ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၁ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် KIO/KIA အရာရှိတွေ အပါအဝင် အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသူများပြီး၊ ဒဏ်ရာရသူတွေကို မြစ်ကြီးနား၊ ဖားကန့် ဆေးရုံတွေကို ပို့ဆောင်ရာလမ်းမှာ ဖြတ်ကျော်ရတဲ့ ကံဆီး (Ginsi) ကျေးရွာအထွက်ရှိ စစ်ကောင်စီတပ်ဂိတ်က တားဆီးမှုတွေ ပြုလုပ်တဲ့အတွက် သွေးထွက်လွန်ပြီး သေဆုံးသူဦးရေ ထပ်တိုးခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကချင်လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ဦးတည်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဖို့ စေခိုင်းသူရော လက်တွေ့လုပ်ဆောင်သူတွေပါ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ကျန်ရစ်သူတွေက လုပ်ဆောင်ရမယ်လို့ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











