ကုန်သွယ်မှု ဦးစားပေး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကုန်သွယ်မှု-ဦးစားပေး Covering Burma and Southeast Asia Fri, 25 Aug 2023 09:50:04 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကုန်သွယ်မှု ဦးစားပေး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကုန်သွယ်မှု-ဦးစားပေး 32 32 မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ https://burma.irrawaddy.com/news/2023/08/25/373067.html Fri, 25 Aug 2023 05:55:41 +0000 https://burma.irrawaddy.com/?p=373067 အာဏာပိုင်များအပေါ် ထပ်လောင်းစောင့်ကြည့်ခြင်း ပါဝင်ပြီး ကုန်သွယ်မှု ဦးစားပေးမှုများကို ရုပ်သိမ်းခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။]]>

ဥရောပသမဂ္ဂ EU သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို အကဲဖြတ်နေကြောင်း ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး နိုင်ငံနှင့် လိုက်လျောညီထွေရှိသော ကုန်သွယ်မှု ဦးစားပေးမှုများကို ပြောင်းလဲရန် တံခါးဖွင့်ထားသည်ဟု သိရသည်။

EU ၏ “Everything But Arms” (EBA) အစီအစဉ်သည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၇ နိုင်ငံမှ လက်နက်ခဲယမ်းမီးကျောက်မှ လွဲ၍ သွင်းကုန်အားလုံးအတွက် အခွန်အခများနှင့် ခွဲတမ်းများကို ဖယ်ရှားပေးထားသည်။

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတွင် အဓိက အလုပ်ရှင်ဖြစ်သည့် အထည်ချုပ်လုပ်ငန်းသည် Adidas၊ H&M နှင့် Zara အပါအဝင် ဥရောပအမှတ်တံဆိပ်များသို့ အထည်များချုပ်ပြီး တင်ပို့လျက်ရှိသည်။

သို့သော် H&M နှင့် Zara ပိုင်ရှင် Inditex တို့သည် အာဏာသိမ်းစစ်ကောင်စီက အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး အလုပ်သမားအခွင့်အရေး အလွဲသုံးစားပြုမှုများ များပြားလာသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် အမှာများကို ရပ်တန့်ပစ်မည်ဟု မကြာသေးမီက ပြောဆိုခဲ့သည်။

“အီးယူက မြန်မာနိုင်ငံမှာ လက်ရှိ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို EBA တိုးမြှင့်ဆောင်ရွက်မှု မူဘောင်မှာ အကဲဖြတ်နေပါတယ်” ဟု ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူက Reuters ၏ မေးမြန်းချက်ကို တုံ့ပြန်သည့် အီးမေးလ်တွင် ပြောကြားခဲ့သည်။

“ဒီလိုပဲ EU ဟာ အခြေအနေတွေကို အနီးကပ် ဆက်လက် ကြည့်နေပြီး လိုအပ်ရင် သူ့ရဲ့ မူဝါဒကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

EBA အစီအစဉ်သည် အမျိုးသမီးများ အများစုဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော အလုပ်သမား ထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းကို ပံ့ပိုးပေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။

EU သည် မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံများတွင် အလုပ်သမား အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည့် စီမံကိန်းများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ရန်ပုံငွေ ပံ့ပိုးပေးခဲ့သည်။ MADE ဟုခေါ်သော နောက်ဆုံးစီမံကိန်းသည် ဥရောပအမှတ်တံဆိပ် ၁၈ ခုကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံကို နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းထဲသို့ တွန်းပို့ခဲ့သည်။

EU သည် မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးဆိုင်ရာ ချို့ယွင်းချက်များကြောင့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု အစီအစဉ်သစ်ကို စတင်ခဲ့သည်။ ၎င်းတွင် အာဏာပိုင်များအပေါ် ထပ်လောင်းစောင့်ကြည့်ခြင်း ပါဝင်ပြီး ကုန်သွယ်မှု ဦးစားပေးမှုများကို ရုပ်သိမ်းခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

ကိုးကား ။ ။ Reuters သတင်း EU monitors Myanmar labour rights as fashion brands exit

You may also like these stories:

မြန်မာနှင့် H&M အဆက်ဖြတ်မည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

ဘဏ် ၂ ခု အရေးယူခံရခြင်း သက်ရောက်မှုရှိဟု စစ်ကောင်စီ ဝန်ခံ

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

]]>