• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

by ဧရာဝတီ
22 August 2023
in သတင်းတို
A A
ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

၂၀၂၁ ဧပြီလအတွင်း မန္တလေးမြို့ပေါ်က ATM စက်များတွင် ပိုက်ဆံထုတ်ရန်စောင့်ဆိုင်းနေသူများ / CJ

5.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ဘဏ်အကျပ်အတည်းကို ထောက်ပံ့ကူညီမှုများစွာ လုပ်ဆောင်ပေးခဲ့သော်လည်း ဘဏ်တချို့သည် သစ္စာမရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

၎င်းက “ဘဏ်စနစ်မပြိုလဲအောင် ကျနော်တို့ အကူအညီတွေ အများကြီးပေးခဲ့ရတယ်။ တချို့ဘဏ်တွေဆိုရင် ဗဟိုဘဏ်က ထောက်ပံ့ပေးခဲ့ရတာတွေအထိ ရှိခဲ့တယ်။ ဒါပေမဲ့ တချို့သောဘဏ်တွေက သစ္စာသိပ်မရှိဘူး။ အခု နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုတွေအပေါ် ဘဏ်တွေရယ်၊ UMFCCI ရယ် သူတို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ စောင့်ကြည့်မယ်” ဟု သတိပေးပြောဆိုသွားသည်။

သို့သော် သစ္စာမရှိဟု ၎င်းပြောဆိုသည့် ဘဏ်တချို့၏အမည်ကိုမူ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်တပ်ပိုင် မြဝတီဘဏ်နှင့် အင်းဝဘဏ်များ၌ အပ်ငွေများအား ပြန်ထုတ်ခြင်းအပေါ် ကန့်သတ်ထိန်းချုပ်ရန်အတွက် ဗဟိုဘဏ်က ပြည်တွင်းဘဏ်အားလုံးထံမှ ငွေထုတ်ယူနိုင်သော ပမာဏကို လျှော့ချသတ်မှတ်လိုက်ပြီးနောက် ဘဏ်လုပ်ငန်းအပေါ် ပြည်သူလူထုက ယုံကြည်မှုပိုမိုကျဆင်းကာ ငွေပြန် ထုတ်မှုများ အလုံးအရင်းဖြစ်ပေါ်ခဲ့သည်။

ယခု ၂ နှစ်ခွဲကျော်ကာလအထိ ပုဂ္ဂလိကဘဏ်များထံမှ ပြည်သူများအနေဖြင့် ၎င်းတို့အပ်ငွေများကို အပြည့်အဝ ထုတ်ယူ ခွင့်မရှိသေးဘဲ အကန့်အသတ်ဖြင့် ထုတ်ယူနေရဆဲဖြစ်ကာ ATM စက်များတွင် တရက်ငွေထုတ်ယူနိုင်သည့်ပမာဏမှာ ကျပ် ၁၀ သိန်းသာဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားငွေလဲလှယ်နှုန်း အပါအဝင် ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေသော ဝိသမလောဘ စီးပွားရေးသမားများကိုလည်း ထိုက်သင့်သည့်အရေး ယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဆိုပြန်သည်။

၎င်းက “အစိုးရက ၂,၉၀၀ ကျပ်နဲ့ ဝယ်တယ်။ ၂,၉၂၀၊ ၂,၉၂၂ ကျပ်နဲ့ ပြန်ရောင်းပေးတယ်။ နှစ်ကျပ်ပဲကွာတယ်။ ဘဏ်လုပ် ငန်းဆောင်တာ ဆောင်ရွက်ခပဲကွာတယ်။ သို့သော် အပြင်မှာ သူတို့က ဘယ်ဈေးနဲ့ညှိပြီးရောင်းလဲဆိုရင် အခု ပြင်ပမှာ ပေါက်နေတဲ့ ဒေါ်လာပေါက်ဈေး ၃,၅၀၀ ကျော်နဲ့ပဲ အနည်းဆုံးညှိပြီး ရောင်းနေကြတယ်။ အဲဒီလိုလူတွေကိုမှ ကျနော်တို့က ဝိသမလောဘသမားတွေလို့မှမခေါ်ရင် ကျနော်တို့ ဘယ်ဟာကိုခေါ်မလဲ” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136

စစ်ကောင်စီ ဗဟိုဘဏ်သည် ၂၀၂၂ ဩဂုတ် ၅ ရက်မှစတင်ကာ ပို့ကုန်ရငွေ(နိုင်ငံခြားငွေ) ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်းဈေး ၂,၁၀၀ ကျပ်ဖြင့် ဖြတ်တောက်ယူလာခဲ့ပြီးနောက် ၂၀၂၃ ဇူလိုင်လမှသာ ၅၀ ရာခိုင်နှုန်း လျှော့ချသတ်မှတ် ပေးခဲ့သလို ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း အွန်လိုင်းငွေလဲလှယ်နှုန်းဖြစ်သော ၁ ဒေါ်လာလျှင် ကျပ် ၂,၉၂၂ ကျပ်ဖြင့် ပြည် တွင်း တရားဝင်ငွေလဲကောင်တာများနှင့်ဘဏ်များတွင် အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။

ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေး ကျပ် ၂,၁၀၀ ဖြင့် စတင်ဖြတ်တောက်သော ၂၀၂၂ ဩဂုတ်လပိုင်း တွင် ပြင်ပဈေးကွက်၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၃,၀၀၀ အောက်ရှိပြီး ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းသို့ ဖြေ လျှော့သော ၂၀၂၃ ဇူလိုင်လအတွင်း၌ ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာ ကျပ် ၃,၇၀၀ ဝန်းကျင်ထိ မြင့်တက်လျက်ရှိသည်။

You may also like these stories:

ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

ဖောင်းပွနေသည့် ကျပ်ငွေနှင့် ပျက်သုဉ်းသွားသည့် ဈေးကွက်စီးပွားရေး

Your Thoughts …
Tags: စစ်ကောင်စီဗဟိုဘဏ်သတင်းစာရှင်းလင်းပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း

မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း

ဘာသာရေး အကြောင်းပြ စစ်ကောင်စီနှိပ်ကွပ်နေဟု သံဃာတော်များ မိန့်ကြား

ဘာသာရေး အကြောင်းပြ စစ်ကောင်စီနှိပ်ကွပ်နေဟု သံဃာတော်များ မိန့်ကြား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved