ဝင်းဦး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဝင်းဦး Covering Burma and Southeast Asia Sat, 11 Apr 2026 19:57:08 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဝင်းဦး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဝင်းဦး 32 32 ကိုဝင်းဦး https://burma.irrawaddy.com/article/2026/04/12/412537.html Sun, 12 Apr 2026 02:00:37 +0000 https://burma.irrawaddy.com/?p=412537 ကိုဝင်းဦး ကတော့ သင်္ကြန်တွင်းမှာ မန္တလေးသင်္ကြန်ကို သူဝင်မနွှဲရရင် ဒီမြန်မာနှစ်သစ် အတွက် မပြည့်စုံ သလိုဘဲ… ကိုဝင်းဦး လာရင် ပိုစိုပြည်တဲ့ သင်္ကြန် ဖြစ်နေတော့တယ်… သူရောက်လာမှ အင်္ဂါစုံသလိုပဲ… ]]>

ကိုဝင်းဦး ဆုံးတော့ သူ့အသက်က ၅၄ နှစ်ပဲ ရှိသေးတာတဲ့။ နေမယ်ဆိုရင် အများကြီး နေနိုင်သေးတဲ့ အရွယ်၊ နေရသေးရင်လည်း နေရသလောက် အနုပညာအလုပ်တွေ တခုပြီး တခု လုပ်နေဦးမယ့်လူ။

ဒါကြောင့် လူရွယ်လူလတ် အရွယ်မှာ သေဆုံးရှာတဲ့ ကိုဝင်းဦးကို ထူးထူးလည်လည် နှမြောမိတယ်။

ကိုဝင်းဦးက အနုပညာမှာ အဘက်ဘက်က စုံတဲ့လူ၊ အစုံလည်း လုပ်ချင်သူ၊ လုပ်သလောက် လုပ်သမျှလည်း စွံတဲ့လူ၊ အနုပညာမှာ လောဘလည်း ကြီးသူပါ။

ကိုဝင်းဦးက သူ့အနုပညာဗီဇကို စာပေမှာ စပြီး ဖော်လှစ်တယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး ရေးပါတယ်။ ရေးတာတွေမှာ စာဖတ်ပရိသတ် စွဲစွဲမြဲမြဲ ရှိတဲ့အထိ အောင်မြင်သူပါ။

ဒါပေမယ့် ကိုဝင်းဦးက စာပေနယ်မှာ ရေးနေရုံနဲ့တောင် အားမရသေးလို့ စန္ဒာမဂ္ဂဇင်း ဆိုပြီး မဂ္ဂဇင်းတစောင် ဦးစီးထုတ်ဝေ ရေးသားပါသေးတယ်။ သူ့မဂ္ဂဇင်းဟာ မြန်မာနိုင်ငံမှာ ပေမီဒေါက်မီ မဂ္ဂဇင်း တစောင်၊ စထွက်ကတည်းက လှလှပပ ထွက်နိုင်ခဲ့တာပဲ။

ကိုဝင်းဦးက စာရေးရာက တပ်မတော်ထဲ ဝင်လိုက်သေးတယ်။ ဗိုလ်ကြီးအဆင့်အထိ စစ်မှုထမ်းတယ်၊ ပြီးမှ တပ်က ထွက်ပြီး ရုပ်ရှင်နယ်ထဲ ဝင်တယ်။

ရုပ်ရှင်မှာ အကယ်ဒမီဆု နှစ်ဆု ဆွတ်ခူးရုံမက သူ့ဈာပနမှာ သူ့ဆွေမျိုးသားချင်းနဲ့ ရင်းနှီးတဲ့ မိတ်သင်္ဂဟတွေ သူ့အလောင်း အနား မကပ်နိုင်ရတဲ့ အဖြစ်အထိ သူ့ပရိသတ်က ကြီးမားခဲ့တယ်။

မန္တလေး သင်္ကြန်ပွဲတော် တခုမှာ ရုပ်ရှင် မင်းသားကြီး ဝင်းဦး နဲ့ မြို့မ အဖွဲ့။

ဝင်းဦးမှ ဝင်းဦး ဖြစ်တဲ့ ပရိသတ်ရှိတဲ့အထိ အောင်မြင်တဲ့ မင်းသား ဝင်းဦး၊ သရုပ်ဆောင်ရရုံနဲ့ အားမရလို့ ကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်။ လုပ်တော့လည်း သူ့ကားတွေက စွံပါတယ်။

အနုပညာနယ်မှာ ပရိသတ် လက်ခံအောင်၊ စွံအောင် လုပ်ရတယ် ဆိုတာ လုပ်တိုင်း မဖြစ်နိုင်ဘူး။

ကိုဝင်းဦး ဒါရိုက်တာလုပ်တဲ့ “ငွေလှိုင်းဇာပေါ်ဝယ်” ဇာတ်ကားဆိုရင် ပိုက်ဆံတွေ အများကြီး ရရမယ့် ကား။ ငွေစက္ကူကိစ္စနဲ့ သွားတိုးနေတော့ သူ့ခမျာ အရင်းမှ ရရှာလေရဲ့လား မသိဘူး။

ခု သူ နောက်ထပ်ရိုက်နေတဲ့ “ခိုင်မာလာနှင်းဆီ” ကတော့ ပြီးမသွားရရှာဘူး။ မင်းသားလည်း မင်းသားမို့ အောင်မြင်တယ်၊ ဒါရိုက်တာ လုပ်ရင်လည်း ဒါရိုက်တာမို့ အောင်မြင်တဲ့လူ။

တနေ့က ရုပ်မြင်သံကြားမှာ ကိုဝင်းဦး ဆိုနေကျ ဆရာမြို့မငြိမ်းရဲ့ သီချင်းကလေး တပုဒ် သူများ ဆိုသွားသံကြားတော့ ကိုဝင်းဦးကို သတိရလိုက်တာ။

သူက စာရေးဆရာ၊ ရုပ်ရှင်မင်းသား စတာတွေ သာမက အဆိုတော်လည်း ဖြစ်ချင်သေးတဲ့လူ။

မှတ်မိနေသေးတယ်။ ကျမက ဆရာငြိမ်းရဲ့ သီချင်းကလေးတွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ဖော်တော့ ကိုဝင်းဦးက အဲဒါလေးတွေကို ကောက်ကောက်ဆိုတယ်။ ရေချိုးဆိပ် သီချင်းကလေး ကိုဝင်းဦး ပြန်ဆိုတာကို ပထမဆုံး ကြားရတာ ခုထိ မှတ်မိနေပါသေးတယ်။

မန္တလေး သင်္ကြန်ဆိုရင်လည်း သူပဲ မပျက်မကွက် ဝင်နွှဲဖို့ ကြိုးစားတတ်တာ။ မန္တလေးသား ရုပ်ရှင်မင်းသားတွေ ဖြစ်တဲ့ ကိုညွန့်ဝင်းတို့၊ ကိုဇော်ဝမ်းတို့က သူ့လောက် မရောက်ဖြစ်ကြဘူး။

ကိုဝင်းဦး ကတော့ သင်္ကြန်တွင်းမှာ မန္တလေးသင်္ကြန်ကို သူဝင်မနွှဲရရင် ဒီမြန်မာနှစ်သစ် အတွက် မပြည့်စုံသလိုဘဲ။

လာဖန်များလို့ ကြာလာတော့ မန္တလေး သင်္ကြန်ကလည်း နဂါးဒေါ်ဦးမဏ္ဍပ်နဲ့ မြို့မရေခံအဖွဲ့တို့ပါမှ သင်္ကြန်ပီပီ မြည်မြည် ဖြစ်တာ မဟုတ်ဘူး။

ကိုဝင်းဦး လာရင် ပိုစိုပြည်တဲ့ သင်္ကြန် ဖြစ်နေတော့တယ်။ သူရောက်လာမှ အင်္ဂါစုံသလိုပဲ။ ခုတော့ သူမရှိတော့ပြီမို့ မန္တလေး သင်္ကြန် ဖြစ်ခဲ့ရင် သူ့ကို သင်္ကြန်ပရိသတ်က ထူးထူးလည်လည် သတိရနေ၊ လွမ်းနေကြဦးမှာပေါ့လေ။

ကျမက “ရွှေရိုး ဘကလေး” ဆိုပြီး မြန်မာ အနုပညာရှင်ကြီး ဦးဘကလေး အကြောင်းကို စာအုပ်နှစ်တွဲ ရေးဖူးပါတယ်။

မင်းသားကြီး ဝင်းဦး ရဲ့ သင်္ကြန်သီချင်း တိတ်ခွေ ကာဗာ။

ဦးဘကလေး အကြောင်းကို ပထမဆုံး မြန်မာ ကာတွန်းဆရာကြီး အဖြစ်နဲ့ တအုပ်၊ မြန်မာရုပ်ရှင်မှာ ရုပ်ပြောင်း ရုပ်လွှဲတွေနဲ့ အောင်မြင် ကျော်ကြားလှတဲ့ ရုပ်ရှင် အနုပညာသည်ကြီး အဖြစ်နဲ့ တအုပ် ရှာဖွေရေးသားခဲ့တယ်။

ကိုဝင်းဦးကလည်း ဦးဘကလေးလို အနုပညာနယ်မှာ အဘက်ဘက်က လူချွန်လူစုံ ဖြစ်လေတော့ သူက ဒီစာအုပ်ကို သိပ်သဘောကျတယ် ထင်ပါရဲ့။

ဝေလွင်လွင် ဇာတ်ကားရိုက်တဲ့ အခန်း ကျမ ရေးထားတာကို သူ ဖတ်ပြောတဲ့ အကွက်တကွက် ဂီတ အခံကလေးတွေနဲ့ အသံသွင်းပြီး ကျမဆီ ပို့လိုက်ပါတယ်။

ဒါမျိုး ကျမတို့ နိုင်ငံမှာ မလုပ်လေ့ပါဘူး။ အနောက် နိုင်ငံတွေမှာတော့ ထင်ရှားတဲ့ အရေးအသား တခုကို ထင်ရှားတဲ့ အနုပညာသည် တဦးက အသံနဲ့ ပြန်ပြီး ဖတ်ပြတာမျိုး လုပ်လေ့ရှိပါတယ်။

ကိုဝင်းဦးက ဒါမျိုးကလေး လုပ်ပြီး ကျမဆီကို ပို့လိုက်တယ်လေ၊ လုပ်သင့်တာဆိုရင် ဘာမဆို လုပ်ချင်တဲ့ လူပေကိုး။

ရန်ကုန်မှာ ကိုဝင်းဦး နေမကောင်းဘူး၊ ဆေးရုံတက်ရတယ်လို့လည်း ကြားရဲ့၊ ဆုံးပြီလို့လည်း ကြားရဲ့။ သူ မန္တလေးလာရင် ကျမဆီ ဝင်နေကျဖြစ်လေတော့ သူ့ကို သံယောဇဉ်ရှိသူတွေက ကျမဆီကို ဖုန်းဆက်မေးကြပါတယ်။

ကျမက ဆုံးတယ်ကြားတာ မဖြစ်နိုင်ပါဘူး၊ ဟုတ်ရင် ကျမတို့ တရားဝင် သိမှာပေါ့၊ နို့ပေမယ့် စုံစမ်းပါဦးမယ် ဆိုပြီး ကိုဝင်းဦး မန္တလေးလာရင် အမြဲတည်းခိုတဲ့၊ သူနဲ့ ညီအစ်ကိုလို ချစ်တဲ့ ပဒေသာ ဘီစကစ် တိုက်က ဦးပါကို သတင်းမှန် မေးရတယ်။

ဦးပါက ကိုဝင်းဦး မဆုံးပါဘူး၊ နေမကောင်းတာ မှန်တယ်၊ ဆေးရုံ တက်ရတာလည်း မှန်တယ်၊ အခု ဆေးရုံက ဆင်းပြီးပြီ၊ ဘိလပ်သွားပြီး ဆက်လက် ကုသဦး ဆိုလို့ ကိုဝင်းဦး ဘယ်နေ့ ဘယ်ရက်မှာ ဘိလပ် သွားလိမ့်မယ် ဆိုတာ ကျမကို သတင်း ပေးပါတယ်။

ဒါနဲ့ ကျမလည်း ကိုဝင်းဦးဆီ ဖုန်းဆက်ပြီး သတင်းမေးတော့ သူနေကောင်းနေကြောင်း၊ မေးတာ ဝမ်းသာ ကျေးဇူးတင်တဲ့ အကြောင်း၊ ဘိလပ် သွားမယ်ဆိုတာ အမှန်ဖြစ်ပြီး သူ့ညီတယောက် အဖော်လိုက်မှာပါလို့ ပြောပါတယ်။

ဒါကြောင့် လန်ဒန်နားမှာ ကျမမောင် ဆရာဝန်နဲ့ သူ့ဇနီး ဆရာဝန်မတို့ မိသားစု ရှိနေတာကြောင့် ဟိုရောက်ရင် သူတို့ကို ဆက်သွယ်ပါ။ အကူအညီ လိုတာရှိရင်လည်း တောင်းပါ၊ မောင်အရင်းပဲ၊ အားမနာနဲ့လို့ မှာလိုက်ပြီး မောင် ဆရာဝန် မိသားစုရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါတယ်။

သူဆေးကုပြီး ဘိလပ်က ကျန်းကျန်းမာမာနဲ့ ပြန်လာတယ်လို့ သတင်းကြားတယ်။ သိပ်မကြာလှခင်မှာပဲ မန္တလေး မင်္ဂလာဆောင် တခုက ဖိတ်လို့တဲ့၊ ကိုဝင်းဦး မန္တလေးရောက်လာတော့ လာတိုင်း အိမ်ကို လာနေကျ အတိုင်း ကျမအိမ်ကို သူ လာပါတယ်။

သူလာတယ်ဆိုရင် ကျမအိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ နဂါး ဆေးလိပ်ခုံပေါ်က အမျိုးသမီးတွေက အမြဲတမ်း သိကြတယ်။ ဘယ်လိုလုပ်ပြီး သတင်းရလိုက်သလဲ မသိဘူး။

မင်းသားကြီး ဝင်းဦး နဲ့ မင်းသမီး ခင်သန်းနု တို့ သရုပ်ဆောင်တဲ့ သင်္ကြန် နောက်ခံ ရုပ်ရှင် “မောင်တို့ချယ်ရီမြေ” (၁၉၆၃) ကြော်ငြာ ပိုစတာ / Myanmar Digital News

သူမပြန်မချင်း အဲဒီဘက်က စီစီ စီစီနဲ့ အသံတွေ ထွက်လာပြီး ဝရန်တာမှာ မိန်းကလေးတွေ အစုလိုက် အပြုံလိုက်ထွက်ပြီး သူ့အပြန်ကို စောင့်ကြည့်နေကျ။

အဲဒီနေ့ကလည်း အခါတိုင်းလိုပဲ သူတို့ ကြည့်ပါတယ်။ ဒါ သူတို့ ကိုဝင်းဦးကို နောက်ဆုံး မြင်လိုက်ရတာပဲ ဆိုတာတော့ မသိကြပေဘူး။

ကိုဝင်းဦးက ဝတ်နေကျ ဝတ်စုံ အဖြူကလေးနဲ့၊ လူက ကိုယ်ရေစစ်သွားတော့ အသက် ၁၀ နှစ်လောက်မက ပြန်ငယ်သွား သလိုပဲ။

လူကလည်း “နေကောင်း ကျန်းမာပြီ ဒေါ်ဒေါ်ရဲ့”ဆိုပြီး ပြုံးလို့ ရယ်လို့။ ကျမက သူ့ကို ခြေဆုံး ခေါင်းဖျား နှစ်ခါလောက် ပြန်ကြည့်လိုက်မိတယ်။

ဒီအတိုင်းသာ ဆိုရင် ရုပ်ရှင်မှာ မင်းသားရိုက်လို့ ရသေးတယ်၊ လှသေးတာပဲလို့လည်း သတိ ထားလိုက်မိတယ်။

သူက ဘိလပ်မှာတုန်းက ကျမ မောင်များဆီကို ဖုန်းဆက်လိုက်တော့ မောင်များက သူ့ကို လာတွေ့ကြတဲ့ အကြောင်း၊ ကျေးဇူးတင်တဲ့ အကြောင်းတွေ ပြောသွားပါတယ်။ လူက အရင်လိုပဲ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်ပါ။ အဲဒါ ဇူလိုင်လကုန် ရက်ကပါ။

သူနှုတ်ဆက်ပြီး ပြန်သွားပြီးတဲ့နောက် သြဂုတ်လဆန်းတော့ မောင်များ မိသားစု ဘိလပ်က မြန်မာပြည်ကို အလည် ရောက်လာကြတယ်။

ကိုဝင်းဦးက ဖုန်းဆက်လို့ သူတို့လင်မယား ကိုဝင်းဦး ဆေးရုံတက်နေရာကို လူနာမေးရောက်တယ်။ ကိုဝင်းဦး ရောဂါဟာ ကျမအဒေါ် မမဂျမ်း ဖြစ်သလို အူမကြီးမှာ ဖြစ်တဲ့ ကင်ဆာရောဂါ၊ ဟိုဆေးရုံက တော်တော် စင်ကြယ်အောင် ကုပေးလိုက်တယ် ပြောတယ်။

သူတက်ခဲ့တဲ့ ဆေးရုံက ဆေးဝါးကုသခတွေ အများကြီးပေးရတဲ့ အထက်တန်းစား ဆေးရုံ ဖြစ်တယ်လို့ ကျမမောင်က ပြောပြပါတယ်။

“အူမကြီးမှာ ဖြစ်တဲ့ ကင်ဆာ” ဆိုတော့ ကျမက တော်တော် စိတ်ပျက်သွားပါပြီ။

ကျမ အဒေါ် မမဂျမ်းက အူမကြီး ကင်ဆာ၊ ကျမ အမေက သားအိမ် ကင်ဆာ၊ သားအိမ်ကို ထုတ်ဖယ်ပစ်လိုက်တော့ အူတွေမှာ လျှောက်ပြီး ပျံ့နှံ့ကုန်လို့ နောက်တော့ အစာဟောင်းကို စွန့်နေကျ လမ်းကြောင်းက မစွန့်နိုင်တော့တာနဲ့ အူမကြီးက ဖောက်ပြီး ခါးစောင်းက အိတ်ထဲ အစွန့်ခိုင်းပြီး ကုခဲ့ရတာ။

ကျမနဲ့ အတူနေ အစ်မ (မန္တလေးမြို့ကို ကရင် ဝင်ချိန်က စပြီး ၁၉၆၆ ခုနှစ်အထိ ကျမကို စောင့်ရှောက်တဲ့ အစ်မ) ဒေါ်စိန်စိန်၊ သူလည်း အဆုတ် ကင်ဆာ ဖြစ်တာ။

ကင်ဆာနဲ့ ကိုယ့်လက်ပေါ်မှာ ပျက်စီးတဲ့ လူနာကို ကြုံဖူးတာများတော့ အဲဒီ ဝေဒနာရှင်တွေ ဆုံးပါးပြီးခါစက ဆိုရင် “ကင်ဆာ” ဆိုတဲ့ အသံကို ကြားကို မကြားချင်ဘူး၊ ဝေဒနာရှင်ကို လူ့ဝတ္တရားရှိလို့ သွားပြီး မေးရကြည့်ရမှာကိုလည်း မသွားချင်ဘူး။ မလွှဲသာလွန်းလို့ သွားရရင်တောင် ရင်ထဲမှာ အများကြီး မချမ်းမသာ ဖြစ်ရတာပါ။

ခံစားရတဲ့ ကင်ဆာ လူမမာ မခံစားရအောင် ဆေးတွေ ပေးတော့ ဆေးစွဲပြီး ဆေးတောင်းတောင်းနေတဲ့ ကင်ဆာ လူနာ၊ သတိ အလွန်ကောင်းပြီး နောက်ဆုံး အချိန်အထိ သိနေတဲ့ ကင်ဆာလူနာ၊ အော်ဟစ် ညည်းညူပြီး ခံစားရတဲ့ ကင်ဆာ လူနာ ဆိုတာတွေကို ကြုံဖူးတွေ့ဖူး မြင်ဖူးလွန်းလို့ ကိုဝင်းဦး ကင်ဆာ ဆိုတာကို ရင်ထဲက နည်းနည်းမှ မချမ်းမြေ့ဘူး။

အကယ်ဒမီ ရုပ်တုနဲ့ စွယ်စုံ အနုပညာရှင် မင်းသားကြီး ဝင်းဦး။ အကယ်ဒမီ ၂ ဆုရှင်။ “ဆောင်းအိပ်မက်” (၁၉၆၇) ရုပ်ရှင် ဇာတ်ကား နဲ့ “မှုံရွှေရည်” (၁၉၇၀) ဇာတ်ကား အကယ်ဒမီ ရရှိ။

ကိုဝင်းဦးကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ “ခိုင်မာလာနှင်းဆီ” ဆိုတဲ့ သူ့ကားကို ဆက်ရိုက်မယ် ဆိုပြီး ကျမကို နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။

အဲဒီနောက် သူများသတင်းတွေ ကြားရပြီး ကိုဝင်းဦး သတင်းကိုတော့ နေမကောင်းဘူး ဆိုတာကိုသာ ကြားရတဲ့အချိန်မှာ သူ ဘိလပ်က ပြန်လာခဲ့တာ သိပ်ကြာလှသေးတာ မဟုတ်ဘူး။

နောက် နေမကောင်းတာက တော်ရုံ မဟုတ်ဘူးဆိုလို့ ဒီဇင်ဘာလဆန်းမှာ ဦးပါကို သတင်းမေးတော့ ဦးပါက ကိုဝင်းဦး မြရတနာ ဆေးကုခန်းမှာ ဆေးကုခံနေရတယ်။

တော်ရုံ မဟုတ်ဘူး၊ သည်းသည်းသန်သန် ဖြစ်နေတယ်ဆိုတော့ အသေးစိတ် မကြားရက်တော့ပါဘူး။

ကင်ဆာ ဝေဒနာသည်တွေ အများကြီး ကျမ တွေ့ဖူးတာပဲ၊ ကျွန်မလက်ပေါ် ချုပ်ငြိမ်းသွားသူတွေလည်း ရှိတာပဲဟာ၊ ကိုဝင်းဦး ခံစားနေရမယ့် ပုံတွေကို မကြားချင်တော့ပါဘူး။ ဒါကြောင့် ကိုပါကိုလည်း အသေးစိတ် မမေးတော့ဘူး၊ ရန်ကုန်ကိုလည်း ဖုန်းမဆက်တော့ဘူး။

ကောလိပ်ဂျင် နေဝင်းရော၊ ကိုဝင်းဦးရော အသက်ရှည်ကြ၊ နေကြရဦးမယ် ဆိုရင် အငယ်ရှိကြသေးတာပဲ၊ နှစ်တွေ အများကြီး နေနိုင်ကြသေး၊ အလုပ်တွေ လုပ်နိုင်ကြသေးတာပေါ့။ ဒါပေမယ့် သူတို့က ဒီအရွယ် ဒီအသက်လောက်နဲ့ပဲ ဒီတဘဝ ဇာတ်သိမ်းကြတယ်။

ဘိလပ်က ဆရာဝန်တွေက နောက် ၆ လကြာရင် ပြန်လာပြဦးလို့ မှာတယ်၊ ဒါပေမယ့် ခုအခြေဟာ သိပ်လွန်နေပြီ၊ သွားမပြနဲ့တော့၊ အလွန်ဆုံးနေရရင် နောက်ရက်သတ္တ သုံးပတ်လောက်ပဲ ထင်တယ်လို့ ခန့်မှန်းသူက ခန့်မှန်းပါသတဲ့။

ကိုဝင်းဦး သတင်းကို မကြားရက်တော့လို့ မမေးပေမယ့် သူဘယ်လို နေရှာလိမ့်မယ် ဆိုတာကို မကြာမကြာ သတိရပြီး သနားနေပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ကတော့ သူ့သတင်းကို ကြားတဲ့ လူတွေက ကြားကုန်ကြပါပြီ။ ကျမ ဆီကိုလည်း မေးတဲ့ လူတွေက လှမ်းပြီး မေးနေကြပါပြီ။ ကျမက နားမစွန့်ရက်လို့ တိတိကျကျ မကြားပါဘူး။

ကျမ သတင်း မေးနေကျ ဦးပါ တယောက်လည်း ဒီရက် မန္တလေး ရှိတော့မှာ မဟုတ်။ သတင်းစာ ကလည်း မန္တလေးကို နေ့တိုင်း မရောက်ဘဲကိုး။

အသက်က ၅၄ နှစ် ဆိုတော့ အများကြီး နေပျော်သေးတာပေါ့။ နေရသေးရင်လည်း အလုပ်တွေ အများကြီး လုပ်နေဦးမှာ ပေါ့။

သူဆုံးသွားတော့ ဒါရိုက်တာ ဆရာ ဦးသုခက “မသေသင့်ဘဲ သေသွားရတာဗျာ၊ အရွယ်ရော၊ ပညာရော၊ အစွမ်းအစရော ရှိတဲ့လူမို့ နှမြောပါတယ်” လို့ ပြောရှာတယ်။ ဆရာက အနေအထိုင် မယဉ်ကျေးခဲ့တာကို အပြစ်ချတယ်လေ။

ဟုတ်ကဲ့၊ လူဆိုတာ သေရင် ရမယ်ကလေး တခုတော့ ရှိရတာပေါ့။ ။

စန္ဒာ မဂ္ဂဇင်း၊ အမှတ် ၂၃၄၊ ဧပြီ၊ ၁၉၈၉။
(စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို လူထု ကြီးပွားရေး စာအုပ်တိုက်က ၂၀၂၅ ခုနှစ် မေလတွင် ထုတ်ဝေသော “လွမ်းသူ့စာ” တတိယ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>
ကျေးလက်ဂီတကို ရွှေဖြစ်စေခဲ့သူ တွံတေးသိန်းတန် https://burma.irrawaddy.com/article/2022/10/29/255636.html Sat, 29 Oct 2022 06:53:29 +0000 https://burma.irrawaddy.com/lytbox/?p=255636 တွံတေးမြို့ရှိ တွံတေးသိန်းတန် ရုပ်တု၁၉၆၂ နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ ]]> တွံတေးမြို့ရှိ တွံတေးသိန်းတန် ရုပ်တု

ဓာတ်ပြားခေတ်လို့ပြောရင် ကာလသုံးပိုင်း ခွဲပြောရမယ်။ ၁၉၃၇-၃၈ ကနေ စစ်မဖြစ်မီကာလ စစ်ကြိုခေတ်၊ စစ်ပြီးကာလ ဓာတ်ပြားခေတ်နဲ့ ၁၉၆၀ ကစတဲ့ ရောင်းတမ်းဓာတ်ပြား ရွှေခေတ်။

ပြောရလွယ်အောင် သူ့ခေတ်နဲ့သူ ပေါ်ထွက်ခဲ့ကြတဲ့ အဆိုတော်တွေနဲ့ ခွဲပြီးပြောကြည့်ပါမယ်။ ၁၉၃၇-၃၈ စစ်ကြိုခေတ်မှာ ဓာတ်ပြားအဆိုတော်တွေက မောင်တင်မောင်၊ ခင်မောင်ရင်၊ ပြည်လှဖေ၊ ရွှေညာမောင်၊ သုခ၊ ချစ်ဒုက္ခဦးဘညွန့် စတဲ့သူတွေ။

အမျိုးသမီးအဆိုတော်တွေက မေရှင်၊ မေနု၊ မေမြင့်၊ မေစိန်၊ မေနွဲ့၊ ဘိလပ်ပြန်သန်း၊ လေဘာတီမမြရင် စတဲ့သူတွေ။

တေးရေးဆရာတွေက မြို့မငြိမ်း၊ ရွှေပြည်အေး၊ သယာယဆရာတင်၊ ဆရာညှာ၊ ဆရာထာ၊ ဦးဉာဏ၊ ရွှေညာမောင်။

ထင်ရှားကျော်ကြားခဲ့တဲ့ သီချင်းတွေက ချစ်တာပဓာန၊ နှစ်ယောက်ထဲ၊ မန်ဒါလီ၊ ပျို့မှာတမ်း၊ သက်ဝေ၊ နတ်ရှင်နောင်၊ အောင်ခြင်းရှစ်ပါး၊ ဂုဏ်မြင့်သူ၊ စန္ဒကိန္နရီ၊ စုံတောမြိုင်၊ နဂါးနီ၊ ရှုတိုင်းယဉ်၊ ချစ်ဗျုဟာ စတဲ့သီချင်းများ။

“၁၉၃၇ ခုနှစ်မှ စစ်မဖြစ်မီကာလအထိ စစ်ကြိုခေတ်ဂီတ (ဓာတ်ပြားတေးဂီတ) ကို ခြုံငုံလေ့လာရာတွင် အရေးကဏ္ဌ (အကြောင်းအရာပိုင်း) ၌ ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် သီချင်းများ၊ မျိုးချစ်စိတ်လှုံ့ဆော်တေးများ၊ မြန်မာမှုဓလေ့တေးများနှင့် အချစ်သီချင်းအများစုကို တွေ့ရသည်” လို့ စန္ဒယားလှထွတ်က သူ့ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်မှာ သုံးသပ်ထားတယ်။

“၁၉၃၇ ခုနှစ်မှ စစ်မဖြစ်မီကာလအထိ စစ်ကြိုခေတ်ဂီတ (ဓာတ်ပြားတေးဂီတ) ကို ခြုံငုံလေ့လာရာတွင် အရေးကဏ္ဌ (အကြောင်းအရာပိုင်း) ၌ ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် သီချင်းများ၊ မျိုးချစ်စိတ်လှုံ့ဆော်တေးများ၊ မြန်မာမှုဓလေ့တေးများနှင့် အချစ်သီချင်းအများစုကို တွေ့ရသည်” လို့ စန္ဒယားလှထွတ်က သူ့ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်မှာ သုံးသပ်ထားတယ်။

စစ်ကြိုခေတ် အချစ်သီချင်းတပုဒ်ဖြစ်တဲ့ ချစ်ဗျုဟာ သီချင်းအကြောင်း ဖောက်သည်ချရဦးမယ်။ ဒီသီချင်းရေးတဲ့ ဆရာညှာက ဘာသာရေးသီချင်းကိုတောင် ပေါ်ပြူလာဖြစ်အောင် ရေးနိုင်သူလို့ လူထုဒေါ်အမာက လွမ်းသူ့စာမှာ ကောက်ချက်ချတယ်။

သူရေးတဲ့ မေတ္တာဂုဏ်သီချင်းကို ဥပမာပေးတယ်။ “မေတ္တာအကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင်၊ ဗြဟ္မာ့ဘုံလားရာ တရားပါပဲရှင်၊ မှတ်ပါစေကြောင်းပင်”။ လူတွေက ဆိုကြလွန်းတော့ “မေတ္တာအကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင်၊ ကျမကိုနမ်းတာ (****) ပါပဲရှင်၊ ပါးမှာအရာကြီးထင်” လို့ လူနောက်တွေက သီချင်းဖျက်ဆိုကြတယ်။

ပေါ်ပြူလာဖြစ်လွန်းတဲ့သီချင်းမှ ဖျက်ဆိုကြတာပါတဲ့။

ဆရာညှာက အရဟံဂုဏ်တော်သီချင်း၊ အောင်ခြင်းရှစ်ပါးသီချင်း၊ ရှင်သီလဝိသီချင်းတွေလည်း ရေးခဲ့တယ်။ ဆရာ့ဘာသာရေးသီချင်းတွေက သိပ်နာမည်ကြီးပြီး သိပ်လူကြိုက်များတော့ ဆရာညှာက ဘာသာရေးသီချင်းပဲ ရေးတတ်တာပါ။ အချစ်သီချင်းမှာ လူချင်းတူအောင် မရေးတတ်ပါဘူးလို့ စကားတင်းဆိုကြတယ်။

ဒါနဲ့ မခံချင်ဖြစ်ပြီး “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်၊ ချစ်တလင်းခေါ်မယ်၊ ချစ်ဗျူဟာကျင်းစို့ တူမောင်မယ်” အစချီ ချစ်ဗျူဟာ သီချင်းရေးခဲ့တာပါတဲ့။ မခံချင်စိတ်က အိပ်ယာကုတင်ပေါ် တန်းရောက်သွားတာနော်။

စစ်ပြီးကာလ ဓာတ်ပြားခေတ်ဆီ ဆက်သွားရရင် “စစ်ပြီးကာလ ဓာတ်ပြားခေတ်သည် ကိုမြကြီး၊ မေလှမြိုင်၊ ခင်ခင်ညွန့်၊ မေသစ်တို့၏ခေတ် ဖြစ်လာသည်။ ရွှေပြည်အေး၊ တက္ကသိုလ်စိုး၊ ရန်နိုင်ဆွေ၊ ရန်နိုင်စိန်၊ စိန်ဝေလျှံ၊ သောတမောင်တို့၏ သီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာ၏” လို့ မြန်မာ့ဂီတရေစီးကြောင်းက ညွှန်းဆိုတယ်။

နာမည်ကြီး သီချင်းတွေဖြစ်တဲ့ မေ၊ နွဲ့ဆိုး၊ စိမ်းလဲ့ကန်သာ၊ ဆောင်းအမီ၊ စမ်းရေအိုင်၊ ဖိုးသာအောင်၊ တောင်တော်သခင်မ၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် စတဲ့သီချင်းတွေ ထွက်ပေါ်ခဲ့။

စစ်ပြီးခေတ်ကနေ ၁၉၆၀ အထိ ဓာတ်ပြားလောက အတီးပိုင်းမှာ ရွှေပြည်အေး၊ အေဝမ်းခင်မောင်၊ ဂီတလုလင်မောင်ကိုကို၊ စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ် စသူတို့ ပေါ်ထွန်းလာ။

ထိုကာလသီချင်းတွေထဲ နဘေထပ်တွေ ထင်ရှား။ “ပျင်းတယ်ကွဲ့ နှင်းနွယ်၊ ဘာရမလဲ သာဝရာ၊ လာသေးတယ် သာအေးရယ်၊ မြို့ကိုခင်တဲ့ပျို့ကိုရင်၊ ချောင်းရေနဲ့လောင်းလှေ၊ ပန်းပန်ရင် နန်းဆန်တယ်တော့်၊ ပျိုလေးရဲ့ညိုထွေး၊ ခက်တယ်ကွဲ့ သက်လယ်။

ထိုကာလသီချင်းတွေထဲ နဘေထပ်တွေ ထင်ရှား။ “ပျင်းတယ်ကွဲ့ နှင်းနွယ်၊ ဘာရမလဲ သာဝရာ၊ လာသေးတယ် သာအေးရယ်၊ မြို့ကိုခင်တဲ့ပျို့ကိုရင်၊ ချောင်းရေနဲ့လောင်းလှေ၊ ပန်းပန်ရင် နန်းဆန်တယ်တော့်၊ ပျိုလေးရဲ့ညိုထွေး၊ ခက်တယ်ကွဲ့ သက်လယ်။

အလွန်အနုပညာမြောက်တဲ့ ကျေးစေတမန်၊ မိုး၊ ချစ်ဆိပ်ရည်၊ ဝေးပြီခင်ရေ၊ မေ့ကွက်ကိုရှာ သီချင်းများလည်း ထွက်ပေါ်ခဲ့။

၁၉၆၀ ကနေ ဆယ်စုနှစ်တခုကြာ ကာလကတော့ ရောင်းတမ်းဓာတ်ပြား ရွှေခေတ်လို့ စန္ဒရားလှထွတ်က မှတ်တမ်းပြုခဲ့တယ်။ ဆယ်စုနှစ်ကြာ ရောင်းတမ်းဓာတ်ပြား ရွှေခေတ်မှာ ဝင်းဦး၊ တွံတေးသိန်းတန်နဲ့ မာမာအေးတို့ တခေတ်ဖြစ်ခဲ့ပြီး ဝင်းဦးက မြို့ပရိသတ်အကြိုက်၊ တွံတေးသိန်းတန်က ကျေးလက်ပရိသတ်အသည်းစွဲ၊ မာမာအေးကတော့ ဈေးကွက်နှစ်ခုစလုံးဝင်တဲ့ တဦးတည်းသော အဆိုတော်ဖြစ်ခဲ့တယ်။

တွံတေးသိန်းတန်

ရောင်းတမ်းဓာတ်ပြားခေတ်က ကျေးလက်ပရိသတ်အသည်းစွဲ “ဟစ်” ဖြစ်ခဲ့သူက တွံတေးသိန်းတန်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလ ၁၉၆၀ ပြည့်နှစ်တဝိုက်မှာ တွံတေးသိန်းတန်ဆိုတဲ့ ထွေးညိုသီချင်းဟာ မြန်မာတနိုင်ငံလုံးအနှံ့ အထူးသဖြင့် ကျေးလက်ဒေသကို လွှမ်းမိုးသွားခဲ့တယ်။

“ပန်းစပယ် ဪ နန်းအလယ် မပေါ်ခိုက်ဟာမို့

အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကိုကုံးရတယ်

ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

မျှော်လင့်ရည်မှန်းထားတဲ့ ပန်းတိုင်အသွယ်သွယ်

ရလာတဲ့တနေ့ဝယ် တေးဆိုကာကွယ်

ဪ ထွေးညိုကိုချော့ဖို့ သော့သော့လာခဲ့မယ်

အခုများတော့ တိုင်းပြည်ဝန်ထမ်းလျက်မို့

ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်”

ဒီသီချင်းနဲ့အောင်မြင်တော့ တွံတေးသိန်းတန်က မြန်မာ့အသံဝန်ထမ်း။ “နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁ ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက် ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့သည်။”

တွံတေးသိန်းတန်ရဲ့ ဂီတဘဝအစကို ဝီကီဒီးပီးယားက ခုလိုဖော်ပြတယ်။ “တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ) မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁ ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၂ နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတရာ အညှာတခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။”

တွံတေးသိန်းတန်နဲ့ ခေတ်ပြိုင်တွေက ဝင်းဦး၊ မာမာအေး။ ၁၉၆၀ ပြည့်နှစ်များပတ်လည်မှာ ဝင်းဦးက ဂစ်တာကိုင်ပြီး မီးပုံပွဲ၊ မမမိုးသီချင်းတွေဆိုကာ ရုပ်ရှင်နဲ့ဂီနယ်ပယ်မှာ ပေါ်ခဲ့တယ်။ တွံတေးသိန်းတန်ကလည်း မယ်ဒလင်တလက်နဲ့ သီချင်းတွေရေးစပ်သီဆိုရာက ထွေးညိုသီချင်းနဲ့ တိုင်းသိပြည်သိအဆိုတော် ဖြစ်တယ်။ တချိန်တည်းမှာပဲ မာမာအေးကလည်း သီချင်းအစုံဆိုပြီး ဟစ်ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် စန္တယားလှထွတ်က သူ့မြန်မာ့ဂီတရေစီးကြောင်းစာအုပ်ထဲမှာ ခုလို မှတ်တမ်းတင်ရေးခဲ့တယ်။

“၁၉၆၀ မှစသည့် ဆယ်စုနှစ်များသည် ဝင်းဦးခေတ် ဖြစ်လာသည်။ မာမာအေးခေတ်ဟူ၍လည်း ပြောနိုင်သည်။ တွံတေးသိန်းတန်ခေတ်ဟု ပြောလျှင်လည်း မည်သူမျှမငြင်းနိုင်။”

၁၉၆၀ ကစတဲ့ ရောင်းတမ်းဓာတ်ပြား ခေတ်ကြောင့်လည်း ဓာတ်ပြားရ အဆိုတော်တွေ အမြောက်အမြား ထွက်ပေါ်ခဲ့တယ်။ မာမာအေး၊ တင်တင်မြ၊ ချစ်စပယ်၊ သန်းသန်းဆင့်၊ ဌေးဌေးမြင့်၊ ချိုပြုံး၊ ကြည်ကြည်ဝင်း၊ မေလှမြိုင်၊ မြင့်မြင့်ရှိန်၊ ဒေါ်မေစီ၊ ခင်သစ်လွင်၊ ညွန့်ညွန့်စိန်၊ မြသက်မူ၊ အေဝမ်းတင်တင်လှ၊ လှလှရီ၊ ဝင်းဦး၊ တွံတေးသိန်းတန်၊ မင်းနောင်၊ သန်းလှိုင်၊ စန္တယားချစ်ဆွေ၊ သန်းဖေလေး၊ မျိုးမြင့်လေး၊ ကိုထွန်းရွှေ၊ ကိုကျော်ရှိန်၊ ရဲဘော်သိမ်းဆောင်၊ ကိုမင်းသူ၊ ညွန့်ဝင်း၊ မောင်မောင်ကြီး၊ တပ်ကြပ်ကြီးညွန့်ခင်၊ မောင်မောင်ညွန့်၊ ကိုကျော်ညွန့်၊ ဓနုဖြူစိုးသိန်း၊ မေမြို့ခင်မောင်မြင့်၊ ရဲဘော်ခင်မောင်လှ၊ အကော်ဒီယံအုန်းကျော်၊ ရွှေမြိုင်မောင်အုန်း၊ စန္တယားထွန်းညွန့်၊ ဟင်္သာတထွန်းရင်၊ ဟင်္သာတာအောင်တင်ဝင်း၊ အညာသားအေးလွင်၊ လက်ပံတန်းသန်းသန်းတင်၊ သန်းထွန်းလေး စတဲ့သူတွေဟာ ဓာတ်ပြားအဆိုတော်တွေ ဖြစ်ခဲ့တယ်။

ပန်းနွယ်ကစိမ်း ရုပ်ရှင်

ရောင်းတမ်းဓာတ်ပြား ရွှေခေတ် (၁၉၆၀-၇၀) ကို “တောကြိုက်၊ မြို့ကြိုက်၊ ဘိုသံ၊ မြန်မာသံ၊ အချစ်၊ အလွမ်း၊ အပျော်၊ အမျှော် အစရှိသော တေးသီချင်းပေါင်းစုံတို့ကို ရေးစပ်သီဆို ထွက်ပေါ်ခဲ့ကြရာ မြန်မာ့ဓာတ်ပြား လောကသည် အရောင်အသွေးစုံ မြန်မာ့အလှပန်း အများဆုံးပွင့်လန်းသော ဂီတဥယျာဉ်ကြီးပမာ ဖြစ်ခဲ့ပေသည်” လို့ မြန်မာ့ဂီတရေစီးကြောင်းမှာ အနားသတ်ထားတယ်။

၁၉၆၀-၇၀ အတွင်း ရောင်းတမ်းဓာတ်ပြား ရွှေခေတ်မှာ တွံတေးသိန်းတန်ဟာ အဆိုတော်အဖြစ် အောင်မြင်ရုံသာမကဘဲ တေးပြုစာဆို ထိပ်တန်းစာရင်းဝင်လည်း ဖြစ်ခဲ့တယ်။ ဓာတ်ပြားသီချင်း အရေးရဆုံး တေးရေးဆရာတွေက ကိုသက်ဦး၊ လင်းခေးလုလင်၊ သောင်းတင်ဌေး၊ ကိုလေးညွန့်၊ တွံတေးသိန်းတန်၊ ကိုလှမိုး၊ ကျော့မှူး၊ ရဲသီဟတင်အောင်၊ ကိုဝင်းစိုး၊ ကိုညွန့်ဝေ၊ ဆရာညှာနဲ့ ကိုလေးလွင်တို့ ဖြစ်ကြတယ်။

၁၉၆၀-၇၀ အတွင်း ရောင်းတမ်းဓာတ်ပြား ရွှေခေတ်မှာ တွံတေးသိန်းတန်ဟာ အဆိုတော်အဖြစ် အောင်မြင်ရုံသာမကဘဲ တေးပြုစာဆို ထိပ်တန်းစာရင်းဝင်လည်း ဖြစ်ခဲ့တယ်။ ဓာတ်ပြားသီချင်း အရေးရဆုံး တေးရေးဆရာတွေက ကိုသက်ဦး၊ လင်းခေးလုလင်၊ သောင်းတင်ဌေး၊ ကိုလေးညွန့်၊ တွံတေးသိန်းတန်၊ ကိုလှမိုး၊ ကျော့မှူး၊ ရဲသီဟတင်အောင်၊ ကိုဝင်းစိုး၊ ကိုညွန့်ဝေ၊ ဆရာညှာနဲ့ ကိုလေးလွင်တို့ ဖြစ်ကြတယ်။

ဒီထဲမှာ တွံတေးသိန်းတန်ရဲ့ ထွေးညို၊ ပြေးကြိုတော့ထွေးညို၊ စောင်းသံတိတ်မှအိပ်ပါကွယ်၊ မြသီတာအကြိုထောက်ပေမယ့်၊ နှမလက်လျှော့နေလေတော့၊ အမေဆူရင်ငါ့ဆီပြေး၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မျှော်ရပါကြောင်း နွေမိုးဆောင်း၊ မေတ္တာမီးအိမ်၊ အချစ်တပွဲ စစ်ပွဲတရာ၊ ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်၊ ချစ်ရတုထံတျာ၊ ချယ်ရီလက်ဆောင်ပေးသူရေ စတဲ့သီချင်းတွေကို ကျေးလက်က ဆိုဟန်ဆိုပေါက်နဲ့တကွ အလွတ်ရခဲ့ကြတယ်။

ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာ ဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတပုဒ်ဇာတ်ကားကို ဆက်လက် ရိုက်ကူးသည်။ ဂီတကနေ ရုပ်ရှင်ကို ကူးပြောင်းရောက်ရှိသွားပုံကို အွန်လိုင်းအဘိဓာန်က ခုလိုပြဆိုတယ်။

၁၉၆၀-၁၉၇၀ ကာလက ဓာတ်ပြားခေတ်မှာ သူက ဓာတ်ပြားသီချင်းတွေသာမကဘဲ ဓာတ်ပြား ဇာတ်ထုပ်တွေနဲ့လည်း လူကြိုက်များခဲ့တယ်။ တွံတေးသိန်းတန်ရဲ့ ထွေးညို ဇာတ်လမ်းဟာ သူ့ခေတ်သူ့အခါက အင်မတန် လူကြိုက်များခဲ့တယ်။ “ဒီစနစ်ဆိုးတွေကိုကွယ် ကျောမွဲများအတွက် တိုက်ဖျက်ပစ်ပါမယ်” ဆိုတဲ့စာသားဟာ ကျေးလက်လူထုဘက်က ရဲဝံ့စွာ ဟစ်ကြွေးခဲ့တဲ့အသံ ဖြစ်ခဲ့တယ်။

တွံတေးသိန်းတန်ရဲ့ ဆိုပေါက်ဆိုဟန်သာမကဘဲ သူ့ရဲ့အပြော “လေ” ကိုလည်း ပရိသတ် စွဲလန်းခဲ့တယ်။ “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့ ဇာတ်ကောင်တယောက်ရဲ့ ကြုံးဝါးသံဟာ လူတိုင်းပါးစပ်ဖျား ရေပမ်းစားခဲ့တယ်။ တွံတေးသိန်းတန်သီချင်းတွေေ အောင်မြင်တုန်းက သူ့အသံသူ့ဆိုဟန်အတိုင်း လိုက်ပြီး တုပသီဆိုကြတော့ သူစိတ်ညစ်ခဲ့တယ်။ “ဒုတိယသိန်းတန်တွေ ဖြစ်ကုန်တာပေါ့” လို့ ညည်းတွားဖူးပါသတဲ့။

မောင်မိုးသူရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် စာအုပ်မှာ တွံတေးသိန်းတန်ကို လွမ်းလို့စီတဲ့ စာလည်းပါတယ်။ အင်မတန်စိတ်ဝင်စားဖို့ ကောင်းတာတွေ ဖတ်ရတယ်။ မောင်မိုးသူနဲ့ မောင်မောင်မြင့်တို့က ဒါရိုက်တာလုပ်ပြီး ရိုက်မယ့် ဇာတ်ကားတကားမှာ မင်းသားက တွံတေးသိန်းတန်၊ မင်းသမီးက ခင်သန်းနု။ ရိုက်ကွင်းတည်တာက ငပလီမှာ။ ငပလီမှာ ၅၅ ရက်ကြာ သွားရိုက်ခဲ့ကြတာပါ။

ပင်လယ်လှိုင်းတွေက နေ့ဘက်မှာ ကားသံ၊ လူသံတွေနဲ့ သိပ်မသိသာပေမယ့် ညကျ လှိုင်းပုတ်သံက အင်မတန်ကျယ်တယ်။ အဲဒီလှိုင်းပုတ်သံတွေကိုကျော်ပြီး တွံတေးသိန်းတန်က မောင်မိုးသူတို့ကို မယ်ဒလင်နဲ့ သီချင်းဆိုပြပါသတဲ့။ နာမည်ကျော် မေတ္တာမီးအိမ်သီချင်း။

“ညမှောင်မှောင်

လမှောင်မှောင်

ကြယ်ရောင်သော် မလင်းခဲ့

ချိန်းခဲ့တဲ့ ညတုန်းကပေါ့ကွယ်

ချစ်သူလာသောညက ရွှေလသာပါတယ်

ချစ်သူမလာသော ခုည

ရွှေလ ဘယ်ကိုရောက်နေသလဲကွယ်”

အဲဒီသီချင်းကို တွံတေးသိန်းတန်က လှိုင်းပုတ်သံကိုကျော်ပြီး အော်ဆိုပြခဲ့တာပါ။ မောင်မိုးသူက “တွံတေးအသံက အလွန်ပေါက် အလွန်ရောက်တဲ့ အသံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂီတပညာရှင်တဦးရဲ့ ပြောကြားချက်ကတော့ တွံတေးဟာ Pitch ကုန်အောင် အော်နိုင်တယ်။ တော်တော် အော်နိုင်တယ်ဆိုတဲ့ အဆိုတော် တယောက်လောက် အော်နိုင်တဲ့အသံရဲ့ ဟိုဘက်ရောက်အောင် ဆိုနိုင်တဲ့လူလို့ မှတ်ချက်ချတာကို ကြားဖူးပါတယ်” လို့ ရေးခဲ့တယ်။

အဲဒီသီချင်းကို တွံတေးသိန်းတန်က လှိုင်းပုတ်သံကိုကျော်ပြီး အော်ဆိုပြခဲ့တာပါ။ မောင်မိုးသူက “တွံတေးအသံက အလွန်ပေါက် အလွန်ရောက်တဲ့ အသံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂီတပညာရှင်တဦးရဲ့ ပြောကြားချက်ကတော့ တွံတေးဟာ Pitch ကုန်အောင် အော်နိုင်တယ်။ တော်တော် အော်နိုင်တယ်ဆိုတဲ့ အဆိုတော် တယောက်လောက် အော်နိုင်တဲ့အသံရဲ့ ဟိုဘက်ရောက်အောင် ဆိုနိုင်တဲ့လူလို့ မှတ်ချက်ချတာကို ကြားဖူးပါတယ်” လို့ ရေးခဲ့တယ်။

ဘဝတကွေ့ မူလတန်းကျောင်းဆရာဘဝ ဖြတ်သန်းခဲ့စဉ်က တွံတေးအသည်းစွဲ ကျေးလက် ကျောင်းဆရာတဦးနဲ့ဆုံတော့ ကျနော့်ကို သူပြောပြဖူးတယ်။ “ရွာမှာအလှူတို့၊ မင်္ဂလာဆောင်တို့ရှိရင် အသံချဲ့စက်ဖွင့်တယ်၊ လော်စပီကာကြီးကို နီးရာသစ်ပင်ထိပ်ဖျားမှာတင်ပြီး တရွာလုံးသာမက ပတ်ဝန်းကျင်ရွာတွေပါ ကြားအောင် ဖွင့်တယ်၊ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ သန်းထွန်းလေး အသံမြည် အသံစူးတဲ့ အဆိုတော်တွေရဲ့ ဓာတ်ပြားသီချင်းတွေကို ကြိုက်ကြတယ်။

ညနေပိုင်းကျ ထွေးညိုတို့၊ တောကရွှေဧည့်သည်တို့၊ စိုးမိုးမေတ္တာတို့ ငါးပြားတွဲ ပြဇာတ်တွေ ဖွင့်တယ်။ ရက်ပေါင်းများစွာ လပေါင်းများစွာ ခဏခဏကြားရတော့ အလွတ်ရကုန်ကြတယ်။ ‘သာဒင်ကိုဘာထင်သလဲ’ တို့၊ ‘ကိုသိန်းတန် … ကိုသိန်းတန် … စိုး သင်္ဘောပေါ်တက်ခဲ့မယ်နော်’ တို့၊ ‘ကြာကူလီသစ္စာဖောက် ဘခက်’ တို့ ဆိုတာတွေက ကလေးဘဝကတည်းက ပြဇာတ်ခင်းနိုင်ခဲ့တာ။

ဟော ညပိုင်းကျတော့ လူကြီးတွေအတွက် ရွှေကျီးညိုပဲခူးမြ၊ ရွှေမန်းတင်မောင်၊ ပန်တျာကြည်လင် ဇာတ်ထုပ်တွေ ဖွင့်ပေးရတယ်။”

ကျေးလက်အသည်းစွဲအဆိုတော် ဇာတ်ထောင်တော့လည်း အောင်မြင်တယ်။ “၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။”

ဂန္တဝင်သီချင်းကောင်းတွေလည်း ရေးသားစပ်ဆိုခဲ့တယ်။ “ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတရာ အညှာတခု၊ အမေ့ပါးက သနပ်ခါးတို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင်ကျန်ရစ်သည်။”

လုံးချင်းဝတ္ထုတွေလည်း ရေးခဲ့တယ်။ “တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် ၂၀ ခန့်အထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်ကစနေ စသော ဝတ္တုစာအုပ်များက ထင်ရှားသည်။”

တသက်တာ ကာလပတ်လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ ခု၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

သူဆုံးတော့ ကျေးလက်တောရွာတွေမှာ ဆုံးတဲ့နေ့ကနေ ခုနစ်ရက်တိုင် တွံတေးသိန်းတန် သီချင်းတွေ ဆိုကြတီးကြ သူ့ဓာတ်ပြားသီချင်းတွေ ဇာတ်ထုပ်တွေ ဖွင့်ကြနဲ့ သူတို့ချစ်တဲ့ အဆိုတော်ကို အောက်မေ့ ဂုဏ်ပြုခဲ့ကြတယ်။ အစားထိုး အစားဝင်လို့မရနိုင်တဲ့ အနုပညာရှင်ပါ။

“ဒီနေ့ထိတိုင် လူသာသေတယ်၊ အသံမသေတဲ့ ဂန္တဝင်အဆိုတော် တဦးဟုသာ”။

ကိုးကား
-မြန်မာ့ဂီတရေစီးကြောင်း – စန္ဒယားလှထွတ်
-မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၂၀၁၆)
– အောင်မြင်သော မြန်မာအနုပညာရှင်များ – ကာတွန်းဝင်းအောင်

You may also like these stories:

တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်၂၀ ပြည့် သိက္ခာထပ်အလှူပေးခဲ့တဲ့ ရွှေရည်သိန်းတန်

ထီပေါက်သလို အိမ်ထောင်ရေးကြောင့် လူဖြစ်ရကျိုးနပ်ပြီဆိုတဲ့ အဆိုတော် ရွှေရည်သိန်းတန်

အဆိုတော် ဗညားဟန်နဲ့ တွေ့ဆုံခြင်း

]]>
ဝင်းဦးရဲ့ သီချင်းကို အသံတုလုပ် သီဆိုသရုပ်ဆောင်ခဲ့တဲ့ နေတိုး https://burma.irrawaddy.com/lifestyle/entertainment/2020/08/02/227318.html Sun, 02 Aug 2020 08:33:30 +0000 https://burma.irrawaddy.com/lytbox/?p=227318 သရုပ်ဆောာင် အကယ်ဒမီ နေတိုး / Nay Toe's Facebookအဆိုပါ ဗီဒီယိုဖိုင်ကိုတော့ ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး နေတိုးနဲ့ ဝင်းဦး တွေ့ဆုံတဲ့ နှစ်ကိုယ်ခွဲ ပုံစံနဲ့အတူ ဝင်းဦးရဲ့ “မမမိုး” သီချင်းနဲ့ သရုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။]]> သရုပ်ဆောာင် အကယ်ဒမီ နေတိုး / Nay Toe's Facebook

သရုပ်ဆောင်ရာမှာသာမက သီချင်းဆို၊ အသံတုပြုလုပ်ရာမှာလည်း ကျွမ်းကျင်တဲ့ နေတိုးကတော့ တခေတ်တခါက နာမည်ကြီးခဲ့သော ဝင်းဦးရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “မမမိုး” သီချင်းကို အသံတုပြုလုပ်ကာ သရုပ်ဆောင် သီဆိုခဲ့ပါတယ်။

“ဒီဗီဒီယိုလေးကို ဖန်တီးခြင်းဟာ ပရိသတ်များ ကြည့်မိတဲ့ အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်စေရန် ရည်ရွယ်ပြီး ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာ အမြဲရှိနေသော အနုပညာရှင်များစွာထဲမှ တချိန်တခါက ရုပ်ရှင်ကို ဆန်းသစ်အောင် ဖန်တီးနိုင်ခဲ့သော အနုပညာရှင်ကြီးအား လေးစားတန်ဖိုးထားသော စိတ်ဖြင့်သာ ရိုက်ကူးဖန်တီးထားခြင်း ဖြစ်ပါတယ်ခင်ဗျာ” လို့ နေတိုးက ပြောပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကိုတော့ ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး နေတိုးနဲ့ ဝင်းဦး တွေ့ဆုံတဲ့ နှစ်ကိုယ်ခွဲ ပုံစံနဲ့အတူ ဝင်းဦးရဲ့ “မမမိုး” သီချင်းနဲ့ သရုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။

“ဗီဒီယိုမှာ ကိုယ်တိုင်ရိုက် Home Made Video အမျိုးအစားဖြစ်ပြီး သီဆိုထားသော “မမမိုး” သီချင်းမှာ တေးရေး အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးသားထားတာဖြစ်ပြီး မူရင်းအဆိုရှင် ဦးဝင်းဦးရဲ့အသံကို အတုလုပ်ပြီး ပြန်တီးပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ပရိသတ်များအားလုံး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ကြပါစေ ခင်ဗျာ။ သင်ဆရာ မြင်ဆရာများအား ထာဝရ ဦးညွှတ်လျက်ပါ” လို့ နေတိုးက ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာဆိုရင်လည်း မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်တော့မှာဖြစ်တဲ့အတွက် ယခုအချိန်အခါမျိုးမှာ ပွဲလမ်းသဘင်များ ပြုလုပ်ဖို့ မဖြစ်နိုင်သေးတာကြောင့် အွန်လိုင်းပေါ်မှတဆင့် ဖျော်ဖြေမှုများသာ ပြုလုပ်နေရပြီး ဒီလိုဖျော်ဖြေမှုများကိုလည်း ကျေနပ်ပေးစေလိုတယ်လို့ ဆိုပါတယ်။

“ကျနော် ဖြတ်သန်းခဲ့ရတဲ့ နှစ် ၂၀ အတွင်း လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ဆိုရင် မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ ပြည့်တော့မှာပါ။ ဒီလိုအချိန် ဒီကာလမျိုးဟာ အပြင်မှာ ပွဲလမ်းသဘင် ပြုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အွန်လိုင်းပေါ်မှာ နည်းမျိုးစုံနဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့သာ လောလောဆယ်ကျေနပ်ပေးစေလိုပါတယ်” လို့ နေတိုးက ပြောပါတယ်။

ဆက်လက်ပြီး “နှစ် ၁၀၀ မှ နောင်နှစ်ပေါင်းများစွာတိုင် ခေတ်မီသော တိုးတက်ပြောင်းလဲမှု များစွာဖြင့် ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်မှုတွေ ပေးရင်း မြန်မာ့ရုပ်ရှင် ထာဝရရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ နေတိုးကတော့ အနုပညာလောကထဲမှာ ဖြတ်သန်းလာတာဟာ အခုဆိုရင် နှစ် ၂၀ ရှိပြီဖြစ်ပြီး ထိပ်တန်းမင်းသား တယောက်အနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

You may also like these stories:

ဝါသနာပါတဲ့ သီချင်းဆိုချင်စိတ်ကို အကောင်အထည်ဖော်မယ့် မိုးဟေကို

“ရိုက်ကူးရေးတွေ ပြန်စရင် တယောက်ချင်းစီ ပြန်ဂရုစိုက်ရမယ်”

ဝေဖန်မှုများနေတဲ့ မိုးနတ်သား ကာရိုက်တာ အကြောင်း ပြောပြတဲ့ ခါရာ

]]>