မစ္စတာဝါတာနာဘေး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မစ္စတာဝါတာနာဘေး Covering Burma and Southeast Asia Sun, 16 Jul 2023 22:33:15 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မစ္စတာဝါတာနာဘေး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မစ္စတာဝါတာနာဘေး 32 32 ဂျပန်-မြန်မာ စီးပွားရေးအကျိုးဆောင် (သို့) မစ္စတာ ဝါတာနာဘေး https://burma.irrawaddy.com/article/2021/09/08/245829.html Wed, 08 Sep 2021 09:52:56 +0000 https://burma.irrawaddy.com/lytbox/?p=245829 ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabeပြီးခဲ့သည့် အစိုးရနှစ်ဆက် ၁၀ စုနှစ် ကာလအတွင်း၌ ဂျပန်နိုင်ငံသည် စင်ကာပူနှင့် တရုတ်နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင် ထိပ်ဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည်။]]> ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe

ဂျပန်နိုင်ငံသည် ဦးသိန်းစိန် အစိုးရလက်ထက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီ NLD အရပ်သားအစိုးရလက်ထက်တိုင် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည့် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ပေးနေသည့် နိုင်ငံဖြစ် သည်။

အဓိက အခြေခံ အဆောက်အအုံပိုင်းဖြစ်သည့် မီးရထားလမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေပေးဝေရေး လုပ်ငန်းများ မှ ပညာတော်သင် ကိစ္စရပ်များအထိ ကူညီဆောင်ရွက်လာခဲ့ပေးခဲ့သည်။

အလားတူ စစ်ဘက်ဆက်ဆံရေးတွင်လည်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံစစ်ဦးချုပ်က မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သလို ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကလည်း သူ၏ ပထမဆုံး ဂျပန်ခရီးစဉ်ကို ထိုနှစ်တွင် သွား ရောက်ခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်း လိုက်ချိန်တွင် ဂျပန်နိုင်ငံက ထိုကူညီဆောင်ရွက်မှုများကို ဆိုင်း ငံ့လိုက်သလို မြန်မာ နိုင်ငံအတွင်းရှိနေသော ၎င်း၏ နိုင်ငံသားများနှင့် ပညာရှင်များကို ပြန်လည် ခေါ်ယူခဲ့ကြသော်လည်း ဂျပန်နိုင်ငံသည် စစ်တပ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သော်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေး ဖြတ်တောက် ထားခြင်း တော့ မရှိပေ။

ဂျပန်နိုင်ငံသည် နှစ်နိုင်ငံအကြား တရားဝင်သံတမန်နည်းလမ်းများအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းများမှ ဆက်သွယ်ထားရာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါယိုဟီအိ Sasakawa Yohei နှင့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe (ဝါတာနာဘေး)တို့သည် မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်များတွင် အဓိက ပါဝင်ပတ်သက်နေသူများ ဖြစ်ကြောင်း ဆိုရမည်။

ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ ဆိုလျှင် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးကိစ္စရပ်လမ်းကြောင်းတွင် တာဝန်ယူလုပ်ဆောင်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေး ကောက်ပွဲ စောင့်ကြည့်ရေး အထူးကိုယ်စားလှယ်အဖြစ်လည်းလည်းကောင်း၊ ပဋိပက္ခကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ရွေေးကာက်ပွဲ ပြန်ကျင်းပရန် စစ်တပ် နှင့် ရက္ခိုင့် စစ်တပ် ကြား ယာယီအပစ် ရပ်သွားအောင် အဓိကညှိနှိုင်းပေးခဲ့သူဖြစ်သည်။

အလားတူ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe (ဝါတာနာဘေး) သည် အာဏာသိမ်း စစ်တပ်နှင့် ကောင်း မွန်သည့် ဆက်ဆံရေးရှိပြီး ဂျပန်စီးပွားရေးလုပ်ငန်းများ မြန်မာတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရာတွင် အရေးပါသည့် လူတဦးလည်း ဖြစ်သည်။

မစ္စတာ ဝါတာနာဘေး သည် စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းမှာလည်း နေပြည်တော်ရှိ မြန်မာစစ်တပ် အကြီး အကဲများနှင့် တွေ့ဆုံမှုရှိခဲ့ကြောင်း ဂျပန်သတင်းစာတခုဖြစ်သည့် အဆာအိရှင်ဘွန်း သတင်းစာက ဆိုထားသည်။

မြန်မာအာဏာသိမ်း စစ်တပ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ၊ ဂျပန် အထက် လွှတ်တော် အမတ်ဟောင်း Mr. Hideo Watanabe (ဝါတာနာဘေး) သည် ဂျပန်စီးပွားရေးလုပ်ငန်းများ မြန်မာတွင် ရင်း နှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ အရေးပါသည့် ပုဂ္ဂိုလ်တဦး ဖြစ်သည်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင် မစ္စတာ ဝါတာနာဘေးနှင့် သမ္မတ ဦးသိန်းစိန်တို့ နေ ပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံဘက်က တင်ပြလာသော ရန်ကုန်မြို့ သန်လျင်တွင် တည်ဆောက်မည့် သီလဝါ ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ခွင့်ပြုချက်ကို ရရှိအောင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်၏။

ထိုသို့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နောက်တရက်တွင် ဂျပန်က လုပ်ကိုင်ခွင့်ရသည့် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ မြန်မာစစ်တပ်၏ သဘောထားကို သိရှိနိုင်ရန် မစ္စတာ ဝါတာနာဘေးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ ပြီး နောက်ပိုင်းတွင် ဆက်ဆံရေး အဆင်ပြေမှုကြောင့် အကြိမ် ၅၀ ထက်မနည်း ထပ်မံ တွေ့ဆုံခဲ့ကြသည်။

သီလဝါ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ခွင့်ပြုချက်ရပြီးနောက်တွင် ဂျပန်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏အကြွေး ယန်းပေါင်း ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်) ကို ဂျပန်နိုင်ငံက လျှော်ပစ်ပေးခဲ့သည်။

ယခင် စစ်အုပ်ချုပ်ရေး လက်အောက်တွင် ရပ်တန့်ထားခဲ့သော ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ပံ့ရေး အစီအစဉ် (ODA ချေးငွေ) များကိုလည်း မြန်မာနိုင်ငံအတွက် ပြန်လည်ထောက်ပံ့ပေးခဲ့သည်။

ဂျပန်နိုင်ငံ၏ ODA ချေးငွေ အများအပြားဖြင့် အခြေခံတည်ဆောက်ခဲ့သော သီလဝါဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံ ကိန်းသည် လုပ်ငန်းစတင်ဆောင်ရွက်ပြီး ၂ နှစ်မပြည့်ခင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ လပိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့သလို ဂျပန် ကုမ္ပဏီ ရာနှင့်ချီကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ကြသည်။

ပြီးခဲ့သည့် အစိုးရနှစ်ဆက် ဆယ်စုနှစ် ကာလအတွင်း၌ ဂျပန်နိုင်ငံသည် စင်ကာပူနှင့် တရုတ်နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံ တွင် ထိပ်ဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည်။

ထိုအခြေအနေများသည် မစ္စတာ ဝါတာနာဘေး ဦးဆောင်သော ဂျပန်-မြန်မာအသင်း၏ အခန်းကဏ္ဍ လွန်စွာအရေးပါ ကြောင်းကို ပေါ်လွင်စေ၏။

ဂျပန်-မြန်မာအသင်းကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှ ဒေသတွင်း ဝင်ရောက်မည့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများကို ထောက်ခံရန် ဖွဲ့စည်းထားသည့် ပုဂ္ဂလိက အသင်းတခု ဖြစ်သည်။

မစ္စတာ ဝါတာနာဘေး တာဝန်ယူထားသော ယင်းဂျပန်-မြန်မာအသင်းတွင် ဂျပန်အစိုးရအဖွဲ့မှ ဝန်ကြီးဟောင်းများ၊ နိုင် ငံရေး ဩဇာရှိသူများ၊ Mitsubishi၊ Marubeni နှင့် Sumitomo ကော်ပိုရေးရှင်းများကဲ့သို့ ဂျပန်ထိပ်တန်း စီးပွားရေး လုပ် ငန်းစုများ၏ အကြီးတန်း စီးပွားရေး အကြံပေးများကလည်း အသင်း၏ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းစု သုံးခုသည် သီလဝါ အထူးစီးပွားရေး အကောင်အထည်ဖော်မှုတွင် ဂျပန်နိုင်ငံဘက်မှ အဓိက ရင်းနှီးမြှုပ်နှံထားသူများ ဖြစ်သလို Sumitomo ကော်ပိုရေးရှင်းသည်လည်း မြန်မာအစိုးရပိုင် ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် စီးပွားရေး ပူးပေါင်းလုပ်ကိုင်လျက်ရှိနေသော ကုမ္ပဏီတခု ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီးဟောင်း မစ္စတာ ဝါတာနာဘေး၏ Japan Myanmar Development Institution Inc ကုမ္ပဏီကလည်း မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတခုကို လုပ်ဆောင်ရန် ရှိနေကြောင်း ဂျပန် သတင်းဌာနများက ရေးသားကြသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံသည့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe

စီးပွားရေးလေ့လာသုံးသပ်သူတဦးက “ဂျပန်ကလည်း မြန်မာအပေါ်မှာ သူ့အကျိုးစီးပွားအရ စိတ်ဝင်စားမှုက ကြီးတယ်။ တဖက်ကလည်း တရုတ်ရဲ့ ဒေသတွင်း စီးပွားရေး ချဲ့ထွင်မှုတွေကို တန်ပြန်အနေနဲ့လည်း ရှုမြင်တဲ့သဘော ရှိတယ်” ဟု ဆိုသည်။

ထိုအခြေအနေများကြောင့် ဂျပန်နိုင်ငံအနေဖြင့် လတ်တလော နိုင်ငံရေး အပြောင်းအလဲ အခြေအနေနှင့် ပတ်သက်၍ တိကျသည့် ရပ်တည်ချက်မျိုးကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြလေ့မရှိဘဲ စောင့်ကြည့်နေသည့် သဘောဆောင်ကြောင်း ၎င်းက ပြောသည်။

ဂျပန်နိုင်ငံက အာဆီယံ လေးနိုင်ငံဖြစ်သော ထိုင်း၊ လာအို၊ ကမ္ဘောဒီယား နှင့် ဗီယက်နမ်တို့ကြား ဆက်သွယ်မည့် အရှေ့-အနောက်စီးပွားရေးစင်္ကြန် ( East-West Corridor) စီမံကိန်းကို မြန်မာက သီလဝါ အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ရန် လည်း ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ မဲဆောက်သို့ ချိတ်ဆက်သော မြဝတီ-ကော့ကရိတ်-အိန္ဒု-မော်လမြိုင်လမ်းပိုင်းနှင့် တံတားများကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့၏ အကူအညီ ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထိုလမ်းပိုင်းနှင့် ချိတ်ဆက်မည့် စစ်တောင်းတံတားအသစ်နှင့် ကျိုက်ထို-ပဲခူး မြို့ရှောင်လမ်း သစ် ဖောက်လုပ်ကာ ယင်းမှတဆင့် ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်သို့ ချိတ်ဆက်မည်လည်း ဖြစ်သည်။

အဆိုပါ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ မွန်ပြည်နယ်တွင် အထူးစီး ပွားရေး ဇုန်တခုကို ထပ်မံ အကောင်အထည်ဖော်ရန် အတွက်လည်း ဂျပန်နိုင်ငံဘက်က ရည်ရွယ်ထားသေးသည်။

ထို့ပြင် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက် တည်နေရာ အနေအထား ရှိသော ထား ဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဂျပန်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေလျက်ရှိပြီး မဲခေါင်ဒေသ နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ကြား အကောင်အထည်ဖော်နေသည့် အရှေ့အနောက် စီးပွားရေးစင်္ကြန် (East West Corridor) နှင့် တောင် ဘက်ခြမ်း စီးပွားရေးစင်္ကြန် (Southern Economic Corridor) တို့နှင့်လည်း ချိတ်ဆက်နိုင်မည့် အရေးပါသော စီမံကိန်း လည်း ဖြစ်သည်။

တနှစ်လျှင် ခရီးသွား သန်း ၃၀ ကျော်အထိ ဝန်ဆောင်မှုပေးနိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ကိုလည်း ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်ရန်လည်း ရှိနေသေးသည်။

စီးပွားရေးလေ့လာသုံးသပ်သူ တဦးက “ဂျပန်ကလည်း ဒီစီမံကိန်းကို သူ လက်လွှတ်လိုက်မယ်ဆိုရင် တရုတ်က ဝင်လာ မယ်ဆိုတာ သိနေတော့ စစ်အာဏာသိမ်းတာကို လက်မခံဘူး ဆိုပေမယ့် ဒီလို စီမံကိန်းမျိုးကို လွယ်လွယ်နဲ့ လက်လွှတ် မယ့် ပုံမျိုးတော့ မရှိဘူး။ စစ်ကောင်စီဘက်ကလည်း ဒီအခြေအနေတွေကို သူတို့နဲ့ကိုင်ပြီး ကစားမှာပေါ့ ” ဟု ဆိုသည်။

ဂျပန်နိုင်ငံသည် နှစ်နိုင်ငံ တရားဝင် သံတမန် နည်းလမ်းများအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းမှ မစ္စတာ ဝါတာနာဘေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လမ်းကြောင်းမှ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ စသည် ဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေလျက် ရှိကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက သုံးသပ်ပြော ဆိုကြသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရင်းမြစ် တဦးက “ဂျပန်က မြန်မာမှာ စီးပွားရေး ဝင်လုပ်မှာတွေ နဲ့ ပတ်သက်ပြီး သူက (မစ္စတာ ဝါတာနာဘေး) အဓိက အရေးပါတဲ့သူ၊ Key player ပေါ့။ သူက အာဏာသိမ်း စစ်အုပ်စုနဲ့ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်” ဟု မှတ်ချက်ပြုသည်။

You may also like this story:

မြန်မာတွေ ဆန္ဒပြနေတဲ့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဘယ်လို လူလဲ

]]>
မြန်မာတွေ ဆန္ဒပြနေတဲ့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဘယ်လို လူလဲ https://burma.irrawaddy.com/article/2021/09/04/245720.html Sat, 04 Sep 2021 01:00:13 +0000 https://burma.irrawaddy.com/lytbox/?p=245720 ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကမူ မစ္စတာ ဝါတာနာဘေး၏ ပြောဆိုချက်များကို လက်မခံဘဲ ၎င်း၏ စစ်ကောင်စီအပေါ် ကာကွယ်ပေးသည့် လုပ်ရပ်များ မရပ်တန့်ပါက ပိုမိုပြင်းထန်စွာ သပိတ်မှောက်ဆန့်ကျင်သွား မည် ဖြစ်ကြောင်း ပြောနေသည်။ ]]> ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် ဂျပန်- မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe သည် ဂျပန်နိုင်ငံတွင် ဂျပန် ရောက် မြန်မာများ၏ ဆန္ဒပြ ဆန့်ကျင်မှုကို ခံနေရသည်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေသည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက မေလနှင့် ဩဂုတ်လ အကုန်ပိုင်းတွင် အဆိုပါ အသင်း ဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးအား မြန်မာ စစ်ကောင်စီကို အကာအကွယ် ပေးနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်။

တိုကျိုမြို့ရှိ အဆိုပါ အသင်းရုံးရှေ့တွင် ဆန္ဒပြကြသည့် Revolution Tokyo Myanmar အဖွဲ့မှ ကိုသန့်ဇော်ထွန်းက မစ္စတာ ဝါတာနာဘေးနှင့် အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ၂ ကြိမ် ထက်မနည်း တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံပြီးနောက် ဂျပန်နိုင်ငံ ပြန် ရောက်လာသောအခါတွင် ၎င်းသည် မြန်မာ စစ်ကောင်စီဘက်မှ ရပ်တည်ကာ ဝါဒဖြန့် ပြောဆိုမှုများရှိနေကြောင်း ဧရာ ဝတီသို့ ပြောသည်။

စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်း ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ Mr. Hideo Watanabe (ဓာတ်ပုံ – CINCDS)

“သူက အာဏာသိမ်းတဲ့ ဖြစ်စဉ်အပေါ်မှာ ကာကွယ်ပေးပြီးတော့ ဂျပန်အစိုးရကိုရော ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပါ မြန်မာပြည်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အစီရင်ခံမှုတွေ ပြုလုပ်ပြီးတော့ ဂျပန်အစိုးရရော၊ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနကိုပါ မြန်မာ့အရေး တုံ့ပြန်တဲ့ တုံ့ပြန်မှုတွေအပေါ်မှာ တွေဝေနှောင့်နှေးစေအောင် ပြုလုပ်ခဲ့တဲ့ အထောက်အထား တွေ ရှိပါတယ်” ဟု ကိုသန့်ဇော်ထွန်း က ရှင်းပြသည်။

ထို့ကြောင့် ဝါတာနာဘေးကို ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆိုသည်။

မြန်မာပြည်သူများ ကန့်ကွက်နေသည့် ဝါတာနာဘေးသည် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြစ်ပြီး စစ်ကောင်စီကို မည်ကဲ့သို့ အကာအကွယ်ပေးနေသည် ဆိုသည်မှာ စိတ်ဝင်စား ဖွယ်ရာပင် ဖြစ်သည်။

စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူ

ဂျပန်- မြန်မာအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဝါတာနာဘေးသည် လက်ရှိတွင် အသက် ၈၇ နှစ်အရွယ်ရှိပြီး ဂျပန် လွှတ်တော် အမတ်ဟောင်းတဦးလည်း ဖြစ်သည်။

ဂျပန်- မြန်မာအသင်းကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်း ဝင်ရောက် မည့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများကို ထောက်ခံရန် ဖွဲ့စည်းထားသော ပုဂ္ဂလိက အသင်းတခုဖြစ်သည်။

အသင်းထဲတွင် ဂျပန်အစိုးရ အဖွဲ့မှ အငြိမ်းစား အရာရှိကြီးများ၊ စီးပွားရေး အမှုဆောင်များနှင့် ဂျပန်ကုမ္ပဏီကြီးများ၏ အဖွဲ့ဝင်များ ပါဝင်သည်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ Mr. Hideo Watanabe (ဓာတ်ပုံ – MDN)

ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဟာ အာဏာသိမ်းစစ်တပ်နဲ့ လေးနက်တဲ့ ဆက်ဆံရေးတွေရှိပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ဂျပန်ကုမ္ပဏီတွေကို ကူညီပေးခဲ့သလို အသင်းမှာ အဖွဲ့ဝင်ထားတဲ့ ကုမ္ပဏီပေါင်း ၁၂၇ ခုရှိနေတယ်လို့ ဂျပန်ရောက် Revolution Tokyo Myanmar ဖွဲ့က ဆိုပါတယ်။

လက်ရှိ ဂျပန်အစိုးရ ဒုတိယ ဝန်ကြီးချုပ် အာဆိုတာရို သည်လည်း ဂျပန်-မြန်မာအသင်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ယူထားပြီး မြန်မာ့အရေးနှင့် ပတ်သက်လာပါက ဂျပန်အစိုးရသည် မစ္စတာ ဝါတာနာဘေးကို အားကိုးလေ့ ရှိ ကြောင်း ဂျပန်သတင်းစာကြီးတချို့က ဖော်ပြထားသည်။

မစ္စတာ ဝါတာနာဘေးသည် ယခင် န.အ.ဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အစိုးရ လက် ထက်ကတည်းက မြန်မာ စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် အဆာဟိရှင် ဘွန်း သတင်းဌာနက ရေးသားသည်။

၎င်းသည် ၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးမှ အရပ်သား အသွင်ပြောင်းထားသည့် အစိုးရအဖွဲ့၏ သမ္မတဖြစ်သူ ဦးသိန်း စိန်နှင့် ၁၉၉၀ ခုနှစ်ကတည်းကပင် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။

ဝါတာနာဘေးသည် ဦးသိန်းစိန် သမ္မတရာထူး စယူသည့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ သမ္မတ အိမ် တော်တွင် တွေ့ဆုံခဲ့ပြီး သီလဝါဆိပ်ကမ်း တည်ဆောက်ရေး ဂျပန်လူမျိုးများ လုပ်ကိုင်ခွင့်ရရန် အောင်မြင်စွာ ပြောဆို နိုင်ခဲ့သူဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့က တိုကျိုမြို့ပေါ်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကို ဆန္ဒပြနေကြသည့် မြန်မာနှင့် ဂျပန်နိုင်ငံသားများ (ဓာတ်ပုံ – Revolution Tokyo Myanmar)

သီလဝါဆိပ်ကမ်း တည်ဆောက်ခွင့်ရပြီးနောက်တွင် ဝါတာနာဘေး၏ အကျိုးဆောင်ပေးမှုဖြင့် မြန်မာက ဂျပန်အပေါ် တင်နေသည့် အကြွေး ယန်းငွေ သန်း ၅၀၀ ကျော်ကို လျှော်ပစ်ခဲ့ပြီး မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဂျပန် ဘက်က ရပ်ဆိုင်းထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ ထောက်ပံ့ရေး အစီအစဉ် (ODA) ကိုလည်း ဂျပန်ဘက်က ပြန်လည် ခွင့်ပြုပေးခဲ့သည်။

ဦးသိန်းစိန် အစိုးရ လက်ထက်မှာပင် သီလဝါ ဆိပ်ကမ်းတည်ဆောက်ရေး မြန်မာစစ်တပ်၏ သဘောထား ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မစ္စတာဝါတာနာဘေးတို့ ပထမဆုံး တွေ့ ဆုံခဲ့ပြီး ယင်းနောက်တွင် တပ်ချုပ်နှင့် ၎င်းတို့ ခင်မင်ရင်းနှီးသွားကာ အကြိမ် ၅၀ ထက်မနည်း တွေ့ဆုံခဲ့သည်။

အာဏာသိမ်း စစ်တပ်ကို ဘယ်လိုကာကွယ်နေလဲ

လက်ရှိတွင် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဝါတာနာဘေးတို့၏ ရင်းနှီးခင်မင်သည့် ဆက်ဆံရေးမျာ ၁၀ စုနှစ်ခန့် ကြာနေပြီ ဖြစ် သည်။

ဝါတာနာဘေးက သူ့ကိုယ်သူ ဂျပန်အစိုးရနှင့် မြန်မာစစ်တပ်အကြား ကြားဝင် စေ့စပ်ပေးနိုင်သည့် တခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်း ဟုဆိုသည်။

မစ္စတာ ဝါတာနာဘေးသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီး ၁ ပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်တွင် နေ ပြည်တော်ရှိ သမ္မတအိမ်တော်၌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝါတာနာဘေးကို ဖက်လှဲတကင်း ကြိုဆိုပြီး “ဘယ်လိုမှ မတတ်နိုင်သည့် အဆုံး အာဏာသိမ်းလိုက်ရသည့်အတွက် နားလည်ပေးပါ” ဟု ပြောခဲ့သည်။

သဂုတ်လ ၂၅ ရက်နေ့က တိုကျိုမြို့ပေါ်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကို ဆန္ဒပြနေကြသည့် မြန်မာနှင့် ဂျပန်နိုင်ငံသားများ (ဓာတ်ပုံ – Revolution Tokyo Myanmar)

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လာသည့် သတင်းများအရ ဂျပန်အစိုးရသည် ဝါတာနာဘေးအား ဖမ်းဆီးထားသူများ လွှတ်ပေးပြီး နှစ်ဦးနှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးရေး စစ်တပ် နားဝင်အောင်ပြောရန် မြန်မာနိုင်ငံသို့ လွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ပြန်ရောက်သောအခါ ဝါတာနာဘေးက ၎င်းအနေနှင့် တပ်ချုပ်ကို ဆန္ဒပြပွဲများအား ကျည်အစစ်နှင့် မပစ် ခတ်ရန် နားချခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဘောတူခဲ့ကြောင်း ပြောသည်။

သို့သော်လည်း မကြာမီမှာပင် စစ်တပ်က နေပြည်တော်တွင် အာဏာသိမ်းမှု ကန့်ကွက်ကြောင်း ဆန္ဒပြနေသည့် အသက် ၂၀ အရွယ်ရှိ မမြသွဲ့သွဲ့ခိုင်၏ ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြင့် တိုက်တွန်းချက်များကို ဂရုမစိုက်ကြောင်း ပြသခဲ့သည်။

ယင်းနောက်တွင် မစ္စတာ ဝါတာနာဘေးက မြန်မာစစ်တပ်သည် အာဏာသိမ်းခဲ့ခြင်း မဟုတ်ကြောင်း ဂျပန် သတင်းမီဒီ ယာများမှတဆင့် စတင် စကားပြောလာသည်။

“မင်းအောင်လှိုင်ဟာ စစ်အာဏာ သိမ်းခဲ့တာ မဟုတ်ပါဘူး၊ စစ်အာဏာ သိမ်းတယ်ဆိုတာ ဥပဒေကို ချိုးဖောက်ပြီး လုပ်ပိုင်ခွင့် အာဏာကို ထိန်းချုပ်ခြင်းဖြစ်ပြီး မင်းအောင်လှိုင်ဟာ ဥပဒေအရ လုပ်သင့်တာကို လုပ်ခဲ့တာပါ” ဟု မစ္စတာ ဝါ တာနာဘေးက အဆာဟိ ရှင်ဘွန်းသတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားသည်။

ထို့နောက် မေလအကုန်တွင် ဝါတာနာဘေးသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြန်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ပြောသည့် မြန်မာစစ်ကောင်စီသည် အာဏာသိမ်းပြီး ၂ နှစ်အကြာ၌ ရွေးကောက်ပွဲပြန်ကျင်းပပြီး ဒီမိုကရေစီစနစ် ဖော်ဆောင်မည်ဆိုသော သတင်းစကားကို ဂျပန်သို့ သယ်ဆောင်သွားပြန်သည်။

သဂုတ်လ ၂၅ ရက်နေ့က တိုကျိုမြို့ပေါ်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကို ဆန္ဒပြနေကြသည့် မြန်မာနှင့် ဂျပန်နိုင်ငံသားများ (ဓာတ်ပုံ – Revolution Tokyo Myanmar)

“ဝေဖန် ပြောဆိုခြင်းဟာ ပြသနာကို မဖြေရှင်းနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရ ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်တာကြောင့် မင်းအောင်လှိုင်က ကတိပေးထားတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်မြောက်ရေးအတွက် ဂျပန်အစိုးရက အဘက် ဘက်က ဝိုင်းဝန်း ကူညီသင့်ပါတယ်” ဟုလည်း ဂျပန်သတင်းမီဒီယာများနှင့် အင်တာဗျူးတွင် ပြောသည်။

၎င်းက ထိုသို့ ပြောဆိုသော်လည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဝါတာနာဘေး၏ တိုက်တွန်းချက်ကို လက်မခံ ကြောင်း ပြသလာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မပါသော ရွေးကောက်ပွဲကို လက်မခံကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပြီး ဂျပန်အစိုးရနှင့် မြန်မာစစ်တပ်အကြား ဆက်သွယ်ပေးရန် ဝါတာနာဘေးကို တာဝန်ပေး မထားကြောင်း ဇွန်လ ၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တနည်းအားဖြင့် ဂျပန်အစိုးရက ဝါတာနာဘေးနှင့် အစိုးရအဖွဲ့ကြားတွင် စည်းခြားလိုက်ခြင်းပင် ဖြစ်ကြောင်း လေ့လာ သူများက ဆိုသည်။

လက်တွေ့ မြေပြင် အခြေအနေတွင်မူ ဂျပန်အစိုးရဘက်က မြန်မာစစ်ကောင်စီကို ထိရောက်သည့် အရေးယူ ဒဏ်ခတ် မှု တစုံတရာ ပြုလုပ်လာခြင်း မရှိသေးပေ။

ထို့အတူ စစ်ကောင်စီခန့် မြန်မာသံအရာရှိ ၂ ဦးကို ဂျပန်အစိုးရဘက်က ပြည်ဝင်ခွင့် ငြင်းပယ်လိုက်ခြင်းမှာလည်း လုံးဝ ယတိပြတ်ငြင်းပယ်လိုက်ခြင်း မဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါ အကြောင်းပြကာ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ လာသည့် သတင်းများအရ သိရသည်။

မည်သို့ပင်ဖြစ်စေ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကမူ မစ္စတာဝါတာနာဘေး၏ ပြောဆိုချက်များကို လက်မခံဘဲ ၎င်း၏ စစ်ကောင်စီအပေါ် ကာကွယ်ပေးသည့် လုပ်ရပ်များ မရပ်တန့်ပါက ပိုမိုပြင်းထန်စွာ သပိတ်မှောက်ဆန့်ကျင်သွား မည် ဖြစ်ကြောင်း ပြောနေသည်။

“ဂျပန်- မြန်မာ အစည်းအရုံးဆိုတဲ့အတိုင်း သူတို့အသင်းရဲ့ ရပ်တည်ချက်က ဂျပန်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေ အတွက်ပဲ ဖြစ်ရမယ်ပေါ့။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် ဆိုရင်တော့ အနာဂတ်မှာ ကျမတို့ဟာ ဒီအစည်းရုံးကို လုံးဝ လက်သင့်မခံဘဲနဲ့ သပိတ်မှောက်သွားရမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဝါတာနာဘေး အား ဆန္ဒပြ ကန့်ကွက်သည့် တိုကျိုမြို့ရောက် မဆွေဆက်ဦးက မှတ်ချက် ပေးသည်။

You may also like these stories:

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားသွားရောက်

စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား

ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို

]]>