ဗိုလ်ချုပ်ကြီးယွက်ဆစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဗိုလ်ချုပ်ကြီးယွက်ဆစ် Covering Burma and Southeast Asia Sun, 16 Jul 2023 19:45:30 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဗိုလ်ချုပ်ကြီးယွက်ဆစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဗိုလ်ချုပ်ကြီးယွက်ဆစ် 32 32 စစ်ခေါင်းဆောင်နှင့် တွေ့ရန် ဗိုလ်ချုပ်ကြီးယွက်ဆစ် နေပြည်တော်ရောက်ရှိ https://burma.irrawaddy.com/news/2022/05/19/251953.html Thu, 19 May 2022 14:03:47 +0000 https://burma.irrawaddy.com/lytbox/?p=251953 စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် ဗိုလ်ချုပ်ကြီးယွက်ဆစ် တာချီလိတ်မှနေပြည်တော်သို့ ထွက်ခွာ  / Ngao Leng Hun Maiစစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကြား၌ပင် သဘောထား ကွဲလွဲမှုများဖြစ်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU /KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သာ တက်ရောက်ကြမည် ဖြစ်သည်။ ]]> စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် ဗိုလ်ချုပ်ကြီးယွက်ဆစ် တာချီလိတ်မှနေပြည်တော်သို့ ထွက်ခွာ  / Ngao Leng Hun Mai

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်သည် ယနေ့ တာချီလိတ်မြို့မှ တဆင့်နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို လာ ရောက်ကြဖို့ ဖိတ်ခေါ်ခဲ့ပြီး ၎င်းကိုယ်တိုင် တဖွဲ့ချင်း တွေ့ဆုံမည်ဆိုသည့်အပေါ် RCSS အနေဖြင့် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ တန်းတူရည်တူရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းများ ဖြေရှင်းရေးတို့အား ဦးတည်၍ တွေ့ဆုံဆွေးနွေးဖိတ်ခေါ်မှုအား လက်ခံခဲ့ခြင်း ဖြစ် ကြောင်း မေလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

တွေ့ဆုံညှိနှိုင်းခြင်းဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းများအား ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေးအတွက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း၊ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ပြည်သူတရပ်လုံး လိုလားတောင့်တ သော အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုအား ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း RCSS က ဆိုထားသည်။

စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် ဗိုလ်ချုပ်ကြီးယွက်ဆစ် တာချီလိတ်မှနေပြည်တော်သို့ ထွက်ခွာ /Ngao Leng Hun Mai

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကြား၌ပင် သဘောထား ကွဲလွဲမှုများဖြစ်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU /KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သာ တက်ရောက်ကြမည် ဖြစ်သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့ – NDAA) တို့၏ ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်မည် ဖြစ်သည်။

သို့သော် တက်ရောက်ရန် စာရင်းပေးထားသည့်အဖွဲ့များထဲမှ အများစုမှာ စစ်ခေါင်းဆောင် ဖိတ်ခေါ်သကဲ့သို့ တပ်ဖွဲ့၏ ခေါင်းဆောင်များ တက်ရောက်မည် မဟုတ်ဘဲ RCSS/SSA၊ DKBA နှင့် KNU/KNLA-PC တို့ ၃ ဖွဲ့သာ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်မည် ဖြစ်သည်။

ထိုသို့ ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခြင်း မရှိသည့်အပေါ် စစ်ခေါင်းဆောင်က ကျန်းမာရေးအခက်အခဲကြောင့်ဟု အကြောင်းပြထားပြီး ယခု တက်ရောက်လာမည့်သူများမှာ သက်ဆိုင်ရာအဖွဲ့များ၏ ဗဟိုအလုပ်အမှုဆောင်များ အားလုံး ကိုယ်စား အဆုံးအဖြတ်ပြုနိုင်သူများ ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် ဖိတ်ခေါ်ပွဲ တက်ရောက်လာသည့်အဖွဲ့များနှင့် မနက်ဖြန် (မေ ၂၀ ရက်) နံနက်ပိုင်း တွင် တွေ့ဆုံဆွေးနွေးမှုများ စတင်ပြုလုပ်မည် ဖြစ်ကြောင်းလည်း စစ်ကောင်စီဘက်က ပြောထားသည်။

You may also like these stories:

ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့

စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ

စစ်ခေါင်းဆောင်ဖိတ်တဲ့ ဆွေးနွေးပွဲ RCSS တက်မလား

အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်

]]>
နမ့်စန်တွင် RCSS တပ်ဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ဖမ်းဆီး https://burma.irrawaddy.com/news/2020/01/07/212247.html Tue, 07 Jan 2020 10:51:33 +0000 https://burma.irrawaddy.com/lytbox/?p=212247 ရှမ်းပြည်နယ် လွိုင်တန်းလျန်း တောင်ပေါ် ဌာနချုပ် စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသည့် RCSS တပ်ဖွဲ့ ဝင်များ  / ဧရာဝတီRCSS တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရခြင်းသည် အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အကြားတွင် တိကျသည့် နယ်မြေပိုင်းခြား သတ်မှတ်ထားမှု မရှိခြင်းကြောင့် ဖြစ်]]> ရှမ်းပြည်နယ် လွိုင်တန်းလျန်း တောင်ပေါ် ဌာနချုပ် စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသည့် RCSS တပ်ဖွဲ့ ဝင်များ  / ဧရာဝတီ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာတွင် ပြုလုပ်သည့် လူထုအစည်းအဝေးပွဲသို့ အရပ်ဝတ် ဖြင့် တက်ရောက်ခဲ့သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  မှ အဖွဲ့ဝင် ၂ ဦးကို တပ်မတော် က ဇန်နဝါရီ ၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

“တပ်ဖွဲ့ဝင် ၂ ယောက် အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ရွာထဲမှာ အရပ်ဝတ်နဲ့ နေနေတယ်ပေါ့။ တပ်က တွေ့ပြီးတော့ သူတို့ဖုန်းတွေ ဘာတွေကို စစ်တယ်ပေါ့။ ယူနီဖောင်းနဲ့ ဝတ်ထားတဲ့ ဓာတ်ပုံတွေဘာတွေ တွေ့တော့ အဲဒါ ခေါ်ထားတာ” ဟု RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ဧရာဝတီသို့ ပြောသည်။

RCSS တပ်ဖွဲ့ဝင်များသည် ဒေသခံ လူထုက ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး အသိပညာပေးသည့် အစည်းအဝေးပွဲများတွင် တက်ရောက် နားထောင်လေ့ရှိကြောင်း၊ လက်နက် မပါဘဲ အရပ်ဝတ်ဖြင့် လူထု အစည်းအဝေးပွဲ တက်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် မသင့်လျော်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက သုံးသပ်သည်။

“လက်ရှိအချိန်အထိတော့ ပြန်မလွှတ်သေးဘူး။ ဒါက နားလည်မှု လွဲတာတော့ မဟုတ်ဘူး။ တမင်ကို ဖမ်းတယ် ဆိုတဲ့ သဘောမှာ ရှိပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာ သွားလာခွင့် ဆိုတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဖမ်းဆီးထားသော RCSS တပ်ဖွဲ့ဝင် ၂ ဦးကို ပြန်လွှတ်ပေးရန် တပ်မတော်ဘက်သို့ စာပေးပို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော် ဘက်က RCSS တပ်ဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီးထားခြင်းကို ၎င်းအနေနှင့် အတည်မပြုနိုင်ကြောင်း ပြောကြားသည်။

“အဲဒီသတင်းတော့ ကျနော်တို့လည်း တွေ့မိတယ်။ အတည်မပြုနိုင်သေးဘူး ဆိုတာက ကျနော်တို့လည်း မသိသေးဘူး ဖြစ်နေလို့ပါ” ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ခေါင်းဆောင်၊ RCSS ဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီးယွက်ဆစ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကိုတက်ရောက်ရန် ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

ထိုအချိန်နှင့် တိုက်ဆိုင်စွာ နမ့်စန်မြို့နယ်၌ RCSS တပ်ဖွဲ့ဝင် ၂ ဦးမှာလည်း တပ်မတော်၏ ဖမ်းဆီးခံ လိုက်ရခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ဇန်နဝါရီလ ၈ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် JICM အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး နေပြည်တော်သို့ ရောက်ရှိနေစဉ် ကာလအတွင်း ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း RCSS ဘက်က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ RCSS တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရခြင်းသည် အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင် တိကျသည့် နယ်မြေပိုင်းခြား သတ်မှတ်ထားမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့် က သုံးသပ်သည်။

“NCA ထိုးတာပဲ ဖြစ်ဖြစ် Bilateral ပဲဖြစ်ဖြစ်ပေါ့။ ဘယ်နားကနေ ဘယ်နားအထိ ဆိုတဲ့ တိကျတဲ့ နယ်မြေ သတ်မှတ်ပိုင်းခြားမှုက မရှိပါဘူး။ ဘယ်အဖွဲ့နဲ့မှ ဟုတ်တိပတ်တိ မရှိဘူး။ မရှိထားတော့ ဒီနေရာ မင်းကျော်တယ်။ မကျော်ဘူး ဆိုတာက ဦးတဲ့သူ ပြောကြေးလို ဖြစ်နေတာပေါ့။ ဒါက တိကျတဲ့ နယ်မြေသတ်မှတ်မှုမရှိတဲ့ ပြဿနာလို့ပဲ ပြောလို့ရပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်သည် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလက နေပြည်တော်တွင် ကျင်းပ သည့် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း တပ်မတော်ဘက်က လုံခြုံရေးအရ ခွင့်မပြုသဖြင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။

You may also like these stories:

ကရင်တိုင်းရင်းသားများ အရေး ဖြေရှင်းပေးမည်ဟု ကန်ကရာချန် အုပ်ချုပ်ရေးမှူး ကတိပြု

ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ

လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်

]]>