• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှု ၁၆ ဦး သေဆုံး

by ဧရာဝတီ
29 October 2022
in သတင်း
A A
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှုပုံများ

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှုပုံများ

20.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရုံးကို အာဏာသိမ်း စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းမှုတွင် လူ ၁၆ ဦး သေဆုံးပြီး ငွေကျပ် သိန်း ၁,၇၀၀ ကျော်ကို စစ်တပ်က ယူဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် ပုလဲမြို့နယ်၊ ဖလံပင်ရွာ အနီးတဝိုက် အခြေစိုက်သည့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရုံး (ပ.အ.ဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ပြီး စီးနင်းဝင်ရောက်ခဲ့ရာ ကောက်ခံရရှိထားသည့် အခွန်ငွေ သိန်း ၁,၇၀၀ ကျော် ပါသွားခဲ့သလို ၁၆ ဦးထိ သေဆုံးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ယင်းနေ့က စစ်တပ်သည် ရဟတ်ယာဉ် ၁ စီးဖြင့် ဝေဟင်မှ ပစ်ခတ်ပြီး ၂ စီးက ကပ်လျက် ရွာများ ဖြစ်သည့် ဖလံပင်ရွာ၊ သဲပြင်ကျယ်ရွာနှင့် အိုင်းမကျေးရွာများ တဝိုက်တွင် ၂ ကြိမ်တိုင် စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို ချထားပြီးမှ ပ.က.ဖ ရုံးကို စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က ရဟတ် ယာဉ် တက်တယ်ဆိုတာ သတင်းရတယ်။ ရဟတ်ယာဉ်က တက်လာပြီး ကျော်သွားတာတွေလည်းရှိတော့ ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်လို့ ထင်သွားတာ။ ကိုယ့်ခေါင်းပေါ်ရောက်လို့ပစ်မှ စခန်းစီးတယ်ဆိုတာ သိတာပေါ့။ စခန်းရဲ့ အနီးဝန်းကျင် ပတ် ပတ်လည် လမ်းမကြီးတွေပေါ်ပါ ညှပ်ပူးညှပ်ပိတ် တပြိုင်နက်တည်း လူတွေ ချလိုက်တာ။ ပြေးလို့လည်း မရအောင် အပေါ်ကနေပြီး ပတ်ပစ်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်သွားသည့် အောက်တိုဘာ ၂၇ ရက်တွင် ရှင်းလင်းရေးများ ပြုလုပ်ရာ ရုပ်အလောင်း ၁၆ လောင်းကို ပ.အ.ဖ ရုံး၌ ၄ လောင်း၊ ရုံးနှင့် မနီးမဝေး နေရာများ၌ ၁၂ လောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ ပ.အ.ဖ ရုံး၌ ဖမ်းဆီးချုပ်နှောင်ထားသူ ၁၀ ဦး၊ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ ဖြစ်ပြီး လည်ပင်း လှီးဖြတ်ဒဏ်ရာများ၊ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီ လေကြောင်းက ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းလာချိန် အချုပ်သားများကို လွှတ်ပေးခဲ့သော်လည်း စစ်ကြောင်းဖြင့် ထိပ်တိုက်တိုးခဲ့သဖြင့် ၁၀ ဦးထိ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက “ချုပ်ထားတဲ့လူတွေကို တံခါးဖွင့်ပေးလိုက်တာ လွတ်ရာပြေးဖို့ပေါ့။ သူတို့ ပြေး တော့ ပြေးတယ်။ ဒါပေမဲ့ လေယာဉ်တွေနဲ့ လူတွေကို ပိတ်ချလိုက်တော့ မိသွားတာပေါ့။ တချို့ကျ ပြေးရင်းနဲ့ နေရာ ပေါင်းစုံက ကျည်တွေက ကျနေတာဆိုတော့ ရှေ့ဆက်မပြေးရဲတော့ဘဲနဲ့ စခန်းထဲ ပြန်ဝင်တော့ အဲဒီ လူတွေလည်း မိသွားကြတာပေါ့” ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ပျူတွေ၊ ဒလန်တွေမိရင် ကျနော်တို့က ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်။ သူတို့ စိတ် ထဲမှာ ငါတို့ အားကိုးတဲ့ စစ်တပ်က လာကယ်ရင် အေးရာအေးကြောင်းပဲလို့ ထင်လိမ့်မယ်။ ဒါပေမဲ့ အခု လက်တွေ့ပါပဲ။ ဒီ ပျူတွေ၊ ဒလန်တွေကိုပါ လည်လှီးသတ်သွားတာပဲ” ဟု ဆိုသည်။

ထို့ပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသည် တိုက်ပွဲအတွင်း သေဆုံးခဲ့သူ ၁ ဦးနှင့် ကျန် ၂ ဦးမှာ စစ်ကြောင်းနှင့် တိုးပြီး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသည့် ပြည်သူ ၃ ဦးအနက် ပစ်ခတ်မှုကြောင့် စာသင် ကျောင်းမှအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အဋ္ဌမတန်းကျောင်းသား ၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်သည် ပ.အ.ဖ ရုံးကို စီးနင်းပြီးနောက် အနီးရှိကျေးရွာများကို ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးရန် ကြိုးပမ်းလာရာ အောက်တိုဘာ ၂၆၊ ၂၇ ရက်များတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် လေယာဉ်ဖြင့်ပင် တပ်သားများကို ပြန်ခေါ်သွားကြောင်း၊ ယင်းသို့ ခေါ်ဆောင်စဉ် လေကြောင်း ပစ်ခတ်မှု ထပ်မံပြုလုပ်ခဲ့သေးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ပုလဲမြို့နယ်ထဲတွင် ၁ နှစ်ခန့်ကြာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီ ဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် လုပ်ငန်းရှင်များထံမှ ကောက်ယူထားသော ကုန်သွယ်ခွန်၏ ၃၀ ရာခိုင်နှုန်းကို လစဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ပေးဆောင်ရကြောင်း သိရသည်။

ယခု စီးနင်းခံရမှုတွင် NUG အား ယခင် ၂ လစာ ပေးဆောင်ရမည့် သိန်း ၆၀၀ ကျော်နှင့် ယခု အောက်တိုဘာ ၁ လ လုံး ကောက်ခံရရှိထားသည့် သိန်း ၁,၀၀၀ ကျော် စုစုပေါင်း သိန်း ၁,၇၀၀ ကျော်ကို စစ်ကောင်စီတပ်က ယူသွားခဲ့ သလို ရုံးတွင်းရှိ Laptop ၂ လုံး၊ Printer ၁ လုံးနှင့် Probox ကား ၁ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ယင်းအဖွဲ့ တာဝန်ခံက “အုပ်ချုပ်ရေးရော၊ ကာကွယ်ရေးအဖွဲ့ရုံးရော စီးနင်းခံရတော့ ပုလဲမြို့နယ်က ပြည်သူတွေ စိတ် အားငယ်မှု ဖြစ်သွားတာတော့ ခဏတဖြုတ် ဖြစ်ကြပါလိမ့်မယ်။ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မရှိနဲ့ ဘာမှလည်း အား ငယ်စရာ မဟုတ်ဘူး။ စီးနင်းမှုက ဆုံးရှုံးမှုများပေမယ့် ဆုံးရှုံးမှုနဲ့ကာမိအောင် နှစ်ဆထပ်ကြိုးစားရမှာပေါ့။ ကျနော်တို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ မပျက်သွားဘူး” ဟု ပြောသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ပတ်သက်၍ မည်သည့်တပ်ရင်း၊ တပ်မ ဟူ၍ မပြောနိုင် သော်လည်း မြို့နယ်အတွင်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်လေ့ရှိသည့် တပ်ဖွဲ့များမှာ တပ်မ (၇၇)နှင့် တပ်မ (၉၉) တို့ ဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၆ ရက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပုလဲမြို့နယ် ဖလံပင်ရွာ၊ မြောက်ယမားဆည်အနီးရှိ PDF စခန်းကို စီးနင်းစဉ် ဖမ်းခံထားရသည့် စစ်တပ်အရာရှိ ၁ ဦး၏ဇနီး အပါအဝင် အမျိုး သမီး ၇ ဦး၊ ကလေး ၄ ဦး၊ အမျိုးသား ၁၅ ဦး စုစုပေါင်း ၂၆ ဦးကို ကယ်ခဲ့သည့်အပြင် ကာကွယ်ရေးတပ်ဖွဲ့များက ရုံး အဆောက်အအုံကို ဖောက်ခွဲပြီး ထွက်ပြေးသဖြင့် ဖမ်းဆီးခံရသူများအနက် ဒဏ်ရာရသူများကို ဆေးကုသပေးနေ ကြောင်း ဆိုထားသည်။

ထို့ပြင် အောက်တိုဘာ ၂၅၊ ၂၆ ရက်များတွင် ဖလံပင်ကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို သွားရောက် တိုက်ခိုက်ရာတွင် PDF အဖွဲ့ဝင် ၁၅ ဦး သေဆုံးသည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည့် သတင်းများ ကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြနေကြသော်လည်း ကျပ်သိန်း ၁,၇၀၀ ကျော် ကိစ္စကိုမူ ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပေ။

စစ်ကောင်စီတပ် စီးနင်းမှုတွင် ဖလံပင်ရွာက နေအိမ် ၆ လုံးနှင့် သဲပြင်ကျယ်ရွာက နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီးခံရ ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ယခုနှစ် ဩဂုတ်လ ၂၅ ရက်ထိ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ဖျက်ဆီးခံခဲ့ရကြောင်း မီးလောင်ဆုံးရှုံးမှု အချက်အလက်များကို ကောက်ယူ စုဆောင်းနေသည့် Data For Myanmar က ထုတ်ပြန်ထားသည်။

You may also like these stories:

ဝက်လက်တွင် စစ်တပ်စီးနင်းမှု ၁ လအတွင်း ၆၀ ကျော် သေဆုံး

ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး သေဆုံးမှု ဒေသခံ ၁၅၀ ခန့် ဖမ်းခံရ

စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ကောင်စီနမခပ.အ.ဖ ရုံးပုလဲမြို့နယ်လေကြောင်းပစ်ခတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီအတွက် အရမ်းကို ဆုံးရှုံးမှု ကြီးမားပါတယ် (ရုပ်/သံ)

မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီအတွက် အရမ်းကို ဆုံးရှုံးမှု ကြီးမားပါတယ် (ရုပ်/သံ)

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ

တပတ်အတွင်း သတင်းစုံ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved