Selena Gomez Archives - ဧရာဝတီ https://burma.irrawaddy.com/tag/selena-gomez Covering Burma and Southeast Asia Wed, 19 Jul 2023 03:48:31 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Selena Gomez Archives - ဧရာဝတီ https://burma.irrawaddy.com/tag/selena-gomez 32 32 Blackpink အဖွဲ့နဲ့အတူ သီချင်း သီဆိုမယ့် Selena Gomez https://burma.irrawaddy.com/lifestyle/entertainment/2020/08/14/228030.html Fri, 14 Aug 2020 05:49:59 +0000 https://burma.irrawaddy.com/lytbox/?p=228030 Blackpink အဖွဲ့နဲ့ အဆိုတော် Selena Gomezမကြာသေးခင်တုန်းကလည်း အဆိုတော် လေဒီဂါဂါရဲ့ Chromatica အယ်လ်ဘမ်ထဲက ‘Sour Candy’ သီချင်းမှာလည်း သူတို့အဖွဲ့ ပါဝင်သီဆိုထားကြပါတယ်။]]> Blackpink အဖွဲ့နဲ့ အဆိုတော် Selena Gomez

နာမည်ကျော် K-pop အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink ရဲ့ အယ်လ်ဘမ်အသစ်ထဲက Single သီချင်း တပုဒ်အတွက် အဆိုတော် Selena Gomez ပါဝင် သီဆိုမယ်ဆိုတဲ့ သတင်းတွေက သီတင်းပတ်နဲ့ချီပြီး ထွက်ပေါ်နေခဲ့ပြီးတဲ့နောက် အခုတော့ အဲ့ဒီသတင်းတွေကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Blackpink အဖွဲ့ဘက်ကရော၊ အဆိုတော် Selena ဘက်ကပါ သူတို့ရဲ့ သက်ဆိုင်ရာ ဆိုရှယ်မီဒီယာ ချန်နယ်တွေကတဆင့် သြဂုတ်လ ၁၂ ရက်နေ့မှာ သီချင်းအကြောင်း ပြောဆိုခဲ့ပြီး အဆိုတော် Selena ကတော့ အဲ့ဒီသီချင်းနဲ့ ပတ်သက်လို့ အရမ်းစိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ သီချင်းကို လာမယ့်သြဂုတ်လ ၂၈ ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာလ ၂ ရက်နေ့မှာ ဖြန့်ချိမယ့် Blackpink အဖွဲ့ရဲ့ ပွဲဦးထွက်အယ်လ်ဘမ်ထဲက ဒုတိယမြောက် Single သီချင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ထွက်ရှိခဲ့တဲ့ သူတို့ရဲ့ ပထမဆုံး Single သီချင်းဖြစ်တဲ့ ‘How You Like That’ ဟာ YouTube မှာ လွှင့်တင်ပြီး ၂၄ နာရီအတွင်း ကြည့်ရှုတဲ့အကြိမ်ရေ ၈၆ သန်းကျော်နဲ့ လူကြည့်အများဆုံး ဂီတဗီဒီယိုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခုလိုမျိုး ကမ္ဘာကျော်အဆိုတော်တဦးနဲ့ Blackpink အဖွဲ့တို့ ပူးပေါင်းသီဆိုတာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။ မကြာသေးခင်တုန်းကလည်း အဆိုတော် လေဒီဂါဂါရဲ့ Chromatica အယ်လ်ဘမ်ထဲက ‘Sour Candy’ သီချင်းမှာလည်း သူတို့အဖွဲ့ ပါဝင်သီဆိုထားကြပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်တုန်းကလည်း အဆိုတော် Dua Lipa နဲ့အတူ ‘Kiss And Make Up’ သီချင်းမှာလည်း ပူးပေါင်းသီဆိုထားကြပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ ဒုတိယမြောက် Single သီချင်းအတွက် ထူးခြားတဲ့အနုပညာရှင်တဦးနဲ့ တွဲဖက်သီဆိုမှာ ဖြစ်တယ်လို့ Blackpink ကကြေညာခဲ့တဲ့အချိန်မှာ ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ပရိသတ်အချို့ကတော့ ဒါဟာ Ariana Grande နဲ့ တွဲဖက် သီဆိုမှာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ Blackpink အဖွဲ့ရဲ့ ပရိသတ်ဖြစ်တဲ့ Blink တွေကတော့ အခုလိုမျိုး Selena နဲ့ Blackpink တို့ရဲ့ ပူးပေါင်းမှုဟာ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုတခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ပူးတွဲသီဆိုမှု ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref:CNA

You may also like these stories:

BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ

စစ်မှု မထမ်းခင် သီချင်းအသစ်ဖြန့်ချိခဲ့တဲ့ မင်းသား ပတ်ဘိုဂွန်း

]]>
စိတ်ပိုင်းဆိုင်ရာပြဿနာတွေ သက်သာသွားတဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Selena Gomez https://burma.irrawaddy.com/lifestyle/entertainment/2020/01/09/212418.html Thu, 09 Jan 2020 04:53:27 +0000 https://burma.irrawaddy.com/lytbox/?p=212418 အဆိုတော် Selena Gomez“စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကျမခံစားနေရတယ်လို့ တွေ့ရှိလိုက်ရချိန်မှာ မိမိကိုယ်ကို ရိုးသားမှုကနေတဆင့် သက်သာရာကို ရှာတွေ့ခဲ့တာပါ” လို့ Selena Gomez က ဆိုပါတယ်။]]> အဆိုတော် Selena Gomez

အဆိုတော် Selena Gomez အနေနဲ့ သူမရဲ့ တကိုယ်တော်အယ်လ်ဘမ် Rare ကို ဖြန့်ချိခဲ့တာဟာဆိုရင် ၅နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကိုယ်ရေးကိုယ်တာပြဿနာတချို့ ကြုံတွေ့ခဲ့ကာ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်အတွင်းမှာတော့ Wall Street Journal နဲ့ အင်တာဗျူးတခုမှာတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ပတ်သက်တဲ့ ကုထုံးတွေ ၊ ဆေးဝါးထောက်ပံ့မှုရယူခဲ့ပုံတွေအပြင် ဘယ်လိုရုန်းကန် ဖြတ်သန်းခဲ့ရလဲဆိုတာကို အတိအလင်းပြန်လည် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်လို့ ပြောဆိုကြတဲ့အခါ တချို့သူတွေဟာ သက်သောင့်သက်သာရှိမနေနိုင်ပေမယ့် Selena Gomez အတွက်တော့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်လို့ သူမနဲ့အင်တာဗျူးဟာ စိတ်ဝင်စားစရာကောင်းနေခဲ့တာပါ။

“စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကျမခံစားနေရတယ်လို့ တွေ့ရှိလိုက်ရချိန်မှာ မိမိကိုယ်ကို ရိုးသားမှုကနေတဆင့် သက်သာရာကို ရှာတွေ့ခဲ့တာပါ” လို့ Selena Gomez က ဆိုပါတယ်။

၂၀၁၆ခုနှစ်နောက်ပိုင်းမှာ သူမရဲ့ တကိုယ်တော်လှည့်လည်ဖျော်ဖြေပွဲ Revival ကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အဲဒီဖျော်ဖြေပွဲ အပြင် နောက်ထပ်ပွဲပေါင်း ၃၀ကျော် ကျန်ရှိနေခဲ့တာဖြစ်ပေမယ့် သူမရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာအတွက် Tennessee မြို့က စိတ်ကျန်းမာရေးစင်တာမှာ ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း ၊ စိတ်ဓာတ်ကျခြင်း နဲ့ စိုးရိမ်းပူပန်မှုများပြားခြင်းတွေကို သူမ ပထမဆုံးရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုပါသေးတယ်။

“စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တခုခုခံစားရတဲ့အချိန်မှာ ကိုယ့်ကိုကူညီမယ့် ကိုယ်ယုံကြည်ရတဲ့ လူတွေကို ကျမတို့အနေနဲ့ ပထမဆုံး ရှာဖွေကြရမှာပါ” လို့ Selena Gomez က အကြံပြုတိုက်တွန်းခဲ့တာပါ။ သူမကို ဂီတနဲ့ အနုပညာအလုပ်တွေကို ဘယ်လိုဆက်လက်လုပ်ဆောင်မယ်ဆိုတာ ပြောင်းလဲသွားတဲ့နေထိုင်မှုပုံစံတခုနဲ့အတူ တကျော့ပြန်တွေ့မြင်ကြရတော့မှာပါ။

Ref. www.mindbodygreen.com

You may also like these stories:

အချစ်ဟောင်းအကြောင်း ရေးထားတယ်လို့ ဆိုတဲ့ ဆလီနာဂိုးမက်ဇ်ရဲ့ သီချင်းအသစ်

ဒီနေ့ခေတ် လူငယ်တွေအတွက် ဆိုရှယ်မီဒီယာဟာ ကြောက်စရာကောင်းကြောင်း Selena Gomez ပြော

]]>
ဒီနေ့ခေတ် လူငယ်တွေအတွက် ဆိုရှယ်မီဒီယာဟာ ကြောက်စရာကောင်းကြောင်း Selena Gomez ပြော https://burma.irrawaddy.com/lifestyle/entertainment/2019/05/16/191435.html Thu, 16 May 2019 05:04:13 +0000 https://burma.irrawaddy.com/lytbox/?p=191435 ကမ္ဘာကျော် အဆိုတော်၊ သရုပ်ဆောင် Selena Gomez မလေးရှားက ဆယ်ကျော်သက်တဦးက သူသေသင့်လား၊ အသက်ရှင်သင့်လားလို့ Instagram မှာ မဲဆန္ဒပေးခိုင်းတဲ့ ပို့စ်တခုကို တင်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီးနောက် အခုလိုမျိုး မှတ်ချက်စကားထွက်ပေါ်လာတာပါ။]]> ကမ္ဘာကျော် အဆိုတော်၊ သရုပ်ဆောင် Selena Gomez

ကမ္ဘာကျော် အဆိုတော် Selena Gomez ဟာ ဒီနေ့ခေတ် သူနဲ့ရွယ်တူ မျိုးဆက်သစ်တွေအတွက် ဆိုရှယ် မီဒီယာဟာ ကြောက်စရာကောင်းတယ်လို့ မေလ ၁၅ ရက်နေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် သူဟာ Instagram မှာ Follower အရေအတွက် သန်း ၁၅၀ ကျော် ရရှိထားတာ ဥပမာကောင်းတခုဖြစ်တယ်လို့တော့ ပြောပါတယ်။

Selena Gomez ပါဝင်ထားတဲ့ နိုင်ငံရေး အသားပေး Zombie ရုပ်ရှင် “The Dead Don’t Die” ကို ယခု ကျင်းပနေတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး သူ့ကို နာမည်ကြီးအောင် လုပ်ပေးခဲ့တဲ့ မီဒီယာပလက်ဖောင်းတွေဟာ မှားယွင်းတဲ့ လက်တွေနဲ့ အဖျက်အမှောင့်တွေသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အဆိုတော် Selena က “ကမ္ဘာကြီးဟာ တော်တော်လေးကို သိသိသာသာ ပြောင်းလဲနေပြီလို့ ထင်ပါတယ်။ ဒါရိုက်တာ Jarmusch က ဒီရုပ်ရှင်ထဲမှာ ဆိုရှယ်မီဒီယာဟာ ကျမတို့ခေတ် ကာလ ရွယ်တူ မျိုးဆက်တွေအတွက် ကြောက်စရာကောင်းတယ်ဆိုတာကို ထည့်သွင်းထားပါတယ်” လို့ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောဆိုခဲ့ပါတယ်။

မလေးရှားက ဆယ်ကျော်သက်တဦးက သူသေသင့်လား၊ အသက်ရှင်သင့်လားလို့ Instagram မှာ မဲဆန္ဒပေးခိုင်းတဲ့ ပို့စ်တခုကို တင်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီးနောက် အခုလိုမျိုး မှတ်ချက်စကားထွက်ပေါ်လာတာပါ။ မလေးရှားနိုင်ငံ၊ အရှေ့ဆာရာဝပ်ပြည်နယ်၊ Kuching မြို့က အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ Facebook ကပဲ ပိုင်ဆိုင်တဲ့ မီဒီယာ ပလက်ဖောင်းပေါ်မှာ မဲဆန္ဒပေးခိုင်းတဲ့ ပို့စ်တခုကို တင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အော်တိုလက်မှတ်ရေးထိုးခိုင်းသူတွေကြောင့် အကျပ်ရိုက်ခဲ့ရတဲ့ Gomez က ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအတုတွေနဲ့ ပတ်သက်လို့လည်း သတိပေးသွားခဲ့ပါတယ်။

သူက “ကိုယ့်ပလက်ဖောင်းကို ကိုယ်သုံးတာ တော်တော်လေးကို ထူးခြားတယ်ဆိုတာ ကျမ နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီမိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေ ဘယ်လောက်တောင် အကာအကွယ်မဲ့နေတယ် ဆိုတာကို မြင်လိုက်ရတဲ့အခါ ကျမ တကယ့်ကို ကြောက်မိသွားပါတယ်” လို့ ဆိုပါတယ်။

အသက် ၁၀ နှစ်အရွယ် ရောက်နေတဲ့ မိန်းကလေးတွေဟာဆိုရင် ဆိုရှယ်မီဒီယာကို ကျောင်းတက်ရက် တရက်မှာ တနာရီအထက် သုံးစွဲနေပြီးတော့ ဆိုရှယ်မီဒီယာကို အဲ့ဒီလောက် မသုံးစွဲတဲ့ မိန်းကလေးတွေနဲ့ ယှဉ်ရင် စိတ်ကျန်းမာရေး ပိုဆိုးရွားလာတယ်လို့လည်း ဆိုပါတယ်။

Gomez က “သူတို့က သတင်းတွေကို သတိမထားမိပါဘူး။ လူတွေဟာ တခါတလေ မှန်ကန်တဲ့ သတင်းအချက်အလေက်တွေကို မရဘူးဆိုတာ တကယ့်ကို အန္တရာယ်ရှိတယ်လို့ ကျမထင်ပါတယ်”လို့ ဆိုပါတယ်။

Ref:asiaone

You may also like these stories:

Instagram မှာ Selena Gomez ကိုကျော်ပြီး Follower အများဆုံးဖြစ်လာတဲ့ Ariana Grande

ချစ်သူဟောင်း Selena Gomez ဆေးရုံတက်နေရလို့ ငိုကြွေးခဲ့တဲ့ Justin Bieber

စေ့စပ်လိုက်ပေမယ့် ချစ်သူဟောင်းပုံ တက်တူးကို မဖျက်သေးတဲ့ Justin Bieber

Instagram မှာ Follower အများဆုံးပုဂ္ဂိုလ်နေရာကို ဖယ်ပေးလိုက်ရတဲ့ Selena Gomez

]]>
Instagram မှာ Selena Gomez ကိုကျော်ပြီး Follower အများဆုံးဖြစ်လာတဲ့ Ariana Grande https://burma.irrawaddy.com/lifestyle/entertainment/2019/02/27/184748.html Wed, 27 Feb 2019 08:37:08 +0000 https://burma.irrawaddy.com/lytbox/?p=184748 အဆိုတော် Selena Gomez နဲ့ အဆိုတော် Ariana GrandeInstagram မှာ Follower အများဆုံးဖြစ်ခဲ့တဲ့ Selena Gomez ကတော့ ဒီကိစ္စကို ဘာမှ ပြောဆိုခြင်းမရှိတဲ့ အပြင် တနှစ်လုံးမှာ ဘာကိုမှ တင်ထားခြင်း မရှိတာပါပဲ။]]> အဆိုတော် Selena Gomez နဲ့ အဆိုတော် Ariana Grande

အဆိုတော် Ariana Grande ကတော့ Instagram မှာ Follower အများဆုံးအမျိုးသမီးအဖြစ် နှစ်ပေါင်းများစွာရှိနေတဲ့ Selena Gomez ရဲ့ နေရာကို ကျော်တက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ “7 Rings” ဆိုတဲ့ သီချင်းထွက်ရှိပြီးနောက်မှာ Follower ၁၄၃.၃ သန်းရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Selena Gomez မှာတော့ Follower ၁၄၃.၂ သန်းရှိပြီးသားဖြစ်လို့ အယောက် တသိန်းလောက် ပိုများပြီး Ariana က နံပါတ်၁ နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ အရှေ့မှာ ကမ္ဘာကျော် ဘောလုံးသမား Cristiano Ronaldo က Follower ၁၅၅.၉ သန်းနဲ့ တည်ရှိနေပါတယ်။

အဆိုတော် Ariana Grande

Ariana Grande ဟာ ဒီနှစ်မှာ သီချင်းခွေ အသစ်ကို ထွက်ရှိထားပြီး သူမရဲ့ ခွေထဲက သီချင်းသုံးပုဒ်ဖြစ်တဲ့ “7 Rings”, “Break Up With Your Girlfriend”, နဲ့ “Thank U, Next” စတဲ့ သီချင်း သုံးပုဒ်ဟာ ၁၉၆၄ ခုနှစ်က The Beatles ရဲ့ နောက်ပိုင်းမှာ ဘယ်သူမှ မရရှိသေးတဲ့ အောင်မြင်မှုတခုအဖြစ် Billboard’s Hot 100 လေးပတ်ဆက်တိုက် နံပါတ် ၁၊ ၂၊ ၃ နေရာကို ယူခဲ့ပါတယ်။

Instagram မှာ Follower အများဆုံးဖြစ်ခဲ့တဲ့ Selena Gomez ကတော့ ဒီကိစ္စကို ဘာမှ ပြောဆိုခြင်းမရှိတဲ့ အပြင် တနှစ်လုံးမှာ ဘာကိုမှ တင်ထားခြင်း မရှိတာပါပဲ။

အဆိုတော် Ariana Grande

အရင်နှစ်က ဘောလုံးသမား Cristiano Ronaldo က သူ့ရဲ့ နေရာကို ကျော်တက်သွားတဲ့ အချိန်မှာလည်း ဂိုးမက်ဇ်က “ ဂဏန်းတွေ အရေအတွက်တွေက အရေးမကြီးပါဘူး” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

Ariana Grande အတွက်ကတော့ ၂၀၁၉ ဟာ အောင်မြင်မှုတွေ အများကြီးကို ရရှိခဲ့တဲ့ နှစ်လို့ ဆိုနိုင်ပါတယ်။

Ref; independent.com

]]>
Selena Gomez ကြောင့် Justin Bieber ရဲ့ လက်ထပ်ပွဲရွှေ့ဆိုင်းနေရသည်ဟု သတင်းထွက်ပေါ် https://burma.irrawaddy.com/lifestyle/entertainment/2019/01/16/180324.html Wed, 16 Jan 2019 04:37:18 +0000 https://burma.irrawaddy.com/lytbox/?p=180324 အဆိုတော် Justin Bieber ၊ Hailey Baldwin နဲ့ Selena Gomezလက်ထပ်ပွဲအတွက် လိုအပ်တာတွေကို သူတို့တွေက ပြင်ဆင်တာမျိုးမရှိသေးဘဲ မင်္ဂလာပွဲအတွက် ဖြည်းဖြည်းနဲ့ နှေးနှေးပဲ လုပ်နေတာပါ။]]> အဆိုတော် Justin Bieber ၊ Hailey Baldwin နဲ့ Selena Gomez

Justin Bieber နဲ့ Hailey Baldwin တို့ဟာ ပြီးခဲ့တဲ့နှစ်မှာ လက်ထပ်ခဲ့ပြီးပြီလို့ ဆိုပေမယ့် မင်္ဂလာပွဲလုပ်ဖို့ရာ နှောင့်နှေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာဆိုရင် Justin ရဲ့ ရည်းစားဟောင်း Selena Gomez ဟာ လက်ထပ်ပွဲကို ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်း တရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ In Touch Weekly မီဒီယာရဲ့ အဆိုအရ “Despacito” သီချင်းအဆိုတော် Justin ဟာ သူ့ရဲ့ ချစ်သူဟောင်းနဲ့ ပတ်သက်လို့ စိုးရိမ်တာတွေက မရပ်တန့်နိုင်ဘူးလို့ ဆိုကြပါတယ်။

စိတ်အခြေအနေ ပြိုလဲမှုဖြစ်ခဲ့ရပြီးတဲ့နောက် အဆိုတော် Selena ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာပဲ ပြန်လည်သန်စွမ်းရေး ကုသမှုကိုခံယူခဲ့ရပြီး အဲဒီကနေ ထွက်လာခဲ့ပြီးတဲ့နောက် သူ့သူငယ်ချင်းတွေနဲ့ အတူ လျှောက်သွားလျှောက်လာတာတွေ ကိုလည်း မြင်တွေ့ရပါတယ်။

လက်ထပ်ပွဲအတွက် လိုအပ်တာတွေကို သူတို့တွေက ပြင်ဆင်တာမျိုးမရှိသေးဘဲ မင်္ဂလာပွဲအတွက် ဖြည်းဖြည်းနဲ့ နှေးနှေးပဲ လုပ်နေတာပါ။ ဒါ့အပြင် Justin က လက်ထပ်ပွဲ ရွှေ့နေတာနဲ့ ပတ်သက်လို့ Hailey က သိပ်ပျော်နေပုံမရပါဘူး။ Hailey အနေနဲ့လည်း မလုံမခြုံတွေ စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်ရဲ့ တချို့အရကတော့ သူတို့ဟာ မင်္ဂလာပွဲကိုလုပ်ဖို့ အစီအစဉ်တွေကို ဆွေးနွေးနေခဲ့ပေမယ့် လက်ထပ်ပွဲ ဖြစ်မလာမှာကို Haliey က စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ရဲ့ စိတ်ထဲမှာ အဲဒီ့ မင်္ဂလာနေ့အကြောင်းကို စဉ်းစားထားပေမယ့် Justin ရဲ့ ဦးစားပေးမှုအတိုင်း ဖြစ်သင့်တဲ့အကြောင်း လက်ခံထားတယ်လို့လည်း ဆိုပါတယ်။

ကနေဒါမော်ဒယ်နဲ့ အလှပဂေး Hailey ကတော့ ပွဲအတွက် အသေးစိတ်အစီအစဉ်တွေကို အကောင်အထည် ဖော်နေတယ် လို့ဆိုပါတယ်။

သူတို့ဟာ မင်္ဂလာပွဲအတွက် သင်းအုပ်ဆရာတော်နဲ့လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် သတင်းအချို့မှာလည်း လက်ထပ်ပွဲက မကြာမီ ဖြစ်လာနိုင်ချေ ရှိတယ်လို့ ဆိုနေပြန်ပါတယ်။ ဆွေးနွေးနေဆဲ အဆင့်သာရှိနေသေးတယ်လို့ ဆိုပေမယ့် အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

လောလောဆယ်တော့ သူတို့နှစ်ဦးဟာ လက်ထပ်ပြီးရင် နေဖို့အတွက် အိမ်ကို ရှာဖွေနေပြီး Justin နဲ့ သူ့ရဲ့ အသစ်စက်စက် ဇနီးလေးကတော့ အိပ်ခန်းလေးခန်း၊ ရေချိုးခန်း ၇ ခန်းပါတဲ့ San Fernando Valley က အိမ်မှာ နေထိုင်နေပါတယ်။ အဲဒီနောက် သူတို့ဟာ ရေပြဿနာကြောင့် Beverly Hills မှာရှိတဲ့ ဟိုတယ်ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။

Ref: aceshowbiz

]]>
ပျော်ရွှင်ကျန်းမာစွာနဲ့ ခရီးထွက်နေတဲ့ အဆိုတော် Selena Gomez https://burma.irrawaddy.com/lifestyle/entertainment/2018/12/19/177950.html Wed, 19 Dec 2018 08:20:23 +0000 https://burma.irrawaddy.com/lytbox/?p=177950 နှင်းတောထဲမှာသူငယ်ချင်းတွေနဲ့ အတူတွေ့ရတဲ့ အဆိုတော် Selena Gomezစိတ်ပိုင်းခံစားမှု ပျက်ယွင်းတဲ့ ဝေဒနာကို ခံစားခဲ့ရပြီးတဲ့နောက် ကုသမှုခံယူခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် အဆိုတော်နဲ့ မင်းသမီး Selena ဟာ သူ့သူငယ်ချင်းတွေရဲ့ Instagram အကောင့်မှာ တင်တဲ့ ဓာတ်ပုံတွေထဲ ပါဝင်လာခဲ့ပါတယ်။]]> နှင်းတောထဲမှာသူငယ်ချင်းတွေနဲ့ အတူတွေ့ရတဲ့ အဆိုတော် Selena Gomez

အဆိုတော် Selena Gomez ဟာ ပြန်လည်သန်စွမ်းရေးကုသမှုကနေ ထွက်လာခဲ့ပြီဖြစ်ပြီး အရင်ကထက် ပိုပြီး ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။

စိတ်ပိုင်းခံစားမှု ပျက်ယွင်းတဲ့ ဝေဒနာကို ခံစားခဲ့ရပြီးတဲ့နောက် ကုသမှုခံယူခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် အဆိုတော်နဲ့ မင်းသမီး Selena ဟာ သူ့သူငယ်ချင်းတွေရဲ့ Instagram အကောင့်မှာ တင်တဲ့ ဓာတ်ပုံတွေထဲ ပါဝင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ Puma ကမ်ပိန်း သရုပ်ဆောင်ဖြစ်သူ Connar Franklin နဲ့ “Wizards of Waverly Place” မှာ အတူတွဲသရုပ်ဆောင်ခဲ့ဖူးတဲ့ Bailee Madison တို့နဲ့အတူ နှင်းတွေ ဖုံးလွှမ်းနေတဲ့နေရာတွေဆီ သွားရောက်လည်ပတ်နေတဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။ အဆိုတော် Selena ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Big Bear မြို့မှာ သူငယ်ချင်းတွေနဲ့အတူ ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

နှင်းတောကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာဆိုရင်တော့ သူဟာ သူငယ်ချင်းတွေနဲ့အတူ ပြုံးပြုံးရွှင်ရွှင်ရှိနေခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။ သူဟာ အပေါ်ရုံအင်္ကျီ၊ ဂျာကင်၊ဘောင်းဘီ၊ လက်အိတ်နဲ့ ခေါင်းစွပ်တို့ကို အနက်ရောင်ချည်းပဲ ဝတ်ဆင်ခဲ့ပြီး နွေးနွေးထွေးထွေးရှိနေခဲ့ပါတယ်။

အခုတော့ Selena ဟာ အိမ်ပြန်ရောက်နေပြီလို့ သတင်းရင်းမြစ်တစ်ခုက အတည်ပြုထားပါတယ်။ အဲဒီ့သတင်းရင်းမြစ်က “သူက တော်တော်လေး ကောင်းမွန်လာပြီဖြစ်ပြီး ပုံမှန်ဖြစ်ဖို့ မျှော်လင့်ရပါတယ်။ သူဟာ သူငယ်ချင်းတွေ၊ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

Selena ဟာပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြန်လည်သန်စွမ်းရေး ကုသမှုကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကုသမှုခံယူခဲ့တာဖြစ်ပြီး ပိုပြီးသက်သာလာပြီလို့လည်း ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းနဲ့ အောက်တိုဘာလအစောပိုင်းတို့မှာ သွေဖြူဥလျော့နည်းမှုကြောင့် ဆေးရုံနှစ်ကြိမ် တက်ခဲ့ရတာ ဖြစ်ပါတယ်။

Ref: aceshowbiz

]]>
ချစ်သူဟောင်း Selena Gomez ဆေးရုံတက်နေရလို့ ငိုကြွေးခဲ့တဲ့ Justin Bieber https://burma.irrawaddy.com/lifestyle/entertainment/2018/10/12/172367.html Fri, 12 Oct 2018 09:11:16 +0000 https://burma.irrawaddy.com/lytbox/?p=172367 ဇနီးလောင်း Hailey Baldwin နဲ့ အပြင်ထွက်ချိန်မှာ ငိုကြွေးနေတဲ့ Justin Bieberအဆိုတော် Selena ဟာ သူ့ရဲ့ ကျောက်ကပ်အစားထိုးကုသမှုကနေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ခံစားခဲ့ရပြီးနောက် ဆေးရုံကိုရောက်ရှိသွားတယ်လို့ TMZ မီဒီယာမှာ ဖော်ပြပါတယ်။ ]]> ဇနီးလောင်း Hailey Baldwin နဲ့ အပြင်ထွက်ချိန်မှာ ငိုကြွေးနေတဲ့ Justin Bieber

အဆိုတော် Justin Bieber ဟာ လက်ထပ်ခဲ့ပြီးပြီလို့ သတင်းထွက်နေတဲ့ ဇနီးလောင်း Hailey Baldwin နဲ့ အပြင်ထွက်ချိန်မှာတော့ စိတ်ခံစားချက်တွေကို မထိန်းနိုင်ဖြစ်ခဲ့ပုံရပါတယ်။ သူတို့စုံတွဲနှစ်ဦးကို Beverly Hills မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး ကားထဲထိုင်နေကြချိန်မှာ အသက် ၂၄ နှစ်အရွယ် Bieber က သူ့ရဲ့မျက်နှာကို လက်နဲ့ အုပ်ထားပြီး အသက် ၂၁ နှစ်အရွယ် Baldwin သူတို့ကို စိုးရိမ်တကြီးနဲ့ ကြည့်နေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

အဆိုတော် Bieber ရဲ့ ချစ်သူဟောင်း Selena Gomez က စိတ်ရောဂါကုဆေးရုံကို တက်ရောက်ခဲ့ရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီး တရက်အကြာမှာ အခုလိုမျိုး လူမြင်ကွင်းမှာ ခံစားချက်တွေ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ပုံစံကို မြင်တွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။

လက်ထပ်ခဲ့ပြီးပြီလို့ယူဆရတဲ့ ကြင်စဦးဇနီးမောင်နှံနှစ်ဦးဟာ ကြီးမားတဲ့ အနက်ရောင် Range Rover ကားထဲမှာ ထိုင်နေခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး မော်ဒယ် Baldwin ကတော့ ကားမောင်းသူနေရာမှာ ထိုင်နေခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ တရက်တုန်းကတော့ အဆိုတော် Bieber ကို မျက်နှာသုန်သုန်မှုန်မှုန်နဲ့ မြင်တွေ့ခဲ့ရပြီး လော့စ်အင်ဂျလိစ်မှာရှိတဲ့ ဘုရားကျောင်းကနေ ထွက်လာချိန်မှာ သူငယ်ချင်းတွေရဲ့ နှစ်သိမ့်မှုကို ခံယူနေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ရေချိုးဝတ်စုံကိုဝတ်ပြီး ခြေဗလာနဲ့ သူ့အိမ်အပြင်က လမ်းမထက်မှာ စိုးရိမ်မှုလွန်ကဲနေတဲ့ပုံစံနဲ့ သူ့ကို မြင်တွေ့ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

Bieber ရဲ့ ချစ်သူဟောင်း အဆိုတော် Selena ဟာ သူ့ရဲ့ ကျောက်ကပ်အစားထိုးကုသမှုကနေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ခံစားခဲ့ရပြီးနောက် ဆေးရုံကိုရောက်ရှိသွားတယ်လို့ TMZ မီဒီယာမှာ ဖော်ပြပါတယ်။

အသက် ၂၆ နှစ်အရွယ် Selena ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းတုန်းကလည်း Cedars-Sinai ဆေးကုသရေးစင်တာမှာ ဆေးကုသမှုခံယူခဲ့ရပြီး တဖန် သွေးတွင်းဆဲလ်လျော့ကျမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဆေးရုံပြန်တက်လိုက်ရပြီး IV ဆေးသွင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ အဆိုတော် Selena ဟာ အဆိုးမြင်မှတ်ချက်စကားတွေကြောင့် လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေ ခေတ္တအနားယူမယ်ဆိုတဲ့ သတင်းကိုလည်း ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ မကြာသေးခင်တုန်းက Bieber နဲ့ Baldwin တို့လက်ထပ်လိုက်ကြပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နှစ်ဖက်လုံးကတော့ အတည်ပြုတာမျိုး မရှိသေးပါဘူး။

Ref: news.com.au

]]>
ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ် သီဆိုထားတဲ့ Selena Gomez https://burma.irrawaddy.com/lifestyle/entertainment/2018/07/24/164650.html Tue, 24 Jul 2018 04:43:58 +0000 https://burma.irrawaddy.com/lytbox/?p=164650 အဆိုတော် Selena Gomezလက်ရှိမှာတော့ အဆိုတော် Selena ဟာ သူ့ရဲ့ အယ်လ်ဘမ် အသစ်တခုကို ဖြန့်ချိဖို့ ပြင်ဆင်နေပေမယ့် အဲဒီ သီချင်းအယ်လ်ဘမ်ကို ဖြန့်ချိဖို့ရာ အချိန်ကောင်း မဟုတ်သေးဘူးလို့ ဆိုပါတယ်။]]> အဆိုတော် Selena Gomez

အဆိုတော် Selena Gomez ဟာ ဘောလိဝုဒ် ရုပ်ရှင်တခုမှာ ပါဝင်ရတာ သဘောကျပုံ ရနေပါတယ်။ “Heart Wants What It Wants” သီချင်းအဆိုတော် Selena ဟာ သီချင်းရေးဆရာ A. R. Rahman နဲ့အတူ အလုပ်အတူ လုပ်ချင်ပြီး သီချင်းတပုဒ် သီဆိုထားပါသေးတယ်။

အဆိုတော် Selena က “ကျမက အိန္ဒိယက ဂီတပညာရှင် တော်တော်များများနဲ့ အဆက်အစပ် ရှိပါတယ်။ ပြီးတော့ သူတု့ိက အံ့သြဖို့ကောင်းမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမ AR Rahman ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သဘောကျပါတယ်။ သူဟာ ဒီနေ့မှာ ကမ္ဘာ့နာမည်ကျော် တယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရေးထားတဲ့ သီချင်းတွေကို သီဆိုတာမျိုး၊ ပါဝင် သရုပ်ဆောင်တာမျိုး လုပ်ချင်တာပါ။ ဘောလိဝုဒ် ရုပ်ရှင် အတွက် သီချင်းဆိုရတာ ကောင်းမွန်တယ်လို့ ကျမထင်ပါတယ်” လို့ Mid Day မီဒီယာကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုတော် Selena ဟာ သူ့ရဲ့ အယ်လ်ဘမ် အသစ်တခုကို ဖြန့်ချိဖို့ ပြင်ဆင်နေပေမယ့် အဲဒီ သီချင်းအယ်လ်ဘမ်ကို ဖြန့်ချိဖို့ရာ အချိန်ကောင်း မဟုတ်သေးဘူးလို့ ဆိုပါတယ်။

သူက “ဘယ်တော့ အချိန်ကောင်း ရောက်မယ်ဆိုတာ ကျမ မသိပါဘူး။ ပြီးတော့ ကျမပြောချင်တာက ထူးထူးဆန်းဆန်းနဲ့ အဆန်းတကြယ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဖန်တီးတဲ့အရာတခုက တခုခုကို ဆိုလိုမယ့် အသံရရှိဖို့ တော်တော်လေး ခက်ပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ အဆိုတော် Selena က သီချင်းအားလုံးဟာ ထူးခြားကွဲပြားတဲ့အတွက် သူ့ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ်ကို ချပြချင်တဲ့ လမ်းကြောင်းကို မရွေးရသေးဘူးလို့ ဆိုပါတယ်။

သူက “ကျမ စတူဒီယိုမှာ ရှိနေတာ တနှစ်လောက်ရှိပါပြီ။ ဒါကြောင့် ကျမမှာ အယ်လ်ဘမ် တချပ် ထုတ်နိုင်တယ်လို့ ပြောနိုင်ပေမယ့် သီချင်းတွေအားလုံးက မတူကြလို့ ဘာကို ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။ တော်တော်လေးကို ထူးခြားနေတယ်လို့ ခံစားရလို့ ကျမ ပြောနေတာမဟုတ်ပါဘူး”

“Single သီချင်းတပုဒ်အနေနဲ့ သီချင်းအပုဒ်တိုင်းကို ပြင်ဆင်ထားပြီး သဘောကျမိပါတယ်။ ဒါကြောင့် ဘယ်နေရာမှာ ချပြရမယ်ဆိုတာ ကျမသိပါဘူး။ ဒါပေမယ့် သီချင်းတော်တော်များများ ရှိလို့ အယ်လ်ဘမ်တချပ် ထုတ်နိုင်တော့မယ်လို့တော့ ကျမ ပြောနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: contactmusic

]]>
ရွက်လှေပေါ်မှာ အခြား မိန်းကလေးတဦးနဲ့ အတူတွဲ တွေ့နေရပြန်တဲ့ Justin Bieber https://burma.irrawaddy.com/lifestyle/entertainment/2018/04/03/155371.html Tue, 03 Apr 2018 04:45:47 +0000 https://burma.irrawaddy.com/lytbox/?p=155371 Justin Bieber နဲ့ အတူတွဲ တွေ့နေရတဲ့ အခြား မိန်းကလေးတဦး / x17onlineအခြားဓာတ်ပုံ တခုမှာဆိုရင် Bieber ဟာ အမည်မသိ မိန်းကလေးတဦးရဲ့ ဦးခေါင်း နှိပ်နှယ်ပေးတာကို ခံယူနေတဲ့ပုံတွေ တွေ့ရပြန်ပါတယ်။ အဲဒီ မိန်းကလေးဟာ သူ့ရဲ့ ဦးခေါင်းကို လက်ချောင်းလေးတွေနဲ့ ထိုးဖွနေခဲ့တာ ဖြစ်ပြီး]]> Justin Bieber နဲ့ အတူတွဲ တွေ့နေရတဲ့ အခြား မိန်းကလေးတဦး / x17online

အဆိုတော် Justin Bieber နဲ့ Selena Gomez တို့ရဲ့အချစ်ရေးဟာ လမ်းခွဲတဲ့အဆင့် အထိ ရောက်သွားပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ “Love Yourself” သီချင်းအဆိုတော် Bieber ဟာ Newport ကမ်းခြေမှာရှိတဲ့ ရွက်လှေ တစင်းပေါ်မှာ အခြားမိန်းကလေး တဦးနဲ့ တပူးတွဲတွဲ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ ကြပါတယ်။

X17online မီဒီယာကနေ ရရှိခဲ့တဲ့ ဓာတ်ပုံတွေမှာ ဆိုရင်တော့ ကနေဒါ ပျိုတိုင်းကြိုက် နှင်းဆီခိုင် Bieber ဟာ နီယွန်ရောင် အပေါ်ဝတ်အကျီနဲ့ အနီရောင် ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားတာ မြင်တွေ့ပြီး ပနားမား ဦးထုပ်ကို ဆောင်းထားတဲ့ Biber ဟာ နေဝင်ချိန်ကို ကြည့်တဲ့ အပျော်စီး ရွက်လှေ တစီးပေါ်မှာ သူ့အဖွဲ့နဲ့အတူ ပါလာတာ ဖြစ်ပါတယ်။

အခြားဓာတ်ပုံ တခုမှာဆိုရင် Bieber ဟာ အမည်မသိ မိန်းကလေးတဦးရဲ့ ဦးခေါင်း နှိပ်နှယ်ပေးတာကို ခံယူနေတဲ့ပုံတွေ တွေ့ရပြန်ပါတယ်။ အဲဒီ မိန်းကလေးဟာ သူ့ရဲ့ ဦးခေါင်းကို လက်ချောင်းလေးတွေနဲ့ ထိုးဖွနေခဲ့တာ ဖြစ်ပြီး သူမဟာ အနက်ရောက် ရှပ်အကျႌ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ အခုလိုမျိုး အဆိုတော် Bieber ဟာ Selena နဲ့အချစ်ရေး ခေတ္တရပ်ဆိုင်းနေချိန်မှာ အခြားမိန်းကလေး တဦးနဲ့ အတူသွား၊ အတူလာတွေ့ရတာဟာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။

ဒီ့အရင်မှာလည်း အဆိုတော် Craig David ရဲ့ ဖျော်ဖြေပွဲကို မော်ဒယ် Baskin Champion နဲ့အတူ တွဲပြီး တက်ရောက် လာခဲ့တာ တွေ့မြင်ခဲ့ရပြီး သူတို့နှစ်ဦးဟာ ဖျော်ဖြေပွဲ တခုလုံးမှာ တော်တော်လေး ပျော်ရွှင်နေခဲ့ကြတာ တွေ့ရပါတယ်။ Baskin ရဲ့ ညီမဖြစ်သူဟာ Bieber ရဲ့သူငယ်ချင်း Patrick Schwarzenegger နဲ့တွဲနေသူ ဖြစ်ပြီးတော့ ဒီဖျော်ဖြေပွဲ ပြီးတဲ့နောက် အခြားသူတွေနဲ့အတူ Bieber ရဲ့ Beverly Hills မှာရှိတဲ့ အိမ်ကို ပျော်ပျော်ပါးပါး ညအိပ်ဖို့ သွားခဲ့ကြပါတယ်၊

အဲဒီလိုမျိုး ညအိပ်ညနေ ပျော်ပါးနေကြပြီး ရက်အနည်းငယ်အကြာမှာပဲ Baskin ကို Bieber ရဲ့ အိမ်မှာ ထပ်တွေ့ခဲ့ ကြရပြန်ပါတယ်။ သူူ့အိမ်မှာ ၃ နာရီလောက်ကြာပြီးတဲ့နောက် Baskin ဟာ သူ့ကားဆီကို လမ်းလျှောက် သွားချိန်မှာပဲ Bieber ဟာ သူ့ရဲ့ Lamborghini ကားနဲ့ ထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမယ့် သတင်းရင်းမြစ်တခုရဲ့အဆိုအရ Bieber နဲ့ Baskin တို့က တွဲနေတာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အသက် ၂၄ နှစ်အရွယ် Bieber က Selena ကို မေ့မရသေးဘူးလို့ ဆိုပါတယ်။ တချိန်လုံး Selena အကြောင်းပဲ စဉ်းစား တွေးတော ပြောဆိုနေတယ်လို့ ဆိုပါတယ်။ Selena နဲ့ Bieber တို့ အချစ်ဇာတ်လမ်းက လုံးဝ မပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အချစ်ရေး ခေတ္တ ရပ်ဆိုင်းနေပေမယ့် ရေမြေခြားမှာ အခြားသူနဲ့ ဖက်လှဲတကင်းလုပ်နေတဲ့ 

Ref : aceshowbiz

]]>
အချစ်ရေး ခေတ္တ ရပ်ဆိုင်းနေပေမယ့် ရေမြေခြားမှာ အခြားသူနဲ့ ဖက်လှဲတကင်းလုပ်နေတဲ့ Selena Gomez https://burma.irrawaddy.com/lifestyle/entertainment/2018/03/20/154509.html Tue, 20 Mar 2018 10:52:15 +0000 https://burma.irrawaddy.com/lytbox/?p=154509 အခြား အမျိုးသားတဦးနဲ့ ဖက်လှဲတကင်းလုပ်နေတဲ့ Selena Gomezသူတို့နှစ်ယောက်ဟာ ပြုံးရွှင်နေခဲ့ကြပြီး ရွက်လှေပေါ်ကနေ Selena ကို တွန်းချဖို့ ဟန်လုပ်နေတဲ့ Johnny ဆိုသူရဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ ရပါတယ်။ ]]> အခြား အမျိုးသားတဦးနဲ့ ဖက်လှဲတကင်းလုပ်နေတဲ့ Selena Gomez

ကမ္ဘာကျော် အဆိုတော် စုံတွဲဖြစ်ကြတဲ့ အဆိုတော် Justin Bieber နဲ့ အဆိုတော် Selena Gomez တို့ဟာ အချစ်ရေး ခေတ္တ ရပ်ဆိုင်းထားကြပေမယ့်လည်း Selena Gomez ကတော့ Justin Bieber သူ့အနားမှာ မရှိလည်း သြစတြေးလျမှာ တော်တော်လေး ပျော်နေတာကို တွေ့ရပါတယ်။

အသက် ၂၅ အရွယ်၊ အဆိုတော် Selena Gomez ဟာ ချစ်သူ Justin Bieber နဲ့ အချစ်ဇာတ်လမ်း ခေတ္တ ရပ်ဆိုင်းနေချိန် သြစတြေးလျကို ရောက်လာတဲ့ အပန်းဖြေခရီးအတွင်းမှာ အခြားအမျိုးသားတဦးနဲ့ ပျော်မြူးနေခဲ့တာကို တွေ့ရပါတယ်။ Disney အဆိုတော်ဟောင်း Selena ဟာ မတ်လ ၁၉ ရက်နေ့က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနေမြို့မှာ ရှိတဲ့ ရွက်လှေ တစင်းပေါ်မှာ အမျိုးသားတဦးနဲ့အတူ ရေကူးဝတ်စုံကို ဝတ်ဆင်ပြီး နေပူဆာလှုံနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီ အမျိုးသားကတော့ Johnny Rays လို့ခေါ်ပြီး သူ့သူငယ်ချင်းတယောက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြုံးရွှင်နေခဲ့ကြပြီး ရွက်လှေပေါ်ကနေ Selena ကို တွန်းချဖို့ ဟန်လုပ်နေတဲ့ Johnny ဆိုသူရဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ ရပါတယ်။ တခြားပုံမှာဆိုရင်တော့ အပေါ်ပိုင်းအဝတ်ဗလာ၊ ရေကူးဘောင်းဘီ အပြာရောင် ဝတ်ဆင်ထားတဲ့ Johnny ဟာ အပြာရောင် သဘက်ကို ခြုံထားတဲ့ Selena ကို ဖက်ထားတာတွေ့ရပါတယ်။

Selena သြစတြေးလျနိုင်ငံကို ရောက်လာတဲ့အကြောင်းက Hillsong Church Conference တက်ဖို့ ဖြစ်ပါတယ်။ Selena နဲ့ အတူရှိနေတဲ့ Johnny ကတော့ အဲဒီကို ဘာအကြောင်းနဲ့ ရောက်လာတာလဲဆိုတာ မသိရှိပါဘူး။ သူဟာ ဘုရားကျောင်းရဲ့ တီးဝိုင်းဖြစ်တဲ့ Young & Free ရဲ့ မန်နေဂျာ တဦးတော့ ဖြစ်ပါတယ်။

Justin နဲ့ တွဲရေးခွဲရေး အချစ်ဇာတ်လမ်း ရှု့ပ်နေတဲ့ Selena ရဲ့ သူငယ်ချင်း Johnny ဟာ ဆစ်ဒနီမှာ နေထိုင်တာ ဖြစ်ပါတယ်။ သူဟာ Hillsong Church ရဲ့ Sydney City Campus မှာ ကြီးပြင်းခဲ့သူလည်း ဖြစ်ပါတယ်။ Hillsong ရဲ့ ဝက်ဘ်ဆိုက် အဆိုအရ သူဟာ Sydney Conservatorium of Music ကျောင်းမှာ စာသင်ကြားခဲ့ပြီး ဆစ်ဒနီအခြေစိုက် ဒီဇိုင်းအေဂျင်စီ တခုမှာ ပရောဂျက် မန်နေဂျာ တယောက်ဖြစ်ပါတယ်။

Selena နဲ့အတူတူ ဘုရားကျောင်း အတူတူ တက်ကြတဲ့ Justin ကတော့ ဘာလို့ သြစတြေးလျမှာ လုပ်တဲ့ Hillsong Church Conference ကို တက်ရောက်ခြင်း မရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ကနေဒီယံ အဆိုတော် Justin ကတော့ လော့စ်အင်ဂျလိစ်မှာ ပြန်ရောက်နေပြီး မတ်လ ၁၈ ရက်နေ့မှာတော့ West Hollywood တခွင် လမ်းလျှောက် နေခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Justin Bieber နဲ့ Selena Gomez တို့ အချစ်ရေး တခန်းရပ် သွားပြန်ပြီလား 

Ref : aceshowbiz

]]>
Justin Bieber နဲ့ Selena Gomez တို့ အချစ်ရေး တခန်းရပ် သွားပြန်ပြီလား https://burma.irrawaddy.com/lifestyle/entertainment/2018/03/08/153656.html Thu, 08 Mar 2018 10:28:28 +0000 https://burma.irrawaddy.com/lytbox/?p=153656 ကမ္ဘာကျော် အဆိုတော်စုံတွဲ Justin Bieber နဲ့ Selena Gomezအသက် ၂၄ နှစ်အရွယ်၊ ကနေဒါအဆိုတော် Justin Bieber နဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် Selena Gomez တို့ဟာ တဦးအပေါ်တဦး အချိန်ပေးလိုကြောင်း သိရပါတယ်။]]> ကမ္ဘာကျော် အဆိုတော်စုံတွဲ Justin Bieber နဲ့ Selena Gomez

ကမ္ဘာကျော် အဆိုတော်စုံတွဲ ဖြစ်ကြတဲ့ Justin Bieber နဲ့ Selena Gomez တို့ဟာ သဘောထားကွဲပြားမှုနဲ့ ရန်ဖြစ်ခဲ့ကြပြီးနောက် အချိန်ကာလ အနည်းငယ်ကြာ လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်တခုက “သူတို့ဟာ မကြာသေးခင်တုန်းက သဘောထားကွဲလွဲမှု နည်းနည်းနဲ့ ရန်ဖြစ်ခဲ့ကြတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ တချိန်လုံး အဆက်အသွယ် ရှိနေပြီးတော့ တဦးအပေါ်တဦး ထားရှိတဲ့ ခံစားချက်တွေကတော့ မပြောင်းလဲပါဘူး” လို့ E! News မီဒီယာကို ပြောပါတယ်။

အသက် ၂၄ နှစ်အရွယ်၊ ကနေဒါအဆိုတော် Justin Bieber နဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် Selena Gomez တို့ဟာ တဦးအပေါ်တဦး အချိန်ပေးလိုကြောင်း သိရပါတယ်။ အတွင်း သတင်းတခုမှ ပုဂ္ဂိုလ်တဦးက “သူတို့ဟာ အတူတူ ပြန်ရှိနေကြဦးမှာပါ။ သူတို့ဇာတ်လမ်း မပြီးသေးပါဘူး။ ဒါပေမယ့် သူတို့ နှစ်ယောက်လုံးကတော့ တယောက်အတွက် တယောက် အချိန်ပေးဖို့ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

အခြား သတင်းအရင်းအမြစ် တခုကတော့ သူတို့စုံတွဲနဲ့ပတ်သက်လို့ အလားတူ အကြောင်းအရာကိုပဲ ပြောဆိုခဲ့ပြီး နောက်ထပ် သတင်းအရင်းအမြစ် တခုကလည်း သူတို့ဟာ လူသိရှင်ကြား ဆက်ဆံရေးကြောင့် ဖိအားရရှိခဲ့ပြီး ပြဿနာ ဖြစ်စေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

အဆိုပါ သတင်းအရစ်အမြစ် ပြောကြားချက်အရ “သူတို့ဟာ နှစ်ယောက်သားရဲ့ လူသိရှင်ကြား ဆက်ဆံရေးကြောင့် ရရှိလာတဲ့ ဖိအား တော်တော်များများကြောင့် စိတ်ရှုပ်ခဲ့ရတယ်လို့ ဖွင့်ပြောခဲ့ကြပြီးတော့ ကိစ္စတွေအပေါ်မှာလည်း အမြင် မတူခဲ့ကြပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ မတ်လ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ Justin ရဲ့ မွေးနေ့ကတည်းက တွေ့ခဲ့ကြတာ မရှိဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း တခန်း ပြန်ဆက်နေတာကို ကန့်ကွက်ထားတဲ့ မိခင်ဖြစ်သူ Mandy Teefey နဲ့ ဆက်ဆံရေးကိုလည်း Selena က ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ သတင်းအချို့ကဆိုပါတယ်။

Justin နဲ့ Selena တု့ိကို ဂျမေကာနိုင်ငံမှာ Justin ရဲ့ ဖခင်ဖြစ်သူ လက်ထပ်ပွဲကို တက်ရောက်ခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ နောက်ဆုံးတွေ့မြင် ခဲ့ကြရတာပါ။ လူငယ်ချစ်သူ နှစ်ဦးဟာ အပြင်ထွက်ရာမှာလည်း ရေကူးကန် ဘေးမှာ အတူ တွဲတွေ့ရတာမျိုး၊ ပွေ့ဖက် နမ်းရှုံ့နေတာမျိုးကိုလည်း တွေ့ခဲ့ကြရပါတယ်။

ယခုလ အစောပိုင်းမှာ ကျရောက်ခဲ့တဲ့ Justin Biber ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့မှာ အတူဖြတ်သန်းခဲ့ကြပုံ မရပေမယ့် Selena က သူ့ရဲ့ Instagram အကောင့်မှာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Justin Bieber နဲ့ Selena Gomez တို့ရဲ့ အချစ်ရေး ဒီတခါ သေချာ ခိုင်မာသွားပြီလား

Ref ; aceshowbiz

]]>
Justin Bieber နဲ့ Selena Gomez တို့ရဲ့ အချစ်ရေး ဒီတခါ သေချာ ခိုင်မာသွားပြီလား https://burma.irrawaddy.com/lifestyle/entertainment/2018/02/20/152399.html Tue, 20 Feb 2018 06:52:02 +0000 https://burma.irrawaddy.com/lytbox/?p=152399 အဆိုတော် Justin Bieber နဲ့ Selena GomezJustin နဲ့ Selena တို့ ချစ်သူနှစ်ဦးဟာ ချစ်သူများနေ့တုန်းက Montage ဟိုတယ်မှာ ညစာအတူ သုံးဆောင်နေခဲ့ကြတာ တွေ့ခဲ့ရပြီး အခုလို ဂျမေကာခရီးစဉ်မှာ အတူတူ ထပ်တွေ့လိုက်ရတာဖြစ်ပါတယ်။]]> အဆိုတော် Justin Bieber နဲ့ Selena Gomez

မိန်းကလေးတွေ သဲသဲလှုပ် အားပေးကြတဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင် အဆိုတော် Justin Bieber နဲ့ Selena Gomez တို့ရဲ့ ဒီတခါတော့ အချစ်ရေးဟာ သေချာခိုင်မာပုံ ရပါတယ်။

အသက် ၂၃ နှစ်အရွယ်၊ ကနေဒီယမ် အဆိုတော် Justin နဲ့ Disney အဆိုတော်ဟောင်း Selena တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တုန်းက ဂျမေကာ (Jamaica) နိုင်ငံလေဆိပ်မှာ အတူ တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက် အခုလို ခရီးထွက်လာရတဲ့ အကြောင်းအရင်းကလည်း ချစ်ဖို့ကောင်းပါတယ်။

အချစ်ဇာတ်လမ်း ပြန်စနေကြတဲ့ သူတို့ ချစ်သူနှစ်ဦး ဂျမေကာနိုင်ငံကို ရောက်နေတဲ့အကြောင်းအရင်းက Justin ရဲ့ အဖေ Jeremy Bieber ရဲ့ လက်ထပ်ပွဲကြောင့် ဖြစ်တယ်လို့ ပရိသတ်တဦးရဲ့ အကောင့်မှာ ဖော်ပြထားပါတယ်။ Selena ဟာ ချစ်သူရဲ့ ဖခင်အတွက် နိုင်ငံကနေ ထွက်ပြီး ခရီးထွက်လာခဲ့တာဟာ အရမ်းချစ်ဖို့ကောင်းတယ်လို့ ထင်မြင်မိကြောင်း အဆိုပါ ပရိသတ်က ဆိုပါတယ်။

Jeremy ဟာ ဇနီးဖြစ်သူ Chelsea Robelo ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက St. Barths မှာရှိတဲ့ အချစ်တံခါးဝမှာ ချစ်ခွင့်ပန်ခဲ့ပြီးနောက် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Selena ဟာ Jeremy ရဲ့ သူငယ်ချင်းတွေနဲ့ သတို့သမီးရဲ့ မိသားစုတွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာလည်း ပါဝင်ခဲ့ပါတယ်။ “Wolves” သီချင်း အဆိုတော် Selena ဟာ မိတ်ကပ်နည်းနည်းပဲ လူးထားပြီး သူ့ရဲ့ အနက်ရောင်ကေသာနဲ့ ကြည့်လို့ လှနေခဲ့ပါတယ်။

Selena ဟာ Jeremy ရဲ့ သူငယ်ချင်းတွေနဲ့ သတို့သမီးရဲ့ မိသားစုတွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံမှာလည်း ပါဝင်ခဲ့ပါတယ်

Justin နဲ့ Selena တို့ ချစ်သူနှစ်ဦးဟာ ချစ်သူများနေ့တုန်းက Montage ဟိုတယ်မှာ ညစာအတူ သုံးဆောင်နေခဲ့ကြတာ တွေ့ခဲ့ရပြီး အခုလို ဂျမေကာခရီးစဉ်မှာ အတူတူ ထပ်တွေ့လိုက်ရတာဖြစ်ပါတယ်။ Justin Biber ကို ဂျင်းန်ဂျာကင်နဲ့ sneaker ဖိနပ် ဝတ်ဆင်ထားတာ တွေ့ရပြီး Selena ကိုတော့ Justin ရဲ့ဘေးမှာ အတူပူးကပ်နေတာကို တွေ့ခဲ့ရတာပါ။

“သူတို့ (Justin နဲ့ Selena) ကို အတွင်းမှာရှိတဲ့ ခုံတန်းတခုပေါ်မှာ နှစ်ဦးသား ထိုင်ခဲ့ကြတယ်။ သူတို့ နှစ်ဦးက တော်တော်လေး ပျော်နေပြီး အခြေအနေ ကောင်းနေတဲ့ ပုံပါပဲ” လို့ သူတို့နှစ်ဦးကို တွေ့မြင်ခဲ့သူတဦးက ပြောပါတယ်။ အနက်ရောင်ဝတ်စုံ၊ အပေါ်ရုံအကျီနဲ့ အနက်ရောက်ဖိနပ်အပါးကို ဝတ်ဆင်လာပြီး သက်တောင့်သက်သာရှိစွာ နဲ့ ညစာကို အတူ သုံးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တခု အဆိုအရ “Selena ဟာ ချစ်စဖွယ် မျက်နှာထားလေးနဲ့ Justin ရဲ့ဆံပင်လေးကိုလည်း ပုတ်သပ် နေတယ်၊ သူတို့ဟာ အရမ်းကို ရင်းရင်းနှီးနှီး စကားပြောခဲ့ကြပြီး အစားအသောက် တချို့ကို မှာရင်း ရယ်မောနေခဲ့ကြတယ်။ သူတိုဟာ ဘေးချင်းယှဉ်ထိုင်၊ စကားတွေ ပြောပြီး အတော် ပျော်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။

Ref ; aceshowbiz

]]>