• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ

by ဧရာဝတီ
25 August 2023
in သတင်း
A A
မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းသည် အဓိက အလုပ်ရှင်ဖြစ်သည် / AFP

569
VIEWS
Share on FacebookShare on Twitter

ဥရောပသမဂ္ဂ EU သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို အကဲဖြတ်နေကြောင်း ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး နိုင်ငံနှင့် လိုက်လျောညီထွေရှိသော ကုန်သွယ်မှု ဦးစားပေးမှုများကို ပြောင်းလဲရန် တံခါးဖွင့်ထားသည်ဟု သိရသည်။

EU ၏ “Everything But Arms” (EBA) အစီအစဉ်သည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၇ နိုင်ငံမှ လက်နက်ခဲယမ်းမီးကျောက်မှ လွဲ၍ သွင်းကုန်အားလုံးအတွက် အခွန်အခများနှင့် ခွဲတမ်းများကို ဖယ်ရှားပေးထားသည်။

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတွင် အဓိက အလုပ်ရှင်ဖြစ်သည့် အထည်ချုပ်လုပ်ငန်းသည် Adidas၊ H&M နှင့် Zara အပါအဝင် ဥရောပအမှတ်တံဆိပ်များသို့ အထည်များချုပ်ပြီး တင်ပို့လျက်ရှိသည်။

သို့သော် H&M နှင့် Zara ပိုင်ရှင် Inditex တို့သည် အာဏာသိမ်းစစ်ကောင်စီက အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး အလုပ်သမားအခွင့်အရေး အလွဲသုံးစားပြုမှုများ များပြားလာသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် အမှာများကို ရပ်တန့်ပစ်မည်ဟု မကြာသေးမီက ပြောဆိုခဲ့သည်။

“အီးယူက မြန်မာနိုင်ငံမှာ လက်ရှိ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို EBA တိုးမြှင့်ဆောင်ရွက်မှု မူဘောင်မှာ အကဲဖြတ်နေပါတယ်” ဟု ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူက Reuters ၏ မေးမြန်းချက်ကို တုံ့ပြန်သည့် အီးမေးလ်တွင် ပြောကြားခဲ့သည်။

“ဒီလိုပဲ EU ဟာ အခြေအနေတွေကို အနီးကပ် ဆက်လက် ကြည့်နေပြီး လိုအပ်ရင် သူ့ရဲ့ မူဝါဒကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

EBA အစီအစဉ်သည် အမျိုးသမီးများ အများစုဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော အလုပ်သမား ထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းကို ပံ့ပိုးပေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။

EU သည် မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံများတွင် အလုပ်သမား အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည့် စီမံကိန်းများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ရန်ပုံငွေ ပံ့ပိုးပေးခဲ့သည်။ MADE ဟုခေါ်သော နောက်ဆုံးစီမံကိန်းသည် ဥရောပအမှတ်တံဆိပ် ၁၈ ခုကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံကို နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းထဲသို့ တွန်းပို့ခဲ့သည်။

EU သည် မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးဆိုင်ရာ ချို့ယွင်းချက်များကြောင့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု အစီအစဉ်သစ်ကို စတင်ခဲ့သည်။ ၎င်းတွင် အာဏာပိုင်များအပေါ် ထပ်လောင်းစောင့်ကြည့်ခြင်း ပါဝင်ပြီး ကုန်သွယ်မှု ဦးစားပေးမှုများကို ရုပ်သိမ်းခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

ကိုးကား ။ ။ Reuters သတင်း EU monitors Myanmar labour rights as fashion brands exit

You may also like these stories:

မြန်မာနှင့် H&M အဆက်ဖြတ်မည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

RelatedPosts

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
0
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
605
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
192

ဘဏ် ၂ ခု အရေးယူခံရခြင်း သက်ရောက်မှုရှိဟု စစ်ကောင်စီ ဝန်ခံ

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

Your Thoughts …
Tags: EBAEUကုန်သွယ်မှု ဦးစားပေးစောင့်ကြည့်နေလူ့အခွင့်အရေးအလုပ်သမားအခွင့်အရေးဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

by Phar Kim Beng
11 April 2025
7.2k

ပြည်တွင်းစစ်နှင့် မတ်လ ၂၈ ရက်နေ့ ငလျင် တထပ်တည်းကျနေခြင်းသည် စစ်ကောင်စီကို ပိုမို အကာအကွယ်မဲ့သော အနေအထား ဖြစ်စေသည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

Next Post
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ

အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved