မြန်မာနိုင်ငံမှ ထိန်းချုပ်မရသော ကိုဗစ်နိုင်တင်းဖြစ်ပွားမှုကြောင့် ကိုဗစ်နိုင်တင်းကာကွယ်ဆေးနှင့် ဆေးဝါးအထောက်အကူများ လှူဒါန်းသော ချမ်းသာသည့် နိုင်ငံများသည် ဆိုးရွားလှသော ရွေးချယ်မှုကို လုပ်ကြရသည်။ ထိုရွေးချယ်မှုမှာ အရပ်စားအစိုးရကိုဖြုတ်ချလိုက်သည့် ဗိုလ်ချုပ်များနှင့် အလုပ်လုပ်မည်လား သို့တည်းမဟုတ် အခြေအနေထိန်းချုပ်မရအောင် ဆိုးဝါးနေသည်ကို ခွင့်ပြုမည်လားဆိုသည့် ရွေးချယ်မှုဖြစ်သည်။
လွန်ခဲ့သော ၆ လက အာဏာသိမ်းမှုတွင် စစ်ကောင်စီက နိုင်ငံကို သိမ်းယူပြီးနောက် ကိုဗစ်နိုင်တင်းကူးစက်မှုနှင့် သေဆုံးမှုများ မြင့်တက်လာသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သောလအတွင်း နေ့စဉ် ရာဂဏန်းအနည်းငယ်သော သေဆုံးမှုများကို တရားဝင် ကြေညာသော်လည်း အမှန်တကယ်သေဆုံးမှုသည် ထိုထက် အဆပေါင်းများစွာ ပိုမိုများပြားကြောင်း ဆရာဝန်များက ပြောသည်။ စစ်တပ်၏ တိုက်ခိုက်မှု ပစ်မှတ်များဖြစ်လာသော ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို လူထုက ရှောင်ရှားနေသောကြောင့် ကပ်ရောဂါဘေး၏ စစ်မှန်သော အတိုင်းအဆကိို မသိရပေ။
မျှော်လင့်ချက်ကင်းမဲ့မှုသည် ပိုမိုဆိုးရွားလာနေသည်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များနှင့် စစ်ကောင်စီ၏ တရားဝင်မှုကို စိန်ခေါ်နေသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရသည်ပင် မြန်မာနိုင်ငံ အခြေအနေ ထိန်းချုပ်နိုင်ရေးအတွက် လူသားချင်းစာနာမှု အကူအညီပေးရန် အခြားနိုင်ငံများကို တောင်းဆိုနေရသည်။ ထိုသို့ လူသားချင်းစာနာမှု အကူအညီပေးရေးသည် နိုင်ငံတကာအပယ်ခံ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် သဘောအဓိပ္ပါယ်သက်ရောက်သည့်တိုင် ကူညီရန် တောင်းဆိုနေရသည်။
“မကောင်းဆိုးရွားနဲ့ လက်ဆွဲနှုတ်ဆက်ရတာကလည်း တခါတခါကျတော့ အကူအညီအထောက်အပံ့တွေ ရည်ရွယ်သူတွေဆီ ရောက်ဖို့ လုပ်ငန်းရဲ့ တစိတ်တပိုင်းဖြစ်နေတတ်တယ်” ဟု စင်္ကာပူရှိ ISEAS – Yusof Ishak Institute မှ သုတေသီ ဒေါ်မိုးသူဇာပြောသည်။
မကောင်းဆိုးရွားနဲ့ လက်ဆွဲနှုတ်ဆက်ရတာကလည်း တခါတခါကျတော့ အကူအညီအထောက်အပံ့တွေ ရည်ရွယ်သူတွေဆီ ရောက်ဖို့ လုပ်ငန်းရဲ့ တစိတ်တပိုင်းဖြစ်နေတတ်တယ်
ထိန်းချုပ်မရသည့် ကူးစက်မှု ခြိမ်းခြောက်မှုသည် မြန်မာနိုင်ငံနယ်နိမိတ်များကို ကျော်လွန်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ ဆင်းရဲနွမ်းပါးမှု မြင့်မားလာခြင်း၊ ရိက္ခာ မလုံလောက်မှုနှင့် စီးပွားရေး ဦးစိုက်ကျဆင်းခြင်းများကြောင့် ဒုက္ခရောက်နေပြီးသော နိုင်ငံတခုဖြစ်သည်။
အိန္ဒိယမှ တရုတ်အထိ
မြန်မာနိုင်ငံသည် အာရှတိုက်၏ အချက်အခြာနေရာတွင် တည်ရှိပြီး အိမ်နီးချင်းများတွင် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး ကမ္ဘာ့စီးပွားရေးတွင် အမေရိကန်ဒေါ်လာ ၂၀ ထရီလီယံထုတ်လုပ်ပေးသည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယတို့ ပါဝင်သည်။ ထိုဒေသတွင်းမှ နယ်စပ်များသည် ကိုဗစ်နိုင်တင်းခေတ်တွင်ပင် လုံခြုံကြသည် မဟုတ်ဘဲ ထိုဒေသတွင် ဗိုင်းရပ်စ် ပျံ့ပွားမှုကို ခွင့်ပြုခြင်းသည် ပိုမိုဆိုးရွားသည့် မျိုးကွဲသစ်များ ပေါ်ပေါက်လာစေနိုင်သည့် အလားအလာရှိသည်။
လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း နိုင်ငံလူဦးရေ ထက်ဝက်ကို ရောဂါကူးစက်ပြီး ဖြစ်နိုင်သည်ဟု သံတမန်များနှင့် ဆရာဝန်များက သတိပေးထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးက မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း အကြီအကျယ်လက်ကားဖြန့်ချိသည့် နိုင်ငံဖြစ်သွားမည့် အန္တရာယ်ရှိနေကြောင်း သတိပေးထားသည်။
“ပိုမိုများပြားပြီး ထိန်းချုပ်မှုမရှိတဲ့ ကူးစက်မှုတွေဖြစ်လာရင် ပိုမိုများပြားတဲ့ ဗိုင်းရပ်စ်တွေက နေရာတကာကို ပျံ့နှံ့ပြီး ပိုမိုပြင်းထန်တဲ့ မျိုးကွဲတွေလည်း ပေါ်ပေါက်လာနိုင်တယ်” ဟု သြစတြေးလျှ အမျိုးသား တက္ကသိုလ် ဆေးကျောင်းမှ ကူးစက်ရောဂါသမားတော်နှင့် ပါမောက္ခ ဒေါက်တာ ပီတာကိုလစ်နွန် ပြောသည်။ ” အဲဒီလိုမဖြစ်အောင်လုပ်ဖို့က ကာကွယ်ဆေးရဖို့ပဲ” ဟုလည်း သူပြောသည်။
အဟန့်အတားမဲ့ ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကြောင့် နယ်စပ်ဖြတ်ကျော် အကျိုးဆက်များကို ကျန်းမာရေး ကျွမ်းကျင်သူများ သတိပေးနေစဉ်မှာပင် အလှူရှင်များသည် အရေးယူဆောင်ရွက်ရန် လက်တွန့်နေကြသည်။ မြန်မာနိုင်ငံသို့ ကာကွယ်ဆေးလှူဒါန်းခြင်းကဲ့သို့ ကူညီခြင်းသည် လူတထောင်ကျော် သတ်ထားသော စစ်ကောင်စီကို တရားဝင်မှုပေးခြင်းအဖြစ် မြင်နိုင်သောကြောင့် ဖြစ်သည်။
အထောက်အပံ့များ ဆိုင်းငံ့ထား
တခါက မြန်မာနိုင်ငံသို့ အကူအညီများပေးနေသော နိုင်ငံများသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထောက်ပံ့မှုများကို ဆိုင်းငံ့ထားကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် အချို့မဟာမိတ်များသည် စစ်ကောင်စီကို အရေးယူ ပိတ်ဆို့ရာတွင် ဦးဆောင်နေပြီး အခြားနိုင်ငံများကလည်း အကန့်အသတ်ဖြင့်လုပ်ဆောင်သည့် သို့မဟုတ် မထိတွေ့မဆက်ဆံရေး မူများကို အကောင်အထည်ဖေါ်နေကြသည်။
ကျန်းမားရေးလုပ်သားများနှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစေကာမူ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်အချို့က ၎င်းတို့၏ ကိုဗစ်နိုင်တင်း ကာကွယ်ရေ အစီအမံများတွင် ကျန်းမာရေးလုပ်သားများကို ပေါင်းစည်းပေးရန် ကုလသမဂ္ဂ၏ အဆိုပြုချက်ကို လက်ခံသည်ဟု ဆိုသည်။ ကာကွယ်ဆေး အစီအစဉ်များအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲလုပ်ဆောင်နိုင်ကြောင်း ကြေညာချက်များကို ၎င်းတို့ ထုတ်ပြန်ထားသော်လည်း လက်တွေ့အစီအမံများကို ရှင်းရှင်းလင်းလင်း မသိရပေ။
မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်မှ ကာကွယ်ဆေး ၈ သန်း ရရှိထားပြီး လူဦးရေ ၅၅ သန်း၏ ၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီး၏ အဆိုအရ သိရသည်။ စစ်ကောင်စီက နိုင်ငံလူဦးရေထက်ဝက်ကို ယခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေသော်လည်း ကာကွယ်ဆေး ရရှိရန် ခက်ခဲသောကြောင့် ထိုကိစ္စသည် မလွယ်ကူလှပေ။
နောက်ထပ်ဆေး ၂၄ သန်း ဝယ်ယူရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် သဘောတူထားပြီးဖြစ်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၁၆ ရက်နေ့တွင် ကြေညာသည်။ ယခင်အစိုးရလက်ထက်က မြန်မာနိုင်ငံသည် နိုင်ငံလူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျောထောက်နောက်ခံပြု COVAX အစီအစဉ်မှ ရမည်ဖြစ်သည်။ ထိုအစီအစဉ် ဝင်ငွေနည်းနိုင်ငံများတွင် ကာကွယ်ဆေးရရှိစေရန် ရည်ရွယ်သည့် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်အရ မြန်မာနိုင်ငံသည် Pfizer ကာကွယ်ဆေး ၄ သန်းကို တတိယသုံးလပတ်တွင် ရရှိရန်ရှိသည်။
နိုင်ငံလူဦးရေ ထက်ဝက်ကို ရောဂါကူးစက်ပြီး ဖြစ်နိုင်သည်ဟု သံတမန်များနှင့် ဆရာဝန်များက သတိပေးထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးက မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း အကြီအကျယ်လက်ကားဖြန့်ချိသည့် နိုင်ငံဖြစ်သွားမည့် အန္တရာယ်ရှိနေကြောင်း သတိပေးထားသည်။
မြန်မာနိုင်ငံမှ လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့အစည်းများသို့ ဒေါ်လာ သန်း ၅၀ အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုက လွန်ခဲ့သောအပတ်က ကြေညာသော်လည်း ဒေသတွင်းမှ အခြားနိုင်ငံများသို့ လှူဒါန်းသကဲ့သို့ မြန်မာသို့ ကာကွယ်ဆေးများ လှူဒါန်းခြင်း မရှိသေးပေ။ မြန်မာနိုင်ငံတွင်းမှ ပြည်သူများသို့ တိုက်ရိုက်အကူအညီများပေးရန် အမေရိကန်အစိုးရသည် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် လုပ်ကိုင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါသောမတ် ဂရင်းဖီးလ် ကပြောသော်လည်း ကာကွယ်ဆေးအကူအညီ ကင်းမဲ့နေခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ပြောကြားခြင်း မရှိပေ။
ဆေးရုံများကို ပစ်မှတ်ထားခြင်း
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းဖြစ်ပွားမှုသည် ကျန်းမာရေးအဆောက်အအုံများ မလုံလောက်မှုဖြစ်နေပြီး ကျန်းမာရေးလုပ်သားများသည် အောက်ဆီဂျင်နှင့် ကုတင်ရရှိရေးအတွက် ရုန်းကန်နေရသည့် အခြားအရှေ့တောင်အာရှ နိုင်ငံများနှင့်မတူပေ။ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများကို တိုက်ခိုက်မှုသတင်းများသည် နိုင်ငံတကာသတင်းခေါင်းစဉ်များတွင်ပင် နေရာယူနေပြီး ပြည်သူများက ဆေးရုံများကို ရှောင်ရှားနေကြသည်။
ယခင် NLD အစိုးရလက်ထက်က မြန်မာနိုင်ငံသည် နိုင်ငံလူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျောထောက်နောက်ခံပြု COVAX အစီအစဉ်မှ ရမည်ဖြစ်သည်။ ထိုအစီအစဉ်အရ မြန်မာနိုင်ငံသည် Pfizer ကာကွယ်ဆေး ၄ သန်းကို တတိယသုံးလပတ်တွင် ရရှိရန်ရှိသည်။
လွန်ခဲ့သော ၅ လအတွင်း ကျန်းမာရေးအဆောက်အအုံနှင့် ဆေးဝန်ထမ်းများကို တိုက်ခိုက်အကြမ်းဖက် နှောက်ယှက်မှုပေါင်း ၂၅၀ ကျော်ဖြစ်ပွားကြောင်း Insecurity Insight ၏ အစီရင်ခံစာက ဆိုသည်။ ထိုအဖွဲ့သည် အန္တရာယ်များသောနေရာများတွင် နေထိုင်လုပ်ကိုင်ကြရသူများအတွက် ခြိမ်းခြောက်မှုများကို လေ့လာသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည်။
ထိုဖြစ်ရပ်များတွင် ဆေးရုံများကို ဝင်ရောက်စီးနင်းခြင်း၊ ကိုဗစ်နိုင်တင်း ကုသရေးဌာနများကို ဖျက်ဆီးခြင်း၊ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖမ်းဆီးခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းတို့ ပါဝင်သည်။ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူများကို အထူးသဖြင့် ပစ်မှတ်ထားကြောင်း ထိုအဖွဲ့က ဆိုသည်။
သို့တိုင် အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မှ ဆေးရုံများသည် မနိုင်ဝန်ထမ်းနေရသည့် လက္ခဏာများရှိပြီး သင်္ချိုင်းများတွင် အလောင်းများ ပုံနေသည်။
အကူအညီပေးရေး အေဂျင်စီများသည် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီမှ လူသားချင်းစာနာမှု အကူအညီသို့ အဓိကထား ပြောင်းလဲနေချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းသည် တစိတ်တပိုင်းပါဝင်လာကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာခေတ္တ အကြီးအကဲ ဒေါက်တာ ဂျေဆင် မေးလ် ပြောသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝန်ထမ်းများကို ခေါ်ယူရန် ပြည်ဝင်ခွင့်ဗီဇာရရေးသည် ပိုမိုခက်ခဲနေပြီး ဘဏ်များတွင် ငွေသားပြတ်လပ်ခြင်းကြောင့် မြေပြင်လုပ်ငန်းများကို ငွေထုတ်ပေးရန်ပင် ခက်ခဲနေသည်ဟု ဆိုသည်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝန်ထမ်းများကို ခေါ်ယူရန် ပြည်ဝင်ခွင့်ဗီဇာရရေးသည် ပိုမိုခက်ခဲနေပြီး ဘဏ်များတွင် ငွေသားပြတ်လပ်ခြင်းကြောင့် မြေပြင်လုပ်ငန်းများကို ငွေထုတ်ပေးရန်ပင် ခက်ခဲနေသည်ဟု ဆိုသည်။
ထို့ကြောင့် ကာကွယ်ဆေးအစီအစဉ်သည် ပြည်သူလူထုက အယုံအကြည်ကင်းမဲ့ပြီး ပြည်ပတွင် မဟာမိတ်အနည်းသာရှိကာ ပြည်တွင်းစစ်ကို စစ်မျက်နှာများစွာတွင် တိုက်နေသည့် စစ်တပ်အပေါ်တွင်သာ မူတည်နေတော့သည်။
“ကာကွယ်ဆေး အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့ လုပ်နိုင်စွမ်းအရပြောရရင် စိန်ခေါ်မှုရှိတယ်။ အခုလို နိုင်ငံရေး ပတ်ဝန်းကျင်မျိုးမှာ ဒီလုပ်နိုင်စွမ်းကို ရဖို့ အရမ်းကို ခက်ခဲတယ်” ဟု ဒေါက်တာ မေးလ် ပြောသည်။
(Bloomberg မှ Covid-19 super-spreader risk forces world to work with Myanmar’s regime ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
လူ ၅၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးမည့် စစ်ကောင်စီ၏ အစီအစဉ် အောင်မြင်ချေနည်းဟု ဆို
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုတွင် ကိုဗစ်ကူးစက်မှုဖြစ်
မဲဆောက်မှ မြန်မာလုပ်သားများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
ထိုင်းရောက်လုပ်သားများ ကိုဗစ်ကာကွယ်ဆေးထိုးရန် ဒေါက်တာ စင်သီယာမောင် တိုက်တွန်း
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်တဲ့ အခြေအနေဖြစ်အောင် ဝိုင်းပြီး ပံ့ပိုးတာ