• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျေးလက်ဂီတကို ရွှေဖြစ်စေခဲ့သူ တွံတေးသိန်းတန်

by ကိုရွှေအောင်
29 October 2022
in ဆောင်းပါး
A A
တွံတေးမြို့ရှိ တွံတေးသိန်းတန် ရုပ်တု

တွံတေးမြို့ရှိ တွံတေးသိန်းတန် ရုပ်တု

9k
VIEWS
Share on FacebookShare on Twitter

ဓာတ်ပြားခေတ်လို့ပြောရင် ကာလသုံးပိုင်း ခွဲပြောရမယ်။ ၁၉၃၇-၃၈ ကနေ စစ်မဖြစ်မီကာလ စစ်ကြိုခေတ်၊ စစ်ပြီးကာလ ဓာတ်ပြားခေတ်နဲ့ ၁၉၆၀ ကစတဲ့ ရောင်းတမ်းဓာတ်ပြား ရွှေခေတ်။

ပြောရလွယ်အောင် သူ့ခေတ်နဲ့သူ ပေါ်ထွက်ခဲ့ကြတဲ့ အဆိုတော်တွေနဲ့ ခွဲပြီးပြောကြည့်ပါမယ်။ ၁၉၃၇-၃၈ စစ်ကြိုခေတ်မှာ ဓာတ်ပြားအဆိုတော်တွေက မောင်တင်မောင်၊ ခင်မောင်ရင်၊ ပြည်လှဖေ၊ ရွှေညာမောင်၊ သုခ၊ ချစ်ဒုက္ခဦးဘညွန့် စတဲ့သူတွေ။

အမျိုးသမီးအဆိုတော်တွေက မေရှင်၊ မေနု၊ မေမြင့်၊ မေစိန်၊ မေနွဲ့၊ ဘိလပ်ပြန်သန်း၊ လေဘာတီမမြရင် စတဲ့သူတွေ။

တေးရေးဆရာတွေက မြို့မငြိမ်း၊ ရွှေပြည်အေး၊ သယာယဆရာတင်၊ ဆရာညှာ၊ ဆရာထာ၊ ဦးဉာဏ၊ ရွှေညာမောင်။

ထင်ရှားကျော်ကြားခဲ့တဲ့ သီချင်းတွေက ချစ်တာပဓာန၊ နှစ်ယောက်ထဲ၊ မန်ဒါလီ၊ ပျို့မှာတမ်း၊ သက်ဝေ၊ နတ်ရှင်နောင်၊ အောင်ခြင်းရှစ်ပါး၊ ဂုဏ်မြင့်သူ၊ စန္ဒကိန္နရီ၊ စုံတောမြိုင်၊ နဂါးနီ၊ ရှုတိုင်းယဉ်၊ ချစ်ဗျုဟာ စတဲ့သီချင်းများ။

“၁၉၃၇ ခုနှစ်မှ စစ်မဖြစ်မီကာလအထိ စစ်ကြိုခေတ်ဂီတ (ဓာတ်ပြားတေးဂီတ) ကို ခြုံငုံလေ့လာရာတွင် အရေးကဏ္ဌ (အကြောင်းအရာပိုင်း) ၌ ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် သီချင်းများ၊ မျိုးချစ်စိတ်လှုံ့ဆော်တေးများ၊ မြန်မာမှုဓလေ့တေးများနှင့် အချစ်သီချင်းအများစုကို တွေ့ရသည်” လို့ စန္ဒယားလှထွတ်က သူ့ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်မှာ သုံးသပ်ထားတယ်။

“၁၉၃၇ ခုနှစ်မှ စစ်မဖြစ်မီကာလအထိ စစ်ကြိုခေတ်ဂီတ (ဓာတ်ပြားတေးဂီတ) ကို ခြုံငုံလေ့လာရာတွင် အရေးကဏ္ဌ (အကြောင်းအရာပိုင်း) ၌ ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် သီချင်းများ၊ မျိုးချစ်စိတ်လှုံ့ဆော်တေးများ၊ မြန်မာမှုဓလေ့တေးများနှင့် အချစ်သီချင်းအများစုကို တွေ့ရသည်” လို့ စန္ဒယားလှထွတ်က သူ့ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်မှာ သုံးသပ်ထားတယ်။

စစ်ကြိုခေတ် အချစ်သီချင်းတပုဒ်ဖြစ်တဲ့ ချစ်ဗျုဟာ သီချင်းအကြောင်း ဖောက်သည်ချရဦးမယ်။ ဒီသီချင်းရေးတဲ့ ဆရာညှာက ဘာသာရေးသီချင်းကိုတောင် ပေါ်ပြူလာဖြစ်အောင် ရေးနိုင်သူလို့ လူထုဒေါ်အမာက လွမ်းသူ့စာမှာ ကောက်ချက်ချတယ်။

သူရေးတဲ့ မေတ္တာဂုဏ်သီချင်းကို ဥပမာပေးတယ်။ “မေတ္တာအကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင်၊ ဗြဟ္မာ့ဘုံလားရာ တရားပါပဲရှင်၊ မှတ်ပါစေကြောင်းပင်”။ လူတွေက ဆိုကြလွန်းတော့ “မေတ္တာအကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင်၊ ကျမကိုနမ်းတာ (****) ပါပဲရှင်၊ ပါးမှာအရာကြီးထင်” လို့ လူနောက်တွေက သီချင်းဖျက်ဆိုကြတယ်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
733
သဇင်ပန်း

သဇင်ပန်း

10 January 2026
66
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
118

ပေါ်ပြူလာဖြစ်လွန်းတဲ့သီချင်းမှ ဖျက်ဆိုကြတာပါတဲ့။

ဆရာညှာက အရဟံဂုဏ်တော်သီချင်း၊ အောင်ခြင်းရှစ်ပါးသီချင်း၊ ရှင်သီလဝိသီချင်းတွေလည်း ရေးခဲ့တယ်။ ဆရာ့ဘာသာရေးသီချင်းတွေက သိပ်နာမည်ကြီးပြီး သိပ်လူကြိုက်များတော့ ဆရာညှာက ဘာသာရေးသီချင်းပဲ ရေးတတ်တာပါ။ အချစ်သီချင်းမှာ လူချင်းတူအောင် မရေးတတ်ပါဘူးလို့ စကားတင်းဆိုကြတယ်။

ဒါနဲ့ မခံချင်ဖြစ်ပြီး “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်၊ ချစ်တလင်းခေါ်မယ်၊ ချစ်ဗျူဟာကျင်းစို့ တူမောင်မယ်” အစချီ ချစ်ဗျူဟာ သီချင်းရေးခဲ့တာပါတဲ့။ မခံချင်စိတ်က အိပ်ယာကုတင်ပေါ် တန်းရောက်သွားတာနော်။

စစ်ပြီးကာလ ဓာတ်ပြားခေတ်ဆီ ဆက်သွားရရင် “စစ်ပြီးကာလ ဓာတ်ပြားခေတ်သည် ကိုမြကြီး၊ မေလှမြိုင်၊ ခင်ခင်ညွန့်၊ မေသစ်တို့၏ခေတ် ဖြစ်လာသည်။ ရွှေပြည်အေး၊ တက္ကသိုလ်စိုး၊ ရန်နိုင်ဆွေ၊ ရန်နိုင်စိန်၊ စိန်ဝေလျှံ၊ သောတမောင်တို့၏ သီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာ၏” လို့ မြန်မာ့ဂီတရေစီးကြောင်းက ညွှန်းဆိုတယ်။

နာမည်ကြီး သီချင်းတွေဖြစ်တဲ့ မေ၊ နွဲ့ဆိုး၊ စိမ်းလဲ့ကန်သာ၊ ဆောင်းအမီ၊ စမ်းရေအိုင်၊ ဖိုးသာအောင်၊ တောင်တော်သခင်မ၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် စတဲ့သီချင်းတွေ ထွက်ပေါ်ခဲ့။

စစ်ပြီးခေတ်ကနေ ၁၉၆၀ အထိ ဓာတ်ပြားလောက အတီးပိုင်းမှာ ရွှေပြည်အေး၊ အေဝမ်းခင်မောင်၊ ဂီတလုလင်မောင်ကိုကို၊ စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ် စသူတို့ ပေါ်ထွန်းလာ။

ထိုကာလသီချင်းတွေထဲ နဘေထပ်တွေ ထင်ရှား။ “ပျင်းတယ်ကွဲ့ နှင်းနွယ်၊ ဘာရမလဲ သာဝရာ၊ လာသေးတယ် သာအေးရယ်၊ မြို့ကိုခင်တဲ့ပျို့ကိုရင်၊ ချောင်းရေနဲ့လောင်းလှေ၊ ပန်းပန်ရင် နန်းဆန်တယ်တော့်၊ ပျိုလေးရဲ့ညိုထွေး၊ ခက်တယ်ကွဲ့ သက်လယ်။

ထိုကာလသီချင်းတွေထဲ နဘေထပ်တွေ ထင်ရှား။ “ပျင်းတယ်ကွဲ့ နှင်းနွယ်၊ ဘာရမလဲ သာဝရာ၊ လာသေးတယ် သာအေးရယ်၊ မြို့ကိုခင်တဲ့ပျို့ကိုရင်၊ ချောင်းရေနဲ့လောင်းလှေ၊ ပန်းပန်ရင် နန်းဆန်တယ်တော့်၊ ပျိုလေးရဲ့ညိုထွေး၊ ခက်တယ်ကွဲ့ သက်လယ်။

အလွန်အနုပညာမြောက်တဲ့ ကျေးစေတမန်၊ မိုး၊ ချစ်ဆိပ်ရည်၊ ဝေးပြီခင်ရေ၊ မေ့ကွက်ကိုရှာ သီချင်းများလည်း ထွက်ပေါ်ခဲ့။

၁၉၆၀ ကနေ ဆယ်စုနှစ်တခုကြာ ကာလကတော့ ရောင်းတမ်းဓာတ်ပြား ရွှေခေတ်လို့ စန္ဒရားလှထွတ်က မှတ်တမ်းပြုခဲ့တယ်။ ဆယ်စုနှစ်ကြာ ရောင်းတမ်းဓာတ်ပြား ရွှေခေတ်မှာ ဝင်းဦး၊ တွံတေးသိန်းတန်နဲ့ မာမာအေးတို့ တခေတ်ဖြစ်ခဲ့ပြီး ဝင်းဦးက မြို့ပရိသတ်အကြိုက်၊ တွံတေးသိန်းတန်က ကျေးလက်ပရိသတ်အသည်းစွဲ၊ မာမာအေးကတော့ ဈေးကွက်နှစ်ခုစလုံးဝင်တဲ့ တဦးတည်းသော အဆိုတော်ဖြစ်ခဲ့တယ်။

တွံတေးသိန်းတန်

ရောင်းတမ်းဓာတ်ပြားခေတ်က ကျေးလက်ပရိသတ်အသည်းစွဲ “ဟစ်” ဖြစ်ခဲ့သူက တွံတေးသိန်းတန်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလ ၁၉၆၀ ပြည့်နှစ်တဝိုက်မှာ တွံတေးသိန်းတန်ဆိုတဲ့ ထွေးညိုသီချင်းဟာ မြန်မာတနိုင်ငံလုံးအနှံ့ အထူးသဖြင့် ကျေးလက်ဒေသကို လွှမ်းမိုးသွားခဲ့တယ်။

“ပန်းစပယ် ဪ နန်းအလယ် မပေါ်ခိုက်ဟာမို့

အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကိုကုံးရတယ်

ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

မျှော်လင့်ရည်မှန်းထားတဲ့ ပန်းတိုင်အသွယ်သွယ်

ရလာတဲ့တနေ့ဝယ် တေးဆိုကာကွယ်

ဪ ထွေးညိုကိုချော့ဖို့ သော့သော့လာခဲ့မယ်

အခုများတော့ တိုင်းပြည်ဝန်ထမ်းလျက်မို့

ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်”

ဒီသီချင်းနဲ့အောင်မြင်တော့ တွံတေးသိန်းတန်က မြန်မာ့အသံဝန်ထမ်း။ “နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁ ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက် ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့သည်။”

တွံတေးသိန်းတန်ရဲ့ ဂီတဘဝအစကို ဝီကီဒီးပီးယားက ခုလိုဖော်ပြတယ်။ “တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ) မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁ ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၂ နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတရာ အညှာတခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။”

တွံတေးသိန်းတန်နဲ့ ခေတ်ပြိုင်တွေက ဝင်းဦး၊ မာမာအေး။ ၁၉၆၀ ပြည့်နှစ်များပတ်လည်မှာ ဝင်းဦးက ဂစ်တာကိုင်ပြီး မီးပုံပွဲ၊ မမမိုးသီချင်းတွေဆိုကာ ရုပ်ရှင်နဲ့ဂီနယ်ပယ်မှာ ပေါ်ခဲ့တယ်။ တွံတေးသိန်းတန်ကလည်း မယ်ဒလင်တလက်နဲ့ သီချင်းတွေရေးစပ်သီဆိုရာက ထွေးညိုသီချင်းနဲ့ တိုင်းသိပြည်သိအဆိုတော် ဖြစ်တယ်။ တချိန်တည်းမှာပဲ မာမာအေးကလည်း သီချင်းအစုံဆိုပြီး ဟစ်ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် စန္တယားလှထွတ်က သူ့မြန်မာ့ဂီတရေစီးကြောင်းစာအုပ်ထဲမှာ ခုလို မှတ်တမ်းတင်ရေးခဲ့တယ်။

“၁၉၆၀ မှစသည့် ဆယ်စုနှစ်များသည် ဝင်းဦးခေတ် ဖြစ်လာသည်။ မာမာအေးခေတ်ဟူ၍လည်း ပြောနိုင်သည်။ တွံတေးသိန်းတန်ခေတ်ဟု ပြောလျှင်လည်း မည်သူမျှမငြင်းနိုင်။”

၁၉၆၀ ကစတဲ့ ရောင်းတမ်းဓာတ်ပြား ခေတ်ကြောင့်လည်း ဓာတ်ပြားရ အဆိုတော်တွေ အမြောက်အမြား ထွက်ပေါ်ခဲ့တယ်။ မာမာအေး၊ တင်တင်မြ၊ ချစ်စပယ်၊ သန်းသန်းဆင့်၊ ဌေးဌေးမြင့်၊ ချိုပြုံး၊ ကြည်ကြည်ဝင်း၊ မေလှမြိုင်၊ မြင့်မြင့်ရှိန်၊ ဒေါ်မေစီ၊ ခင်သစ်လွင်၊ ညွန့်ညွန့်စိန်၊ မြသက်မူ၊ အေဝမ်းတင်တင်လှ၊ လှလှရီ၊ ဝင်းဦး၊ တွံတေးသိန်းတန်၊ မင်းနောင်၊ သန်းလှိုင်၊ စန္တယားချစ်ဆွေ၊ သန်းဖေလေး၊ မျိုးမြင့်လေး၊ ကိုထွန်းရွှေ၊ ကိုကျော်ရှိန်၊ ရဲဘော်သိမ်းဆောင်၊ ကိုမင်းသူ၊ ညွန့်ဝင်း၊ မောင်မောင်ကြီး၊ တပ်ကြပ်ကြီးညွန့်ခင်၊ မောင်မောင်ညွန့်၊ ကိုကျော်ညွန့်၊ ဓနုဖြူစိုးသိန်း၊ မေမြို့ခင်မောင်မြင့်၊ ရဲဘော်ခင်မောင်လှ၊ အကော်ဒီယံအုန်းကျော်၊ ရွှေမြိုင်မောင်အုန်း၊ စန္တယားထွန်းညွန့်၊ ဟင်္သာတထွန်းရင်၊ ဟင်္သာတာအောင်တင်ဝင်း၊ အညာသားအေးလွင်၊ လက်ပံတန်းသန်းသန်းတင်၊ သန်းထွန်းလေး စတဲ့သူတွေဟာ ဓာတ်ပြားအဆိုတော်တွေ ဖြစ်ခဲ့တယ်။

ပန်းနွယ်ကစိမ်း ရုပ်ရှင်

ရောင်းတမ်းဓာတ်ပြား ရွှေခေတ် (၁၉၆၀-၇၀) ကို “တောကြိုက်၊ မြို့ကြိုက်၊ ဘိုသံ၊ မြန်မာသံ၊ အချစ်၊ အလွမ်း၊ အပျော်၊ အမျှော် အစရှိသော တေးသီချင်းပေါင်းစုံတို့ကို ရေးစပ်သီဆို ထွက်ပေါ်ခဲ့ကြရာ မြန်မာ့ဓာတ်ပြား လောကသည် အရောင်အသွေးစုံ မြန်မာ့အလှပန်း အများဆုံးပွင့်လန်းသော ဂီတဥယျာဉ်ကြီးပမာ ဖြစ်ခဲ့ပေသည်” လို့ မြန်မာ့ဂီတရေစီးကြောင်းမှာ အနားသတ်ထားတယ်။

၁၉၆၀-၇၀ အတွင်း ရောင်းတမ်းဓာတ်ပြား ရွှေခေတ်မှာ တွံတေးသိန်းတန်ဟာ အဆိုတော်အဖြစ် အောင်မြင်ရုံသာမကဘဲ တေးပြုစာဆို ထိပ်တန်းစာရင်းဝင်လည်း ဖြစ်ခဲ့တယ်။ ဓာတ်ပြားသီချင်း အရေးရဆုံး တေးရေးဆရာတွေက ကိုသက်ဦး၊ လင်းခေးလုလင်၊ သောင်းတင်ဌေး၊ ကိုလေးညွန့်၊ တွံတေးသိန်းတန်၊ ကိုလှမိုး၊ ကျော့မှူး၊ ရဲသီဟတင်အောင်၊ ကိုဝင်းစိုး၊ ကိုညွန့်ဝေ၊ ဆရာညှာနဲ့ ကိုလေးလွင်တို့ ဖြစ်ကြတယ်။

၁၉၆၀-၇၀ အတွင်း ရောင်းတမ်းဓာတ်ပြား ရွှေခေတ်မှာ တွံတေးသိန်းတန်ဟာ အဆိုတော်အဖြစ် အောင်မြင်ရုံသာမကဘဲ တေးပြုစာဆို ထိပ်တန်းစာရင်းဝင်လည်း ဖြစ်ခဲ့တယ်။ ဓာတ်ပြားသီချင်း အရေးရဆုံး တေးရေးဆရာတွေက ကိုသက်ဦး၊ လင်းခေးလုလင်၊ သောင်းတင်ဌေး၊ ကိုလေးညွန့်၊ တွံတေးသိန်းတန်၊ ကိုလှမိုး၊ ကျော့မှူး၊ ရဲသီဟတင်အောင်၊ ကိုဝင်းစိုး၊ ကိုညွန့်ဝေ၊ ဆရာညှာနဲ့ ကိုလေးလွင်တို့ ဖြစ်ကြတယ်။

ဒီထဲမှာ တွံတေးသိန်းတန်ရဲ့ ထွေးညို၊ ပြေးကြိုတော့ထွေးညို၊ စောင်းသံတိတ်မှအိပ်ပါကွယ်၊ မြသီတာအကြိုထောက်ပေမယ့်၊ နှမလက်လျှော့နေလေတော့၊ အမေဆူရင်ငါ့ဆီပြေး၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မျှော်ရပါကြောင်း နွေမိုးဆောင်း၊ မေတ္တာမီးအိမ်၊ အချစ်တပွဲ စစ်ပွဲတရာ၊ ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်၊ ချစ်ရတုထံတျာ၊ ချယ်ရီလက်ဆောင်ပေးသူရေ စတဲ့သီချင်းတွေကို ကျေးလက်က ဆိုဟန်ဆိုပေါက်နဲ့တကွ အလွတ်ရခဲ့ကြတယ်။

ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာ ဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတပုဒ်ဇာတ်ကားကို ဆက်လက် ရိုက်ကူးသည်။ ဂီတကနေ ရုပ်ရှင်ကို ကူးပြောင်းရောက်ရှိသွားပုံကို အွန်လိုင်းအဘိဓာန်က ခုလိုပြဆိုတယ်။

၁၉၆၀-၁၉၇၀ ကာလက ဓာတ်ပြားခေတ်မှာ သူက ဓာတ်ပြားသီချင်းတွေသာမကဘဲ ဓာတ်ပြား ဇာတ်ထုပ်တွေနဲ့လည်း လူကြိုက်များခဲ့တယ်။ တွံတေးသိန်းတန်ရဲ့ ထွေးညို ဇာတ်လမ်းဟာ သူ့ခေတ်သူ့အခါက အင်မတန် လူကြိုက်များခဲ့တယ်။ “ဒီစနစ်ဆိုးတွေကိုကွယ် ကျောမွဲများအတွက် တိုက်ဖျက်ပစ်ပါမယ်” ဆိုတဲ့စာသားဟာ ကျေးလက်လူထုဘက်က ရဲဝံ့စွာ ဟစ်ကြွေးခဲ့တဲ့အသံ ဖြစ်ခဲ့တယ်။

တွံတေးသိန်းတန်ရဲ့ ဆိုပေါက်ဆိုဟန်သာမကဘဲ သူ့ရဲ့အပြော “လေ” ကိုလည်း ပရိသတ် စွဲလန်းခဲ့တယ်။ “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့ ဇာတ်ကောင်တယောက်ရဲ့ ကြုံးဝါးသံဟာ လူတိုင်းပါးစပ်ဖျား ရေပမ်းစားခဲ့တယ်။ တွံတေးသိန်းတန်သီချင်းတွေေ အောင်မြင်တုန်းက သူ့အသံသူ့ဆိုဟန်အတိုင်း လိုက်ပြီး တုပသီဆိုကြတော့ သူစိတ်ညစ်ခဲ့တယ်။ “ဒုတိယသိန်းတန်တွေ ဖြစ်ကုန်တာပေါ့” လို့ ညည်းတွားဖူးပါသတဲ့။

မောင်မိုးသူရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် စာအုပ်မှာ တွံတေးသိန်းတန်ကို လွမ်းလို့စီတဲ့ စာလည်းပါတယ်။ အင်မတန်စိတ်ဝင်စားဖို့ ကောင်းတာတွေ ဖတ်ရတယ်။ မောင်မိုးသူနဲ့ မောင်မောင်မြင့်တို့က ဒါရိုက်တာလုပ်ပြီး ရိုက်မယ့် ဇာတ်ကားတကားမှာ မင်းသားက တွံတေးသိန်းတန်၊ မင်းသမီးက ခင်သန်းနု။ ရိုက်ကွင်းတည်တာက ငပလီမှာ။ ငပလီမှာ ၅၅ ရက်ကြာ သွားရိုက်ခဲ့ကြတာပါ။

ပင်လယ်လှိုင်းတွေက နေ့ဘက်မှာ ကားသံ၊ လူသံတွေနဲ့ သိပ်မသိသာပေမယ့် ညကျ လှိုင်းပုတ်သံက အင်မတန်ကျယ်တယ်။ အဲဒီလှိုင်းပုတ်သံတွေကိုကျော်ပြီး တွံတေးသိန်းတန်က မောင်မိုးသူတို့ကို မယ်ဒလင်နဲ့ သီချင်းဆိုပြပါသတဲ့။ နာမည်ကျော် မေတ္တာမီးအိမ်သီချင်း။

“ညမှောင်မှောင်

လမှောင်မှောင်

ကြယ်ရောင်သော် မလင်းခဲ့

ချိန်းခဲ့တဲ့ ညတုန်းကပေါ့ကွယ်

ချစ်သူလာသောညက ရွှေလသာပါတယ်

ချစ်သူမလာသော ခုည

ရွှေလ ဘယ်ကိုရောက်နေသလဲကွယ်”

အဲဒီသီချင်းကို တွံတေးသိန်းတန်က လှိုင်းပုတ်သံကိုကျော်ပြီး အော်ဆိုပြခဲ့တာပါ။ မောင်မိုးသူက “တွံတေးအသံက အလွန်ပေါက် အလွန်ရောက်တဲ့ အသံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂီတပညာရှင်တဦးရဲ့ ပြောကြားချက်ကတော့ တွံတေးဟာ Pitch ကုန်အောင် အော်နိုင်တယ်။ တော်တော် အော်နိုင်တယ်ဆိုတဲ့ အဆိုတော် တယောက်လောက် အော်နိုင်တဲ့အသံရဲ့ ဟိုဘက်ရောက်အောင် ဆိုနိုင်တဲ့လူလို့ မှတ်ချက်ချတာကို ကြားဖူးပါတယ်” လို့ ရေးခဲ့တယ်။

အဲဒီသီချင်းကို တွံတေးသိန်းတန်က လှိုင်းပုတ်သံကိုကျော်ပြီး အော်ဆိုပြခဲ့တာပါ။ မောင်မိုးသူက “တွံတေးအသံက အလွန်ပေါက် အလွန်ရောက်တဲ့ အသံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂီတပညာရှင်တဦးရဲ့ ပြောကြားချက်ကတော့ တွံတေးဟာ Pitch ကုန်အောင် အော်နိုင်တယ်။ တော်တော် အော်နိုင်တယ်ဆိုတဲ့ အဆိုတော် တယောက်လောက် အော်နိုင်တဲ့အသံရဲ့ ဟိုဘက်ရောက်အောင် ဆိုနိုင်တဲ့လူလို့ မှတ်ချက်ချတာကို ကြားဖူးပါတယ်” လို့ ရေးခဲ့တယ်။

ဘဝတကွေ့ မူလတန်းကျောင်းဆရာဘဝ ဖြတ်သန်းခဲ့စဉ်က တွံတေးအသည်းစွဲ ကျေးလက် ကျောင်းဆရာတဦးနဲ့ဆုံတော့ ကျနော့်ကို သူပြောပြဖူးတယ်။ “ရွာမှာအလှူတို့၊ မင်္ဂလာဆောင်တို့ရှိရင် အသံချဲ့စက်ဖွင့်တယ်၊ လော်စပီကာကြီးကို နီးရာသစ်ပင်ထိပ်ဖျားမှာတင်ပြီး တရွာလုံးသာမက ပတ်ဝန်းကျင်ရွာတွေပါ ကြားအောင် ဖွင့်တယ်၊ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ သန်းထွန်းလေး အသံမြည် အသံစူးတဲ့ အဆိုတော်တွေရဲ့ ဓာတ်ပြားသီချင်းတွေကို ကြိုက်ကြတယ်။

ညနေပိုင်းကျ ထွေးညိုတို့၊ တောကရွှေဧည့်သည်တို့၊ စိုးမိုးမေတ္တာတို့ ငါးပြားတွဲ ပြဇာတ်တွေ ဖွင့်တယ်။ ရက်ပေါင်းများစွာ လပေါင်းများစွာ ခဏခဏကြားရတော့ အလွတ်ရကုန်ကြတယ်။ ‘သာဒင်ကိုဘာထင်သလဲ’ တို့၊ ‘ကိုသိန်းတန် … ကိုသိန်းတန် … စိုး သင်္ဘောပေါ်တက်ခဲ့မယ်နော်’ တို့၊ ‘ကြာကူလီသစ္စာဖောက် ဘခက်’ တို့ ဆိုတာတွေက ကလေးဘဝကတည်းက ပြဇာတ်ခင်းနိုင်ခဲ့တာ။

ဟော ညပိုင်းကျတော့ လူကြီးတွေအတွက် ရွှေကျီးညိုပဲခူးမြ၊ ရွှေမန်းတင်မောင်၊ ပန်တျာကြည်လင် ဇာတ်ထုပ်တွေ ဖွင့်ပေးရတယ်။”

ကျေးလက်အသည်းစွဲအဆိုတော် ဇာတ်ထောင်တော့လည်း အောင်မြင်တယ်။ “၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။”

ဂန္တဝင်သီချင်းကောင်းတွေလည်း ရေးသားစပ်ဆိုခဲ့တယ်။ “ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတရာ အညှာတခု၊ အမေ့ပါးက သနပ်ခါးတို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင်ကျန်ရစ်သည်။”

လုံးချင်းဝတ္ထုတွေလည်း ရေးခဲ့တယ်။ “တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် ၂၀ ခန့်အထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်ကစနေ စသော ဝတ္တုစာအုပ်များက ထင်ရှားသည်။”

တသက်တာ ကာလပတ်လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ ခု၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

သူဆုံးတော့ ကျေးလက်တောရွာတွေမှာ ဆုံးတဲ့နေ့ကနေ ခုနစ်ရက်တိုင် တွံတေးသိန်းတန် သီချင်းတွေ ဆိုကြတီးကြ သူ့ဓာတ်ပြားသီချင်းတွေ ဇာတ်ထုပ်တွေ ဖွင့်ကြနဲ့ သူတို့ချစ်တဲ့ အဆိုတော်ကို အောက်မေ့ ဂုဏ်ပြုခဲ့ကြတယ်။ အစားထိုး အစားဝင်လို့မရနိုင်တဲ့ အနုပညာရှင်ပါ။

“ဒီနေ့ထိတိုင် လူသာသေတယ်၊ အသံမသေတဲ့ ဂန္တဝင်အဆိုတော် တဦးဟုသာ”။

ကိုးကား
-မြန်မာ့ဂီတရေစီးကြောင်း – စန္ဒယားလှထွတ်
-မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၂၀၁၆)
– အောင်မြင်သော မြန်မာအနုပညာရှင်များ – ကာတွန်းဝင်းအောင်

You may also like these stories:

တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်၂၀ ပြည့် သိက္ခာထပ်အလှူပေးခဲ့တဲ့ ရွှေရည်သိန်းတန်

ထီပေါက်သလို အိမ်ထောင်ရေးကြောင့် လူဖြစ်ရကျိုးနပ်ပြီဆိုတဲ့ အဆိုတော် ရွှေရည်သိန်းတန်

အဆိုတော် ဗညားဟန်နဲ့ တွေ့ဆုံခြင်း

Your Thoughts …
Tags: ဂီတဇာတ်သဘင်တွံတေးသိန်းတန်ထွေးညိုဓာတ်ပြားခေတ်မာမာအေးရုပ်ရှင်ဝင်းဦးအနုပညာ
ကိုရွှေအောင်

ကိုရွှေအောင်

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.9k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

by ဧရာဝတီ
7 August 2025
9.2k

အရေးကြီးတာက တော်လှန်ရေးအတွက်ဖြစ်သွားတော့ အနုပညာအတွက် အများကြီးမျှော်လင့်မထားဘူး။ နံပါတ်တစ်က ရန်ပုံငွေရှာပေးချင်တယ်။ တော်လှန်ရေးအတွက် လိုအပ်နေတာ ရန်ပုံငွေပဲ။ ဒီပိုက်ဆံတွေနဲ့ပဲ ကျန်းမာရေးအတွက်၊ စစ်ရှောင်တွေအတွက် ဗုံးကြဲလို့ပျက်စီးသွားတဲ့ ကျောင်းတွေ ဆောက်ပေးလို့ရတယ်။

အနုပညာနယ်ပယ်စုံမှာ စစ်တပ်ထောက်ခံသူတွေ ကြီးစိုးလာ

အနုပညာနယ်ပယ်စုံမှာ စစ်တပ်ထောက်ခံသူတွေ ကြီးစိုးလာ

by ဧရာဝတီ
22 December 2025
8.1k

စစ်ကော်မရှင်လက်ထက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသည် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ထက် စစ်တပ်၏ ဝါဒဖြန့်ချိပေးရာ၊ အနုပညာရှင်များနှင့် စစ်တပ်အကြား ချိတ်ဆက် ဆက်သွယ်ပေးရသော နေရာတခု ဖြစ်လာပြီး စစ်တပ်နှင့်နီးစပ်သော အနုပညာရှင်များက သူ့ထက်ငါအပြိုင် လိုချင်သည့်နေရာ ဖြစ်လာကြောင်း ရုပ်ရှင်လောကသားများက ဆိုသည်။

သူပုန်ဖြူကို လေ့လာခြင်း

သူပုန်ဖြူကို လေ့လာခြင်း

by အမောင်
30 May 2025
7.3k

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

by Hannah Beech
20 July 2024
6.7k

"မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်"

Next Post
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း / ဧရာဝတီ

NLD စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှုပုံများ

ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှု ၁၆ ဦး သေဆုံး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved