• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ

by ဧရာဝတီ
17 May 2019
in အင်တာဗျူး
A A
Asia Centre ၏ ဒါရိုက်တာ James Gomez / ဧရာဝတီ

Asia Centre ၏ ဒါရိုက်တာ James Gomez / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

လူမှုရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်းခြင်း အမည်တပ်၍ အရှေ့တောင်အာရှတလွှားတွင် သတင်းတုများကို နှိမ်နင်းရန် ဥပဒေပြဌာန်းခြင်းများ ပြုလုပ်နေကြပြီ ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင်မူ ၎င်းကို သက်တမ်းရှည် အစိုးရများက ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲ ကဲ့သို့သော အရေးပါသည့် အဖြစ်အပျက်များ မတိုင်မီတွင် နိုင်ငံရေး အတိုက်အခံများကို အသရေဖျက်ရန် ကိရိယာတခုအနေဖြင့် အသုံးပြုလေ့ရှိကြသည်။ ရလဒ်အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ကဲ့သို့သော ဒီမိုကရေစီ တန်ဘိုးများမှာ သူတို့ကို ဝေဖန်သူများက ရေးသားသည့် သတင်းတုများဟု အစိုးရက ခေါ်သော အချက်အလက်များအတွက် ဥပဒေကြောင်းအရ လက်တုန့်ပြန်ခြင်းကို ကြုံတွေ့ကြရသည်။

အဆိုပါ ပြဿနာ၏ အဓိက အချက်မှာ အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရမှုနှင့်ဆိုင်သည်ဟု Asia Centre ၏ ဒါရိုက်တာ James Gomez က ဆိုသည်။ Asia Centre သည် ဒေသတွင်းတွင် အပြုသဘော ဆောင်သော လူမှုသက်ရောက်မှု ဖန်တီးရေး လုပ်ကိုင်နေသော အဖွဲ့အစည်းတခု ဖြစ်သည်။

ကာလရှည်ကြာစွာ အာဏာရယူထားသော အစိုးရများနှင့် အစိုးရ အပြောင်းအလဲကို လိုချင်သော၊ အစိုးရ၏ ပိုမိုကောင်းမွန် သော ပွင့်လင်းမှုနှင့် သတင်းအချက်အလက် ရရှိခွင့်တို့ကို လိုချင်သူများကြားတွင် ယုံကြည်မှု ကင်းမဲ့နေသည်ဟု ဆက်သွယ်ရေးနှင့် လူ့အခွင့်အရေး ကျွမ်းကျင်သူတဦး ဖြစ်သော James Gomez က ရှင်းပြသည်။ အာဏာရ အစိုးရများနှင့် သူတို့ကို ဝေဖန်သူများသည် တဘက်နှင့် တဘက် ယုံကြည်မှု မရှိကြပါ။

“အရှေ့တောင် အာရှမှ ယုံကြည်စိတ်ချမှု ကွာဟချက်ကို တံတားထိုးပေးဖို့ လိုပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ အခွင့် အရေးတွေကို ရှာဖွေရမယ့် အစား သတင်းတု ဥပဒေကို သုံးစွဲနေကြတယ်။ ဒါပေမယ့် အဲဒါက အစိုးရရဲ့ ပွင့်လင်းမြင်သာမှု သို့မဟုတ် သတင်းအချက်အလက် ရရှိခွင့် မရှိတာရဲ့ အရင်းအမြစ်ပြဿနာကို ဖြေရှင်းမပေးပါဘူး” ဟု သူက ပြောသည်။

ယနေ့ အချိန်တွင် မိုဘိုင်းဖုန်း ထိုးဖောက်နိုင်မှုက မြင့်တက်လာသည့် နှင့်အမျှ ပြည်သူများက ဆိုရှယ်မီဒီယာမှ တဆင့်ပိုမို ဆက်သွယ်မှု ရရှိလာသည်။ မြန်မာနိုင်ငံတွင် ဘာသာရေး သို့မဟုတ် နိုင်ငံရေး သတင်းအတုအယောင်များက အထူးအဆန်း မဟုတ်တော့ပါ။ လာမည့်နှစ်၌ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့် အချိန်တွင် ဧရာဝတီက သတင်းအတု အယောင်များ၏ သဘောသဘာဝ၊ ၎င်းတို့၏ နိုင်ငံရေးသက်ရောက်မှု နှင့် ထိန်းချုပ်ရန် အစိုးရများ၏ အားထုတ်မှုများကို ပိုမို သိရှိနိုင်ရန် James Gomez နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ သတင်းတု ဘယ်နှစ်မျိုး ရှိပါသလဲ။

ဖြေ။ ။ ၃ မျိုး ရှိပါတယ်။ ပထမတခုကတော့ နေ့တိုင်းတွေ့ရတတ်ပါတယ်။ နိုင်ငံရေး မဟုတ်တဲ့ သတင်းအတုတွေ။ လူတွေရဲ့ စိတ်ဝင်စားတတ်တဲ့ စိတ်လှုပ်ရှားတတ်တဲ့ သဘောကို အခြေခံပြီး အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ ဖွဖို့အတွက် ရည်ရွယ်ဖန်တီးတဲ့ ဟာတွေ။ ဥပမာပြောရရင် ၂၀၁၈ ခုနှစ် ဧပြီလတုန်းက မလေးရှားမှာ ဂျိုဟောဘာရူး ပြည် နယ်ရဲ့ အိမ်ရှေ့မင်းသား Tunku Ismail Sultan Ibrahim က သူတို့ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေအတွက် ငွေလာရှင်း ပေးလိမ့်မယ်ဆိုတဲ့ သတင်းစကားကို WhatsApp ကနေရပြီးတဲ့ နောက် ဒေသတွင်းက စူပါမားကက်တခုရဲ့ ရှေ့ကို လူတွေ ရာနဲ့ချီပြီး ရောက်လာခဲ့ကြတယ်။

ဒုတိယ အမျိုးအစားကတော့ လူမျိုးရေးနဲ့ ဘာသာရေး ကိစ္စတွေနဲ့ ဆိုင်ပါတယ်။ အဲဒါတွေက လူမျိုးစုံ၊ ဘာသာစုံ အသိုင်း အဝိုင်းတွေနဲ့ ပတ်သက်လို့ ပိုအသံထွက်လေ့ရှိပါတယ်။ မလေးရှားမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက လူမျိုးရေး မုန်းတီးမှုတွေ ဖြစ်အောင် သတင်းတုတွေက မွှေခဲ့ပါတယ်။ ဆူဘန်ဂျာယားက ဒေသခံ ဟိန္ဒူ ဘုရားကျောင်းတခုကို ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်ပြီး အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ ၂ ရက်ကြာ မငြိမ်မသက်မှုအတွင်းမှာ ဘုရားကျောင်းရှိတဲ့ မြေကို ပိုင်တဲ့ ကုမ္ပဏီရဲ့ ရုံး အကြီးအကျယ် ပျက်စီးသွားတယ်။ ဒေါသထွက်နေတဲ့ အိန္ဒိယ နွယ်ဖွား လူအုပ်ကြီးကြောင့် မလေး မီးသတ်သမား တဦး သေဆုံးခဲ့ရတယ်။

တတိယ အနေနဲ့ ကတော့ သတင်းအတုတွေကို ယှဉ်ပြိုင်နေတဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ဆန့်ကျင်ဖို့ နိုင်ငံရေး ဝေဖန် ထိုးနှက်မှု အနေနဲ့ သုံးကြပါပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ် မတ်လ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တပတ်အလို မှာ စစ်အစိုးရကို ထောက်ခံတဲ့ သတင်းအေဂျင်စီတခု ဖြစ်တဲ့ Nation TV က စစ်အစိုးရကို ဆန့်ကျင်တဲ့ အနာဂတ်သစ် ပါတီ Future Forward ပါတီ (FFP) ရဲ့ခေါင်းဆောင် သနာထုံနဲ့ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ကြားမှာ သဘောတူညီချက် လုပ်ပါတယ်လို့ ဆိုတဲ့ သံသယဖြစ်ဖွယ်ရာ တယ်လီဖုန်းပြောဆိုမှု တခုကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီလို ထုတ်လွှင့်တာက မဲဆန္ဒရှင်တွေကို FFP နဲ့ ဝေးသွားစေဖို့ ရည်ရွယ်တယ်ဆိုတာကို နားလည်လို့ ရပါတယ်။ ဝန်ကြီးချုပ်ဟောင်းအပေါ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ကြောက်ရွံ့မှုတွေနဲ့ မုန်းတီးမှုတွေကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပြန်ဆိုးကျိုး ဖြစ်လာတာက သနာထုံက အဲဒီမှတ်တမ်း ရဲ့ စစ်မှန်မှုကို ပြန်ပြီး စိန်ခေါ်လာခဲ့တယ်။ ကြည့်တဲ့သူတွေက မယုံကြတော့ဘူး။ စစ်အစိုးရနဲ့ စစ်အစိုးရထောက်ခံတဲ့ ပါတီတွေကို မျက်နှာသာပေးတဲ့ သတင်းအတုတွေကို ထုတ်လွှင့်တဲ့အတွက် သတင်းအေဂျင်စီကို ဝေဖန်မှုတွေတောင် လုပ်ခဲ့ကြပါတယ်။

အာဏာရှင် အစိုးရတွေက သူတို့ကို ဝေဖန်သူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ သတင်းအတုတွေကို နိုင်ငံရေး ကိရိယာ တခုအနေနဲ့ အသုံးပြုခြင်းက ဒေသတွင်းမှာ အကြီးမားဆုံး သတင်းတု ပုံစံပါပဲ။

မေး။ ။ အရှေ့တောင် အာရှ အပြင် သတင်းတုတွေက ဒေသအလိုက် ဘယ်လို ကွာခြားမှု ရှိပါသလဲ။ ဥပမာ မြောက် အမေရိက နဲ့ ဥရောပ။

ဖြေ။ ။ မြောက်အမေရိကမှာ အထူးသဖြင့် အမေရိကန်မှာ သတင်းအတုအယောင်ကိစ္စတွေက သမ္မတရွေးကောက်ပွဲ ကာလအတွင်း ဆိုရှယ်မီဒီယာပေါ်က ကြော်ငြာတွေမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းနဲ့ နိုင်ငံရေး သဘော တရားတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းရင်းမြစ်တွေက ထုတ်လုပ်ပေးတဲ့ သံသယဖြစ်ဖွယ်ရာ အကြောင်းအရာတွေနဲ့ ဆိုင်ပါတယ်။

အဲဒီအချိန် ဥရောပမှာကတော့ Brexit လိုမျိုး ပြည်တွင်း ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်မှာ ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံရပ်ခြားက အချက်တွေ အပြင် သတင်းအတုအယောင်တွေက လူနည်းစု အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေအဖြစ် ဟန်ဆောင်ထားပါတယ်။ လတ်တလောမှာ လက်ယာစွန်းရောက် လူပြိန်းကြိုက်ဝါဒ ပြန်လည် ထကြွလာရခြင်းကလည်း အဓိက အကြောင်းရင်းဖြစ်တယ်။

အရှေ့အာရှမှာတော့ သတင်းတုတွေက သတင်းမှားပေးတဲ့ လှုပ်ရှားမှုတွေက တဆင့် ဒေသတွင်းက ဒီမိုကရေစီတွေကို သိက္ခာချဖို့ တရုတ်နိုင်ငံရဲ့ ခေတ်မီဆန်းပြားတဲ့ အားထုတ်မှုတွေနဲ့ ဆိုင်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်မီမှာ ထိုင်ဝမ်နိုင်ငံက စမ်းသပ်ကွင်းတခု ဖြစ်ခဲ့ပါတယ်။ မဲဆန္ဒရှင်တွေကို တရုတ်ဆန့်ကျင်ရေး သဘောထားရှိတဲ့ Democratic Progressive ပါတီနဲ့ ဝေးသွားစေဖို့ တရုတ်နိုင်ငံက ကြိုးကိုင်စီစဉ်တဲ့ သတင်းအချက်အလက်မှားတွေနဲ့ ကြိုးစားခဲ့ပါတယ်။ သူတို့က တရုတ်ကို ပိုလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ ဘက်ကို ယိမ်းဖို့ သွေးဆောင်ခဲ့ပါတယ်။

မေး။ ။ ဒီကိစ္စကို အစိုးရတွေက ဘယ်လိုဖြေရှင်းခဲ့ကြပါသလဲ။ သူတို့ရဲ့ လုပ်ရပ်တွေမှာ ထိရောက်မှု တစုံတရာ တွေ့ရပါ သလား။

ဖြေ။ ။ အစိုးရ အများစုက ဥပဒေသစ်တွေ ပြဌာန်းခြင်းအားဖြင့် သတင်းတု ပြဿနာကို ဖြေရှင်းနေကြပါတယ်။ ဒါပေမယ့် နိုင်ငံတခုချင်းစီရဲ့ အခြေအနေကို လိုက်ပြီးတော့ ကွဲပြားမှုတွေ ရှိပါတယ်။

ပြင်သစ်နိုင်ငံမှာ ဥပဒေက ပြည်တွင်းရွေးကောက်ပွဲတွေမှာ ပြည်ပ သြဇာလွှမ်းမိုးမှုကို တားဆီးဖို့ ရည်ရွယ်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကာလမှာပဲ ဥပဒေကို အသုံးပြုပါတယ်။ ရွေးကောက်ပွဲ မတိုင်မီကာလမှာ တရားရေးဌာနက ပြည်တွင်း ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အပေါ်ကို သြဇာလွှမ်းမိုးနိုင်ဖွယ်ရာ ရှိတဲ့ “မမှန်ကန်တဲ့ သို့မဟုတ် နားလည်မှု လွဲမှားစေနိုင်တဲ့ သံသယဖြစ်ဖွယ်ရာတွေ သို့မဟုတ် စွပ်စွဲမှုတွေ” ကို ဖယ်ရှားပစ်ဖို့ နည်းပညာကုမ္ပဏီတွေကို အမိန့်ထုတ်နိုင်ပါတယ်။ အရေးအကြီးဆုံး အနေနဲ့ ကတော့ ရွေးကောက်ပွဲရာသီအတွင်း အများပြည်သူ အချေအတင် ပြောဆိုကြတဲ့ ကိစ္စတွေနဲ့ သက်ဆိုင်တဲ့ ကြော်ငြာသူတွေရဲ့ မြှင့်တင်ရေး အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အဲဒီ ပလက်ဖောင်းတွေ (ကုမ္ပဏီတွေ)က သတင်းအချက်အလက် အပြည့်အဝပေးဖို့ လိုအပ်ပါတယ်။

ဂျာမနီမှာဆိုရင် ဆိုရှယ်မီဒီယာကတဆင့် အမုန်းစကား ဖြန့်ဖြူးတာကို အဓိကထားတယ်။ ဥပဒေက တိုင်းပြည်အတွင်းမှာ မှတ်ပုံတင်သုံးစွဲသူ ၂ သန်းကျော်တဲ့ လူမှုကွန်ရက်တွေကိုပဲ ပစ်မှတ်ထားတယ်။ ဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်တဲ့ အရာတွေကို သူတို့ကို သတင်းပေးလာပြီးတဲ့နောက် ဝန်ဆောင်မှုပေးတဲ့သူတွေကို ဆောင်ရွက်ချိန် ၂၄ နာရီပေးတယ်။ ပို ပြီး ဒွိဟဖြစ်စရာ ကိစ္စတွေမှာတော့ အချိန် ၇ ရက်အထိ ပေးတယ်။ ပစ်မှတ်ထားတဲ့ အကြောင်းအရာတွေက ကလေးတွေ ပါဝင်တဲ့ လိင်မှုကိစ္စဆိုင်ရာ အကြောင်းအရာတွေ၊ ခြိမ်းခြောက်မှုတွေ၊ ရာဇဝတ်မှုဖြစ်အောင် လှုံ့ဆော်တာတွေနဲ့ လူမျိုးရေး မုန်းတီးမှုအတွက် လှုံ့ဆော်တာတွေ ဖြစ်ပါတယ်။ နာဇီသင်္ကေတတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို ညင်းပယ်ခြင်းအပေါ် ဂျာ မနီရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ချိုးဖောက်ခြင်းလည်း ပါဝင်ပါတယ်။

မေး။ ။ လတ်တလောမှာ အရှေ့တောင်အာရှမှာ ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။ သတင်းအတုအယောင်တွေက ရွေးကောက်ပွဲတွေကို ခြိမ်းခြောက်မှု ဖြစ်ခဲ့ပါသလား။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
117
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170

ဖြေ။ ။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်းမှာ သတင်းအတု အယောင်တွေက ပုံရိပ်ထိခိုက် အောင်လုပ် ကြံခြင်း အသစ်တည်ထောင်ထားတဲ့ Future Forward ပါတီ(FFP) နဲ့ ပါတီရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေ၊ အဓိကက တော့ ပါတီခေါင်းဆောင် သနာထုံကို တိုက်ရိုက်ထိခိုက်စေတဲ့ လုပ်ကြံသတင်းတွေ ထုတ်ပြန်ခြင်း ပုံစံမျိုး ဆောင်ခဲ့တဲ့ ဥပမာတွေ အားလုံးမဟုတ်ရင်တောင် အများစု ရှိခဲ့ပါတယ်။ FFP က လူငယ်တွေကို ကိုယ်စားပြုပြီး လူငယ်တွေက စစ်အစိုးရကို ဆန့်ကျင်တယ်။ အဲဒီတော့ FFP က စစ်တပ်နဲ့ ရှေးရိုးစွဲ လက်ယာယိမ်းဂိုဏ်းတွေဆီက လာတယ်လို့ ယူဆရတဲ့ လုပ်ကြံသတင်း လှုပ်ရှားမှုတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ရပါတယ်။ ရယ်စရာကောင်းတာက သတင်းအတုအယောင် ပြဿနာကို ဖြေရှင်းတဲ့ အဓိက ဥပဒေက မရေမရာ ရေးသားထားတဲ့ ကွန်ပျူတာ ရာဇဝတ်မှု ဥပဒေ(CCA) ဖြစ်နေတယ်။ အဲဒီဥပဒေကို စစ်အစိုးရက ရွေးကောက်ပွဲ အတွင်းမှာရော ရွေးကောက်ပွဲနောက်ပိုင်းမှာပါ သနာထုံနဲ့ တခြား FFP ခေါင်းဆောင်တွေကို တရားစွဲဖို့ အတွက် အသုံးပြုခဲ့ပြီးပါပြီ။ အတိုချုပ်ရရင် ထိုင်းနိုင်ငံမှာ နိုင်ငံတော် ကိုယ်တိုင်က သတင်းတု ဖြန့်ချိသူ ဖြစ်နေတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဧပြီလ အထွေထွေရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်များစွာ အလိုမှာ သတင်းတု တွေနဲ့ လုပ်ကြံသတင်းတွေ သိသိသာသာ တိုးတက်လာခဲ့တယ်။ အင်ဒိုနီးရှား ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မတ်လမှာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မရိုးမသား ကောလာဟလ ၇၀၀ ကျော် ကို ဖော်ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲလွန်ကာလမှာလည်း မေလ ၂၂ ရက်နေ့ကျမှ ထုတ်ပြန်ကျေညာမယ့် တရားဝင် ရ လဒ်တွေရဲ့ အမှန်တရားနဲ့ ပတ်သက်လို့ စစ်ပွဲတခုက ရှိနေတုန်းပဲ။ ပထမအကြိမ်ရေတွက်ရာမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရရှိကြောင်း ပေါ်ထွက်ခဲ့တယ်။ သူ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက ရလဒ်တွေကို လက်ခံဖို့ ညင်းပယ်ခဲ့ပါတယ်။ ပရာဘိုဝိုက သူ့ကို ထောက်ခံသူတွေကို စုစည်းမယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုပြုလုပ်ဖို့ အတွက် စနစ်တကျဖွဲ့စည်းထားတဲ့ ကြီးမားတဲ့ ကွန်ရက်တခုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို သက်သေပြဖို့ အချက်အလက် စစ်ဆေးရေး အဖွဲ့တခု ဖွဲ့စည်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သမရိုးကျမီဒီယာ အပေါ်မှာ ယုံကြည်မှုက နိမ့််ကျပြီး စစ်တပ်က သမိုင်းအစဉ်အလာအရ အများထောက်ခံမှု ရရှိထားတဲ့ နိုင်ငံမှာ ကြောင်းကျိုး ဆီလျော် ပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ ဥပဒေ ယန္တယားတွေကို အသုံးပြုဖို့ ပရာဘိုဝိုက ညင်းပယ်ပြီး ရွေးကောက်ပွဲ မသမာမှုအပေါ် သူ့အမြင်ကို ဖော်ပြနေတာက စည်းလုံးတဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း သက်သေပြ နေပါတယ်။

မေး။ ။ မြန်မာနိုင်ငံက သတင်းတုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးမှာ ဖြစ်ပါတယ်။ အဲဒါက တခြား ဒေသတွင်းနိုင်ငံတွေနဲ့ ဘယ်လို ကွာခြားမှု ရှိပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံက အာဆီယံဒေသတွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ သတင်းတုတွေ သို့မဟုတ် အမုန်းစကားတွေ ပျံ့နှံ့မြင့်မားနေတဲ့ နိုင်ငံ ၃ ခုထဲက တခုပါ။ ကျန်တဲ့ ၂ နိုင်ငံကတော့ အင်ဒိုနီးရှားနဲ့ မလေးရှား ဖြစ်ပါ တယ်။ နိုင်ငံ ၃ ခုလုံးမှာ တူညီတဲ့ လမ်းကြောင်းကတော့ အဓိက လွှမ်းမိုးတဲ့ ဘာသာနဲ့ သဘောထားတင်းမာသူတွေ ရှိ တယ်။ အမျိုးသားရေး ဝါဒ ဗန်းပြ တောင်းဆိုမှု ကနေတဆင့်ဖြစ်တယ်။ လူနည်းစုတွေကို ဆန့်ကျင်တဲ့ အမုန်းစကားတွေကို ဆိုရှယ် မီဒီယာကနေတဆင့် ဖြန့်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီဖြစ်စဉ်က သမိုင်းကြောင်းအရကို လူနည်းစုတွေကို ဆန့်ကျင်တဲ့ အခြေအနေနဲ့ ဆက်နွယ်နေတယ်။ အဲဒါက ဆိုရှယ်မီဒီယာနဲ့ အင်တာနက် ရောက်မလာခင် အချိန်တွေကထဲက သေသေချာချာကို ရှိနေခဲ့တယ်။ မြန်မာနိုင်ငံက သတင်းတုသတင်းယောင်တွေ၊ ဝါဒဖြန့်ချိမှုတွေနဲ့ လူနည်းစု အသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေရဲ့ ထမ်းပိုးအောက်မှာ ကာလရှည် ကြာစွာ ရှိနေခဲ့ပါတယ်။ အဲဒါတွေက အစိုးရ ထိန်းချုပ်တဲ့ မီဒီယာ၊ ကိုးကွယ်ယုံကြည်မှုကို အခြေခံတဲ့ သင်ကြားမှုတွေ၊ အစိုးရ အရာရှိတွေ အတွက် သင်တန်းတွေ အပြင် မိဘတွေကနေ သူတို့ရဲ့ ကလေးတွေတွေကို လက်ဆင့်ကမ်းပေးတဲ့ ပညာရေး အဖွဲ့အစည်းတွေကနေတဆင့် ပျံ့နှံ့ခဲ့ပါတယ်။

အင်တာနက် မတိုင်မီကာလမှ လူနည်းစုတွေဟာ အစိုးရ စနစ်အတွင်းက စနစ်တကျ ခွဲခြားဆက်ဆံမှုကို နေ့တိုင်း ရင်ဆိုင်ခဲ့ ကြရပါတယ်။ အဲဒီ မှားယွင်းတဲ့ တိကျသေချာမှုမရှိတဲ့ သတင်းအချက်အလက်တွေက အခု ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ရောက် ရှိ သွားခဲ့ပါတယ်။ Facebook ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှု မရှိသေးတဲ့ အချိန်မှာတောင်မှ လူနည်းစုတွေနဲ့ ပတ်သက် တဲ့ မသင့်တော်တဲ့ မှတ်ချက်တွေကို Viber ကနေတဆင့် ဖြန့်နေခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာကြောင့် ဖြစ်ရတဲ့ စိန်ခေါ်မှု ကတော့ အမုန်းစကားက ပြန့်ပွားသွားပြီး ထိန်းသိမ်းမရတဲ့ အခြေအနေအထိ မြင့်တက်သွားတယ်။ ရလဒ်အနေနဲ့ လူနည်းစု အပေါ်သက်ရောက်မှုကို အခြေခံကျကျ ခွဲခြားဆက်ဆံခြင်းကနေ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ့ကြုံရနိုင်တဲ့ အန္တရယ်တခုဆီ ပြောင်းပေးလိုက်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံကလည်း နောက်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။ တခြားနိုင်ငံတွေမှာ တွေ့ခဲ့တာတွေကို အ ခြေခံပြီး တိုင်းပြည်ရဲ့ ရွေးကောက်ပွဲ အပေါ်မှာ သတင်းတုတွေရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ ဘယ်လို ခန့် မှန်းထားပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံ အတွက်ဆိုရင် လေ့လာစောင့်ကြည့်သူတွေ မှတ်သားထားသင့်တဲ့ အချိန် အပိုင်းအခြား ၂ ပိုင်း ရှိပါတယ်။

ပထမပိုင်းက ရွေးကောက်ပွဲ မတိုင်မီ နောက်လာမယ့် ၁၈ လ ဖြစ်ပါတယ်။ အဲဒီကာလမှာ အင်တာနက်ထိုးဖောက်မှုက ၅၀ ရာခိုင်နှုန်းအထိ (အခုချိန်အထိ ၃၉ ရာခိုင်နှုန်း) ဖြစ်လာဖွယ်ရှိတယ်။ သုံးစွဲသူ အများစုက Facebook လို ဆိုရှယ် မီဒီယာ ပေါ်မှာ ရှိပါလိမ့်မယ်။ WhatsApp ကနေ ရနိုင်တာတွေလည်း တိုးလာပါလိမ့်မယ်။ အင်တာနက် သို့မဟုတ် ဆိုရှယ် မီဒီယာ သုံးစွဲနိုင်ခြင်း မရှိတဲ့သူတွေကတော့ အဲဒီ ပလက်ဖောင်းတွေက သတင်းအချက်အလက်တွေကို မိသားစုဝင်တွေနဲ့ မိတ်ဆွေ တွေဆီကနေ နှုတ်အားဖြင့် ရရှိနိုင်ပါလိမ့်မယ်။ လွတ်လပ်တဲ့ မီဒီယာက ဂျာနယ်လစ်တွေနဲ့ မီဒီယာ ပိုင်ရှင်တွေ အပြစ်ပေး ခံရခြင်းနဲ့ အတူ နောက်ထပ် တိုက်ခိုက်မှုတွေ အောက်ကို ရောက်လာဖွယ်ရှိပြီး ကိုယ့်ဖာသာ စိစစ်ရေးလုပ်ရတဲ့ အဖြစ်ကို ဦးတည်သွားပါလိမ့်မယ်။ ဂျာနယ်လစ်တွေ အလုပ်ပြောင်းလုပ်ခြင်း သို့မဟုတ် မီဒီယာကုမ္ပဏီတွေ ပိတ်ပစ်ရတဲ့ ဆီကို ရောက်သွားပါလိမ့်မယ်။

ဒေသတွင်းက တခြားနေရာတွေမှာလိုပဲ သဟဇာတဖြစ်မှုကို မြှင့်တင်ဖို့ နာမည်ခံထားတဲ့ ဥပဒေက အမုန်းစကားတွေ ဖြန့်ဝေတဲ့ သတင်းတုတွေကို ဖြေရှင်းဖို့ စတင်လုပ်လာပါလိမ့်မယ်။ ဒါပေမယ့် တရားစွဲဆိုမှုတွေက လွတ်လပ်တဲ့ မီဒီယာ အပါအဝင် အစိုးရကို ဝေဖန်တဲ့သူတွေသာမက နိုင်ငံတကာ NGO တွေနဲ့ ကုလသမဂ္ဂကို အဓိက ရည်ရွယ်ပါလိမ့်မယ်။ သူတို့ရဲ့ နိုင်ငံရေး အနေအထားကို မြှင့်တင်ဖို့ အတွက် ဘက်အားလုံးက သတင်းတုတွေကို သုံးစွဲကြပါလိမ့်မယ်။ တချို့ အပိုင်းတွေမှာ ဘာသာရေးအရ သဘောထားတင်းမာသူတွေရဲ့ ထောက်ခံမှုကို ရယူဖို့အတွက် ကြိုးစားကြလိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးတောင် ဖြစ်နိုင်ပါတယ်။ အတိုချုပ်ရရင် နောက်လာမယ့် ၁၈ လက မြန်မာရွေးကောက်ပွဲကို မီဒီယာ ရွေးကောက်ပွဲလည်း ဖြစ်သွားအောင်လုပ်မယ့် ဆင့်ကဲ ဖြစ်စဉ်တခုကို မီဒီယာ အခင်းအကျင်းမှာ မြင်ရပါလိမ့်မယ်။ မြန်မာ မီဒီယာရဲ့ မျက်နှာစာက ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ အလွန်ကွဲပြားသွားဖွယ် ရှိပါတယ်။

ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း အနည်းဆုံး ၆ လကြာ ကာလဖြစ်တဲ့ ဒုတိယ အချိန်အပိုင်းကိုလည်း ကျနော်တို့ တွက်ချက် ဖို့ လိုပါတယ်။ ထပ်ပြောရရင် ဒေသတွင်းက တခြားနေရာတိုင်းလိုမှာပဲ ရလဒ်တွေက အညင်းပွားမှု ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါက နိုင်ငံရေး မရေရာမှုနဲ့ မငြိမ်သက်မှုကို ဦးတည်စေပါတယ်။ အဲဒီကာလအတွင်းမှာ လတ်တလော အုပ်ချုပ်ခဲ့တဲ့ အစိုးရက အခြေအနေကို ရှင်းပြဖို့ ကြိုးစားမှာ ဖြစ်တဲ့အလျှောက် အစိုးရကို ငြှောင့်ထောင်ဖို့ သတင်းတုတွေလည်း ကျနော်တို့ မျှော်လင့်နိုင်ပါတယ်။ တကယ်လို့ အစိုးရ အပြောင်းအလဲရှိပြီဆိုရင် ရှုံးတဲ့သူက သတင်းတုတွေကို အသုံးပြုတဲ့ ရွေးကောက်ပွဲလွန် လှုပ်ရှားမှုကို ခင်းကျင်းလာနိုင်ပါတယ်။ ဒေသတွင်းက အခြား နေရာတိုင်းမှာ ဖြစ်ပျက်ခဲ့သလိုပဲ ကိုယ်စားလှယ်လောင်းတွေ အရည်အချင်း မပြည့်မီတာ၊ ရွေးကောက်ပွဲ ရလဒ် ကပြောင်းကပြန်ဖြစ်သွားတာနဲ့ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းတာတွေကိုလည်း ကျနော်တို့ မြင်တွေ့ရနိုင်ပါတယ်။

မေး။ ။ သတင်းတုတွေကို တိုက်ဖျက်ရာမှာ လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိပါသလဲ။ အဲဒါက အထိရောက်ဆုံး ကိရိယာလား ဒါမှမဟုတ် တခြား ပိုကောင်းတာတွေ ရှိပါသေးလား။

ဖြေ။ ။ လွတ်လပ်တဲ့ မီဒီယာ တခုတည်းနဲ့ သတင်း အတုအယောင်တွေကို တိုက်ခိုက်လို့ မရနိုင်ပါဘူး။ ကွဲပြားတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့ အစည်းတွေက ရွေးကောက်ပွဲ ဆိုင်ရာ အချိန်ဇယားထက် ကျော်လွန်တဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတခုကို ဖော်ဆောင်ဖို့ လိုပါတယ်။ အချက်အလက်စစ်ဆေးခြင်း၊ မီဒီယာနဲ့ ပတ်သက်လို့ သိရှိ နားလည် လက်ခံနိုင်မှု၊ စာနယ်ဇင်းပညာ အရည်အသွေး မြှင့်တင်ခြင်း၊ နည်းပညာ ကုမ္ပဏီတွေနဲ့ အစိုးရ တို့မှာ ပါဝင်ပတ်သက်နေတဲ့ သူတွေ ပါဝင်ပေးဖို့ လိုပါတယ်။ သတင်းအချက်အလက် ရရှိခွင့်အတွက် ဥပဒေ ရှိသင့်ပါတယ်။ တကယ်လို့ အဲဒီအားထုတ်မှုတွေက တဦးတယောက်ထဲက ၊ ကဏ္ဍအလိုက်ပဲ လုပ်တာနဲ့ ရွေးကောက်ပွဲ စက်ဝန်းမှာပဲ အကန့်အသတ်နဲ့ ဖြစ်နေမယ်ဆိုရင် အဲဒီလိုမျိုး ဆောင်ရွက်မှုတွေက အားလုံးကို ခြုံငုံမိမှာ မဟုတ်သလို ထိရောက်မှုလည်း ရှိမှာ မဟုတ်ပါဘူး။

အဓိက အကြောင်းကတော့ အစိုးရပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု သို့မဟုတ် သတင်းအချက်အလက် ရရှိခွင့်ကို စတင်ဖို့ အပြောင်းအလဲကို မြင်ချင်သူတွေနဲ့ လက်ရှိ အစိုးရ အုပ်ချုပ်ရေးစနစ်တွေကြားက စိတ်ချယုံကြည်မှု ကွာဟချက်ကို တံတား ထိုးပေးဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေပါတယ်။ အဲဒါ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုပါပဲ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော The Role of Fake News in Politics, Stability and Elections ကို ဘာသာပြန်ဆိုသည်။)

You  may  also like these  stories:

ကင်ဆာ ဖြစ်ချင်ယောင်ဆောင်ပြီး အလှူခံခဲ့တဲ့ အမျိုးသမီးကို တရားစွဲဆို

“တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားက မြစ်ဆုံ မဟုတ်၊ ကျောက်ဖြူ”

တရုတ်က မြန်မာနိုင်ငံရဲ့ ရန်သူ မဖြစ်ချင်ဘူး

အစိုးရက နိုင်ငံရေး အကျဉ်းသားကိစ္စကို ဒီထက်ပိုအာရုံစိုက်ဖို့ လိုအပ်တယ်

Your Thoughts …
Tags: ရွေးကောက်ပွဲလူမှုကွန်ရက်သတင်းတုအမုန်းစကား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
သရုပ်ဆောင် ဆုပန်ထွာ ၊ တူမဖြစ်သူ သက်တံ့ကဗျာ  /  Su Pan Htwar's Facebook

Miss Universe Myeik ရထားတဲ့ တူမကို အနုပညာအလုပ်တွေ လုပ်စေချင်တဲ့ ဆုပန်ထွာ

အဆိုတော် ထူးအယ်လင်း / ဧရာဝတီ

"သေဖို့အတွက် အလုပ်လုပ်နေတာ"လို့ အဆိုတော် ထူးအယ်လင်း ပြော 

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved