• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ထီပေါက်သလို အိမ်ထောင်ရေးကြောင့် လူဖြစ်ရကျိုးနပ်ပြီဆိုတဲ့ အဆိုတော် ရွှေရည်သိန်းတန်

by မန်းသူ
9 May 2018
in Entertainment
A A
အဆိုတော် ရွှေရည်သိန်းတန်နဲ့ ခင်ပွန်းဖြစ်သူ နေလ / ရွှေရည်သိန်းတန်ဖေ့စ်ဘုတ်

အဆိုတော် ရွှေရည်သိန်းတန်နဲ့ ခင်ပွန်းဖြစ်သူ နေလ / ရွှေရည်သိန်းတန်ဖေ့စ်ဘုတ်

27.8k
VIEWS
Share on FacebookShare on Twitter

ဖခင် တွံတေးသိန်းတန်ရဲ့ သီချင်းများနဲ့ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားပြီး ဂီတလောကမှာ ရပ်တည်နေတဲ့ အဆိုတော် ရွှေရည်သိန်းတန်က “များသော အားဖြင့် ရွှေရည့် ဘဝမှာ ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက် ဖြစ်ရပါတယ် ” လို့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုပါတယ်။

ရွှေရည်သိန်းတန်က ဖခင်ဖြစ်သူ အဆိုတော်ကြီး တွံ့တေးသိန်းသိန် သီချင်းများကို အဆိုများပြီး အားပေးမှုများခဲ့သူ တယောက် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ” အဖေ့သီချင်းတွေကြီးပဲ ဆိုပြန်တော့လည်း ဘာပြောကြလဲဆိုတော့ ဒီလောင်း ရိပ်အောက်က ရုန်းမထွက်နိုင်ဘူးလားလို့ မေးကြတယ်။ တကယ်က ရုန်းမထွက်တာမဟုတ်၊ ရုန်းမထွက်ချင်တာပါ။ မှန်တာ ပြောရရင် ရွှေရည့်နာမည်နောက်မှာ သိန်းတန်ပါနေသမျှ ရုန်းထွက်လို့မရဘူးပေါ့ ။ ကိုယ်အောင်မြင်တာ ၊မအောင်မြင်တာထက် အဖေတို့ ၊ အမေတို့ အတွက်ရပ်တည်ပေးရတယ် ဆိုတဲ့စိတ်လေးနဲ့ပဲ ရွှေရည်လှုပ်ရှားပါတယ်” လို့ ရွေရည်သိန်း တန် က ပြောပြခဲ့ပါတယ်။

ရွှေရည်သိန်းတန်က အဲဒီခံစားချက်တွေကြောင့်လည်း ပါဝင်သလို အသစ်များကိုလည်း တောင့်တတတ်တဲ့ ပရိသတ်အတွက် ဒီလထဲမှာပဲ သီချင်းအသစ်စက်စက်များနဲ့ “သံမဏိလိပ်ပြာနှင့် နယ်ခြားအလွမ်း”ဆိုတဲ့ တေးစီးရီးခွေ ထွက်ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ ရွှေရည်ဘာလုပ်လုပ် ဖေဖေ့အရိပ်အငွေ့လေး ပါချင်တာရယ်ကြောင့် ပွဲတွေမှာ အတောင်းခံ ရဆုံး “ပျင်းတောင်ပျင်းသေးတယ်” သီချင်းလေးတပုဒ်တော့ ပြန်ထည့်ထားပါတယ် ။ ဒါပေမဲ့ ယောက်ကျားလေး စာသားတွေနဲ့ဆိုတော့ ဆိုရတာ ကျောမလုံလို့ ဖေဖြိုး(တေးရေး ဖြိုးသီဟ)ရေ သမီးကို အဲဒီသီချင်းကို မိန်းကလေးဘက်ကနေ ခံစားပေး ပါဦး ဆိုပြီးပူဆာပြီးတော့ သီချင်းလေးပြန်ထည့်ဖြစ်တာတစ်ခုပဲ”လို့လည်းရွှေရည်က ဆိုပါတယ်။

ဒါ့အပြင် ဂီတပိုးကြောင့် ရွှေရည်သိန်းတန်နဲ့ ဖူးစာဆုံခဲ့ပေမယ့် ရွှေရည်သိန်းတန်ရဲ့ ဂီတအလုပ်အတွက်သာ ဘေးကနေ ထောက်ပံ့ပေးနေတဲ့ ခင်ပွန်းဖြစ်သူ နေလနဲ့ ပတ်သက်ပြီးလည်း ရွှေရည်က “သူ့စိတ်နဲ့သူပါ ။ သူကစီးပွားရေးကိုပဲ ဇောက်ချ လုပ်ချင်သွားတယ်လေ ။ သူ့မှာစိတ်တခုရှိတာက ဘယ်အသက်အရွယ် အပိုင်းအခြားမှာ ဘယ်နေရာရောက်ရမယ်။ ဘယ်အသက်အရွယ်အပိုင်းအခြားမှာ ဘာလုပ်ပြီးသားဖြစ်ရမယ်ပေါ့ ။ သူအရင်က အနုပညာဝါသနာပါခဲ့တယ်။ အနုပညာ ကို တစိုက်မတ်မတ်လုပ်ဖို့ကျတော့ သူ အချိန်မပေးချင်တော့ဘူး ။ ဒါပေမဲ့ ရွှေရည်ကလေ သူ့ကိုဘာဖြစ်စေချင်လဲဆိုတော့ သူ့ကို သီချင်းဆိုစေချင်တယ် ။ ဒါကိုလည်း သူ့ကို တော်တော်ကြီး တိုက်တိုက်တွန်းတွန်း ပြောနေရတယ် ။ သီချင်းလည်း ဆိုတတ်တယ် ။ အခံလည်းကောင်းပါရက်နဲ့ ရွှေရည့်ကိုလေ ဘာလို့ ပေးမဆိုတာလဲလို့ပဲ ပြောကြတယ် ။ အဲဒီလိုပဲ မြင်ကြ တယ် ။ ရွှေရည်ကမခိုင်းလို့လားပေါ့ ။ သူက ဆေးလိပ်မသောက်တတ်၊ အရက်မသောက်တတ်၊ လဘက်ရည်ဆိုင်မထိုင်တတ်ဘူးဆိုလည်း မရွှေရည်က ခွင့်မလွှတ်လို့လား ၊မိန်းမကိုကြောက်တာလားလို့ မေးကြတယ်။ ရွှေရည်လေ ဒီနေ့ဒီအချိန်ထိ မလုပ်ရဘူးဆိုတဲ့စကား သူ့ကိုတခါမှ မပြောဘူးဖူး ။ နောက်ဆုံး ကိုယ့်ကံတရားကိုလည်း ကိုယ်မယုံကြည်ဘူး ။ တခုခု ခြေချော် ၊လက်ချော်ဖြစ်သွားခဲ့ရင်လည်း ကိုယ့်ကံပဲလို့ ရွှေရည် ခံစားထားတာဖြစ်တဲ့အတွက် သူ့ကို အုပ်စိုးဖို့ ရွှေရည်တခါမှ မကြိုးစားဘူး ။ အမြဲတမ်း ယောက်ကျားစိတ်ချမ်းသာမယ်ဆို လုပ်ပါ ပေါ့” လို့ အမျိုးသားနဲ့ပတ်သတ်တဲ့ပြီး ဆိုပါတယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
106
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
304
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k
အဆိုတော်ရွှေရည်သိန်းတန်/မန်းသူ

ယောကျာ်း ဖြစ်သူ နေလ ကိုကြင်စဦးတုန်းကလို မဟုတ်ဘဲ စိတ်ချနိုင်သွားပြီလားဆိုတာနဲ့ ပတ်သတ်ပြီး ရွှေရည်က “စိတ်ချသွား ပါပြီ ။ သူ့ရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာစိတ် ရှိနေတာကိုက ပြောရမယ်ဆိုရင် အိမ်ထောင်သည် ယောကျာ်း တယောက်ရဲ့ ကိုယ်ချင်းစာစိတ်ဟာ မိန်းမတယောက်အတွက် ထီပေါက်သလိုပါပဲ။ ရွှေရည် ဒီလိုပဲခံစားတယ်။သူ့မှာကိုယ်ချင်းစာစိတ်ရှိနေတဲ့အတွက် တစုံတခု ကပျက်ကချော် ဖြစ်သွားခဲ့သည့်တိုင်အောင် သူ့ကို ရွှေရည်အပြစ်ပြောမှာ မဟုတ်ဘူး ။ နောက်ထပ် သာယာမှုလည်း ရွှေရည့်မှာ ရှိတော့မှာမဟုတ်ဘူး ။ ဘာလို့လည်းဆိုတော့ ရွှေရည်လူ ဖြစ်ရကျိုးနပ်သွားပြီ ။ ကိုယ့် အပေါ်ကောင်းတဲ့ ၊ကိုယ်ချင်းစာစိတ်ရှိတဲ့ အိမ်ထောင်ဖက်နဲ့ အတူဘုရားလည်းတည်ပြီးသွားပြီ။ အဲဒီခံစားချက်က ဘာနဲ့မှမတူတဲ့တဲ့အတွက် လူဖြစ်ရကျိုးနပ်သွားပါပြီ”လို့ ဧရာဝတီကို ဖြေခဲ့ပါတယ်။

ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံက ဖခင်ကြီးတွံတေးသိန်းတန်ရဲ့ ဇာတိချက်ကြွေ ရှမ်းစုကြီးကျေးရွာမှာ ဧပြီ ၂၉ရက်၊ကဆုန်လပြည့်နေ့က”အပရာဇိတရွှေကံမြင့် ဆုတောင်းပြည့်ရှမ်းစေတီ”ကို ရွာဦးစေတီအဖြစ်တည်ထား လှူဒါန်းခဲ့တယ်လို့ လည်း သိရပါတယ်။

Your Thoughts …
Tags: ရွှေရည်သိန်းတန်ရဲ့ အိမ်ထောင်ရေး
မန်းသူ

မန်းသူ

Similar Picks:

No Content Available
Next Post
မင်းသားကြီး Tom Hanks ပါဝင်ထားတဲ့ Big ရုပ်ရှင်ကား

မင်းသားကြီး Tom Hanks ရဲ့ ပရိသတ်တွေ ပြန်လည် ကြည့်ရှုခံစားသင့်တဲ့ Big (1988)

မင္းသမီး Cate Blanchett

ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒါရိုက်တာနှစ်ဦးအတွက် ဖြေလျော့ စဉ်းစားပေးမည်ဟု မင်းသမီး Cate Blanchett ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved