ငဝန် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ငဝန် Covering Burma and Southeast Asia Tue, 18 Jul 2023 23:19:31 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ငဝန် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ငဝန် 32 32 မြစ်ရေမြင့်တက်မှု မြို့လေး မြို့ ရေဘေး သတိထားရန် မိုးဇလ သတိပေး https://burma.irrawaddy.com/news/2020/08/05/227467.html Wed, 05 Aug 2020 07:07:17 +0000 https://burma.irrawaddy.com/lytbox/?p=227467 ဧရာဝတီ မြစ်အတွင်း ကူးသန်းသွားလာနေသူများ / ဧရာဝတီဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ဇလွန်မြို့၊ ဟသာင်္တမြို့၊ ဆိပ်သာမြို့နှင့် ငါးသိုင်း ချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေကြီးမှု အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန်]]> ဧရာဝတီ မြစ်အတွင်း ကူးသန်းသွားလာနေသူများ / ဧရာဝတီ

ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ဇလွန်မြို့၊ ဟသာင်္တမြို့၊ ဆိပ်သာမြို့နှင့် ငါးသိုင်း ချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေကြီးမှု အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ယခု အချိန်သည် ဒီရေတက်သည့် ကာလဖြစ်သည့်အပြင် မြစ်ရေကျန်နေသေးသဖြင့် နောက်သုံးရက်အတွင်း အဆိုပါမြို့များတွင် မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်တွင်သာ ရှိနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ဦးကျော်မိုးဦးက “နောက် ၃ ရက် စိုးရိမ်ရေ အမှတ်အထက်မှာပဲ ဆက်ရှိနေဦးမှာပေါ့။ မြစ်ဝကျွန်းပေါ် ဒေသမှာ ရှိတဲ့ စခန်းတွေကတော့ စိုးရိမ်ရေ အမှတ်ရောက်ပြီးသွားရင်တော့ ဒီရေတောင့်ခံနေတဲ့ အနေအထားမျိုးနဲ့ ဆိုရင်တော့ စိုးရိမ်ရေ အမှတ်အထက်မှာ ရက်ကြာတတ်တဲ့ သဘောရှိတယ်” ဟု ဆိုသည်။

ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် ၂ ပေခန့်၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၁ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်း မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ကြောင်း သိရသည်။

ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ သြဂုတ်လ ၄ ရက်နေ့က ရရှိထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ကယ်ဆယ်ရေး စခန်း ၂၃၂ ခု အထိရှိပြီး အိမ်ထောင်စုပေါင်း ၁၆၀၀၀ ကျော်ရှိကာ ရေဘေးသင့် လူဦးရေ ၆၇၀၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း ဒေသကြီး တို့တွင် သြဂုတ်လ ၈ ရက်နေ့အထိ မိုးဆက်လက်ရွာဦးမည် ဖြစ်သော်လည်း အလယ်ပိုင်းဒေသတွင် မိုးလျော့နိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။

ဦးကျော်မိုးဦးက “အလယ်ပိုင်း ဒေသတွေကတော့ ပြီးခဲ့တဲ့ အပူပိုင်း မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သွားတဲ့ အတွက် ဒီ ၁ ရက် ၂ ရက်တော့ မိုးရနေဦးမယ်။ နောက်ရက်တွေ ကျရင်တော့ မိုးအားလျော့သွားမယ့် အနေအထားမျိုးရှိတယ်” ဟု ပြောသည်။

သြဂုတ်လ ၅ ရက်နေ့ တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုလည်း ဖြစ်ပေါ်တည်ရှိနေကြောင်း သိရသည်။

သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု အတွင်းရှိ ဦးမိုးလေး ရေကာတာ ကျိုးပေါက်သွားခဲ့သဖြင့် နေအိမ် ၅၀ ကျော် နှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ရေနစ်မြုပ်ခဲ့သည်။

You may also like these stories:

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသေဆုံးမှု ဖြစ်ပွား

ဟင်္သာတတွင် တာကျိုးပေါက်သဖြင့် လူနေအိမ် ၅၀ ကျော် ရေနစ်မြုပ်

တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ

]]>
မုတ်သုံလေ အားကောင်းနေ၍ မိုးဆက်လက်ရွာဦးမည်ဟု မိုးဇလပြော https://burma.irrawaddy.com/news/2019/07/26/198953.html Fri, 26 Jul 2019 05:34:11 +0000 https://burma.irrawaddy.com/lytbox/?p=198953 ယနေ့နံနက် ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့် အခြေအနေ / မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၅၀ စင်တီမီတာနှင့် သာပေါင်းမြို့တွင်မူ ၅၈ စင်တီမီတာသာ လိုတော့ကြောင်း၊ အလားတူ ဘီးလင်းမြစ်သည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၆၅ စင်တီမီတာသာ လိုတော့ကြောင်း မိုး/ဇလက ပြောသည်။ ]]> ယနေ့နံနက် ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့် အခြေအနေ / မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

မြန်မာနိုင်ငံတွင် မုတ်သုံလေအားကောင်းနေသဖြင့် သြဂုတ်လဆန်းအထိ မိုးဆက်လက်ကောင်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

ဦးကျော်မိုးဦးက “မုတ်သုံလေက အားကောင်းလာတော့ ရခိုင်ကမ်းရိုးတန်းမှာ မိုးဆက်လာနိုင်တယ်။ မြစ်ဝကျွန်းပေါ် ပေါ့နော်။ မိုးကဆက်ကောင်းနေဦးမယ်။ သြဂုတ်လဆန်းမှာ ဒီထက်တောင် ပိုကောင်းဦးမယ် ဟု၎င်းက ပြောသည်။

ထိုကဲ့သို့ မိုးဆက်လက်ရွာနေပါက ငသိုင်းချောင်း၊ သာပေါင်းနှင့် ဘီးလင်းမြို့များတွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာနိုင်ကြာင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၅၀ စင်တီမီတာနှင့် သာပေါင်းမြို့တွင်မူ ၅၈ စင်တီမီတာသာ လိုတော့ကြောင်း၊ အလားတူ ဘီးလင်းမြစ်သည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၆၅ စင်တီမီတာသာ လိုတော့ကြောင်း မိုး/ဇလက ပြောသည်။

“ငသိုင်းချောင်း၊ သာပေါင်းက တရက်ကို ၁၀ စင်တီမီတာလောက် တက်တာ။ ဒီရက်ပိုင်းမှာ နည်းနည်း အတက်မြန် နေတယ်။ ဘီးလင်းက ဒီနှစ်ရက်အတွင်း တစ်ရက်ကို ၂၀ စင်တီမီတာ ကျော်ကျော်လောက် တက်သွားတာဆိုတော့ မိုးဆက်လိုက်ရင် စိုးရိမ်ရေမှတ် ကျော်သွားနိုင်တယ်။ မနှစ်ကလည်း ဒီအချိန်ပဲ စိုးရိမ်ရေမှတ် ကျော်ခဲ့တာ” ဟု ဦးကျော်မိုးဦး က ပြောသည်။

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလက တိုက်တွန်းထားသည်။

ယနေ့တွင် ဘီးလင်းမြို့ပေါ် ရပ်ကွက်၌ ကယ်ဆယ်ရေးစခန်း ၃ ခု စတင်ဖွင့်လှစ်ထားပြီး အနိမ့်ပိုင်းရှိ မိသားစုများကို စခန်းသို့ ပြောင်းရွှေ့ နေရာ ချထားပေးလျှက်ရှိကြောင်း ဘီလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့ ကယ်ဆယ်ရေး စခန်း ၃ခု စပြီးတော့ ပြန်ဖွင့်ပေးတာပေါ့။ အဲဒီမှာ ပြောင်းရွှေ့ရေးတွေ လုပ်နေတယ်။ အနိမ့်ပိုင်းတွေကို နေရာရွှေ့ပြီးချထားပေးတယ်လို့ သိရတယ်။ စိုးရိမ်ရေမှတ်ကိုတော့ မရောက်သေးပါဘူး” ဟု၎င်းက ဆိုသည်။

ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာ ဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်း တိုင်းတွာမှုအရ ဘီးလင်းမြစ်ရေအခြေအနေသည် ၉၅၇ စင်တီမီတာ ဖြစ်ကြောင် သိရသည်။

You may also like these stories:

သပိတ်ကျင်းတွင် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်ဟု မိုးဇလ သတိပေး

မန္တလေးတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်

]]>