ကိုဝလုံး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကိုဝလုံး Covering Burma and Southeast Asia Wed, 19 Jul 2023 00:04:11 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကိုဝလုံး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကိုဝလုံး 32 32 သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး https://burma.irrawaddy.com/opinion/viewpoint/2019/05/27/192586.html Mon, 27 May 2019 05:26:08 +0000 https://burma.irrawaddy.com/lytbox/?p=192586 မေလ ၇ ရက်နေ့ ရန်ကုန် အင်းစိန်ထောင်မှ ပြန်လွတ်လာသော ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reutersကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် သတင်းကောင်းဖြစ်သော်လည်း မီဒီယာလောက အပြောင်းအလဲ ရှိလာမည့် သတင်းတော့ မဟုတ်သေးချေ။ ]]> မေလ ၇ ရက်နေ့ ရန်ကုန် အင်းစိန်ထောင်မှ ပြန်လွတ်လာသော ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

သတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းမှ သတင်းသမားများအတွက် ဝမ်းမြောက်စရာ ဖြစ်သည်။ ထိုသတင်းသည် သတင်းကောင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ မီဒီယာလောက တခုလုံးအတွက်မူ ကြီးမားသည့်အပြောင်းအလဲ ရှိလာမည့် သတင်းမဟုတ်သေးချေ။

အရပ်သားအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ၎င်းတို့နှစ်ဦး ပြန်လွှတ်လာသော်လည်း သူတို့သည် ရဲတပ်ဖွဲ့၏ ရမယ်ရှာ အဖမ်းခံရခြင်းဖြစ်သောကြောင့် အစကပင် မဖမ်းဆီးခဲ့သင့်သည်မှာ အကြောင်းရင်းတခုဖြစ်သည်။ သတင်းသမားများကို အနာဂတ်တွင် လုံခြုံရေး တပ်ဖွဲ့များ၏ အလားတူ ထောင်ချောက်ဆင်၊ ဖမ်းဆီး၊ စွပ်စွဲမှုများ မရှိလာနိုင်တော့ဟူသော အာမခံချက်မျိုးကို ၎င်းတို့ ၂ ဦးလွှတ်မြောက်လာခြင်းက ပေးစွမ်းနိုင်ခြင်းမရှိပေ။ ၎င်းတို့ ၂ဦး ပြန်လည်လွှတ်မြောက်လာခြင်းမှာ နိုင်ငံတော်သမ္မတက (သူ၏ အကန့်အသတ်ရှိသော အာဏာကို အသုံးပြုပြီး) ဝင်ကယ် လိုက်ခြင်းဖြစ်သည်။

ထိုနေ့က ဧရာဝတီသတင်းဌာနရုံးသို့ လာရာလမ်းတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်သည့် သတင်းကို ကြားသိရသောအခါ ကျနော် လွန်စွာပျော်ရွှင်မိသော်လည်း အံ့သြခြင်းတော့ မဖြစ်မိပေ။ ၎င်းတို့ ၂ ဦး ဧပြီလလယ် မြန်မာနှစ်သစ်ကူး ပတ်ဝန်းကျင်တွင် ပြန်လည်လွှတ်လာလိမ့်မည်ကို သူတို့ကို ထောင်ဒဏ် အမိန့်ချသည့် စက်တင်ဘာလကပင် ကျနော် မျှော်လင့်ယူဆထားခဲ့ပါသည်။

သံတမန်များ၊ ပြည်တွင်းပြည်ပမိတ်ဆွေများနှင့် တွေ့ဆုံသည့်အခါများတွင် သူတို့မေးကြသည်မှာ
အစိုးရက သူတို့ကို ပြန်လည်လွှတ်ပေးပါ့မလား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

“သူတို့ကို ဇန်နဝါရီ ဒါမှမဟုတ် ၂၀၁၉ ခုနှစ် ဧပြီလမှာ ပြန်လွှတ်ပေးနိုင်ပါတယ်” ဟုသာ ကျနော် အမြဲပြန်ဖြေခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ ဝန်းကျင် သို့မဟုတ် မြန်မာ့ရိုးရာ နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကာလ ဧပြီလလယ်တွင် သူတို့ လွတ်လာနိုင်သည်ဟု ပိုပြီး တိကျအောင် ဖြေလ့ရှိသည်။ အကြောင်းကတော့ လွတ်လပ်ရေးနေ့ နှင့် နှစ်သစ်ကူး ကာလ တို့တွင် အစိုးရသည် နိုင်ငံအတွက် မင်္ဂလာရှိသော အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို ပြန်လွှတ်ပေးလေ့ရှိသောကြောင့်ဖြစ်သည်။

ကျနော့်၏ ကြိုတွက်ဆမှုကတော့ မေလ ၇ ရက်နေ့တွင် ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ ပြန်လည် လွတ်မြောက်ခဲ့သည့်အချိန်တွင် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

မြန်မာ့ နှစ်ဆန်း တစ်ရက်နေ့မှစတင်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို အသုတ်လိုက် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။
အကျဉ်းသား ၉၅၀၀ ကျော်ကို ဧပြီလ ၁၇ ရက်နေ့တွင် လွှတ်ပေးပြီး အကျဉ်းသား ၇၀၀၀ နီးပါးကို သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလ ၂၆ ရက်နေ့တွင် ထပ်မံလွှတ်ပေးသည်။ ထို့နောက် မေလ ၇ရက်နေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ် အကျဉ်းသားလွှတ်ပေးမှု နောက်ဆုံးအသုတ်အနေဖြင့် သမ္မတက အကျဉ်းသား ၆၅၂၀ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ထိုနောက်ဆုံးအသုတ်လွတ်မြောက်လာသူများတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သာမက လူ့အခွင့်အရေးလှုပ်ရှားအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၃၀ဦးခန့် ပြန်လွှတ်မြောက်လာသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကမှ ထောင် ၇ နှစ်ချခံထားရသည့် အဆိုပါ သတင်းထောက်နှစ်ဦး ကို ၈ လအတွင်း မည်သည့်အတွက် ပြန်လွှတ်ပေးရပါသနည်း ဆိုသည့် အချက်ပင်ဖြစ်သည်။

ထိုအချက်ကို မှန်မှန်ကန်ကန် တွက်ဆနိုင်ရန် နောက်ခံနှင့်အသေးစိတ်အချက်အလက် အချို့ကို ဤနေရာတွင် ဖေါ်ပြလိုသည်။

၂၀၁၇ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့မှုကို ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ စုံစမ်းဖေါ်ထုတ်ပြီးနောက် တပ်မတော်နှင့်ဆက်စပ်နေသော ရဲတပ်ဖွဲ့သည် ၎င်းတို့ကို ဖမ်းဆီးရန် ထောင်ချောက်ဆင်ခဲ့ကြသည်။ (သူတို့ကို ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ရန် စေခိုင်းခံရကြောင်း တရားလိုပြသက်သေတဦးဖြစ်သူ ဒုရဲမှူး ဦးမိုးရန်နိုင်က ဝန်ခံထွက်ဆိုခဲ့သည်။)

ဗြိတိသျှကိုလိုနီခေတ်က ပြဌာန်းထားခဲ့သည့် ၁၉၂၃ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ အရ ထိုသတင်းသမားများကို စွဲဆိုရန် ရဲတပ်ဖွဲ့ကို ကြီးကြပ်သော ပြည်ထဲရေး ဝန်ကြီးဌာနသည် သမ္မတထံမှ ခွင့်ပြုချက်ရယူသည်။ သို့သော် ထိုစဉ်က သမ္မတ ဦးထင်ကျော်မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် မရှိသောကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည့် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ခွင့်ပြုခဲ့သည်။ ၂၀၁၈ စက်တင်ဘာလတွင် ထိုသတင်းထောက် နှစ်ယောက်ကို တရားရုံးက ထောင် ၇ နှစ်ချခဲ့သည်။ ထိုနေရာတွင် မြန်မာ့ တရားစီရင်ရေးမဏ္ဍိုင်၏ လွတ်လပ်မှု ရှိ မရှိ ဆိုသည့် အချက်ကလည်း သံသယ ရှိစရာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ ထိုသတင်းသမား ၂ ဦးကို စွဲချက်များတင်မည်ကိုလည်း ၎င်းတို့ မသိခဲ့ကြပေ။ သို့သော် နိုင်ငံ၏လက်ရှိ နိုင်ငံရေး အနေအထားအရ တပ်မတော်၏ လုပ်ရပ်၊ ဆုံးဖြတ်ချက်များ သို့မဟုတ် တရားစွဲဆိုမှုများကို အစိုးရက ဆန့်ကျင်ပြောင်းလဲအမိန့်ပေးဖို့ နိုင်ငံရေးအခြေအနေမဟုတ်ပေ။

ထို့ကြောင့် လက်ရှိ နိုင်ငံရေးစနစ် (သို့) ပကတိ နိုင်ငံအရေးအခြေအနေ၏ ရှုပ်ထွေးမှုကို သုံးသပ်ပြီးနောက် NLD အစိုးရသည် ၎င်းတို့ ၂ ဦးကို ပြန်လွှတ်ပေးရန် အချိန်ကောင်း စောင့်ဆိုင်းနေသည်ဟု ကျနော် ယူဆထားခဲ့ပါသည်။

အပေါ်ယံအားဖြင့်ကြည့်လျှင် အစိုးရသည် တိုင်းပြည်ကို စီမံအုပ်ချုပ်သည်မှာမှန်သည်။ လက်တွေ့တွင်မူ ကာကွယ်ရေးအပြင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအခန်းကဏ္ဍများတွင် တပ်မတော်က ပါဝင်ပတ်သက်ဖို့ လုပ်ပိုင်ခွင့်ရှိနေသည့် နိုင်ငံရေးအခြေအနေတွင် အစိုးရသည် တစုံတရာသော အတိုင်းအတာရှိသည့် အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ရိုက်တာသတင်းသမားများ အမှုတွင် တရားရေးလုပ်ငန်း အဆင့်ဆင့်ပြီးစီးသည်အထိနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သော ကာလကို စောင့်ရသည်။ ထိုကာလသည် အစိုးရအနေဖြင့် အခြားအကျဉ်းသားများနှင့်အတူ သတင်းသမား ၂ ဦးကို လွှတ်ပေးပြီး ကြားဝင်ဆောင်ရွက်ရန် တခုတည်းသော အခွင့်အလမ်းပင် ဖြစ်သည်။

ယခုနှစ် လွတ်ငြိမ်းသက်သာခွင့်၏ ရည်ရွယ်ချက်သည် ရိုက်တာ သတင်းသမား ၂ ဦးကို လွှတ်ပေးရန် အဓိကဖြစ်ပုံရသည်ဟု ကျနော် ယူဆပါသည်။ ထိုနည်းသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး လက်ရှိအစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးနေသည့် နည်းလမ်းပင်ဖြစ်သည်။

ရိုက်တာ သတင်းထောက် နှစ်ယောက် ပြန်လည်လွတ်မြောက်လာသည့် အချိန်အထိ သူတို့နှစ်ဦး လွတ်မြောက်ရေးတွက် ပြောကြားချက် များမှာ အမျိုးမျိုး အဖုံဖုံဖြစ်နေသည်။ ထိုသတင်းသမား ၂ ဦးကို လွှတ်ပေးရန် အစိုးရက ငြင်းဆန်နေသည်ဟု ဆိုကာ နိုင်ငံတကာအသိုင်းအဝန်းက စဉ်ဆက်မပြတ် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ထိုကာလတွင် အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သတင်းထောက်နှစ်ယောက် လွတ်ပေးရန် ဆန္ဒမရှိကြောင်း ပြောဆိုမှုများရှိခဲ့သည်။ သံတမန် အသိုင်းအဝန်း၊ တက်ကြွလှုပ်ရှားသူ အုပ်စုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများအကြား ထိုအတည်မပြုနိုင်သည့် သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေခဲ့ကြသည်။

ထိုထဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းသမား ၂ ဦးကို လွှတ်ပေးရန် မီးစိမ်းပြခဲ့သော်လည်း ထိုလုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သဘောမတူ ဟုပင် ပြောဆိုမှုများရှိခဲ့သည်။ ထိုကဲ့သို့သော ကောလဟလများသည် သံတမန်များ၊ နိုင်ငံရေးဝေဖန်သူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ တက်ရောက်ကြသည့် ဧည့်ခံပွဲများတွင် ကြားနေရသည်။ ထိုကဲ့သို့သော သတင်းများက အတည်ပြုရန် ခက်ခဲသော်လည်း အဓိပ္ပါယ်ရှိသည်ဟု ယုံကြည်လက်ခံဖို့အတွက်လည်း မလွယ်ပါ။

မည်သို့ပင်ဆိုစေကာမူ ထိုသတင်းသမားများကို လွှတ်ပေးခြင်းအား သတင်းလွတ်လပ်ခွင့် သို့မဟုတ် ဂျာနယ်လစ်ဇင်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဟု မြင်လျှင်မှားမည်ဖြစ်သည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဤ ထူးခြားလှသောအမှုသည် သတင်းလွတ်လပ်ခွင့်နှင့် ထဲထဲဝင်ဝင် ပတ်သက်ခြင်းမရှိပေ။ ၎င်းတို့ ၂ ဦးကို လွှတ်ပေးခြင်းကြောင့် အစိုးရကို နိုင်ငံတကာမှ ချီးကျူးဂုဏ်ပြုကြသော်လည်း အစိုးရအနေဖြင့် သိက္ခာပြန်ဆယ်ရန် ကြိုးပမ်းမှုတရပ်ဟု မထင်ပါ။ တပ်မတော် သို့မဟုတ် အာဏာရှိသော အဖွဲ့အစည်းများက အနာဂတ်တွင် သတင်းသမားများကို တရားစွဲပါက အစိုးရသည် လက်ရှိ သုံးနေသည့် နည်းလမ်းအတိုင်း တရားရေးလုပ်ငန်းအဆင့်ဆင့်တွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် နည်းကိုသာ ကျင့်သုံးဖွယ်ရှိသည်။

ချွင်းချက်အနေဖြင့် အစိုးရက ခန့်အပ်သော နိုင်ငံရေးရာထူးများဖြစ်သည့် ဝန်ကြီးများ၊ ဝန်ကြီးချူပ်များက မီဒီယာကို အရေးယူရာတွင် နည်းလမ်းတကျ ဆောင်ရွက်ခြင်း မရှိသည့် အမှုများတွင်တော့ အစိုးရက ဝင်ရောက် စွက်ဖက်နိုင်သည်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းသမား ၃ ဦးကို တရားစွဲဆိုပြီး ဖမ်းဆီးသောအမှု။ သတင်းမီဒီယာ ဥပဒေတွင် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် သမ္မတက (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သော) ဝန်ကြီးချူပ်ကို စာဖြင့် တရားဝင် တိုက်တွန်းသည်။ သတင်းမီဒီယာ ဥပဒေအရ ဝန်ကြီးချူပ်သည် မြန်မာစာနယ်ဇင်းကောင်စီသို့ တိုင်ကြားပြီး ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုရမည် ဖြစ်သည်။

ထို့အပြင် အစိုးရ၏ အန္တိမ နိုင်ငံရေး ရည်မှန်းချက်မှာ နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းလျှော့ချခြင်းဖြင့် ပြည့်ဝသော အရပ်သားအုပ်ချုပ်ရေးကို ထူထောင်ရန်သာ ဖြစ်နေသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ၏ အားထုတ်မှုကို တပ်မတော်နှင့်၎င်း၏ လွှတ်တော်တွင်းမှ မဟာမိတ်များ၏ အတိုက်အခံ ပြုလုပ်မှုများကို ကြည့်လျှင် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ရှားရန် နောက်ထပ် နှစ်ပေါင်း အစိတ်၊ သုံးဆယ် ကြာကောင်းကြာဖွယ်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခုအတိုင်းရှိနေသမျှ ကာလပတ်လုံး ရိုက်တာ သတင်းသမားများ ကဲ့သို့သော အမှုများကို မြန်မာပြည်ရှိ သတင်းသမားများ ဆက်လက်ကြုံတွေ့နိုင်ဦးမည်ဖြစ်သည်။ တပ်မတော်သည် ဧပြီလက ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတဦးဖြစ်သူ ဦးရဲနည်ကို အမှုဖွင့်ခဲ့သည်။ ကျနော်တို့က သမ္မတရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ တရားဝင်စာများ ပို့ခဲ့သော်လည်း အစိုးရက ကြားဝင်စွက်ဖက်ပုံ မရပေ။

ထို့ကြောင့် ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးခြင်းသည် သတင်းကောင်းဖြစ်သော်လည်း မြန်မာ့ မီဒီယာလောကအတွက် အပြောင်းအလဲ ကြီးကြီးမားမား ရှိမည့် သတင်းမဟုတ်ဟု ဆိုခဲ့ ခြင်းပင်ဖြစ်သည်။ ၎င်းတို့အလုပ်ကို ၎င်းတို့လုပ်ခြင်းအတွက် ဖမ်းဆီးထောင်ချခံရသော သတင်းသမားများ လွတ်မြောက်ရေးအတွက် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ကို မျှော်နေရခြင်းက ကောင်းမွန်သောကိစ္စ မဟုတ်ပေ။ မြန်မာပြည်ရှိ သတင်းသမားများ လိုအပ်နေသည်မှာ မိမိတို့အလုပ်ဖြစ်သည့် မှန်ကန်သည့်သတင်းရယူရေးသားတင်ပြခြင်းအတွက် မည်သူကမျှ မိမိတို့ကို တရားစွဲဆိုခြင်းမပြုနိုင်သော စနစ်ကျသည့် အကာအကွယ်သာဖြစ်သည်။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အကြီးတန်း အယ်ဒီတာ ဖြစ်သည်။ ၎င်း၏ Good News, but Not the News We Need  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ 

သတင်း လွတ်လပ်ခွင့် အပေါ် သတင်းစာဆရာများရဲ့ အမြင် 

သမ္မတ လွတ်ငြိမ်းက သတင်းလွတ်လပ်ခွင့်နှင့် ရင်ကြားစေ့ရေး အပြုသဘောဆောင်လာစေသည် 

နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ 

ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး 

]]>
Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ https://burma.irrawaddy.com/news/2019/05/07/190620.html Tue, 07 May 2019 10:43:55 +0000 https://burma.irrawaddy.com/lytbox/?p=190620 ယနေ့လွတ်မြောက်လာသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး / ReutersReuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား လွတ်ငြိမ်းချမ်းသားပေးခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ကူးပြောင်းရေး ကတိကဝတ် လက္ခဏာ တရပ်အား မြန်မာအစိုးရ ပြသခဲ့ခြင်းဖြစ်ကြောင်း ]]> ယနေ့လွတ်မြောက်လာသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

Reuters သတင်းထောက် ကိုဝလုံးနှင့်  ကိုကျော်စိုးဦးတို့အား လွတ်ငြိမ်းချမ်းသားပေးခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ကူးပြောင်းရေး ကတိကဝတ် လက္ခဏာ တရပ်အား မြန်မာအစိုးရ ပြသခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် ပြည်တွင်း သတင်းစာဆရာများက ပြောဆိုကြသည်။

နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် ထောင် ၇ နှစ်စီပြစ်ဒဏ်ချခံထားရသည့် ၎င်းတို့အနေဖြင့် ယနေ့ပေးအပ်သည့်  သမ္မတ၏ လွတ်ငြိမ်းချမ်းသားခွင့်တွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်မှစတင်၍ ၁ နှစ်နှင့် ၅ လနီးပါးကြာ အကျဉ်းထောင်တွင် နေ ထိုင်ခဲ့ရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး က “တရားရုံးချုပ်မှ နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့ နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းသည် အစောပိုင်း တရားစီရင်ရေးတွင် လိုအပ်ချက်ရှိနေသည်ကို မြန်မာအစိုးရက နားလည် သဘောပေါက်ပြီး တရားဥပဒေ စိုးမိုးရေးကို အားပေးသည့် အစိုးရ၏ ကတိကဝတ်နှင့်အညီ လုပ်ဆောင် လိုက်ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖော်ထုတ်ခဲ့သည့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှု အပေါ် တပ်မတော်က ဝန်ခံခဲ့ရပြီး ပါဝင်ပတ်သက်ခဲ့သည့် အရာရှိ/စစ်သည် ၇ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခအပေါ် တပ်မတော်၏ကိုင်တွယ်ပုံနှင့် သတင်းထောက်များအား ဖမ်းဆီးခြင်းတို့ အပေါ် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ သတင်းစုံစမ်းဖော်ထုတ်ရေးသားမှုကြောင့် ကမ္ဘာ့စာနယ်ဇင်းလောကတွင် အမြင့်ဆုံးဖြစ် သည့် ပူလစ်ဇာဆုရရှိခဲ့သည့်အပြင်  UNESCO ကပေးအပ်သည့် Guillermo Cano Press Freedom ဆုကိုလည်း ချီးမြှင့်ခံထားရသူများဖြစ်သည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်ဇော် က “သူတို့ကို ဒီထက်ပိုစောပြီး လွတ်ပေးခဲ့ရင် ကျနော်တို့တိုင်းပြည် အတွက် ကျဆင်းနေခဲ့တဲ့ ပုံရိပ်အတွက် ပိုပြီးတော့ အကျိုးရှိနိုင်ပါတယ်၊ ဒါပေမယ့် အခုလိုလွတ်မြောက်လာတာ သတင်း ကောင်းပါပဲ၊ သူတို့ဟာ အစကတည်းက ထောင်ထဲမှာမရှိသင့်တဲ့ လူတွေပါ” ဟု သုံးသပ်ပြောကြားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အနေဖြင့် ပြစ်ဒဏ်ချမှတ်မှုအပေါ်  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတင်ပြခဲ့ သော်လည်း ဧပြီ ၂၃ ရက်နေ့တွင် ပလပ်ခံခဲ့ရပြီးနောက် သမ္မတ၏ ယခုနှစ်အတွင်း တတိယ အသုတ်အဖြစ် ပေးအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်ရသူ ၆၅၀၀ ကျော်နှင့်အတူ ပြန်လည် လွတ်မြောက်လာခြင်းလည်းဖြစ်သည်။

ကယားပြည်နယ် ရောက်ရှိနေသည့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က “ကျော်စိုးဦးနဲ့ဝလုံးတို့ မိသားစုတွေက ပြီးခဲ့တဲ့ မဏ္ဏိုင်လေးရပ် ဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ဆီ စာပို့ပါတယ်၊ ပို့လာတဲ့အပေါ် လူကြီးတွေက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွား အတွက် မျှော်တွေးပြီးတော့ Reuters သတင်းထောက် နှစ်ယောက်ကို ပြန်လွတ်ပေးခဲ့ တာဖြစ်ပါတယ်”ဟု မီဒီယာများအား ရှင်းပြသည်။

Reuters သတင်းထောက်များအပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မီဒီယာများအပေါ် တပ်မတော်၏ တရားစွဲဆိုမှုများ ဆက်လက်မြှင့်တက်လျှက်ရှိရာတွင် ပြီးခဲ့သည့်ဧပြီလ အတွင်းကလည်း RFA၊ The Irrawaddy တို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်းကောင်း၊ ရခိုင်အခြေစိုက် DMG သတင်းဌာနအား မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့်လည်းကောင်း အမှုဖွင့် တရားစွဲဆိုမှုများပြုလုပ်ထားသည်။

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော် က “တချိန်တည်းမှာပဲ အခုဆိုရင် မီဒီယာတွေကို ဖမ်းဆီးခြိမ်းခြောက် တရားစွဲတာတွေ များလာတာဟာ စိုးရိမ်စရာကောင်းပါတယ်၊ လွတ်လပ်ပြီး professional ဖြစ်တဲ့ မီဒီယာတွေရှိတာဟာ နိုင်ငံရဲ့ ပုံရိပ်အတွက်ရော နိုင်ငံတကာအမြင်မှာပါ ပိုကောင်းပါတယ်၊ အစိုးရအနေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေ ရှင်သန်အောင် ပျိုးထောင်ရမယ့် တာဝန်ရှိသလို သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်လည်း ရှိပါတယ်” ဟု ပြောသည်။

နိုင်ငံတော် သမ္မတ အနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအား အဓိကထားသည့် အနေဖြင့်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှ တင်ပြခဲ့သည့် တပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။

 

ကုလသမဂ္ဂနှင့် ဗြိတိသျှတို့အနေဖြင့်လည်း Reuters သတင်းထောက်နှစ်ဦးအား ပြန်လည်လွတ်ပေးခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ခက်ခဲရှုပ်ထွေးလှသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တို့အတွက် ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။

ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့၏ သတင်းစုံစမ်းဖော်ထုတ်ရေးသားမှုကြောင့် ကမ္ဘာ့စာနယ်ဇင်းလောကတွင် အမြင့်ဆုံးဖြစ် သည့် ပူလစ်ဇာဆုရရှိခဲ့သည့်အပြင် UNESCO ကပေးအပ်သည့် Guillermo Cano Press Freedom ဆုကိုလည်း ချီးမြှင့်ခံထားရသူများဖြစ်သည်။

]]>
ရိုက်တာသတင်းထောက်များကို ပြန်လွှတ်ပေးရန် အမေရိကန် ကွန်ဂရက် တိုက်တွန်း https://burma.irrawaddy.com/news/2018/12/14/177513.html Fri, 14 Dec 2018 11:30:47 +0000 https://burma.irrawaddy.com/lytbox/?p=177513 ၂၀၁၈ ဒီဇင်ဘာ ၁၂ ရက် ရန်ကုန်မြို့တွင် ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွှတ်ရန် ဆန္ဒပြကြစဉ် / မျိုးမင်းစိုးအဆိုပါဆုံးဖြတ်ချက်တွင် မွတ်ဆလင်လူနည်းစုအပေါ် "လူမျိုးတုံးသတ်ဖြတ်မှု" ဟူသော အသုံးအနှုန်းလည်း ပါသည်။ ]]> ၂၀၁၈ ဒီဇင်ဘာ ၁၂ ရက် ရန်ကုန်မြို့တွင် ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွှတ်ရန် ဆန္ဒပြကြစဉ် / မျိုးမင်းစိုး

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ လွန်ခဲ့သော တနှစ်ခန့်က ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ကြသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပြန်လွှတ်ပေးရန် မြန်မာအစိုးရကို အမေရိကန်လွှတ်တော်အမတ်များက တညီတညွတ်တည်းနီးပါး ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။

အသက် ၃၂ နှစ်ရှိ ကိုဝလုံးနှင့် အသက် ၂၈ နှစ်ရှိ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးရေးအတွက် ဆုံးဖြတ်ချက်တခုကို အမေရိကန်လွှတ်တော်အမတ်များက ထောက်ခံမဲ ၃၉၄ မဲနှင့် ကန့်ကွက်မဲ ၁ မဲတို့ဖြင့် ချမှတ်ခဲ့ကြသည်။ ၎င်းသတင်းထောက်နှစ်ဦးသည် မြန်မာနိုင်ငံ၏ လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုဖြင့် စက်တင်ဘာက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသည်။ ယင်းအမှုနှင့်ပတ်သက်၍ အမေရိကန်နှင့်ဥရောပတို့ရှိ နိုင်ငံရေးခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ကုလသမဂကြားတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ယင်းတို့နှစ်ဦးပြန်လွှတ်ပေးရေးအတွက် အမေရိကန်လွှတ်တော်အမတ်များထံမှ သတင်းစကားသည် အနှောင်အဖွဲ့မရှိသော်လည်း မြန်မာအစိုးရအတွက် ထိရောက်မှုရှိသည့် တိုက်တွန်းမှုဖြစ်သည့်အပြင် ဒေါ်နယ်ထရမ့်အစိုးရထံသို့လည်း အဆိုပါ သတင်းစကား ရောက်ရှိစေခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်တွင် မွတ်ဆလင်လူနည်းစုအပေါ် မြန်မာ လုံခြုံရေး တပ်ဖွဲ့က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို “လူမျိုးတုံးသတ်ဖြတ်မှု” ဟူသော အသုံးအနှုန်းလည်း ပါသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ သတ်မှတ်ချက်တွင်မှု ယင်း အသုံးအနှုန်း မပါရှိသေးပေ။

မြန်မာ့တပ်မတော်ကမူ ယင်းသို့ ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ကို ငြင်းဆိုထားပြီး အကြမ်းဖက်ဝါဒနှိမ်နင်းရေး လုပ်ဆောင်မှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရီဇိုးနားပြည်နယ်မှ ရီပက်ဘလစ်ကန်အမတ်တဦးဖြစ်သူ အန်ဒီဘစ်စ် တဦးကာသာ ယခုဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မဲပေးခဲ့သည်။

ဘစ်စ်၏မဲနှင့် ပတ်သက်၍ လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်စတီဖန်စကီက အဘယ့်ကြောင့် ကန့်ကွက်ရကြောင်း မပြောဘဲ သံတမန်နည်းဖြင့် အမြင့်ဆုံး ဖိအားသုံးရန် ထရမ့်အစိုးရအား တောင်းဆိုပါကြောင်းနှင့် သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ရိုက်တာသတင်းထောက်နှစ်ဦး၏ရှေ့နေများက ပြစ်မှုထင်ရှားစီရင်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းတို့အတွက် အယူခံလွှာ တင်ခဲ့ပြီးဖြစ်သည်။ အဆိုပါအယူခံလွှာကို ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်တိုင်း တရားလွှတ်တော်တွင် ကြားနာမည်ဖြစ်သည်။

]]>
TIME တနှစ်တာ ဂုဏ်ပြုထိုက်သူစာရင်းတွင် ထောင်ချခံ မြန်မာသတင်းထောက်များလည်း ပါဝင် https://burma.irrawaddy.com/news/2018/12/12/177221.html Wed, 12 Dec 2018 10:25:05 +0000 https://burma.irrawaddy.com/lytbox/?p=177221 အဖမ်းခံ ရိုက်တာသတင်းထောက်များနှင့် ၎င်းတို့ ဇနီးများ ပုံပါ တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးနှင့် တိုင်းမဂ္ဂဇင်း၏ လက်တောက် မန်နေဂျင်းဒါရိုက်တာ ဘန် ဂိုးလ်ဘာဂါ / Reutersမဂ္ဂဇင်း၏ သက်တမ်း ၉၅ နှစ်အတွင်း သတင်းနယ်ပယ်မှသူများကို ဂုဏ်ပြုထိုက်သူများအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။]]> အဖမ်းခံ ရိုက်တာသတင်းထောက်များနှင့် ၎င်းတို့ ဇနီးများ ပုံပါ တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးနှင့် တိုင်းမဂ္ဂဇင်း၏ လက်တောက် မန်နေဂျင်းဒါရိုက်တာ ဘန် ဂိုးလ်ဘာဂါ / Reuters

သတ်ဖြတ်ခံရသော ဆော်ဒီ သတင်းစာဆရာနှင့် မြန်မာနိုင်ငံတွင် ထောင်ချခံထားရသော သတင်းသမား နှစ်ဦးအပါအဝင် သတင်းသမားများကို TIME တိုင်းမ် မဂ္ဂဇင်း က ယခုနှစ်အတွက် ဂုဏ်ပြုထိုက်သူများအဖြစ် သတ်မှတ်လိုက်ပြီး အမှန်တရားသည် ဒီမိုကရေစီအတွက် အရေးကြီးသည်ဟူသော အယူအဆသည် တိုက်ခိုက်ခံနေရကြောင်း သတိပေးပြောကြားလိုက်သည်။

တိုင်းမ် မဂ္ဂဇင်းသည် ဖိလစ်ပိုင်အာဏာပိုင် အစိုးရကို ဝေဖန်သော သတင်းစာမျက်နှာတခုကို တည်ထောင်သူနှင့် မာရီလန်း ပြည်နယ်မှ လူအများအပြား ပစ်ခတ်ခံခဲ့ရသော သတင်းစာတစောင် တို့ကိုလည်း ဂုဏ်ပြုလိုက်ပြီး မဂ္ဂဇင်း၏ သက်တမ်း ၉၅ နှစ်အတွင်း သတင်းနယ်ပယ်မှသူများကို ဂုဏ်ပြုထိုက်သူများအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

မျက်နှာဖုံးသတင်းသည် နိုင်ငံတော်လှို့ဝှက်ချက်များအက်ဥပဒေ ကိုချိုးဖေါက်မှုဖြင့် မြန်မာနိုင်ငံတွင် ထောင်ချခံနေရသော Reuters သတင်းဌာနမှ ကိုဝလုံးနှင့် ကိုကျော်စိုးဦးနှင့် လွန်ခဲ့သော နှစ်လက တူရကီ နိုင်ငံရှိ ဆော်ဒီ အာရေးဗီးယား ကောင်စစ်ဝန်ရုံးအတွင် အသတ်ခံရသော ဂျမဲ ခါရှော့ဂီ အပါအဝင် သတင်းသမားများ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြထားသည်။ ဂျမဲ ခါရှော့ဂီသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ ကို အုပ်ချုပ်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လမန်ကို ဝေဖန်သော စာရေးဆရာဖြစ်သည်။

“လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ အမှန်တရားနဲ့ အချက်အလက်မှန်ကို ဖေါ်ထုတ်ခြင်း ကို ကာကွယ်ဖို့ အရေးပါကြောင်း အမေရိကန်ပြည်ထောင်စုမှာသာမက ကမ ္ဘာ့ ကျန် အစိတ်အပိုင်းတွေကိုပါ သတိပေးလိုက်ခြင်းဖြစ်တယ်လို့ ပြည်သူတွေက ခံယူမယ်လို့ကျနော်မျှော်လင့်တယ်” ဟု တိုင်းမဂ္ဂဇင်း၏ လက်တောက် မန်နေဂျင်းဒါရိုက်တာ ဘန် ဂိုးလ်ဘာဂါက တွေ့ဆုံမေးမြန်းခန်းတခုတွင်ပြောသည်။ “ဒါဟာ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းအားလုံးမှာ အခြေခံလိုအပ်ချက်ဖြစ်တယ်။ အချက်အလက်မှန်တွေကို အများနားလည်မှုမရှိဘဲနဲ့ ဒီမိုကရေးစီဟာ မရှင်သန်နိုင်တာ သေချာတယ်” ဟုလည်း သူပြောသည်။

ထိုသို့နှစ်စဉ်ဂုဏ်ပြုခြင်းမှာ ထိုနှစ်အတွင်း ကမ္ဘာ့ဖြစ်ရပ်များကို အကြီးမားဆုံး သြဇာလွှမ်းမိုးသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် အတွေးအခေါ်ကို အသိအမှတ်ပြုရန် ရည်ရွယ်သည်။ ထိုသို့ဂုဏ်ပြုမှုများကို အမေရိကန် နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်း နှင့် အဲလိဇဘတ်ဘုရင်မကြီးမှသည် ဒုတိယ ကမ္ဘာစစ်မတိုင်မီက ဂုဏ်ပြုခံခဲ့ရသော နာဇီခေါင်းဆောင် ဟစ်တလာအထိပ ါဝင်သည့် သြဇာကြီးမားသူ အများအပြားအား ပေးအပ်ခဲ့ဖူးသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့သည် Reuters သတင်းသမားများဖြစ်သော အသက် ၃၂ နှစ်အရွယ် ကို ဝလုံးနှင့် အသက် ၂၈ နှစ်အရွယ် ကို ကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ရသည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ထို သတင်းသမားနှစ်ဦးတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်ရွာသား ၁၀ ဦးကို လုံခြုံရေးတပ်များနှင့် ဒေသခံ လူအုပ်က သတ်ဖြတ်မှုကို စုံစမ်းဖေါ်ထုတ်ခဲ့သော ထောင်ချခံရခြင်းဖြစ်သည်။ သူတို့နှစ်ဦးကို ကိုလိုနီခေတ်က နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စက်တင်ဘာလ ၃ ရက်နေ့က ထောင်ချခဲ့ပြီး ထိုအမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလွတ်လပ်မှုကို စမ်းသပ်လိုက်သော အမှုဟု ယူဆကြသည်။

“အခုလို အသိအမှတ်ပြုခံရတာဟာ သူတို့တွေ မြန်မာနိုင်ငံမှာ မတရားထောင်ချခံရတာကို ဆက်လက် အမှတ်ရနေပြီး ကမ္ဘာတဝန်း လွတ်လပ်သော သတင်းလုပ်ငန်းရဲ့ အခန်းကဏ္ဍရဲ့ အရေးပါမှုကို ထပ်မံ အတည်ပြုပေးလိုက်တာဖြစ်တယ်လို့ ကျနော်တို့မျှော်လင့်တယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ထောင်ထဲမှာ ကျန်ရှိနေတဲ့ ရက်တိုင်းဟာ သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်မှုဖြစ်ပါတယ်” ဟု Reuters အယ်ဒီတာ အဖွဲ့၏ လုပ်ငန်းလည်ပတ်မှု အရာရှိချုပ် ရက် ချူအာကပြောသည်။

ခါရှော့ဂီသည် ကျင်းပတော့မည့် သူ၏ မင်္ဂလာဆောင်အတွက် လိုအပ်သော စာရွက်စာတမ်းများကို အစ္စတန်ဘူးလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် သွားရောက်ယူစဉ် လွန်ခဲ့သော နှစ်လခန့်က သတ်ဖြတ်ခဲ့သည်။ သူသည် ကွယ်လွန်ပြီးမှ တိုင်းမ် မဂ္ဂဇင်း၏ ယခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ စာရင်းတွင်ပါဝင်ခဲ့သော ပထမဆုံးသူ ဖြစ်သည်။

ဆော်ဒီအိမ်ရှေ့မင်းသားသည် ခါရှော့ဂီ သတ်ဖြတ်ခံရခြင်းတွင် တာဝန်ရှိသည်ဟု အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ၏ တင်ပြချက်ကို နားထောင်ခဲ့သော အမေရိကန် အထက်လွှတ်တော်အမတ်များက ယုံကြည်ကြသော်လည်း အမေရိကန် သမ္မတ ထရမ့်ကမူ ထိုအချက်ကို သံသယရှိသည်ဟု ဆိုသည်။ ဆော်ဒီအိမ်ရှေ့မင်းသားကလည်း ထို သတ်ဖြတ်မှု စစ်ဆင်ရေးကို သူမသိခဲ့ကြောင်းပြောသည်။

တိုင်းမ် မဂ္ဂဇင်းသည် ဖိလစ်ပိုင် သမ္မတ ရော်ဒရီဂို ဒူတာတေးကို မကြာခဏ ဝေဖန်လေ့ရှိသည့် Rappler သတင်းစာမျက်နှာကို တည်ထောင်သူ မာရီယာ ရက်ဆာ နှင့် မာရီလန်းပြဘ်နယ် အယ်နာပိုလစ်မှ Capital Gazette သတင်းစာမှ ဝန်ထမ်းများ ကိုလည်း ဂုဏ်ပြုခဲ့သည်။ ထိုသတင်းစာတိုက်တွင် ဇွန်လက သေနတ်သမားတဦးက လူ ၅ ဦးကို သတ်ဖြတ်ခဲ့သည်။

ရက်ဆာနှင့် သူမ၏ သတင်းစာမျက်နှာသည် နိုဝင်ဘာလက ဖိလစ်ပိုင် တရားရေးဌာန၏ အခွန်တိမ်းရှောင်မှုဖြင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

အုပ်စု ၄ ခုကို မဂ္ဂဇင်း၏ သီးခြားမျက်နှာဖုံး ၄ ခုတွင် ဖေါ်ပြထားပြီး မျက်နှာဖုံးတခုတွင် ထောင်ချခံထားရသော Reuters သတင်းထောက်နှစ်ဦးတို့၏ ဇနီးများသည် ခင်ပွန်းသည်များ၏ ဓါတ်ပုံကို ကိုင်ပြီး တဦးနှင့်တဦးပွေ့ဖက်ထားသော ပုံကို ဖေါ်ပြထားသည်။

ကိုးကား ။ ။ Reuters

]]>
အင်းဒင်သတင်းကိုသာ ရဲက အလေးထား စစ်ဟု ရိုက်တာသတင်းထောက်များ ထွက်ဆို https://burma.irrawaddy.com/news/2018/07/19/164263.html Thu, 19 Jul 2018 06:08:43 +0000 https://burma.irrawaddy.com/lytbox/?p=164263 ဇူလိုင် ၁၇ ရက် တရားရုံးလျှောက်လဲချက်တွင် အပြစ်မရှိကြောင်း ကိုဝလုံးက ထွက်ဆိုသည် / Reutersရဲအဖွဲ့၏ စစ်ဆေးမေးမြန်းချက်များသည် စွပ်စွဲထားသည့် လျှို့ဝှက် စာရွက်စာတမ်းများအပေါ် အာရုံမစိုက်ကြောင်း တရားရင်ဆိုင်နေရသည့် ရိုက်တာသတင်းထောက်တဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။]]> ဇူလိုင် ၁၇ ရက် တရားရုံးလျှောက်လဲချက်တွင် အပြစ်မရှိကြောင်း ကိုဝလုံးက ထွက်ဆိုသည် / Reuters

သူနှင့် လုပ်ဖေါ်ကိုင်ဖက်တဦးတို့ကို ဒီဇင်ဘာလက ဖမ်းဆီးခဲ့ပြီးနောက် ရဲအဖွဲ့၏ စစ်ဆေးမေးမြန်းချက်များသည် မွတ်စလင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သတင်းဖေါ်ပြရန် လုပ်ဆောင်ခြင်းအပေါ်တွင်သာ အာရုံစိုက်ပြီး ၎င်းတို့ရရှိထားသည်ဟု စွပ်စွဲသည့် လျှို့ဝှက် စာရွက်စာတမ်းများအပေါ် အာရုံမစိုက်ကြောင်း တရားရင်ဆိုင်နေရသည့် ရိုက်တာသတင်းထောက်တဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့သည် သူနှင့် အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့ကို နှစ်ရက်ကျော်မျှ အိပ်ခွင့်မပေးဘဲ ခေါင်းစွပ်နက်များစွပ်ကာ လျှို့ဝှက် ဖမ်းဆီးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ပြီး ထိုနေရာတွင် မည်သူနှင့်မျှ တွေ့ခွင်မရစေဘဲ နှစ်ပတ်ခန့် ချုပ်နှောင်ထားသည်ဟု အသက် ၃၂ နှစ်အရွယ် ကိုဝလုံးက ပြောသည်။

ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးတွင် နာရီအတန်ကြာသည့် နှစ်ရက်တာ ထွက်ဆိုစဉ်အတွင်း ရဲတပ်ဖွဲ့၏ ထောင်ချောက်ဟု သူမြင်သော လုပ်ရပ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ၏ ထွက်ဆိုချက်များသည် တရားလိုဖက်က စွပ်စွဲချက်ဖြစ်သည့် ယာဉ်များကို ပုံမှန်စစ်ဆေးသည့်နေရာတွင် ထို သတင်းသမားနှစ်ဦးကို မည်သူ့ထံမှ ရလာသည်ကို မသိရသည့် လျှို့ဝှက်စာရွက်စာတမ်းများနှင့် အတူ ဖမ်းမိသည် ဟူသည့် စွပ်စွဲချက်အပေါ် လက်ရှိအချိန်အထိ အကျယ်ပြန့်ဆုံးစိန်ခေါ်မှု ဖြစ်သည်။

“ကျနော်တို့ကို စစ်ကြောရေးဝင်တဲ့ကာလတလျှောက်လုံးမှာ ကျနော်တို့မှာတွေ့တယ်ဆိုတဲ့ စာရွက်စာတမ်းအကြောင်းကို စိတ်ဝင်တစားမေးတာမရှိဘူး ကျနော်တို့ ရခိုင်ပြည်နယ်မောင်တောကနေ သတင်းပို့တဲ့အကြောင်းအရာတွေကိုပဲမေးတယ်။ ကျနော်က မအိပ်ရတာလည်း နာရီပေါင်းအတော်ကြာနေပေမယ့် သူတို့ကဆက်စစ်နေတော့ ကျနော့်မှာ ခြေကုန်လက်ပမ်းကျနေပြီ” ဟု ကိုဝလုံးက တရားရုံးတွင် ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။

ဖမ်းဆီးခံရချိန်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အင်းဒင်ကျေးရွာမှ မွတ်စလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည့် သတင်းကို စုံစမ်းဖေါ်ထုတ်နေချိန်ဖြစ်သည်။

သတင်းထောက် ၂ ဦးတို့သည် ထောင် ၁၄ နှစ်အထိ အများဆုံးကျနိုင်သော ကိုလိုနီခေတ် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရသည်။ နှစ်ဦးစလုံးက ၎င်းတို့တွင် အပြစ်မရှိကြောင်း ပြောသည်။

သူတို့ကို စာရွက်စာတမ်း အချို့ပေးလိုက်သော ရဲအရာရှိနှင့်တွေ့ခဲ့သည့် စားသောက်ဆိုင်ပြင်ပတွင် သူနှင့်ကျော်စိုးဦးတို့ကို အရပ်ဝတ်နှင့် လူတစုက လက်ထိပ်ခတ်လိုက်သည့် စတင်အဖမ်းခံရသော ဒီဇင်ဘာလ ၁၂ ရက်နေ့ညဖြစ်ရပ်ကို ကိုဝလုံးက မိသားစုဝင်များ၊ သံတမန်များနှင့် ပြည့်နေသော တရားခုံရုံးတွင် ထွက်ဆိုခဲ့သည်။

၎င်းတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားစဉ်အတွင်း အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရသူတဦးက ရဲမှူးကြီး တဦးထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး “သူတို့ကိုမိထားပါပြီ” ဟု ပြောကြောင်း ကိုဝလုံးက ပြောသည်။ သို့သော် ဖုန်း မျက်နှာပြင်ကို မမြင်ရသောကြောင့် ထို ဒုရဲမှူးကြီး၏ အမည်ကို ကိုဝလုံး မသိရှိခဲ့ပေ။

၎င်းတို့၏ သတင်းတင်ပြချက်များကို ဟန့်တားရန် ထိုသတင်းသမားများအား ရဲတပ်ဖွဲ့ ထောင်ဖမ်းခဲ့ကြောင်း ပြသသည့် အထောက်အထားများကို တရားလိုဖက်က တင်သွင်းခဲ့ကြောင်း သတင်းသမားများအတွက် ခုခံချေပသော ရှေ့နေများက ယခင်ကပြောခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးထံမှ ဝေဖန်သုံးသပ်ချက်ရရန် အင်္ဂါနေ့က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ဌေးကလည်း မြန်မာနိုင်ငံမှ တရားရုံးများသည် လွတ်လပ်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်မည်ဟု ပြောဆိုပြီး တရားစီရင်စဉ်ကာလအတွင်း ဝေဖန်ပြောဆိုရန် ငြင်းဆန်ထားသည်။ သူ့ကို အင်္ဂါနေ့က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

သူသည် သတင်းသမားတဦးအနေဖြင့် သူ့အလုပ် သူလုပ်သည်ဖြစ်သောကြောင့် သူ့တွင် အပြစ်မရှိကြောင်း ကိုဝလုံးက ထွက်ဆိုစဉ် တလျှောက်လုံးတွင် ပြောသည်။

“ကျနော်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုချင်တဲ့ လူငယ်တယောက်ပါ။ ကျနော် မီဒီယာ အဖွဲ့အစည်းတွေမှာပဲ အလုပ်လုပ်ခဲ့ဖူးတယ်၊ တခြားအဖွဲအစည်းတွေမှာ တခါမှ မလုပ်ဖူးဘူး။ ကျနော် သူလျှိုမဟုတ်ဘူး” ဟု ကိုဝလုံးက ပြောဆိုသည်။

ရဲတပ်ဖွဲ့သည် သူ၏ဖုန်းကိုလည်း စစ်ဆေးခဲ့ပြီး အင်းဒင်ကျေးရွာမှ လူ ၁၀ ဦး အသတ်ခံရသည့် ဓါတ်ပုံများနှင့် ထိုကျေးရွာသို့ သူ ဆက်သွယ်ထားသော ဖုန်းများကိုလည်း တွေ့ရှိသွားခဲ့သည်။ သူတို့သည် ဖုန်းအတွင်းမှ အချက်အလက်များကို ရရှိပြီးနောက် ထိုသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးမည်ဟု စစ်ဆေးသူတဦးကပြောခဲ့ကြောင်းလည်း ကိုဝလုံးက ထွက်ဆိုခဲ့သည်။

ဖမ်းဆီးပြီးနောက် ၆ ရက်ကြာသောအခါ လုံခြုံရေးတပ်များသည် အင်းဒင်ကျေးရွာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာတခုကို တွေ့ကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်မတော်က ကြေညာသည်။ ထို သတ်ဖြတ်မှုတွင် တပ်မတော်သားများ ပါဝင်ပတ်သက်ခဲ့ကြောင်းနှင့် အမည်မဖေါ်ပြသော စစ်သား ရ ဦးကို ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း နောက်ပိုင်း ရက်သတ္တပတ်များတွင် တပ်မတော်က ရှားရှားပါးပါး ဝန်ခံခဲ့သည်။

ထိုသို့ အရေးယူခြင်းသည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အာဏာပိုင်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော် စစ်ဆေးမေးမြန်းစဉ်အတွင်း ထိုသတင်းကို မထုတ်ပြန်ရန် သဘောတူလျှင် ၎င်းတို့အား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အပေးအယူလုပ်မည်ဟု အရာရှိတဦးက ကမ်းလှမ်းခဲ့သော်လည်း သူ ပယ်ချခဲ့သည်ဟု ကိုဝလုံးက တရားရုံးတွင်ပြောသည်။

“မင်းတို့နှစ်ယောက်လုံးက ဗုဒ္ဓဘာသာတွေလို့ သူတို့ကပြောတယ်။ ဒီလိုအချိန်မျိုးမှာ ဘာလို့ကုလား အကြောင်းရေးမှာလဲ။ သူတို့တွေက နိုင်ငံသားတွေ မဟုတ်ဘူး” စစ်ဆေးသော အရာရှိကပြောကြောင်း ကိုဝလုံးက ပြောသည်။

ထိန်းသိမ်းရေးစခန်းတွင် ထားရှိသည့် နှစ်ပတ်ကြာအတွင်း သူတို့သတင်းသမား နှစ်ဦးကို ခေါင်းစွပ်စွပ်ပြီး သတ်မှတ်ထားသော နေရာသို့ခေါ်ဆောင်သွားကာ အသက်ဘေးအန္တရာယ် စိုးရိမ်ရအောင် လုပ်ဆောင်ခဲ့ကြောင်းလည်း ကိုဝလုံးက ပြောသည်။

ရိုက်တာသတင်းဌာနသည် ထိုသတင်းသမားနှစ်ယောက်၏ သတင်းကြောင့် အကျိုးအမြတ်ရခြင်း ရှိ မရှိ၊ သတင်းသမားများ မည်သည့်ငွေကြေးဖြင့် လုပ်အားခ ရသည်နှင့် ကိုဝလုံးရေးသည့် သတင်းများကို အမေရိကန်ပြည်ထောင်စုရှိ ရိုက်တာ ဌာနချုပ်သို့ ပို့ဆောင်ခြင်း ရှိမရှိတို့ကို တရားလို အကျိုးဆောင် ဦးကျော်မင်းအောင်က ပြန်လှန်စစ်မေးချိန်တွင် မေးမြန်းခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များနှင့် ပတ်သက်သော လျှို့ဝှက် စာရွက်စာတမ်းများ ရှိနေသည်ကို ကိုဝလုံး သတိထားမိခြင်း ရှိမရှိကိုလည်း တရားလို အကျိုးဆောင်က မေးမြန်းသည်။ သူတို့ကို မဖမ်းမီ မိနစ်ပိုင်းကမှ ပေးလိုက်သော စာရွက်စာတမ်းများ၏ သဘောသဘာဝကို ၎င်းတို့ မသိခဲ့ကြောင်း သတင်းထောက်များက ဖြေသည်။

တရားသူကြီး ဦးရဲလွင်က အမှုစစ်ဆေးခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြန်လည်ချိန်းဆိုပြီး ပြန်လှန်စစ်မေးခြင်းများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

ကိုးကား။ ။ Reuters

]]>