ထိုင်းလူမျိုး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ထိုင်းလူမျိုး Covering Burma and Southeast Asia Tue, 18 Jul 2023 23:34:54 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ထိုင်းလူမျိုး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ထိုင်းလူမျိုး 32 32 နှစ်သစ်ကူးကာလအတွင်း ထိုင်းလူမျိုး ၂ သန်းနီးပါး ပြည်ပခရီး ထွက်ခဲ့ကြ https://burma.irrawaddy.com/lifestyle/travel/2020/01/07/212210.html Tue, 07 Jan 2020 07:03:35 +0000 https://burma.irrawaddy.com/lytbox/?p=212210 ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ ခရီးသွားများထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း နှစ်သစ်ကူးပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံ အနှံ့ ခရီးထွက်သူစုစုပေါင်း ၁၄ ဒဿမ ၇ သန်းရှိတယ်လို့ ကြေညာခဲ့ပါတယ်။]]> ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ ခရီးသွားများ

၂၀၂၀ နှစ်သစ်ကူးကာလအတွင်း ထိုင်းလူမျိုး ၂ သန်းနီးပါး ပြည်ပခရီး ထွက်ခွာခဲ့ကြပါတယ်။ အများစုကတော့ ပြည်ပနိုင်ငံ တခုခုမှာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲကြဖို့ပါ။ ထိုင်းလူမျိုးတွေဟာ နှစ်သစ်ကူးပွဲတော်ရောက်လာရင် ပုံမှန်လိုခရီးထွက်လေ့ ရှိကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်သစ်ကူးပွဲတော် ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ၃ ဒဿမ ၉  ရာခိုင်နှုန်းတိုးလာတယ်လု့ိ သိရပါတယ်။

ပြည်ပခရီးထွက်သူ ၂ သန်းနီးပါးရှိခဲ့သလို ပြည်တွင်းခရီးထွက်သူ စုစုပေါင်းကလည်း ၄ သန်းနီးပါးရှိခဲ့ ပါတယ်။ ဒါကြောင့်လည်း နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယာဉ် မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်လည်း များခဲ့ပါတယ်။

ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း နှစ်သစ်ကူးပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံ အနှံ့ ခရီးထွက်သူစုစုပေါင်း ၁၄ ဒဿမ ၇ သန်းရှိတယ်လို့ ကြေညာခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ Saksayam Chidchob က ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှု ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ထက် ပိုနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ ယာဉ်မတော်တဆမှုတွေကို လေ့လာတဲ့အခါ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။ နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံရဲ့ အဓိကလေဆိပ် ၆ ခုကနေ ပြည်တွင်း ပြည်ပခရီးသွားပေါင်း ၅ သန်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

Ref: thethaiger, xinhuanet

ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ ထိုင်း- ဗီယက်နမ်တိုက်ရိုက် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးရက်မှာ ကမ္ဘာတဝှမ်း ကလေးငယ် ၃၉၀,၀၀၀ ကျော် မွေးဖွားခဲ့

လူတွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ နိုင်ငံများ

]]>
တနင်္သာရီတိုင်းရှိ ထိုင်းလူမျိုးများ ယဉ်ကျေးမှု မပျောက်ပျက်ရန် ရုန်းကန်နေရ https://burma.irrawaddy.com/news/2019/06/25/195909.html Tue, 25 Jun 2019 04:52:51 +0000 https://burma.irrawaddy.com/lytbox/?p=195909 တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ဆင်းခွန် ကျေးရွာမှ ထိုင်းလူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး / The Nationတနင်္သာရီတိုင်းဒေသကြီးတွင် အခြေချကြသည့် ထိုင်းလူမျိုးများသည် ၎င်းတို့ ယဉ်ကျေးမှု အမွေအနှစ်နှင့် သရုပ်လက္ခဏာကို မပျောက်ပျက်ရန် ကြိုးစားထိန်းသိမ်းနေရသည်။ ]]> တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ဆင်းခွန် ကျေးရွာမှ ထိုင်းလူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး / The Nation

ဇာတိမြေကို ကျောခိုင်းလျှက် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် အခြေချကြသည့် ထိုင်းလူမျိုးများသည် ၎င်းတို့ ယဉ်ကျေးမှု အမွေအနှစ်နှင့် သရုပ်လက္ခဏာကို မပျောက်ပျက်ရန် ကြိုးစားထိန်းသိမ်းနေရပြီး ၎င်းတို့ ဆွေမျိုးသားချင်း (ထိုင်း) များထံမှ နယ်စပ်ဖြတ်ကျော်၍ ရရှိလာမည့် အကူအညီများ လိုလားနေကြသည်။

ကွမ်းသီးပင်နှင့် သစ်သီးပင်များ ထူထပ်စွာ ပေါက်ရောက်လျှက်ရှိသည့် တောအုပ်အလယ်တွင် လူဦးရေ ၄၀၀ ဝန်းကျင် မှီတင်းနေထိုင်သော Ban Singkhon ဆင်းခွန် ကျေးရွာလေး တည်ရှိသည်။ ရွာသူရွာသား အများစုသည် ထိုင်းတောင်ပိုင်း ဘာသာစကား ပြောဆိုကြပြီး ထိုင်းတောင်ပိုင်း နေသူများနှင့် အလွန်ဆင်တူစွာ နေထိုင်လေ့ ရှိကြသည်။

သို့သော် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ၏ တဖက်ခြမ်းတွင် တည်ရှိသော ဤရွာကလေးတွင် ယနေ့ခေတ် နယ်စပ်တံတိုင်း မခတ်မီကပင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကို မည်သည့်အခါကမှ ထိုင်းနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံခဲ့ရသလို၊ အနည်းစုသာ မြန်မာနိုင်ငံသားအဖြစ် အမှန်တကယ် ခံယူထားကြသည်။

ယခုကာလတွင် ၎င်းတို့ဘဝသည် အတော်အသင့် လုံခြုံစိတ်ချရနေပြီ ဖြစ်ကြောင်း အသက် ၅၆ နှစ် အရွယ်ရှိ ရွာသားတဦးဖြစ်သူ အနန် ပသီပက်က ပြောပြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုက မြန်မာ့တပ်မတော်နှင့် ကရင် လက်နက်ကိုင် အုပ်စုများအကြား ပဋိပက္ခဖြစ်ပွား၍ ဤရွာသားများ အဖမ်းခံခဲ့ရသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အတွက် မြန်မာတပ်ထဲသို့ မဖြစ်မနေ ဝင်ခဲ့ရသည်။

ယနေ့ ၎င်းတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အသစ်တခုမှာ အခြေချနေထိုင်လာသော မြန်မာများကြောင့် သူတို့ယဉ်ကျေးမှု သွင်ပြင်လက္ခဏာများ မှေးမှိန်လာ၍ တဖြည်းဖြည်း နယ်ကျဉ်းလာခဲ့ခြင်း ဖြစ်သည်။

“လူမှန်းသိတတ်စ ကတည်းက ကျနော်တို့ ဒီမှာနေခဲ့တာပါ။ ကျနော့်ကို ဒီမှာမွေးတယ်၊ ဒီမှာပဲကြီးတယ်။ ကျနော့် အဖေနဲ့အဘိုးလည်း ကျနော့်လိုပါပဲ။ ဒီနေရာဟာ မျိုးရိုးနဲ့ကို ထိုင်းလူမျိုးတွေပဲ နေခဲ့တာပါ” ဟု သူက ပြောသည်။

“မူလ နေထိုင်တဲ့ ထိုင်းလူမျိုး တဝက်ကျော်လောက်က စစ်ဖြစ်လို့ ထိုင်းဘက်ကို ပြောင်းသွားတာတောင်မှ ကျနော်တို့ အသိုင်းအဝိုင်းက ထိုင်းအသွင်အပြင် ထိန်းသိမ်းကြဖို့ စီမံခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျနော်တို့ဟာ မြန်မာတွေရဲ့ တဖြည်းဖြည်း ကိုလိုနီပြုတာ ခံနေရပြီးတော့ ကျနော်တို့ဇာတိမြေမှာ သူတို့တတွေ ပိုပိုပြီး အခြေချလာနေပြီဗျာ” ဟု သူက ဆိုသည်။

လူနည်းစုမျိုးနွယ် ဖြစ်သဖြင့် မြန်မာအာဏာပိုင် များ၏ မမျှမတ ဆက်ဆံခြင်းကိုလည်း ခံစားနေရကြောင်း သူက ပြောပြသည်။ ထို့ကြောင့် စီးပွားရေး ကျပ်တည်းမှုဒဏ်ကြောင့် လုပ်ခလစာ ကောင်းကောင်းရပြီး လူမှုဒုက္ခ နည်းသော ထိုင်းဘက်သို့ သွားဖြစ်ရန် သူတို့ကို တွန်းပို့သကဲ့သို့ ဖြစ်နေသည်။

“ကိုယ့်ရပ်ရွာမှာ နေရင်းနဲ့ကို ကင်းကွာလာသလို ဖြစ်လာတယ်။ ကျနော်တို့ ဆင်းခွန်လေးမှာ ထိုင်းမိသားစု ၄၀၀ ရှိပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်ကနေ ၁၅၀ လောက် ကျသွားပါပြီ။ ထက်ဝက်လောက်က မြန်မာတွေ ဖြစ်ကုန်ပြီ” ဟု အနန်က ရှင်းပြသည်။

အလားတူ အခြေအနေ ဖြစ်ပွားနေသော နောက်တနေရာမှာ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ဒေသကြီးထဲသို့ ထည့်သွင်းခြင်း ခံခဲ့ရသော ယခင် ထိုင်းပြည်နယ်နှစ်ခုရှိ ထိုင်းမျိုးနွယ်စုများတွင် ဖြစ်သည်။

Wat Singkhon ဆင်းခွန် ရွာကျောင်း ဆရာတော် Phra Sa-nguan Papassaro က ရွာထဲတွင် ထိုင်းဦးရေ တဖြည်းဖြည်း နည်းလာခြင်းမှာ ယဉ်ကျေးမှု ကွယ်ပျောက်ခြင်း၏ ရလဒ်ကြောင့်လည်း ဖြစ်ကြောင်း မိန့်သည်။

“ဒီရွာက ကလေးတွေက မြန်မာစာသင်ကျောင်း သွားတက်ရတဲ့အတွက် သူတို့အတွက် ထိုင်း ဘာသာစကားနဲ့ ယဉ်ကျေးမှု သင်ဖို့ ဘုန်းကြီးကျောင်း လာရတယ်။ ဒါပေမယ့် ထိုင်းဘုန်းကြီးကျောင်းတွေ ထဲလည်း မြန်မာ ဘုန်းကြီးတွေ ထပ်ပြောင်းလာကြတော့ အခုဆိုရင် ထိုင်း ဘာသာစကား သင်ဖို့နေရာ ကလေးတွေအတွက် ရှားသွားပြီ” ဟု Phra Sa-nguan က ရှင်းပြသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ကော့သောင်းတို့ကဲ့သို့ တောင်ဘက်ဖျား ဒေသများတွင် ထိုင်းနှင့် ကရင် လူမျိုးများ မူလ အခြေချနေထိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက အတည်ပြု ရေးသားကြကြောင်း ထိုင်းအသိုင်းအဝိုင်း ဖောင်ဒေးရှင်းထံမှ ရရှိသော သတင်းအချက်အလက်များ အပေါ် အခြေခံ၍ သိရသည်။

သို့သော် ယင်းဒေသများသည် မြန်မာနှင့် ထိုင်းတို့အကြား အကြိမ်ကြိမ် လွှဲပြောင်းယူခဲ့ကြသည်မှာ အိမ်နီးချင်း မြန်မာနိုင်ငံက ၁၉ ရာစု အကုန်ပိုင်းတွင် နောက်ဆုံး သိမ်းပိုက်လိုက်ချိန်အထိ ဖြစ်လေသည်။

စစ်မက်ဖြစ်ပွားခြင်းနှင့်အတူ ဖိနှိပ်ခြင်း၊ စီးပွားရေး ကျပ်တည်းခြင်းတို့က ယင်းဒေသရှိ လူမျိုးစု အချိုးကို ပြောင်းလဲစေခဲ့ပြီး မြန်မာများက တဖြည်းဖြည်း ထိုင်းတို့နေရာကို ဝင်ယူလာကြသည်။ မြိတ်နှင့် ကော့သောင်းတို့တွင် ယခုလက်ရှိ နေထိုင်ဆဲဖြစ်ကြသည့် ထိုင်းလူမျိုး အရေအတွက်မှာ ၁ သိန်းဝန်းကျင်ဟု ခန့်မှန်းထားသည်။

ထိုအရပ်ဒေသတွင် မှီတင်းနေထိုင်ကြသော ထိုင်းလူမျိုးများမှာ ဝင်ငွေ အနည်းအကျဉ်းရသည့် ခေတ်ဟောင်း စိုက်ပျိုးရေးစနစ်ကိုသာ အားထားနေရသဖြင့် လူမှုဘဝမှာ ရပ်တည်ရန် ခက်ခဲလာကြသည်။

“ထိုင်းမှာ သစ်သီးတွေ ရောင်းဖို့၊ ရပ်တည်ဖို့ ကျနော်တို့ ကြိုးစားနေကြတယ်။ အဲဒီမှာ ဈေးပိုရတယ်လေ။ ဒါပေမယ့် နယ်စပ်ကူးဖို့ စည်းမျဉ်းစည်းကမ်း တင်းကြပ်လွန်းတော့ ဒီဘက်မှာပဲ ကျနော်တို့ရောင်းကုန်တွေ ဈေးနည်းနည်းနဲ့ ချရောင်းရတယ်။ တခြား ရွေးစရာမရှိတော့ဘူးဗျ။ ကျနော်တို့ ရောင်းကုန်လေးတွေ ထိုင်းဘက် သွားရောင်းနိုင်ဖို့ ထိုင်းအစိုးရကိုလည်း နယ်စပ် စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့ပေးဖို့ ကျနော်တို့ တိုက်တွန်း ချင်ပါတယ်” ဟု အနန်က ရင်ဖွင့်သည်။

မြန်မာဘက်ခြမ်းတွင် နေကြသည့် ထိုင်းများမှာ ပညာသင်ကြားမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အရေးတကြီး လိုအပ်နေသော်လည်း မြန်မာအာဏာပိုင်များက ၎င်းတို့ကို လျစ်လျူရှုထားသဖြင့် ထိုင်းဘက်မှ အကူအညီများ မျှော်နေမိကြောင်း သူက ဆက်လက်ပြောပြသည်။

“ကျနော်တို့အားလုံးဟာ တခြားလူမျိုးတွေလိုပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ ကိုယ့်ယဉ်ကျေးမှု သရုပ်လက္ခဏာ ထိန်းသိမ်းရင်း သာယာတဲ့ဘဝတွေမှာ နေနိုင်ဖို့ လိုနေပါသေးတယ်” ဟု အနန်က ဆိုသည်။

(The Nation အွန်လိုင်းသတင်းစာပါ Ethnic Thai community fights to preserve its cultural identity ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

ပဋိပက္ခကြောင့် ရိုးရာ ဓလေ့ ထုံးစံများလည်း ထိခိုက်ရသည်

မိုးမိတ်မြို့မှ နှစ်သက်တမ်း ၁၃၀ ကျော်ရှိ တရားစီရင်ရေး ဟော် ထိန်းသိမ်းရန်လို

သရေခေတ္တရာ အတွင်းနန်းမြို့ရိုးရှိ ရှေးဟောင်း သံပန္နက်တိုင်များ ဖျက်ဆီးခံရ

]]>