု သုတေသီများက ပြောသည်။

တရုတ်နိုင်ငံသည် တိဗက်မှ နီပေါ ခတ္တမန္ဒူအထိ ဒေါ်လာ ၈ ဘီလီယံတန် ရထားလမ်း တည်ဆောက်ရန် နီပေါနိုင်ငံနှင့် ဆွေးနွေးပွဲများ ကျင်းပနေသည်။ သို့သော် တရုတ်နိုင်ငံသည် ထိုကွန်ယက်ကို အိန္ဒိယနယ်စပ်အထိ တိုးချဲ့ပြီး ကြီးမားသော အိန္ဒိယဈေးကွက်သို့ ကုန်စည် ဝင်ထွက်ခွင့် ပြုလိုသည်။

ဗျူဟာအရ စိုးရိမ်မကင်းဖြစ်ခြင်း

ဒေသတွင်းတွင် တရုတ်က ချဲ့ထွင်လာခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယ အတွက် အခြား စိုးရိမ်စရာများလည်း ရှိနေသည်။ တရုတ်က နီပေါ၊ သီရိလင်္ကာနှင့်ဘ င်္ဂလားဒေ့ရှ် တို့ကဲ့သော နိုင်ငံများတွင် တွင် ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ ဓာတ်အားပေး စက်ရုံများ တည်ဆောက်နေပြီး အိန္ဒိယသမုဒ္ဒရာ ပတ်လည်မှ ပုလဲကုံးဟုခေါ်သော ဆိပ်ကမ်းစီမံကိန်း များကြောင့် အိန္ဒိယက ဝိုင်းပတ်ခံရမည်ကို စိုးရိမ်နေသည်။

အိန္ဒိယနိုင်ငံက ၎င်း၏ စိုးရိမ်မကင်းဖြစ်မှုများ၊ အထူးသဖြင့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်နှင့် ပတ်သက်သော စိုးရိမ်မကင်းဖြစ်မှုနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ခြင်းကို တရုတ်နိုင်ငံအား အကြိမ်ကြိမ် အသိပေးခဲ့ သည်ဟု ၂၀၁၆ ခုနှစ် အထိ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဆောင်ရွက်ခဲ့သော Ashok Kantha က ပြောသည်။

“ဒီစီးပွားရေး စင်္ကြန်နဲ့ ပတ်သက်တဲ့ စီးပွားရေးအရ စဉ်းစားတွေးခေါ်မှုက ဘယ်မှာလဲ။ ဘာအဓိက စီးပွားရေး မောင်းနှင်အားမှ မရှိဘူး။ မောင်းနှင်အားက နိုင်ငံရေးနဲ့ သေနင်္ဂဗျူဟာပုံစံ တွန်းအားတွေပဲ ရှိတယ်” ဟုလည်း သူက ပြောသည်။

ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တပတ်အလိုတွင် အိန္ဒိယဘက်က ကျေနပ်စေရန်နှင့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက် စေရန် အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Luo Zhaohui က တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်၏ အမည်ကို ပြောင်းပေးမည်ဟု ကမ်းလှမ်းသည်။

အိန္ဒိယတပ်မတော် ဆိုင်ရာ အကြံပေးအဖွဲ့ မိန့်ခွန်းတွင် ပြောကြားခဲ့သော ထို အဆိုပြုချက်ကို တရုတ်သံအမတ်က အသေးစိတ် ရှင်းလင်း ပြောကြားခြင်း မပြုခဲ့ဟု ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများနှင့် မီဒီယာများ၏ အဆိုအရ သိရသည်။

တရုတ်သံရုံးက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ဆွေးနွေးချက်များ မှတ်တမ်းတွင်မူ ထိုစီမံကိန်း အမည်ပြောင်းရန် အဆိုပြုချက် အကြောင်း မပါဝင်ပေ။

ထိုသို့ အမည်ပြောင်းမည့် အစီအစဉ်မှာ စီမံကိန်းအမည်တွင် အိန္ဒိယကို ထည့်သွင်းပြီး တရုတ်-ပါကစ္စတန်-အိန္ဒိယ စီးပွားရေး စင်္ကြန်ဟု အမည်ပြောင်းရန် ဖြစ်သည်ဟု ယခင်က တရုတ်က ပြောခဲ့ကြသည်။

အမည်မဖော်လိုသူ တရုတ်သံတမန် တဦးကမူ အိန္ဒိယအနေဖြင့် ၎င်းထိန်းချုပ်သော ကက်ရှ်မီးယား ဒေသတွင် အခြေခံ အဆောက်အအုံများ တည်ဆောက်ပြီး နောင်တွင် ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယားမှ တရုတ်က စီစဉ်နေသော အခြေခံ အဆောက်အအုံများနှင့် ချိတ်ဆက်နိုင်ကြောင်း အကြံပြုသည်။

နှစ်ဘက်စလုံးမှ သံတမန်ဟောင်းများနှင့် ပညာရှင်များ အကြား ပြုလုပ်သော အစည်းအဝေးတခုတွင် လေ့လာခဲ့သော အခြား အဆိုပြုချက်တခုမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်သည် ကက်ရှ်မီးယားကို ပါကစ္စတန်က ပိုင်ကြောင်း ထောက်ခံရာ ရောက်သည်ဟူသော အိန္ဒိယ၏ကန့်ကွက်မှုကို ကျော်လွှားရန် ထိုစီမံကိန်းကို အင်ဒပ် စင်္ကြန် (Indus Corridor) ဟု ခေါ်ရန် ဖြစ်သည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ၎င်းတို့၏ စစ်ပွဲ ၃ ပွဲအနက် ၂ ပွဲကို ကက်ရှ်မီးယား အတွက် တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် စလုံးက ထိုဒေသကို ၎င်းတို့ အပြည့်အဝပိုင်သည်ဟု တောင်းဆိုကြသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က စီမံကိန်း အမည်ပြောင်းရန် ကမ်းလှမ်းခြင်းကို တိုက်ရိုက် ပြောကြားခြင်း မပြုဘဲ ထိပ်သီး ဆွေးနွေးပွဲအတွင်း သမ္မတ ရှီကျင့်ဖျင် ပြောခဲ့သည့် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ ကို လိုက်နာမည် ဖြစ်ပြီး အိန္ဒယ အနေဖြင့် စိုးရိမ်ရန် မလိုကြောင်းသာ ပြောသည်။

“အိန္ဒိယနိုင်ငံဘက်က စိုးရိမ်မကင်း ဖြစ်မှုတွေကို ဖြေရှင်းလို့ ရမယ် ထင်ပါတယ်” ဟုလည်း သူက ပြောသည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Gopal Baglay ကမူ အိန္ဒယ အနေဖြင့် မှန်ကန်သော လမ်းကြောင်းမှ မည်သည့် အဆိုပြုချက်မျှ မရခဲ့ကြောင်း၊ အိန္ဒိယသည် စီမံကိန်းတခုလုံးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဆွေးနွေးလိုကြောင်း ပြောသည်။

(Reuters တွင် ဖော်ပြထားသည့် Sanjeev Miglani ၏ India’s ‘new Silk Road’ Snub Highlights Gulf With China ဆောင်းပါးကို ဘာသာပြန်သည်။)

]]>
တရုတ်၏ ပိုးလမ်းမသစ်တွင် မြန်မာ ဘယ်မှာ ရပ်တည်မည်နည်း https://burma.irrawaddy.com/opinion/editorial/2017/05/15/134785.html Mon, 15 May 2017 03:07:26 +0000 https://burma.irrawaddy.com/lytbox/?p=134785 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ တရုတ် ရေနံသိုလှောင်ကန်များ / Reutersတရုတ်နိုင်ငံ၏ ပိုးလမ်းမသစ် အစီအစဉ်မှာ မြန်မာပြည်သူများအတွက် အသစ်အဆန်း ဖြစ်နေပြီး အလွန်တရာ ရည်မှန်းချက် ကြီးမားလှသော ထိုစီမံကိန်း၏ အတိုင်းအတာကို နားလည်ရန် အထူးလေ့လာရေးအဖွဲ့တခုပင် လိုမည်။]]> ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ တရုတ် ရေနံသိုလှောင်ကန်များ / Reuters

တရုတ်နိုင်ငံ၏ “One Belt, One Road” တခုတည်းသော ပတ်လမ်း အစီအစဉ်မှာ မြန်မာပြည်သူများအတွက် အသစ်အဆန်း ဖြစ်နေပြီး အလွန်တရာ ရည်မှန်းချက် ကြီးမားလှသော ထိုစီမံကိန်း၏ အတိုင်းအတာကို နားလည်ရန် အထူးလေ့လာရေးအဖွဲ့တခုပင် လိုမည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပိုးလမ်းမ စီးပွားရေးဒေသနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းဟု ရည်ညွှန်းထားသော အာရှတိုက်အတွင်း တရုတ်နိုင်ငံကို ဗဟိုပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံရေးတွင် အမေရိကန်ဒေါ်လာ ၁ ထရီလျံမျှ ရင်းနှီးမြှုပ်နှံ သွယ်တန်းဖောက်လုပ်မည့် တခုတည်းသော ပတ်လမ်း ဖြစ်မြောက်ရေး အစီအစဉ် ထိပ်သီးဆွေးနွေးပွဲ Belt and Road Initiative (BRI) ကို တက်ရောက်ရန် တရုတ်ပြည်တွင် ၂ ရက်ကြာ ရောက်နေသည်။

တရုတ်နိုင်ငံသည် အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများ၊ ရေကြောင်းလမ်းများ ပါဝင်သည့် ခေတ်သစ်ပိုးလမ်းမ ခေါ် ဗဟိုအာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ကို ဆက်သွယ်မည့် ကွန်ယက်တခုကို တည်ဆောက်နေသည်။

ထိုကြီးမားသော အစီအစဉ်တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍမှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း တခန်းတကဏ္ဍမှ ပါဝင်ရဖွယ်ရှိသည်။ အလှမ်းကျယ်သော စီမံကိန်းကြီး၏ သက်ရောက်မှုများကို မြန်မာခေါင်းဆောင်ပိုင်းက မည်သို့ ကိုင်တွယ်မည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိပေ။ မြန်မာတို့သည် BRI ကို နားလည်နိုင်ပြီး မြန်မာနိုင်ငံတွင် အဓိကကျသော စီးပွားရေး နှင့်သေနင်္ဂဗျူဟာ အကျိုးစီးပွားများရှိသော တရုတ်နိုင်ငံနှင့် ယှဉ်ဆွေးနွေးနိုင်သည့် လုံလောက်စွာ ကြိုတင်ပြင်ဆင်ထားကြပါသလော။

ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်ပြီး လူသိရှင်ကြားဆွေးနွေးမှု မရှိသော်လည်း တရုတ်နိုင်ငံသည် ထို သေနင်္ဂဗျူဟာအရ အရေးပါသော ဆိပ်ကမ်းတွင် ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရန်ကြိုးစားနေသည်ဟု ရိုက်တာသတင်းဌာနက ပြီးခဲ့သည့် ရက်သတ္တတပတ်က ဖော်ပြခဲ့သည်။ ထိုရေနက်ဆိပ်ကမ်း စီမံကိန်းသည် စက်မှုဇုန်တခုနှင့် အထူးစီးပွားရေးဇုန်တခုလည်း ပါဝင်သည်။

ကျောက်ဖြူသည် ဘင်္ဂလားပင်လယ်အော်တွင်ရှိပြီး တရုတ်နိုင်ငံက ရေကြောင်းအခြေခံ အဆောက်အအုံများ တည်ဆောက်လိုသော အိန္ဒိယသမုဒ္ဒရာသို့ သေနင်္ဂဗျူဟာကျသည့် ပထဝီ စီးပွားရေးလမ်းပေါ်တွင် တည်ရှိ၍ BRI အတွက် အရေးပါသည်။

မြန်မာနိုင်ငံသည် BRI ကို ငြင်းပယ်မည် မဟုတ်သော်လည်း စိတ်ဝင်စားစရာကောင်းသော အချက်မှာ နိုင်ငံခေါင်းဆောင်များသည် ထိုအစီအစဉ်ကို မည်သို့် ကိုင်တွယ်မည်နည်း ဆိုသည့်အချက်ဖြစ်သည်။ ယခုအချိန်သည် အားကောင်းမောင်းသန် ဆွေးနွေးနိုင်သည့် အနေအထားဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ပေါ်ထွက်လာသော သတင်းတွင် တရုတ်နိုင်ငံသည် ဆိုင်းငံ့ထားသော အငြင်းပွားဖွယ် အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ တန် မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်ပြီး ကျောက်ဖြူအပါအဝင် မြန်မာနိုင်ငံရှိ အခြားအခြားသော သေနင်္ဂဗျူဟာကျသည့် အခွင့်အလမ်းများဖြင့် အစားထိုးရယူလိုသည်ဟု ဆိုသည်။

တရုတ် အစိုးရပိုင် CITIC အုပ်စုခေါင်းဆောင်သည့် လုပ်ငန်းစုကြီးနှင့် မြန်မာအစိုးရတို့ဆွေးနွေးခဲ့ပြီးနောက် ထို ဒေါ်လာ သန်း ၇၃၀၀ တန် ရေနက်ဆိပ်ကမ်းတွင် တရုတ်က ၇၀ မှ ၈၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်လိုသည်ဟု ပေါက်ကြားလာသော သတင်းများကို ကိုးကားပြီး ဖော်ပြသည်။

အထူးဂရုပြုစရာကောင်းသည်မှာ ထိုကိစ္စကို လွှတ်တော်တွင် ဆွေးနွေးမှုမရှိခြင်းဖြစ်သည်။ ရေနက်ဆိပ်ကမ်းကြောင့် ထိခိုက်ရမည့် ဒေသခံအသိုင်းအဝန်းများ၏ အသံကိုလည်း ကျွန်ုပ်တို့ ကြားသိရရန် လိုသည်။

ကျောက်ဖြူဆိပ်ကမ်းနှင့် စီးပွားရေးဇုန်ကို ဆန့်ကျင်မှုများအပေါ် ပိုမိုအာရုံစိုက်သင့်သည်။ ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ဒေသခံပြည်သူများအတွက် ဆိုးကျိုးများဖြစ်စေမည်ဟု တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက ပြောကြသည်။ ထိုဇုန်အတွက် မြေသိမ်းသောကြောင့် လူ ၂၀၀၀၀ ခန့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးရမည့် အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ယုံကြည်ရသည်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်မှစ၍ တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ရွေးကောက်ခံ မြန်မာအရပ်သားအစိုးရနှင့် ပိုမိုခိုင်မာသောဆက်ဆံရေး အလျှင်အမြန် တည်ဆောက်သည်။ တရုတ်နိုင်ငံသည် နေပြည်တော်ရှိမြန်မာအစိုးရသစ်နှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ပြီး ၎င်း၏ အခန်းကဏ္ဍကို တဖန်ပြန်လည်ဆန်းသစ်ချိန်တွင် အနောက်ကမ္ဘာသည် ဗြိတိန် ဥရောပမှ ခွဲထွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်မှ သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်တို့ကဲ့သို့သော ကိုယ့်ပြဿနာနှင့် ကိုယ် လုံးလည်လိုက်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ထက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တည်ငြိမ်ပုံရသော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာကြောင့် တင်းမာနေသည်။ မကြာသေးမီက ဥရောပခရီးအတွင်း သူသည် ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရပြီး ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအပေါ် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခြင်းကြောင့် ဥရောပခေါင်းဆောင်များနှင့် မြန်မာအကြား ဆက်ဆံရေး ပိုမို အလှမ်းဝေးရပြန်သည်။

ဒီမိုကရေစီအကူးအပြောင်း၏ ကြိုတင်ခန့်မှန်းမရသော စိန်ခေါ်မှုများအကြား မြန်မာအပေါ် အနောက်တိုင်း ဩဇာကျဆင်းနေပြီး တရုတ်နိုင်ငံက မြန်မာတွင် ၎င်းတို့၏ ယခင်အနေအထားကို ပြန်လည်ရယူရန် အားကြိုးမာန်တက် လုပ်လာသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဩဇာကို ချဲ့ထွင်ရင်း အစိုးရ၊ လွှတ်တော်နှင့် စစ်ဘက်မှ ဩဇာကြီးသောခေါင်ဆောင်များနှင့် တံခါးပိတ် အစည်းအဝေးများကျင်းပပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်သူအဖြစ် တရုတ်က ကမ်းလှမ်းလာသည်။ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်သည် မကြာသေးမီက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်သည်အထိပင် ဩဇာသက်ရောက်မှု နယ်ပယ် ချဲ့ထွင်လာသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် စစ်တပ်၏ ဖိနှိပ်မှုကြောင့် ထွက်ပြေးသော ရိုဟင်ဂျာ မွတ်ဆလင်များကြောင့် ဖြစ်ရသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား သံတမန်ရေး အငြင်းပွားမှုတွင် ကြားဝင်ရန် ဆွန်ကော့ရှန်က အဆိုပြုသည်။

တရုတ်သည် မြန်မာအပေါ် ယခင်အတိုင်း နိုင်ငံရေးနှင့် စီးပွားရေးဩဇာကို ကျင့်သုံးနေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။

မြန်မာ့ရေးရာများတွင် တချိန်လုံး လွှမ်းမိုးထားလိုသော တရုတ်၏ အခန်းကဏ္ဍကို မြန်မာခေါင်းဆောင်များ မည်သို့ တုန့်ပြန်ကိုင်တွယ်မည်မှာ မမြင်သာသေးဘဲ နှစ်နိုင်ငံကြား နယ်စပ်တကြောရှိ လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တရုတ်၏ အကူအညီ လိုအပ်နေခြင်းကြောင့်လည်း ပိုမို အကန့်အသတ် ဖြစ်ရသည်။ ထိုအုပ်စုများမှာ တရုတ်အတွက် အပေးအယူ လုပ်စရာများ ဖြစ်သည်။

မြန်မာတို့သည် အရေးပါသော အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံအပေါ် စိုးရိမ်မကင်းဖြစ်ကြသည်မှာ နားလည်နိုင်စရာဖြစ်ပြီး စိုးရိမ်သင့်သောကိစ္စလည်း ဖြစ်သည်။ ပထဝီ နိုင်ငံရေး အကျိုးစီးပွားနှင့် စီးပွားရေး မှီခိုရမှုအပါအဝင် မြန်မာပြည်တွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို အများက မေးခွန်းထုတ်ကြသည်။

အနောက်နိုင်ငံများနှင့်မတူဘဲ တရုတ်သည် အိမ်နီးချင်းနိုင်ငံဖြစ်ကာ မာရသွန်ပြေးပွဲအတွက် ရင်းမြစ်နှင့်ပြင်ဆင်မှု ရှိသည်။ ဤအချက်ကို မှတ်သားထားပြီး တရုတ်နှင့် မြန်မာခေါင်းဆောင်များ မည်မျှထိ စေ့စပ်ညှိနှိုင်းနိုင်ပြီး သဘောတူညီချက်မှ ထွက်ပေါ်လာမည့် အကျိုးဆက်များကို မြန်မာခေါင်းဆောင်များ တာဝန်ယူ ခေါင်းခံ ရှင်းလင်းရန် မည်သို့ ပြင်ဆင်ထားသည်ကို မကြာမီ မြင်တွေ့ကြရနိုင်သည်။ ထိုကိစ္စမှာ အမျိုးသား အကျိုးစီးပွားဖြစ်သည်။ အဆုံးစွန်ပြောရလျှင် အချုပ်အခြာ အာဏာပိုင်နက်ကိစ္စ ဖြစ်ပေတော့သည်။

]]>
ပိုးလမ်းမသစ် စီမံကိန်းအတွက် ဒေါ်လာ ၁၂၄ဘီလျံ သုံးစွဲရန် တရုတ်သမ္မတ ကတိပြု https://burma.irrawaddy.com/news/2017/05/14/134783.html Sun, 14 May 2017 11:48:14 +0000 https://burma.irrawaddy.com/lytbox/?p=134783 Belt and Road ဖိုရမ်  / EPA“တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကို နိုင်ငံအားလုံးနဲ့မျှဝေလို တယ်။ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို စွက်ဖက်မှာမဟုတ်သလို၊ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့စနစ်နဲ့ ဖွံ့ဖြိုးမှုပုံစံကိုလည်းတင်ပို့မှာ မဟုတ်ဘူး” လို့ သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။ ]]> Belt and Road ဖိုရမ်  / EPA

တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ၏ ရည်မှန်းချက်ကြီးမားလှသော ပိုးလမ်းမ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၂၄ ဘီလျံ  သုံးစွဲရန် ယနေ့ မြို့တော် ဘေဂျင်းမှာ ပြုလုပ်တဲ့ “တခုတည်းသော ရပ်ဝန်း၊ တခုတည်း သောလမ်း (Belt and Road)” ဖိုရမ်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။

ထို့အပြင် ငြိမ်းချမ်းရေး၊ အားလုံး အကျုံးဝင်ရေးနှင့် လွတ်လပ်သော ကုန်သွယ်ရေးအတွက် လမ်းကြောင်း တခုတည် ဆောက်ရန်နှင့် ပုံစံဟောင်းဖြစ်သည့် ဘက်ပြိုင်မှုနှင့် သံတမန်ရေးရာရော အာဏာပြကစားပွဲများကို စွန့်လွှတ်ရန်လည်း တောင်းဆိုလိုက်ပါတယ်။

အခြေခံ အဆောက်အအုံ ရင်းနှီးမြှပ်နှံမှုတွင် ဒေါ်လာ သန်းထောင်ပေါင်းများစွာ ကုန်ကျခံပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့်အခြားသောဒေသများကိုဆက်သွယ်မည့် တရုတ်နိုင်ငံ၏ တခုတည်းသောရပ်ဝန်း တခုတည်းသော လမ်းအမည်ရှိ စီမံကိန်းသည် ကမ္ဘာ့ဖွံ့ဖြိုးမှုကိုမြှင့်တင်မည့် နည်းလမ်းသစ်ဖြစ်သည် ဟုလည်း အမွမ်းတင်ပြောဆိုခဲ့ပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကားကို ရှေ့တန်းတင်ပြီး လက်ရှိလွတ်လပ်သော ကုန်သွယ်မှု အစီအစဉ်ဖြစ်သည့် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် NAFTA ကို မေးခွန်းထုတ်ချိန်မှာ တရုတ်နိုင်ငံက အကြီးအကျယ်ဆုံး သံတမန်ရေးရာ အခမ်းအနားဖြစ်သည့် ၂ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်၏ ကမ္ဘာ့ခေါင်းဆောင်ရည်မှန်းချက်အတွက် နောက်ထပ်အခွင့်အလမ်းတခုကို ပေးခြင်းဖြစ်ကြောင်း Reuters သတင်းက ဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင်က “ကျနော်တို့ဟာ ပူးပေါင်းဆောင်ရွက်ရေးအတွက် လွတ်လပ်ပွင့်လင်းတဲ့ အခြေခံတခုကို တည်ဆောက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ကမ္ဘာ့စီးပွားရေးကို ယုံကြည်ကြီးထွားစေသင့် တယ်” လို့ ယနေ့ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မှာ ပြောပါတယ်။

ကမ္ဘာဟာ လွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးကိုအားပေးတဲ့ အခြေအနေတွေကိုဖန်တီးပြီး မျှတ ဆီလျှော် ပွင့်လင်း မြင်သာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု စည်းမျဉ်းစနစ် တည်ဆောက်ရေးကိုလည်း အားပေးဖို့ သူက ဆိုပါတယ်။

ကုန်သွယ်ရေးဟာ စီးပွားရေးဖွံဖြိုးမှုအတွက် အဓိကမောင်းနှင်အားပဲလို့လည်း သူကပြောသလို၊ ကမ္ဘာဟာ နိုင်ငံစုံ ဘက်စုံကုန်သွယ်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ ထူထောင်ရေးနှင့် လွတ်လပ်သော  ကုန်သွယ်မှုကို အားပေးရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိ ပိုးလမ်းမ ရံပုံငွေအတွက် နောက်ထပ် ယွမ်ဘီလျံ ၁၀၀(အမေရိကန်ဒေါ်လာ ၁၄.၅၀ ဘီလျံ)၊ မူဝါဒ ရေးရာဘဏ် ၂ခုမှ ချေးငွေ ယွမ် ၃၈၀ ဘီလျံ၊ ဖွံဖြိုးဆဲနိုင်ငံများနှင့် ပိုးလမ်းမတလျှောက် နိုင်ငံများအတွက် ယွမ် ဘီလျံ ၆၀ အပါအဝင် ရံပုံငွေတိုးမြှင့်ဖို့လည်း သမ္မတ ရှီကျင့်ဖျင်က ကတိပြုပါတယ်။

သို့သော် ထိုကတိပြုသည့် ချေးငွေသစ်များ၊ အကူအညီသစ်များ၊ ရံပုံငွေထောက်ပံမှုများအတွက် အချိန်ဇယားကို မူပြောကြားခြင်းမရှိပေ။

မြို့တော်ဘေဂျင်းတွင် ပြုလုပ်နေသည့် ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံပေါင်း ၂၉နိုင်ငံမှ ခေါင်းဆောင် တက်ရောက်နေပြီး မနက်ဖြန် တနင်္လာနေ့တွင် ဆွေးနွေးပွဲ ပြီးဆုံးမည်ဖြစ်ပါတယ်။

ယင်းအစည်းအဝေးနှင့် ပတ်သက်၍ တချို့သော အနောက်တိုင်းသံတမန်များကမူ ထိပ်သီးဆွေးနွေး ပွဲနှင့် စီမံကိန်းတခုလုံးနှင့် ပတ်သက်၍ စိတ်မသက်သာမှုကို ဖော်ပြခဲ့ကြပြီး တရုတ်သြဇာ ကမ္ဘာတဝန်း ကြီးထွား စေရန် အားထုတ်မှုအဖြစ် မြင်ကြပါတယ်။

တရုတ်နိုင်ငံကမူ ထိုစီမံကိန်းနှင့်ထိပ်သီးဆွေးနွေးပွဲအပေါ် ဝေဖန်မှုများကိုပယ်ချပြီး ယင်းစီမံကိန်း သည် အားလုံး အတွက် လမ်းဖွင့်ထားကြောင်း၊ ဘက်စုံအားလုံးအကျိုးရှိကာကြွယ်ဝချမ်းသာမှု ကိုတိုးမြှင့်ရန်သာရည်ရွယ် ကြောင်းပြောပါတယ်။

“ကျနော်တို့ဖန်တီးဖို့ မျှော်လင့်ထားတာကတော့ သဟဇာတ ယှဉ်တွဲနေထိုင်တဲ့မိသားစုကြီးပါပဲ ” ဟု သမ္မတ ရှီကျင့်ဖျင်ကပြောပြီး ယခုစီမံကိန်းကို လုပ်ဆောင်ခြင်းမှာ ခေတ်မမီတော့သောပထဝီနိုင်ငံရေး ဗျူဟာမဟုတ် ဟုဆိုပါတယ်။

“တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကို နိုင်ငံအားလုံးနဲ့မျှဝေလိုတယ်။ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို စွက်ဖက်မှာမဟုတ်သလို၊ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့စနစ်နဲ့ ဖွံ့ဖြိုးမှုပုံစံကိုလည်းတင်ပို့မှာ မဟုတ်ဘူး။ တခြားနိုင်ငံတွေကို ကျနော်တို့အမြင်နဲ့တောင်မှလိုက်ပြီး တူရအောင်ကြိုးစားမှာမဟုတ်ဘူး” လို့ သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။

တခုတည်းသောဒေသ၊ တခုတည်းသောလမ်း အစီအစဉ်ကိုရှေ့ဆက်လုပ်ဆောင်ရာမှာ ရန်သူတွေကြား ကစားတဲ့ နည်းလမ်းဟောင်းကို ပြန်လျှောက်မှာ မဟုတ်ကြောင်း၊ အဲဒီနည်းလမ်းအစား ပူးပေါင်း ဆောင်ရွက်မှုနဲ့ အပြန်အလှန် အကျိုးစီးပွား ပုံစံသစ်ကို ဖန်တီးမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

ပိုးလမ်းမသစ်ပေါ်တွင် ရှိမနေသည့် အာဖရိကနှင့် အမေရိကအပါအဝင် အားလုံးအတွက်လမ်းဖွင့်ထား ကြောင်း လည်း ပြောပါတယ်။

ယနေ့ပြုလုပ်တဲ့  တခုတည်းသော ရပ်ဝန်း၊ တခုတည်းသောလမ်း (One Belt, One Road) ဆွေးနွေးပွဲကို ရုရှားသမ္မတ ပူတင်၊ ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နှင့် ကဇတ်စတန် သမ္မတ နာဆူလတန် နာဇာဘေယက်တို့ အပါအဝင် တရုတ်နိုင်ငံ၏ အားအထားရဆုံးမဟာမိတ်များနှင့် မိတ်ဖက်နိုင်ငံများနှင့် စပိန်၊ အီတလီ၊ ဂရိ၊ ဟန်ဂေရီ အပါအဝင် ဥရောပခေါင်းဆောင်အများအပြား လည်းတက်ရောက်ကြသည်။

]]>
ကမ္ဘာ့ဦးဆောင်မှု အခန်းကဏ္ဍကို ထင်ဟပ်ပြမည့် တရုတ် ပိုးလမ်းမသစ် ထိပ်သီးဆွေးနွေးပွဲ https://burma.irrawaddy.com/article/2017/04/20/133615.html Thu, 20 Apr 2017 04:01:52 +0000 https://burma.irrawaddy.com/lytbox/?p=133615 တရုတ်၏ အစီအစဉ်တွင် ကမ္ဘာ့လူဦးရေ တဝက်၊ စွမ်းအင်အရင်းအမြစ် ၇၅ ရာခိုင်နှုန်း၊ ဂျီဒီပီ ၄၀ ရာခိုင်နှုန်းကို ခြုံလွှမ်းထားသည်  / Reuters“ဒေါ်နယ်လ်ထရမ့် အာဏာ ရသွားတော့ နိုင်ငံတိုင်းက တရုတ်ရဲ့ မိတ်ဆွေ ဖြစ်ချင်လာကြတယ်” ဟု ဘေကျင်းမှ ဝါရင့် အာရှသံတမန် တဦးက ပြောသည်။]]> တရုတ်၏ အစီအစဉ်တွင် ကမ္ဘာ့လူဦးရေ တဝက်၊ စွမ်းအင်အရင်းအမြစ် ၇၅ ရာခိုင်နှုန်း၊ ဂျီဒီပီ ၄၀ ရာခိုင်နှုန်းကို ခြုံလွှမ်းထားသည်  / Reuters

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း အကြီးမားဆုံး သံတမန်ရေးရာ အခမ်းအနား တခုဖြစ်သည့် ပိုးလမ်းမသစ် (New Silk Road) စီမံကိန်း ထိပ်သီးဆွေးနွေးပွဲကို မေ ၁၄ နှင့် ၁၅ ရက်များ၌ ကျင်းပရန် အတွက် သမ္မတများ၊ ဝန်ကြီးချုပ်များကို ဖိတ်ခေါ်မည် ဖြစ်ကာ အာရှခေါင်းဆောင် အများစု တက်ရောက်နိုင်ရန် စီစဉ်ထားသည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့သည် ၎င်းတို့၏ ခေါင်းဆောင်များကို ထိုထိပ်သီး ဆွေးနွေးပွဲသို့ စေလွှတ်ကြမည် ဖြစ်သည်ဟု ဘေကျင်း၏ အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ထိုစာရင်းတွင် ပါဝင်ခြင်း မရှိသော နိုင်ငံများအနက် ထင်ထင်ရှားရှား ဖြစ်နေသည်မှာ ထိုင်းနိုင်ငံ ဖြစ်နေသည်။

ဖိတ်ကြားစာများကို ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံကို ဖိတ်ကြားခဲ့သော်လည်း ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည် ဟု ယုံကြည်ကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ထို ပိုးလမ်းမ ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ “ပတ်ကြောင်းတကြောင်း လမ်းတလမ်း (One Belt, One Road – OBOR)” အစီအစဉ် အရ မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ဘေကျင်း၌ ကျင်းပရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံ၏ ကြေညာချက်တွင် နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်ပြီး ၎င်းတို့၏ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့်ဝန်ကြီးများက ကိုယ်စားပြု တက်ရောက်ကြမည် ဖြစ်သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ က တက်ရောက်မည့် သူများကို ကိုယ်တိုင် ကြေညာသည်။ အာဂျင်တီးနား၊ ဘယ်လာရုစ်၊ ချီလီ၊ ချက် သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကင်ညာ၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆွစ်ဇာလန်၊ တူရကီ၊ ဥဇဘက်ကစ္စတန် နှင့် ဗီယက်နမ်တို့မှ သမ္မတများ တက်ရောက်မည် ဟု သူက ပြောသည်။ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်သည်။

ဝန်ကြီးချုပ်များ စေလွှတ်ရန် သဘောတူသော နိုင်ငံများတွင် ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ မလေးရှား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ ပိုလန်၊ ဆာဗီးယား၊ စပိန်နှင့် သီရိလင်္ကာတို့ ပါဝင်သည်။

ဂျီ ၇ အဖွဲ့ဝင် တနိုင်ငံသာ စာရင်းတွင် ပါဝင်ပြီး အီတလီကို ဝန်ကြီးချုပ်က ကိုယ်စားပြုသည်။ ထိုင်းနိုင်ငံသည် ဖိတ်ကြားချက်ကို အကြောင်း မပြန်ခဲ့ခြင်း ဖြစ်နိုင်သကဲ့သို့ ဝန်ကြီးချုပ်အဆင့်အောက် အဆင့်နိမ့် ခေါင်းဆောင်များသာ ကိုယ်စားပြု တက်ရောက်ရန် ဆုံးဖြတ်ခဲခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

သမ္မတ ရှီကျင့်ဖျင် သည် OBOR အစီအစဉ်နှင့် အာရှ၊ အာဖရိက၊ ဥရောပ တို့ကို ချိတ်ဆက်သော ပိုးလမ်းမသစ် တည်ဆောက်ရန် စီမံကိန်းကို ဦးဆောင်သည်။ ထိုစီမံကိန်း တွင် ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ ဓာတ်အားလိုင်းများစသည့် အခြေခံ အဆောက်အအုံ စီမံကိန်များတွင် ဒေါ်လာ သန်း ထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံက ပိုးလမ်းမသစ် စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ သန်း ထောင်ပေါင်း ၄၀ မြှုပ်နှံရန် ဆုံးဖြတ်ထားပြီး ထိုစီမံကိန်းသည် ဒေါ်လာ သန်း ထောင်ပေါင်း ၅၀ ရင်းနှီးမြှုပ်နှံသည့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (Asian Infrastructure Investment Bank) ထူထောင်ရခြင်း၏ နောက်ကွယ်မှ တွန်းအားလည်း ဖြစ်သည်။

တရုန် နိုင်ငံခြားရေး ဝန်ကြီး ဝမ်၏ စာရင်းတွင် တရုတ်နိုင်ငံ၏ မှီခိုအားထားရဆုံး မဟာမိတ်များ ဖြစ်သည့် ရုရှားသမ္မတ ပူတင်၊ ပါကစ္စတန် ဝန်ကြီးချုပ် နာဝဇ် ရှာရစ်ဖ် နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ပါဝင်သည်။

မြန်မာမှ ဒေါ်အောင်ဆန်းစုကြည်၊ ကဇက်စတန် သမ္မတ နာဆူလ်တန် နာဇာဘေယက်၊ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို တို့လည်း လာရောက်မည်ဖြစ်ပြီး ၎င်းတို့သည် ယျေဘုယျ အားဖြင့် တရုတ်၏ တွဲဖက်ကောင်း နိုင်ငံများ ဖြစ်ကြသည်။

ထို့ကြောင့်ပင် ယခုစာရင်းတွင် ထိုင်းနိုင်ငံ မပါဝင်ရခြင်းမှာ ပိုမိုထူးဆန်းနေသည်။

“One Belt, One Road အစီအစဉ်ဟာ လက်ရှိ အချိန်အထိ တရုတ်နိုင်ငံက ကမ္ဘာ့ အတွက် အရေးအကြီးဆုံး အများအကျိုး ဆောင်မှုပါ။ တရုတ်က စတင် အဆိုပြုပေမယ့် နိုင်ငံအားလုံး အကျိုးခံစားရမှာပါ” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်က ပြောသည်။

“ဒီ OBOR အစီအစဉ်ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းမျိုးစေ့ဟာ ပိုးလမ်းမဟောင်းကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် ယူရေးရှား ဒေသကို အဓိက ထားတယ်” ဟု ပြောရင်း နိုင်ငံပေါင်း ၁၁၀ မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဟု ဝမ် ဆက်ပြောသည်။

ပိုးလမ်းမသစ် သည် နိုင်ငံရေး ကိစ္စရပ်များနှင့် မပတ်သက် ဟု တရုတ်နိုင်ငံက ပြောသော်လည်း တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် ဟု ခေါ်ကြသော ပါကစ္စတန် နိုင်ငံအပိုင်းတွင် အငြင်းပွားနေသော ကက်ရှ်မီးယားဒေသကို ဖြတ်သန်း သွားသဖြင့် အိန္ဒိယနိုင်ငံ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံခြားရေး ဝန်ကြီး ဝမ် က ထိုကဲ့သို့သော စိုးရိမ်မကင်း ဖြစ်မှုများကို ပယ်ချပြီး ပါကစ္စတန် စီမံကိန်းသည် ထို အငြင်းပွားမှုနှင့် တိုက်ရိုက် ဆက်စပ်မှု မရှိကြောင်းနှင့် ပိုလမ်းမသစ်တွင် ပါဝင်ရန် အိန္ဒိယနိုင်ငံအား ကြိုဆိုကြောင်း ပြောသည်။

“အိန္ဒိယ မိတ်ဆွေတွေက ပြောပါတယ်၊ ဒီ OBOR အစီအစဉ်ဟာ အင်မတန်ကောင်းတဲ့ အကြံအစည် ဖြစ်ပါတယ် လို့ ဆိုပါတယ်” ဟုလည်း ဝမ် က ဆက်ပြောသည်။

သို့သော် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီမှာ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည့် ခေါင်းဆောင်များ စာရင်းတွင် မပါဝင်ပေ။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေသော ဂျပန်၊ တောင်ကိုရီးယား သို့မဟုတ် မြောက်ကိုရီးယား စသည့် နိုင်ငံများနှင့် ပတ်သက်၍ ဝမ်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ တရုတ်နှင့် နီးကပ်သော ကုန်သွယ်ရေး ရှိသည့် အမေရိကန်၏ ခိုင်မာသော မဟာမိတ် ဩစတြေလျကိုလည်း ဖော်ပြခြင်း မရှိခဲ့ပေ။

စာရင်းတွင် ပါသည့် တခုတည်းသော ဂျီ ၇ စက်မှုထိပ်သီး နိုင်ငံ ဝန်ကြီးချုပ်မှာ အီတလီ ဝန်ကြီးချုပ် ပေါ်လို ဂျန်တီလိုနီ ဖြစ်သည်။

စီမံကိန်း အပေါ် အယုံအကြည်ရှိမှု တိုးတက်စေရန်နှင့် တရုတ် ဗဟိုပြုမှု လျှော့ချရန် အတွက် တရုတ်နိုင်ငံသည် အနည်းဆုံး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ အပါအဝင် အနောက်တိုင်း ခေါင်းဆောင်အချို့ကို လည်းတက်ရောက် စေရန် မျှော်လင့်ခဲ့သည် ဟု ဘေကျင်းမှ သံတမန် သတင်းရင်းမြစ်များက ပြောသည်။

ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဖိလစ်ဟားမွန် က ဝန်ကြီးချုပ် ကိုယ်စား ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည် ဖြစ်ပြီး ဂျာမဏီနှင့် ပြင်သစ်တို့မှာ ရွေးကောက်ပွဲများနှင့် တိုက်ဆိုင်နေသောကြောင့် အဆင့်မြင့် ကိုယ်စားလှယ်များသာ တက်ရောက်ကြမည် ဟု ဝမ်က ပြောသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေ သည် စပိန်၊ ဂရိ၊ ဟန်ဂေရီ၊ ဆာဘ်၊ ပိုလန်ဝန်ကြီးချုပ်၊ ဆွစ်နှင့် ချက် သမ္မတများနှင့် အတူ တက်ရောက်မည့် ခေါင်းဆောင်များတွင် ပါဝင်ကြောင်းလည်း ဝမ်က ပြောသည်။

အနောက်တိုင်းမှ အဓိက ခေါင်းဆောင် တဦးမှ တက်ရောက်ခြင်း မရှိသောကြောင့် စိတ်ပျက်မိပါသလား ဟု သတင်းထောက်တဦးက မေးသော အခါ “ဒါဟာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု ဖြစ်ပြီး ကျနော်တို့က နိုင်ငံရေးတွေ မပါစေချင်ပါဘူး” ဟု ဝမ်က ပြောသည်။

“ဒါဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံတခု၊ နိုင်ငံတိုင်းက အာရုံစိုက်၊ ထောက်ခံ၊ ပါဝင်ဖို့ မျှော်လင့်နေတဲ့ နေရာတခုသာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

အထူးသဖြင့် အနောက်နိုင်ငံ မြို့တော်များမှ လက်ခံသည့် ကမ္ဘာ့ပရိတ်သတ် ကင်းမဲ့ခြင်းနှင့် ပတ်သက်သော မေးခွန်းများကို တရုတ်က အထူးသတိထား ဖြေကြားသည်။

ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားကြီး တခုကို တက်ရောက်ရန် ဖိတ်ကြားခြင်းကို အနောက်နိုင်ငံ ခေါင်းဆောင် အများစုက ငြင်းပယ်ခဲ့ကြ သဖြင့် တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်က တိုးတိုးတိတ်တိတ် စိတ်ပျက်ခဲ့ရသည်။

ပိုးလမ်းမသစ်ကို တရုတ်နိုင်ငံက ၎င်း၏ စီပွားရေး တိုးတက်မှုဆုလဒ်ကို ခွဲဝေရန်နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ငွေကြေးထောက်ပံ့ရန် အားထုတ်မှု သက်သက် အဖြစ်သာ ပုံဖော်သော်လည်း အနောက်နိုင်ငံ အများအပြားက အသေးစိတ် အချက်အလက်နှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ အတွက် စိုးရိမ်မကင်း ကြဘဲ တရုတ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ရည်မှန်းချက်များကို သံသယ ရှိကြသည်။

သမ္မတ ပူတင် နှင့် အငြင်းပွားဖွယ်ရာ လူ့အခွင့်အရေး မှတ်တမ်းရှိသော နိုင်ငံများ ဖြစ်သည့် ဖိလစ်ပိုင်နှင့် ဗဟိုအာရှ နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခြင်းကြောင့် အနောက်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ တက်ရန် စိတ်မပါခြင်း ဖြစ်သည် ဟု သံတမန် သတင်းရင်းမြစ်များက ပြောကြသည်။

အမေရိကကို ရှေ့တန်းတင်ရန် သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုပြီးနောက် အမေရိကန်၏ ကမ္ဘာ့ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ မရေမရာ ဖြစ်နေချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ခေါင်းဆောင် ဖြစ်လာရန် အခွင့်အလမ်း ပိုမို မြင်တွေ့လာရပြီး ၎င်း၏ ပိုးလမ်းမသစ် စီမံကိန်းကို လက်ခံသော ပရိသတ်များ ရလာသည်။

ချီလီ နှင့် အာဂျင်တီးနား ကဲ့သို့သော စီမံကိန်းနှင့် လတ်တလော ဆက်စပ်မှု မရှိသော နိုင်ငံများမှ ခေါင်းဆောင်များလည်း ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။

“ဒေါ်နယ်လ်ထရမ့် အာဏာ ရသွားတော့ နိုင်ငံတိုင်းက တရုတ်ရဲ့ မိတ်ဆွေ ဖြစ်ချင်လာကြတယ်” ဟု ဘေကျင်းမှ ဝါရင့် အာရှသံတမန် တဦးက ပြောသည်။

တရုတ်နိုင်ငံသည် ခမ်းနားသော အခမ်းအနား တခုဖြစ်ရန် ရည်ရွယ်ထားသည် ဟု အဆင့်မြင့် အင်ဒိုနီးရှား အရာရှိ တဦးက ပြောသည်။

“တရုတ်နိုင်ငံက ကမ္ဘာ့ခေါင်ဆောင်မှုရဖို့ အပြင်းအထန် ကြီုးစားနေတာ။ ဒီတော့ OBOR ထိပ်သီးဆွေးနွေးပွဲကို အကြီးအကျယ် ကျင်းပမယ် ထင်တယ်” ဟု ထို အရာရှိက ပြောသည်။       ။

(Bangkok Post တွင် ဖော်ပြထားသည့် China’s biggest Silk Road summit plans omit Thai leaders ကို ဘာသာပြန်သည်။)

]]>