စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရာမှာ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေး မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာ ဝံသာဘိဝံသဟာ အောက်တိုဘာလ ၂၇ ရက်နေ့ ည ထိုင်းစံတော်ချိန် ၁၀ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အစိုးရဆေးရုံကြီးမှာ နှလုံးသွေးကြောပိတ် ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။
မြ၀တီမင်းကြီး ဆရာတော်ဟာ သက်တော်(၇၁) နှစ်၊ သိက္ခာတော်(၅၁) ဝါမှာ ဓမ္မဝါဒ ထွန်းကားပြန့်ပွါးရေးအတွက် သာသနာ ပြုရင်း ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပူးပေါင်းပြီး အဓမ္မဘက်က ရပ်တည်နေတဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အရှင်ဆေကိန္နတို့လို ဩဇာကြီးမားတဲ့ ဘုန်းကြီးတွေကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြီး ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











