• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်

by ဧရာဝတီ
23 August 2021
in သတင်း
A A
၂၀၂၁ မေလ ၂ ရက် တိုကျိုတွင် ပြုလုပ်သော မြန်မာ့အရေး ဆန္ဒပြပွဲ / စိုင်းလင်း 

၂၀၂၁ မေလ ၂ ရက် တိုကျိုတွင် ပြုလုပ်သော မြန်မာ့အရေး ဆန္ဒပြပွဲ / စိုင်းလင်း 

13.5k
VIEWS
Share on FacebookShare on Twitter

မတ်လက ရာထူးမှထုတ်ပယ်လိုက်သော သံတမန် ၂ ဦးနေရာတွင် စစ်ကောင်စီက အစားထိုး ခန့်အပ်လိုက်မည့် သံတမန်များအတွက် ဗီဇာထုတ်ပေးရန် ဂျပန်နိုင်ငံက ငြင်းဆန်နေကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ကျိုဒိုသတင်းက ရေးသည်။

တိုကျိုရှိမြန်မာသံရုံးမှ ထိုရာထူး ၂ နေရာကို အစားထိုးခွင့်ပေးခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို အသိအမှတ်ပြုရာရောက်နေမည်ဖြစ်သည်။

ထိုရာထူး နှစ်နေရာအတွက်အစားထိုးရန် သံတမန်များအတွက် ဗီဇာထုတ်ပေးရန် စစ်ကောင်စီက ဂျပန်နိုင်ငံကို တောင်းဆိုထားသော်လည်း ဂျပန် ထိုတောင်းဆိုမှုကို စဉ်းစားနေပြီး ဗီဇာထုတ်ပေးရန် လုပ်ငန်းမစတင်ရသေးကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ကျိုဒိုက ရေးသည်။

တချိန်တည်းတွင် ဂျပန်နိုင်ငံသည် စစ်အာဏာသိမ်းမှုဆန့်ကျင်သောကြောင့် သံရုံးတွင် တာဝန်ထမ်းဆောင်ခြင်း မရှိတော့သည့် ဖြုတ်ချခံ သံတမန် ၂ ဦး၏ သံတမန်အဆင့်အတန်းကိုသာ ဆက်လက်အသိအမှတ်ပြုနေသည်။

ထိုသံတမန်နှစ်ဦး၏ သံတမန်အဆင်အတန်းနှင့် နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်လိုက်ကြောင်း တိုကျိုရှိ မြန်မာသံရုံးက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြောကြားထားသည်ဟု မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် စာရွက်စာတမ်းများအရ သိရသည်။

ထိုသံတမန်နှစ်ဦး၏ နိုင်ငံကူးလက်မှတ်များကို အသုံးပြုခွင့်မပေးရန်လည်း မြန်မာသံရုံးက ဂျပန်နိုင်ငံကို တောင်းဆိုထားသည်။

သို့သော် ဂျပန်အစိုးရက ထိုသံတမန်နှစ်ဦးကို ဆက်လက်နေထိုင်ခွင့်ပေးထားသည်။ “အဲဒီသံတမန်နှစ်ဦး သံတမန်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးထားတယ်” ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။ သို့သော် ၎င်းတို့နှစ်ဦးအနက် တဦး၏ သံတမန်သက်တမ်းသည် ဇူလိုင်လက ကုန်ဆုံးခဲ့ပြီးဖြစ်သည်။

ထိုသံတမန်နှစ်ဦးသည် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရန် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

အသစ် ခန့်အပ်သည့် သံတမန်များကို ဗီဇာထုတ်ပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှုနှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ်မည်ကို နောက်ဆုံး ဆုံးဖြတ်ချက်မချမီ တိုကျိုအနေဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကိစ္စကို အနီးကပ်စောင့်ကြည့်ရန် လိုကြောင်း ဂျပန်အရာရှိများက အစိုးရကို ပြောထားသည်။

အာဏာမသိမ်းမီက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းနေရာတွင် စစ်ကောင်စီခန့် သံအမတ်ကို အစားထိုးရန် စစ်ကောင်စီက တောင်းဆိုထားသောကြောင့် ထိုရာထူးအတွက် မည်သူ့ကို အသိအမှတ်ပြုမည်ကို အဖွဲ့ဝင်နိုင်ငံများက နောက်ဆုံး ဆုံးဖြတ်ရမည် ဖြစ်သည်။

ဦးကျော်မိုးထွန်းသည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တရားဝင်ပြောကြားပြီးနောက် နိုင်ငံတော်သစ္စာဖေါက်မှုဖြင့် တရားစွဲဆိုခံရသော်လည်း အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်နေထိုင်နေသည်။

ယခုလအစောပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်စု မိုတီဂီက မြန်မာနိုင်ငံအကျပ်အတည်းဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများအသင်းက အထူးသံတမန်ခန့်ရန် ဆုံးဖြတ်ချက်ကို အပြည့်အ၀ထောက်ခံကြောင်းပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်ပေးရန် ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းက အခြားနိုင်ငံများအတူ တောင်းဆိုသည်။

သို့သော် တိုကျိုသည် မြန်မာနှင့်နီးကပ်သော စီးပွားရေး အဆက်အဆံရှိပြီး မြန်မာနှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများတွင် တရုတ်သြဇာကြီးထွားမှုများကြောင့် အာဏာသိမ်းမှုတွင် ပတ်သက်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အခြားဒီမိုကရေစီနိုင်ငံများကဲ့သို့ အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးကိုမူ ဆက်လက်သတိထားလုပ်ကိုင်နေသည်။

ကိုးကား။ ။ South China Morning Post

You may also like these stories:

မြန်မာသံအမတ်ကို လုပ်ကြံရန် ကြိုးစားမှုတွင် ပါဝင်မရှိကြောင်း ထိုင်းလက်နက်ကုမ္ပဏီ ငြင်း

ကိုဗစ်နိုင်တင်း ပျံ့နှံ့မည် စိုးပြီး စစ်ကောင်စီနှင့် ဆက်ဆံလာနေရ

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်

Your Thoughts …
Tags: ကုလသမဂ္ဂဂျပန်ငြင်းဆန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန်မြန်မာစစ်ကောင်စီ သံတမန်များမြန်မာသံအမတ် ဦးကျော်မိုးထွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

by Rebecca Ratcliffe
5 February 2025
8.5k

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ တခါက စည်ကားသောမြို့ကြီးဖြစ်သည့် လားရှိုးမြို့ လမ်းမများသည် ယခင်ကထက် တိတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

Next Post
ဗဟိုဘဏ်သည် ကျပ်ငွေလဲလှယ်နှုန်း ဝင်ရောက်သတ်မှတ်ခြင်းကို ပြန်လည်ကျင့်သုံးသည် / ဧရာဝတီ

နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား

၂၀၂၀ ခုနှစ် မတ်လထဲတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံထဲ ပြန်ဝင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ  / ကျော်ခ / ဧရာဝတီ

ထိုင်းက မြန်မာလုပ်သား ၂ သိန်းကျော် MoU ဖြင့် ခေါ်ယူမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved