• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝက်လက်တွင် စစ်တပ်စီးနင်းမှု ၁ လအတွင်း ၆၀ ကျော် သေဆုံး

by ဧရာဝတီ
27 October 2022
in သတင်း
A A
ဝက်လက်မြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူများ  / CJ

ဝက်လက်မြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူများ / CJ

2.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင် စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်မှုများကြောင့် ယခု အောက်တိုဘာလအတွင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၈၊ ၁၇၊ ၂၂ ရက်များတွင် စစ်ကောင်စီသည် ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သလို စစ်ကြောင်း ၂ ကြောင်းခွဲပြီး အင်အားအလုံးအရင်းဖြင့် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အမျိုးသမီး များအား အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကြောင်းများမှာ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ရွှေဘိုမြို့ အခြေစိုက် ခမရ (၁၁)၊ ခမရ (၁၂)၊ ခလရ (၄၂)၊ လေ့ကျင့်ရေး (၈) စစ်ကိုင်းမြို့အခြေစိုက် ခမရ (၁၃) တပ်များနှင့် ဒေသခံ ပျူစောထီးအဖွဲ့များ၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီး၊ တောင်အင်၊ ရေတော်၊ ဆီသည် ပျူစောထီးအဖွဲ့များနှင့် သပိတ်ကျင်းအခြေစိုက် အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးတပ်များက စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဝက်လက်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မြေသြဇာက “အခု ဒီလထဲမှာပဲ ကျနော်တို့ ဝက်လက်နယ်ထဲမှာ ပြည်သူရော၊ PDF ရော သေဆုံး၊ သတ်ဖြတ်ခံရတာ ၆၀ ကျော်လောက် ရှိနေပြီ။ အများဆုံးက လေကြောင်းကနေ တိုက် ခိုက်ခံရလို့ သေတာက ပိုများတယ်။ လေကြောင်း တိုက်ခိုက်တာ ၃ ကြိမ်ထိ ရှိတယ်။ အဲဒီက သေဆုံးမှုတွေကို ကျနော်တို့ အခုအချိန်ထိ စာရင်းအတိအကျ မရသေးဘူး။ ပျောက်နေတဲ့သူတွေ၊ အဆက်အသွယ် မရတဲ့သူတွေ အပါအဝင် ခန့်မှန်း ထားတာ ၆၀ ကျော်တယ်” ဟု ပြောသည်။

အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီကျော်တွင် စစ်ကောင်စီသည် ဝက်လက်မြို့နယ် အရှေ့ခြမ်းသို့ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီး၊ Mi-35 ၂ စီး၊ Mi-17 ၄ စီးတို့ဖြင့် လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ပြီး ချထားခဲ့သည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၁၁ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ထ်ို့ပြင် အောက်တိုဘာ ဒုတိယပတ်တွင် မင်းကုန်းကျေးရွာမှ အဘိုးအို ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ သလို ရေဖြူ၊ ငါးကြင်းအိုင်ကျေးရွာများမှ ဒေသခံ ၃ ဦးသည်လည်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သေးကြောင်း ဒေသ ခံများထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “လက်ရှိက ဝက်လက်နယ်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ တမင်သက်သက် အကြမ်းဖက်ပြီး ပုစဉ်းတွေ၊ ဖိုက်တာတွေနဲ့ ဝင်ပစ်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး စီးနင်းတာတွေ လုပ်နေကြ တာ။ ကျနော်တို့ အနေနဲ့ မြေပြင်မှာလည်း သာလွန်အင်အား၊ လက်နက် ကွာခြားတာတွေကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ရာ အခက်အခဲကတော့ အများကြီး ရှိနေတယ်။ ဒီအောက်တိုဘာလမှာ ဝက်လက်နယ်ကို ထိုးစစ်တွေ ဆက်တိုက် လုပ်လာ တယ်။ ကျနော်တို့ဘက်က တိုက်စစ်မရှိဘဲ ခံစစ်နဲ့ပဲ ရသလောက် လုပ်နေကြရတယ်” ဟု ရှင်းပြသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူများ / CJ

လက်ရှိ ဝက်လက်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ဝက်လက်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “အခု ဝင်လာတဲ့ စစ်ကြောင်းက အကြမ်းဖက်တာ ရက်စက်လွန်းတယ်။ သေဆုံးပုံတွေကတော့ ဝေဟင်ပစ်ခတ်မှုကြောင့် သေရတာရော၊ လည်ပင်းကို ဓားနဲ့တေ့ပြီး လှီးဖြတ်ခံရတာရော။ အချို့ဆိုရင် နှလုံးနေရာ တည့် တည့်ကို ဓားနဲ့တေ့ထိုးပြီး လည်ပင်းလှီးဖြတ်သွားတာ။ အတော်ကို ရက်ရက်စက်စက် လုပ်ကြတာ” ဟု ပြောသည်။

အောက်တိုဘာ ၁၇ ရက်တွင် ရွှေပန်းကုံးကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကို 96 Soldier-PDF တပ်ဖွဲ့၊ ဒေါင်း နီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့၊ တောသားကြီးအဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်အကြာ၌ စစ်ကောင်စီဘက်မှ Mi-35 ဖြင့် လေကြောင်းပစ်ကူများ ပေးခဲ့ရကြောင်း၊ လေကြောင်း ပစ်ခတ်မှုကြောင့် ရွှေပန်းကုံးကျေးရွာ သား ၁ ဦးနှင့် 96 Soldier မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ထို့ပြင် Mi-35 ဖြင့် လေကြောင်းပစ်ကူများ ပေးခဲ့ရာတွင် ရွှေပန်းကုံးကျေးရွာအပြင် ယင်းမာတော၊ သမရိုး စသည့် ကျေးရွာ များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းမာတောကျေးရွာမှ အမျိုးသမီး ၁ ဦး ဝမ်းဗိုက်ကျည်ထိမှန် သေဆုံး ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာ ၁၈ ရက်ကလည်း လှတောရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မဲကုန်းကျေးရွာ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ယင်းကျေးရွာမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို ကလေး ၁ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ သစ်ချိုကုန်းကျေးရွာမှ အမျိုးသား ၁ ဦးလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ် များက ဆိုသည်။

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင်လည်း ဝက်လက်၊ ရွာတော်ကျေးရွာကို စစ်တပ်က အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းကာ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ခဲ့သလို စီးနင်းမှုအတွင်း အသက် ၆၀၊ ၉၀ ကျော်အရွယ် အမျိုးသား ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ ထို့ပြင် နွား ၆ ကောင်နှင့် ဆိတ် ၂ ကောင်ကိုလည်း သတ်ဖြတ်သွားသလို ဝက်လက်မြို့နယ်အခြေစိုက် ဗကသရုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကာ တန်ဖိုး ၁၇ သိန်းခန့်ရှိ ကွန်ပျူတာ ၂ လုံးနှင့် ကာလာပရင်တာ ၁ လုံးတို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူများ / CJ

ဒေသခံတဦးက “ရွာတော်ရွာကို မီးရှို့တဲ့အထဲမှာ အသက်ကြီးတဲ့သူ ၂ ဦးရယ်၊ လူလတ်ပိုင်း ၂ ဦးရယ်ကို မီးတိုက်တဲ့အထဲ ထည့်ရှို့သွားတယ်။ အဲဒီအထဲမှာ အိပ်ရာထဲက မထနိုင်တဲ့ ရောဂါသည် ၁ ယောက်ဆိုရင် အရှင်လတ်လတ် မီးရှို့ခံရတာမျိုး ဖြစ်သွားတယ်။ နောက်ပြီးတော့ မန်ကျည်းသုံးပင်ရွာကို ဝင်စီးတာမှာလည်း PDF အဖွဲ့ဝင် ၂ ဦးကို စစ်ခွေးတွေက သေနတ် ဒင်နဲ့ဝိုင်းထုပြီး သတ်သွားတယ်။ ထနောင်းကိုင်းရွာသား ကိုနိုင်ကိုလည်း ဖမ်းဆီး သတ်ဖြတ်သွားကြတယ်” ဟု ရှင်းပြသည်။

အောက်တိုဘာ ၂၂ ရက်ကလည်း ချောင်းမြီးတိုကျေးရွာမှ လင်မယား ၂ ဦးသည် စစ်ကြောင်းထိုးလာသဖြင့် ပုန်းခိုနေစဉ် စစ်ကောင်စီတပ်များနှင့် တွေ့ပြီး ပစ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။

ချောင်းမြီးတိုကျေးရွာသား တဦးက “ချောင်းမြီးတိုရဲ့ မြောက်ဘက် သမန်းကျင်းတောတိုက်မှာ လင်မယား ၂ ယောက် ပုန်း နေကြတာ။ ပုန်းတဲ့နေရာကနေ အခြားနေရာကိုရွှေ့ဖို့ ပြေးတဲ့အချိန်မှာ သေနတ်နဲ့ အပစ်ခံရပြီး ယောက်ျားက ဦးနှောက်ပွင့် ထွက် သေဆုံးတယ်။ မိန်းမက ကျောကနေ လက်ပြင်တွေကို ကျည်မှန်ပြီး ဆေးကု အသက်လုနေရင်းကနေ သေသွား တယ်” ဟု ဆိုသည်။

ယင်းနေ့၌ပင် ဟန်လင်းပျူမြို့ဟောင်းတည်ရှိရာ ဟန်လင်းကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းက ၄၀ မမ၊ ၆၀ မမ၊ RPG စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဟန်လင်းပျူမြို့ဟောင်းအတွင်းရှိ ဝါဆိုကျောင်း တိုက်တွင် အထိုင်ချတပ်စွဲထားခြင်းကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယင်း စစ်ကြောင်းသည် ယနေ့အချိန်ထိ တပ်စွဲထားဆဲဖြစ်ပြီး ကျေးရွာအတွင်း ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးပြီး ညှဉ်း ပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များက ကုန်းကြောင်း၊ လေကြောင်းများဖြင့် ထိုးစစ်ဆင် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာအများစုမှာ စစ်ဘေးရှောင်နေကြရပြီး ဒေသခံ ၃ သောင်းခန့်ထိ စစ်ဘေးရှောင်နေရကြောင်း၊ အဆိုပါ ကျေးရွာများ တွင် ဒေသကာကွယ်ရေးအဖွဲ့များ အခြေစိုက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေကြသည်ဟု စစ်ကောင်စီက စွပ် စွဲပြီး နယ်မြေရှင်းလင်းရေးထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီဘက်ကမူ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် အရပ်သားများအား ပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ် ခြင်း၊ နေအိမ်မီးရှို့ ခြင်းများ ပြုလုပ်လေ့ မရှိကြောင်း ငြင်းဆိုထားသည်။

Your Thoughts …
Tags: စစ်ကိုင်းစစ်ကောင်စီတပ်တပ်မ ၃၃လေကြောင်းတိုက်ခိုက်မှုဝက်လက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

by ရဲမျိုးဟိန်း
12 December 2023
26.8k

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့တပ်များ အင်အား၊ စွမ်းရည်နှင့် စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပြီး ပိုမိုကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်နေရသည်။

Next Post
အနန့်ပါဖြစ်စဉ် လုပ်ဆောင်သူတွေရော စေခိုင်းသူပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ရမယ် (ရုပ်/သံ)

အနန့်ပါဖြစ်စဉ် လုပ်ဆောင်သူတွေရော စေခိုင်းသူပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ရမယ် (ရုပ်/သံ)

အောက်တိုဘာ ၂၃ရက် ညပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ အနန့်ပါရွာတွင် ပြုလုပ်သည့် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲရာ လူပေါင်း ၆၀ကျော် သေဆုံးခဲ့သည်။

အနန့်ပါက ပြည်သူတွေ သွားလာတဲ့ နေရာဖြစ်တယ် စစ်ရေးပစ်မှတ်မဟုတ်ဘူး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved