ကျားဖောင်လုပ်ငန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကျားဖောင်လုပ်ငန်း Covering Burma and Southeast Asia Tue, 18 Jul 2023 22:13:00 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကျားဖောင်လုပ်ငန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကျားဖောင်လုပ်ငန်း 32 32 နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖောင်လုပ်ငန်း ပြောင်းလဲလာမလား https://burma.irrawaddy.com/article/2020/10/13/231466.html Tue, 13 Oct 2020 06:18:02 +0000 https://burma.irrawaddy.com/lytbox/?p=231466 ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ / ဆလိုင်းသန့်စင် / ဧရာဝတီနှစ်စဉ် သြဂုတ်လရောက်သည်နှင့် လူတွေရှုပ်ထွေး စည်ကားနေတတ်သည့် ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံ မြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဒေသများမှာ ယခုနှစ်တွင် လူသူကြဲပါး ခြောက်ကပ်နေသည်။]]> ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

နှစ်စဉ် သြဂုတ်လရောက်သည်နှင့် လူတွေရှုပ်ထွေး စည်ကားနေတတ်သည့် ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံ မြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဒေသများမှာ ယခုနှစ်တွင် လူသူကြဲပါး ခြောက်ကပ်နေသည်။ ဒီအခြေအနေက ကျားဖောင် လုပ်ငန်းများဖြစ်ထွန်းခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ပထမဆုံး ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။

အင်္ဂလန်ကျားဖောင်လုပ်ငန်းများသည် နှစ်စဉ် သြဂုတ်လ၌ ရေလုပ်သားစုဆောင်း၍ စက်တင်ဘာလတွင် ပင်လယ်ပြင်သို့ ထွက်၍ ငါးဖမ်းကြပြီး နောက် ၁ နှစ် ဧပြီလတွင် လုပ်ငန်းပိတ်သိမ်းကြသည်။ ထို့ကြောင့် ရေလုပ်သားစုဆောင်းသည့် သြဂုတ်လသည် ဖျာပုံမြို့နယ်၌ လူစည်ကားသည့် ကာလဖြစ်သည်။

“ခါတိုင်းနှစ် ဒီအချိန်ဆို အလုပ်ရှင်ဆီမှာ ဖောင်ပေါ်တက်မယ့်လူတွေက စရံငွေ ကြိုထုတ်ကြတယ်။ တခြားဒေသက လာတဲ့ ဖောင်ပေါ်တက်ဖို့ လူတွေအများကြီးနဲ့ ရှုပ်ထွေးစည်ကားနေတာ။ ဒီနှစ်ကတော့ လူတွေခြောက်ကပ် နေတာပဲ”ဟု ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာဒေသခံ ကိုစိုးက ပြောပြသည်။

ကျားဖောင်လောက၌ မကြုံစဖူး ထူးကဲစွာပြောင်းလဲသွားရသည့် အကြောင်းအရင်း ၂ ချက်ရှိသည်။ ပထမအချက်က ကမာ္ဘတလွှား ဖြစ်ပွားနေသည့် ကူးစက်မြန် COVID – 19 ရောဂါကြောင့်ဖြစ်ပြီး ဒုတိယအချက်က ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကြောင့် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေအိမ်မှ ၄၈ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကို ၎င်း၏မိသားစုဝင်များက ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ သဉ္ဇာထွန်း ကျားဖောင်လုပ်ငန်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လူခေါ်ပွဲစားတို့က ကိုမြတ်သူရထွန်းကို ဖျာပုံသို့လိမ်ခေါ်ကာ ကျားဖောင်လုပ်ငန်းထဲ ထိုးထည့်၍ ၎င်း၏လုပ်အားခများကို ထုတ်ယူသွားခဲ့ကြသည်။ မိသားစုက ၎င်းအားငွေကျပ် ၆ သိန်းဖြင့် ကျားဖောင်လုပ်ငန်းရှင်ထံမှ ပြန်လည်ရွေးယူခဲ့ရသည်။

ကျားဖောင်မှ ပြန်လွတ်လာသည့် ကိုမြတ်သူရထွန်း၏မျက်နှာတွင် ဖူးယောင်ညိုမည်းနေပြီး ဘယ်ဘက်လက် တဖက်လည်း ကျိုးနေခဲ့သည်။ ဘယ်ဘက်နားရွက်မှာလည်း ကွဲထွက်ပေါက်ပြဲပြီး ဒဏ်ရာ ဗလပွ ဖြစ်နေသည့်ဓာတ်ပုံများ လူမှုကွန်ရက် တွင် ပျံ့နှံ့သွားသည့်နောက် မြန်မာတနိုင်ငံလုံး အံ့သြခဲ့ရသည်။

ကျားဖောင်သို့ ရောင်းစားခံရသည့်အပြင် နှိပ်စက်ခံရသည့် ကိုမြတ်သူရထွန်း / အောင်ကျော်ထက် /ဧရာဝတီ

ကျားဖောင်ဦးစီးတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှုများကို လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်ပြောဆို ရှုတ်ချကြသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိုအချိန်မှသာ အသည်းအသန်ဖြင့် တရားခံများကို လိုက်လံဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှုဖြင့် တရားစွဲဆိုခဲ့သည်။

ကိုမြတ်သူရထွန်းဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ကျားဖောင်လုပ်ငန်းများနှင့်ပတ်သက်၍ အဓိက တာဝန်ရှိသည့် နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် အမျိုးသားလွှတ်တော်တို့က ဖျာပုံမြို့နယ်မှ ကျားဖောင် လုပ်ငန်းများနှင့်ပတ်သက်၍ ကြားနာမှု၊ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ထွက်ပေါ်လာသည့်ရလဒ်မှာ “ကျားဖောင်လောက ကို စနစ်တကျဖြင့် တင်းကြပ်စွာ ကိုင်တွယ်သွားရေး” ဖြစ်သည်။

တရားမဝင် ကျားဖောင်တွေကို ပိတ်ပြီ

ကျားဖောင်လုပ်ငန်းကို အဓိက ကိုင်တွယ်နေသည့်ငါးလုပ်ငန်းဦးစီးဌာနက လက်ရှိ ၂၀၂၀ – ၂၀၂၁ ငါးဖမ်း ရာသီတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လုပ်ငန်းလိုင်စင်ရှိသူများသာ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခွင့်ရမည်ဟု ကြေညာခဲ့ သည်။ လုပ်ငန်းလိုင်စင်အရ သင်္ဘော ၁ စီးလျှင် ကျားဖောင် ၈ ဖောင်သာ ငါးဖမ်းခွင့်ပြုမည်ဟု တင်းကြပ်ခဲ့သည်။

“ဒီနှစ်က မလုပ်တဲ့လူတွေများတယ်။ ရွာကြီးက ခြောက်ကပ်သွားပြီ။ ကျနော်လည်း မလုပ်တော့ဘူး။ ကျနော့်လိုပဲ မလုပ်တဲ့ လူတွေ များတယ်။ မနှစ်က ဖောင် ၅ ထောင်ရှိရင် အခုက ဖောင် ၁ ထောင်လောက်ပဲ လုပ်တော့တယ်။ ဖောင် ၄ ထောင် လောက် လျော့သွားတယ်”

ငါးလုပ်ငန်းဌာန၏ အဆိုပါ ကြေညာချက်ကြောင့် ဖျာပုံဒေသရှိ ဒေါ်ညိမ်း၊ နောက်မီး၊ ခါးပြတ်စသဖြင့် ကျေးရွာပေါင်း ၁၂ ရွာရှိ ကျားဖောင်လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။ အကြောင်းအရင်း က ကျားဖောင် လုပ်ငန်းလိုင်စင် မရှိသောကြောင့် ဖြစ်သည်။

“ဒီနှစ်က မလုပ်တဲ့လူတွေများတယ်။ ရွာကြီးက ခြောက်ကပ်သွားပြီ။ ကျနော်လည်း မလုပ်တော့ဘူး။ ကျနော့်လိုပဲ မလုပ်တဲ့ လူတွေ များတယ်။ မနှစ်က ဖောင် ၅ ထောင်ရှိရင် အခုက ဖောင် ၁ ထောင်လောက်ပဲ လုပ်တော့တယ်။ ဖောင် ၄ ထောင် လောက် လျော့သွားတယ်”ဟု ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာ၌ ကျားဖောင် လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးသန့်စင်က ဒေသတွင်း အခြေအနေကို ပြောပြသည်။

အင်္ဂလန်ကျားဖောင်လုပ်ငန်းသည် ဖျာပုံမြို့နယ်၏ မိရိုးဖလာ ကမ်းဝေးငါးဖမ်းလုပ်ငန်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်အချိန်ကာလ ၁၉၇၀ ခုနှစ်ဝန်းကျင်ကစတင်၍ ဖျာပုံဒေသ၌ အင်္ဂလန်ကျားဖောင်များဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြသည်။

ဖျာပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဘေးမှ ဒေါ်ညိမ်း၊ နောက်မီး၊ ဒေးဒလူ၊ ခါးပြတ်၊ ဗံဒါပင်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ရွှေလှေကျင်း၊ အရှေ့ဖျား၊ ဖျာပုံမြစ်ကမ်းနှင့် ဓမင်းဆိပ်စသည့်ကျေးရွာများမှာ မြန်မာတနိုင်ငံလုံး စားသုံး နေသည့် မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနေသည့်ဒေသများ ဖြစ်သည်။

ဖျာပုံဒေသ၏ ရေထွက်ကုန်များကို ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံအထိ တင်ပို့ရောင်းချကြသည်။ ထို့ကြောင့် ငါးဖမ်းခြင်းမှစ၍ ကုန်ချောထုတ်လုပ်ကာ တင်ပို့ ရောင်းချမှု အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် လူပေါင်းများစွာ အလုပ်အကိုင် ဖန်တီးပေးထားနိုင်သည့် ကျားဖောင်လုပ်ငန်းအပေါ် ဖျာပုံမြို့နယ်တခုလုုံးက စီးပွားရေးအရ မှီခိုနေရသည်။

ရေထွက်ကုန်တင်ပို့ရောင်းချသည့်လုပ်ငန်း တဖြည်းဖြည်း တွင်ကျယ်လာသည့်အလျောက် ၂၀၀၅ ခုနှစ်က စတင်၍ ကျားဖောင်လုပ်ကိုင်သူ လုပ်ငန်းရှင် တဖြည်းဖြည်း များပြားလာခဲ့သည်။ လုပ်ငန်းရှင် များပြားခဲ့သည့်အလျှောက် ကျားဖောင်အရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။

ဒေသတွင်းလိုအပ်ချက်အရ လုပ်ငန်းလိုင်စင်များ တိုးမြှင့်ချထားပေးရန် ကျားဖောင်လုပ်ငန်းရှင်များက ငါးလုပ်ငန်း ဦးစီး ဌာနကို တောင်းဆိုသည်။ သို့သော် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် တပ်မတော် (ရေ) တို့က ကန့်ကွက်သည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၇ ခုနှစ်နောက်ပိုင်း ကျားဖောင်လုပ်ငန်းလိုင်စင်များ ထပ်မံ ထုတ်ပေးခြင်း မရှိတော့ချေ။

“ကျားဖောင်လိုင်စင်ထုတ်ပေးရမယ့်နေရာသည် နိုင်ငံတကာ ကုန်သွယ်ရေကြောင်းသင်္ဘောတွေ သွားလာတဲ့နေရာ ဖြစ်နေတယ်။ ကျနော်တို့ လိုင်စင်အသစ်တွေ ထုတ်ပေးတာကို တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကန့်ကွက်ပါတယ်။ ဒါကြောင့် မြန်မာ့ ပင်လယ်ပြင်မှာ ငါးဖမ်းလိုင်စင် ထုတ်ပေးဖို့ဟာ ငါးလုပ်ငန်းဦးစီးဌာန သဘောထား တခုတည်းနဲ့ ထုတ်ပေးလို့ မရပါဘူး”ဟု ဧရာဝတီ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင် ရဲထွဋ်လွင်က ရှင်းပြသည်။

ဖျာပုံမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရ ၂၀၁၉ – ၂၀ ငါးဖမ်းရာသီတွင် ဌာနမှ ငါးဖမ်းခွင့် တရားဝင် လိုင်စင် ထုတ်ပေးထားသည့် စက်လှေနှင့် ကျားဖောင်တွဲ ၁၈၁ တွဲရှိသည်။ စက်လှေ ၁ စီးလျှင် ကျားဖောင် ၈ ဖောင် ပါဝင် သည့်အတွက် တရားဝင် မှတ်ပုံတင်ထားသည့် ကျားဖောင်ပေါင်း ၁၄၄၈ ဖောင် ရှိသည်။ကျားဖောင် ၁ ဖောင်တွင် ဖောင်ဦးစီး ၁ ဦးနှင့် ဖောင်နောက်လိုက် ၂ ဦး၊ တချို့သောဖောင်များတွင် ဖောင်နောက်လိုက် ၃ ဦး နေထိုင်ကာ အလုပ်လုပ်ကြသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနစာရင်းအရ ၂၀၁၉ – ၂၀၂၀ ငါးဖမ်းရာသီတွင် ဖျာပုံမြို့နယ်၌ တရားဝင်မှတ်ပုံတင်ထားသည့် ကျားဖောင်လုပ်သား ၅၀၀၀ နီးပါး ရှိကြောင်း သိရသည်။

ဖျာပုံမြို့ ဆိပ်ကမ်းတွင် တွေ့ရသည့် ကမ်းဝေးငါးဖမ်းစက်လှေများ / ထက်ခေါင်လင်း / ဧရာဝတီ

သို့သော် ပင်လယ်ပြင်၌ အမှန်တကယ် ငါးဖမ်းခဲ့သည့်ကျားဖောင်အရေအတွက်မှာ ၅ ထောင်ခန့်ရှိကြောင်း ဖျာပုံ မြို့နယ်မှ ကျားဖောင်လုပ်ငန်းရှင်များက ဆိုသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားသည့် ပမာဏထက် ပင်လယ်ပြင် တွင် ငါးဖမ်းသည့် ကျားဖောင်အရေအတွက်က ၃ ဆကျော် ကွာခြားနေသည်။

ဖျာပုံဒေသ၌ ငါးဖမ်းခွင့်လိုင်စင် ရှိသူရော၊ မရှိသူပါ နှစ်ပေါင်းများစွာ ပင်လယ်ထွက်၍ ငါးဖမ်းခဲ့ကြသည်။ ထို့ကြောင့် တချို့သော ကျားဖောင်လုပ်ငန်းရှင်များဆိုလျှင် လုပ်ငန်းလိုင်စင်လုပ်ထားသော်လည်း သက်တမ်း မတိုးဘဲ ပစ်ထား ကြသည်။

“ငါးဖမ်းလိုင်စင် ၁ ခုကို သင်္ဘောတစ်စီးနဲ့ ကျားဖောင် ၈ ဖောင် ထွက်ခွင့်ရှိတယ်။ ဒါပေမယ့် ၈ ဖောင်နဲ့ တကယ် ထွက်ရဲ့ လားဆိုတော့ အနှစ် ၂၀ ကျော်အတွင်းမှာ သင်္ဘော ၁ စီးထဲမှာ တချို့က ၁၂ ဖောင်၊ ၁၅ ဖောင်၊ ဖောင် ၂၀ လောက် ထွက်တယ်။ တချို့ကလည်း တရားဝင်လိုင်စင်မရှိဘဲ ရညန (ရေကြောင်းပို့ဆောင်ရေးဌာန) က ထုတ်ပေးတဲ့ ငါးသယ်တဲ့ သင်္ဘောလိုင်စင်နဲ့ ၁၀ ဖောင်၊ ၁၅ ဖောင် လုပ်လာတာရှိတယ်။ ကာလရှည်တခုမှာ ဖြစ်ချင်တိုင်း ဖြစ်ပြီးတော့ စည်းကမ်း လည်း မရှိ၊ နိုင်ငံတော်အတွက်လည်း ဘာမှ အခွန်အခ မရတာတွေ ဖြစ်ခဲ့တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် ၁၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖျာပုံမြို့သား ဦးသိမ်းဆွေက ရှင်းပြသည်။

ဖျာပုံဒေသ၌ ငါးဖမ်းခွင့်လိုင်စင် ရှိသူရော၊ မရှိသူပါ နှစ်ပေါင်းများစွာ ပင်လယ်ထွက်၍ ငါးဖမ်းခဲ့ကြသည်။ ထို့ကြောင့် တချို့သော ကျားဖောင်လုပ်ငန်းရှင်များဆိုလျှင် လုပ်ငန်းလိုင်စင်လုပ်ထားသော်လည်း သက်တမ်း မတိုးဘဲ ပစ်ထား ကြသည်။

ပင်လယ်ထွက်ငါးဖမ်းဖို့ လိုင်စင်မလိုအပ်သည့် အခြေအနေတွင် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များကလည်း ကျားဖောင် ၂ ဖောင်၊ ၃ ဖောင် စသဖြင့် တည်ဆောက်၍ စက်လှေရှိသော လုပ်ငန်းရှင်များနှင့် တွဲဖက် လုပ်ကိုင်ကြသည်။ ယင်းဖောင်များကို ဖျာပုံ၌ တွဲဖောင်၊ ကပ်ဖောင်ဟု ခေါ်သည်။

“တွဲဖောင်၊ ကပ်ဖောင်ဆိုတာက ရွာက တနိုင်တပိုင်လုပ်တဲ့လူတွေက သူတို့မှာ သင်္ဘောကလည်း မရှိဘူး။ ရင်းနှီးစရာ ငွေကြေးလည်း များများစားစား မရှိတော့ သင်္ဘောရှိတဲ့ လုပ်ငန်းရှင်ဆီမှာ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ ကျားဖောင် ၁ ဖောင်၊ ၂ ဖောင် တွဲချင်ပါတယ်။ ကူညီပေးပါဆိုပြီး ဝင်တွဲတာ။ လုပ်ငန်းရှင်က ကျားဖောင်တွေ ပင်လယ်ထဲ ဆွဲယူသွားပေးတယ်။ ပြန်သယ်လာပေးတယ်။ ကုန်တွေ ကမ်းပြန်ပို့ပေးတယ်။ ဒီလိုမျိုး တနိုင်တပိုင် လုပ်ငန်းရှင်တွေ အများကြီးရှိတယ်”ဟု ဖျာပုံမြို့ခံ ကိုကျော်စိုးမိုးက ပြောပြသည်။

ထိုသို့ လုပ်ငန်းလိုင်စင်မရှိသည့် တရားမဝင်ကျားဖောင်များ ပင်လယ်ထွက်၍ ငါးဖမ်းခွင့်ရဖို့အတွက် မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ထုံးစံအတိုင်း ငါးလုပ်ငန်းဦးစီးဌာနကို လုပ်ငန်းရှင်များက လစဉ် လာဘ်ထိုးရသည်။

တရားမဝင် ကျားဖောင်စီးပွားရေး

ဖျာပုံမြို့အနီးရှိ ပင်လယ်ပြင်၌ တရားဝင်ထက် တရားမဝင် ငါးဖမ်းသည့်ကျားဖောင်များက ပိုများခဲ့ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ဖောင်အရေအတွက် ၃ ထောင်ထက်မနည်း ရှိနေသည့် တရားမဝင် ကျားဖောင်များသည် ပြီးခဲ့သည့် ၂၀၁၉ – ၂၀၂၀ ခုနှစ် ငါးဖမ်းရာသီအထိ ပင်လယ်ပြင် ငါးဖမ်းထွက်ချိန်၌ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကို တဖောင်ကို ၃၀၀၀ ကျပ်နှုန်း ပေးခဲ့ရသည်ဟု တရားမဝင် ကျားဖောင် လုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် လုပ်ငန်းလိုင်စင်မရှိသည့် တရားမဝင် ကျားဖောင်များအားလုံးမှာ ဖျာပုံမြို့နယ်။ ငါးလုပ်ငန်းဦးစီးဌာနသို့ ကျားဖောင် ၁ ဖောင်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ငါးဖမ်းရာသီစတင်သည့် စက်တင်ဘာလမှ ရာသီပိတ်သိမ်းသည့် ဧပြီလအထိ ပေးခဲ့ရသည်ဟု လုပ်ငန်းပိတ်သိမ်းခံခဲ့ရသည့် ကပ်ဖောင်၊ တွဲဖောင်လုပ်ငန်းရှင်များက ပြောသည်။

“ကျားဖောင်စထွက်တာနဲ့ ဘယ်အိမ်က ဘယ်နှစ်ဖောင်ထွက်သလဲဆိုပြီး စာရင်းနဲ့ လာကောက်တယ်။ တဖောင်ကို ၃၀၀၀ နှုန်းပေးရတယ်။ ဒါက လုံခြုံရေးဆိုင်ရာ တာဝန်ရှိတဲ့လူတွေ လာကောက်တာ။ ဖျာပုံ ငါးလုပ်ငန်းကိုကျတော့ တဖောင်ကို တလ ၅၀၀၀ နှုန်းနဲ့ လစဉ်ပေးရတယ်။ ပင်လယ်မှာက လိုင်စင်မရှိတဲ့ဖောင်က ၃ ထောင်ကျော်ရှိတော့ ၁ လ၊ ၁ လ ရတဲ့ ဝင်ငွေကို တွက်ကြည့်ပေါ့။ လိုင်စင်မရှိတဲ့ ကျားဖောင်စာရင်းတွေက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဆီမှာ အကုန်ရှိပြီးသား ပါ”ဟု ဒေါ်ညိမ်းကျေးရွာ အုပ်စုအတွင်းရှိ ကျားဖောင်လုပ်ငန်းရှင် ၁ ဦးက ပြောပြသည်။

“ကျနော်တို့အနေနဲ့ ကွင်းမဆင်းနိုင်ဘူး။ ရွာတွေကို မသွားနိုင်တဲ့အခြေအနေမှာ လုပ်ငန်းရှင်တွေဆီက ငွေယူတယ် ဆိုတာက မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ပါတယ်။ တဖက်ကပြောတဲ့ သွားရောက် စစ်ဆေးနိုင်ခြင်း မရှိဘူး ဆိုကတည်းကိုက ကျနော်တို့က ဒီဟာတွေကို သွားရောက်တောင်းခံခြင်း မရှိဘူး ဆိုတာကို သက်သေပြပြီးသားလည်း ဖြစ်ပါတယ်”

ကျားဖောင်လုပ်ငန်းရှင်များအဆိုအရ ဖျာပုံမြို့အနီးရှိ ပင်လယ်ပြင်တွင် တရားမဝင် ကျားဖောင် ၃၀၀၀ ကျော် ရှိခဲ့သည့် အတွက် ၁ ဖောင်လျှင် ၅၀၀၀ နှုန်းဖြင့် တွက်ချက်ပါက လုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနကို ပေးရ သောငွေမှာ ၁ လလျှင် ကျပ်သိန်း ၁၅၀ အထက်ရှိနေသည်။ ငါးဖမ်းရာသီက ၈ လကြာမြင့်သည့်အတွက် တရားမဝင် ကျားဖောင် လုပ်ငန်းရှင်များ အနေဖြင့် ဖျာပုံမြို့နယ် ငါးလုပ်ငန်းဌာနကို ၁ ရာသီလျှင် ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း ၁ ထောင်ခန့် ငွေကြေးပေးအပ်ခဲ့ရသည့် အနေအထား ဖြစ်သည်။

“ကျနော်တို့အနေနဲ့ ကွင်းမဆင်းနိုင်ဘူး။ ရွာတွေကို မသွားနိုင်တဲ့အခြေအနေမှာ လုပ်ငန်းရှင်တွေဆီက ငွေယူတယ် ဆိုတာက မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ပါတယ်။ တဖက်ကပြောတဲ့ သွားရောက် စစ်ဆေးနိုင်ခြင်း မရှိဘူး ဆိုကတည်းကိုက ကျနော်တို့က ဒီဟာတွေကို သွားရောက်တောင်းခံခြင်း မရှိဘူး ဆိုတာကို သက်သေပြပြီးသားလည်း ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့သည့်ငါးဖမ်းရာသီများတွင် တရားမဝင် ကျားဖောင်လုပ်ငန်းရှင်များထံမှ ငွေကြေး တောင်းခံ သည် ဟူသောကိစ္စရပ်အပေါ် ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

တရားမဝင် ကျားဖောင်လုပ်ငန်းရှင်များကတော့ လိုင်စင်မရှိသည့်ကျားဖောင်များ ပင်လယ်၌ ငါးဖမ်းသည်ကို ဌာနဆိုင်ရာများက နှစ်ပေါင်းများစွာ ငွေယူ၍ မသိချင်ယောင်ဆောင်ခဲ့ကြပြီး လက်ရှိ ၂၀၂၀ – ၂၀၂၁ ငါးဖမ်းရာသီမှ ရုတ်တရက် ပိတ်ပင်ခဲ့သည့်အတွက် ၎င်းတို့စီးပွားရေးကို အလုံးစုံပျက်စီးအောင် ဌာန ဆိုင်ရာများက လုပ်ဆောင်ခဲ့ ကြသည်ဟု စွပ်စွဲပြောဆိုကြသည်။

“တရားဝင်ထက် တရားမဝင်ဖောင်တွေက ပိုများနေတာတွေကို သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ၊ အထူးသဖြင့် ငါးလုပ်ငန်း ဌာနပေါ့။ သူတို့တွေသိနေခဲ့တာပဲ။ ဒါတွေကို စောစောစီးစီး မဖြေရှင်းခဲ့လို့ ပြဿနာတွေ ပိုရှုပ်ကုန်တာ။ ပြဿနာတွေ ပိုပြီးကြီးထွားကုန်တာ”ဟု ဖျာပုံမြို့နယ်၊ အမာမြို့မှ ဒေသခံ ဦးကြည်သိန်းက ပြောသည်။

ကျားဖောင်ပေါ်မှ ပြဿနာများစာရေးသူကိုယ်တိုင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်း၊ နောက်မီး၊ ခါးပြတ်၊ ဗန္ဓာပင်စသည့်ကျေးရွာများသို့ ၂၀၁၈ ခုနှစ်က တကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁ ကြိမ် ကွင်းဆင်း၍ သတင်းရယူခဲ့သည်။ ထို့ပြင် ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်လုပ်ငန်းခွင်အထိပါ သွားရောက်သတင်း ရယူခဲ့သည်။

ထို့ကြောင့် လူခေါ်ပွဲစားမှတဆင့် ရရှိလာသည့် ရေလုပ်သားကို ကြုံရာစက်လှေဖြင့် ကျားဖောင်ပေါ် တန်းပို့သည်။ ထိုသို့သော ရေလုပ်သားမျိုးကို ကျားဖောင်လောက၌ “ခုန်ဆင်း”ဟု ခေါ်ကြသည်။

မြေပြင်၌ သတင်းရယူချိန်တွင် တွေ့ရသည်က တရားဝင်လိုင်စင်ရထားသော ကျားဖောင်လုပ်ငန်းအများစုက ရေလုပ်သား များကို တရားဝင် စာရင်းသွင်းကြသည်။ ငါးလုပ်ငန်း ဌာနတွင် ရေလုပ်သားကတ်များ ပြုလုပ်၍ မှတ်ပုံတင်ကြသည်။

သို့သော် တရားမဝင်လုပ်ကိုင်သည့် ကျားဖောင်လုပ်ငန်းရှင်က သူကိုယ်တိုင်ပင် လုပ်ငန်းလိုင်စင်မရှိဘဲ ခိုးဝှက် လုပ်ကိုင် နေသည့် အနေအထားတွင် သူ့ဖောင်၌အလုပ်လုပ်မည့် ရေလုပ်သားကို ငါးလုပ်ငန်းဌာန၌ မှတ်ပုံတင်ဖို့ ဆိုသည်က မဖြစ်နိုင်သည့်အခြေအနေ ဖြစ်သည်။

ထို့ကြောင့် လူခေါ်ပွဲစားမှတဆင့် ရရှိလာသည့် ရေလုပ်သားကို ကြုံရာစက်လှေဖြင့် ကျားဖောင်ပေါ် တန်းပို့သည်။ ထိုသို့သော ရေလုပ်သားမျိုးကို ကျားဖောင်လောက၌ “ခုန်ဆင်း”ဟု ခေါ်ကြသည်။

ယခင်က ကျားဖောင်အရေအတွက် နည်းပါးသဖြင့် ဖျာပုံဒေသခံ ကျွမ်းကျင်ရေလုပ်သားများနှင့် အလုပ်သမား လောက်ငှစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့်အတွက် ကျားဖောင်လောကတွင် ပြဿနာကြီးကြီးမားမား မရှိခဲ့။ ပင်လယ်ပြင်ကို ကျွမ်းကျင်ပြီး အလုပ်၏ သဘောသဘာဝကို နားလည်နေသူများမို့ အဆင်ပြေခဲ့ကြသည်။

သို့သော် ၂၀၀၅ ခုနှစ်နောက်ပိုင်း ကျားဖောင်လုပ်ငန်းလုပ်ကိုင်သူ ပိုမိုများပြားလာသည့်အလျောက် ကျားဖောင်ရေလုပ်သား လိုအပ်ချက်မှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။ ဒေသတွင်းက အလုပ်သမားများဖြင့် မလုံလောက်တော့သည့်အတွက် ကျားဖောင်လုပ်ငန်းရှင်များက မြန်မာပြည် ဒေသအသီးသီးမှ ရေလုပ်သားများကို တိုက်ရိုက်သော်လည်းကောင်း၊ လူခေါ် ပွဲစားများမှတဆင့်သော် လည်းကောင်း စုဆောင်းကြသည်။



ကျားဖောင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး ဘာတွေ လိုမလဲ (ရုပ်/သံ)

ကျားဖောင်လောကသို့ လာရောက်အလုပ်လုပ်ကြသည့် ရွှေ့ပြောင်းလုပ်သားများကို ဆန်းစစ်လျှင် အမျိုးအစား ၃ မျိုး ရှိသည်ကို တွေ့ရသည်။

ပထမတမျိုးက ကျားဖောင်တွင် အလုပ်လုပ်ပြီးနောက် ငွေကြေးလိုအပ်ချက်အရ လုပ်ငန်းရှင်ထံ တွင် စရံငွေယူပြီး ကျားဖောင်ပေါ် ပြန်တက်၍ အလုပ်လုပ်ကြသည့် ကျွမ်းကျင်ရေလုပ်သားများ ဖြစ်သည်။

စာရေးသူကိုယ်တိုင် ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်လုပ်ငန်းခွင်သို့ သတင်းသွားယူချိန်တွင် ကျားဖောင် လုပ်ငန်း၌ ၄ နှစ်၊ ၅ နှစ်၊ ၇ နှစ် စသဖြင့်နှစ်ရှည်လုပ်ကိုင်နေသည့် ကျွမ်းကျင်ကျားဖောင်လုပ်သားများကို တွေ့ခဲ့ရသည်။ သူတို့က ရေလုပ်ငန်းတခုသာ ကျွမ်းကျင်သည့်အတွက် ကျားဖောင်ရာသီချိန်ဆိုလျှင် ဖောင်ပေါ် ပြန်တက်ကြသည့် ပင်လယ်ပျော်များ ဖြစ်သည်။

ဒုတိယတမျိုးကတော့ အလုပ်လုပ်ချင်သည့်အတွက် ကျားဖောင်တွင် အလုပ်လုပ်ဖူးသူနှင့်အတူ ဖျာပုံဒေသသို့ လိုက်လာပြီး အလုပ်လုပ်ကြသူများ ဖြစ်သည်။ သူတို့က မိသားစုနှင့်အတူ ဖျာပုံသို့ လာရောက်ပြီး လုပ်ငန်းရှင် ထုတ်ပေးသော ကြိုတင် ငွေကို မိသားစုလက်ထဲထည့်၍ ကျားဖောင်ပေါ် တက်သွားသူများဖြစ်သည်။

တတိယအမျိုးအစားကတော့ လူခေါ်ပွဲစားတို့က မြန်မာပြည်ဒေသအသီးသီးမှ နည်းမျိုးစုံဖြင့် ဖျာပုံသို့ ခေါ်ဆောင်လာသူများ ဖြစ်သည်။ ကျားဖောင်လောက၌ ပြဿနာအတက်ဆုံး လူအုပ်စုအမျိုးအစားဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းမှာလည်း လူခေါ်ပွဲစားတို့၏ လိမ်လည်ခေါ်ဆောင်မှုဖြင့် ဖျာပုံဒေသသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“လူခေါ်ပွဲစားတွေက ငွေလိုချင်တော့ လမ်းကတွေ့တဲ့လူ အကုန်ခေါ်လာတယ်။ အဲဒီအထဲမှာ အရက်သမား၊ ဆေးသမား၊ ဉာဏ်ရည်မပြည့်သူ၊ ကျောင်းသား၊ ကျန်းမာရေးမကောင်းသူတွေအပြင် ထောင်ကထွက်လာသူတွေနဲ့ ရာဇဝတ်မှု ကျူးလွန် ပြီး ထွက်ပြေးလာတဲ့သူတွေပါ ကျားဖောင်လောကကို ရောက်လာတယ်။ လမ်းမှာလည်း စစ်ဆေးတာတွေ မရှိဘူး။ လုပ်ငန်း ရှင် ကလည်း အလုပ်သမားရရင် ပြီးရောဆိုပြီး လက်ခံတယ်။ အဲဒီမှာ ပြဿနာတွေ တက်ကြတာ”ဟု ဖျာပုံမြို့နယ်၊ အမာမြို့မှ ဒေသခံ ဦးကြည်သိန်းက ပြောပြသည်။

လူခေါ်ပွဲစားက လုပ်ငန်းရှင်ပေးသည့် လူခေါ်ခ ၃ သောင်း၊ ၅ သောင်းကျပ်ကို ယူသည်။ ရေလုပ်သားအတွက် လုပ်ငန်းရှင် ကြိုထုတ်ပေးသည့် လစာငွေ ၆ သိန်း၊ ၈ သိန်းစသည့်ငွေများကိုလည်း မိသားစုထံ ပြန်ပို့ပေးမည်ဟုပြောဆိုကာ လိမ်ယူသည်။ ဒီလိုနှင့် “ကျားဖောင်ပေါ် လူရောင်းစားသည်” ဟူသောဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။

လူခေါ်ပွဲစားတို့၏ လိမ်လည်လှည့်ဖျားမှုကြောင့် ကျားဖောင်ပေါ်ရောက်လာခဲ့သူများတွင် အလုပ်ကြမ်း မလုပ်ဖူးသူ၊ ပင်လယ်အလုပ် မလုပ်ဖူးသူ၊ အရက်စွဲ၊ ဆေးစွဲနေသူများမှာ မလုပ်တတ်မကိုင်တတ်ဖြင့် အလုပ်လုပ်ရင်း ထိခိုက် ဒဏ်ရာများ ရရှိခြင်း၊ လုပ်မှားကိုင်မှားဖြစ်လျှင် ကျားဖောင်ဦးစီး တချို့့၏ အရိုက်အနှက်၊ ညှဉ်းပန်းနှိပ်စက်မှုများ ခံရခြင်းများ ကြုံကြရသည်ဟုလည်း သိရသည်။

ဒေါ်ညိမ်းတိုက်နယ် ဆေးရုံစာရင်းအရ ၂၀၁၈ ခုနှစ်တွင် ကျားဖောင်လုပ်သား ၈၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ကျားဖောင် လုပ်သား ၈၀ မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြသည်။ သေဆုံးသူ အများစုမှာ ဗီတာမင် B1 ဓာတ်ချို့တဲ့၍ ဖောယောင်ကာ သေဆုံးကြသည်ဟု ဒေါ်ညိမ်းတိုက်နယ်ဆေးရုံထံမှ သိရသည်။

ကျားဖောင်ဦးစီး၏ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရ၍ သေသူများရှိသလို မခံနိုင်သည့် ရေလုပ်သားများက ပြန်သတ်၍ ဖောင်ဦးစီးတို့ သေဆုံးမှုများ ဖြစ်ကြသည်။ ပင်လယ်ထဲ၌ အရက်မသောက်ရဘဲ တုံးတိအရက်ဖြတ် လိုက်ရသည့် အတွက် စိတ်ကစဉ့်ကလျားဖြစ်၍ ပင်လယ်ထဲ ခုန်ချကာ သေကြောင်းကြံကြသည်။ ဗီတာမင် ဘီဝမ်းဓာတ်ချို့တဲ့၍ ခန္ဓာကိုယ် ဖောယောင်ပြီး အမောဖောက်၍ သေကြသည်။ 

တချို့က ပင်လယ်ထဲ၌ ကြိုးဆွဲချ၍ သတ်သေကြသလို ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းများဖြစ်၍ သေကြသည်။

ဒေါ်ညိမ်းတိုက်နယ် ဆေးရုံစာရင်းအရ ၂၀၁၈ ခုနှစ်တွင် ကျားဖောင်လုပ်သား ၈၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ကျားဖောင် လုပ်သား ၈၀ မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြသည်။ သေဆုံးသူ အများစုမှာ ဗီတာမင် B1 ဓာတ်ချို့တဲ့၍ ဖောယောင်ကာ သေဆုံးကြသည်ဟု ဒေါ်ညိမ်းတိုက်နယ်ဆေးရုံထံမှ သိရသည်။

မြန်မာနိုင်ငံအတွက် ငါးပိ၊ ငါးခြောက်နှင့် ပုစွန်ခြောက်များ ထုတ်လုပ်ပေးနေပြီး ပြည်ပဝင်ငွေပါ ရှာဖွေ ပေးနေသည့် ကျားဖောင်လုပ်ငန်းများ နာမည်ဆိုးဖြင့် ကျော်ကြားရသည့်အကြောင်းအရင်းကို အဖြေရှာ ကြည့်လျှင် တရားမဝင် ကျားဖောင်များပြားခြင်း၊ ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ လူခေါ်ပွဲစားတို့၏ ခြေရှုပ်အမြတ်ထုတ်မှုနှင့် ငါးလုပ်ငန်းဌာန အပါအဝင် ဌာနဆိုင်ရာတို့၏ ကြီးကြပ်ကွပ်ကဲမှု အလွန်အမင်း အားနည်းခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကို အသိပညာပေးမှု အားနည်းခြင်းများ ဖြစ်နေသည်ကို တွေ့ရသည်။

“ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ရင် ခေတ်အဆက်ဆက်က မှားလာခဲ့တာ အမှန်ပဲ။ အဲဒီမှာ တာဝန်ရှိခဲ့တဲ့ ငါးလုပ်ငန်း ဦးစီးဌာနကလည်း အမှားတွေအများကြီးပဲ။ လုပ်ငန်းရှင်တွေဘက်ကလည်း စနစ်တကျ မှတ်ပုံတင် ရမယ်။ ကျားဖောင် လုပ်ငန်းနဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမယ်ဆိုတာကိုလည်း မလိုက်နာခဲ့ကြဘူး။ ကိုယ့်ရဲ့အဆင်ပြေမှုအပေါ်မှာဘဲ အဆင်ပြေသလို နေခဲ့ကြတယ်”ဟု ဖျာပုံမြို့သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောသည်။

ကျားဖောင်လုပ်သားများ ညှဉ်းပန်းနှိပ်စက် ခိုင်းစေခံရခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ အချိန်မီ ဆေးကုသခွင့် မရခြင်း၊ လူကုန်ကူးခံရခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်း၊ တရားဥပဒေ၏ အကာအကွယ်ကို မရရှိခြင်းနှင့် သေကြေပျောက်ဆုံးသည့် အရေအတွက်များ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည့်အတွက် ပြည်တွင်းမီဒီယာများက ၂၀၁၆ ခုနှစ်မှစတင်၍ သတင်းများ၊ ဆောင်းပါးများ ဖော်ထုတ်ရေးသားခဲ့ကြသည်။ သို့သော် ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်တို့က အလေးထားဖြေရှင်းဆောင်ရွက်ခြင်း မရှိခဲ့ဟု ဝေဖန်မှုများကလည်း ရရှိနေသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်း လူကုန်ကူးခံရပြီး နှိပ်စက်ခိုင်းစေခံရသည့် ဖြစ်ရပ် ပေါ်ပေါက်ပြီးမှသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ဖျာပုံမြို့နယ်ရှိ အင်္ဂလန် ကျားဖောင် လုပ်ငန်းများကို အလေးထား၍ တင်းကြပ်စွာ ကိုင်တွယ်လာခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်က မကြာခင်မှာ ရာသီပြန်စတော့မှာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ဖို့၊ ရေလုပ်သားကတ်တွေ စနစ်တကျလုပ်ဖို့၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ မဖြစ်စေဖို့ ဆောင်ရွက်ပါမယ်။ ဒီနှစ်ကတော့ ကျနော်တို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြောသည်။

ကျားဖောင်လောက ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု

တရားဝင်ငါးဖမ်းခွင့်လိုင်စင်ရှိသူများသာ ပင်လယ်ထွက် ငါးဖမ်းခွင့်ပြုမည့် အခြေအနေကြောင့် ကပ်ဖောင်၊ တွဲဖောင် လုပ်ကိုင်သူ ကျားဖောင် ၄၀၀၀ ခန့် လုပ်ငန်းရပ်နားခဲ့ရပြီး တရားဝင် ကျားဖောင်လိုင်စင်များမှာလည်း ကျပ်သိန်းရာနှင့်ချီ၍ ဈေးတက်သွားခဲ့သည်။

ကျားဖောင်လုပ်ငန်းလိုင်စင်များကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှ စတင်၍ ငါးလုပ်ငန်းဦးစီးဌာနက အသစ်ထုတ်မပေးတော့သည့်အတွက် လက်ရှိ အသက်ဝင်နေသည့် လုပ်ငန်းလိုင်စင်များမှာ ကျားဖောင်လောကအတွက်တော့ ရွှေထက် တန်ဖိုးရှိသည့်ပစ္စည်းများ ဖြစ်နေသည်။

“လိုင်စင်ကြေးက မြင့်နေတယ်။ လိုင်စင်တစောင်ကို အရင်တုန်းက သိန်း ၃၀၀ ပေါက်ရာကနေ ၄၀၀၊ ၄၅၀ အထိ တက် တယ်။ အခုဆို ၅၅၀ ကနေ သိန်း ၆၀၀ အထိ ဖြစ်သွားပြီ”ဟု ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင် ကိုဉာဏ်ကြီးက ပြောသည်။

ကျားဖောင်လုပ်ငန်းလိုင်စင်များကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှ စတင်၍ ငါးလုပ်ငန်းဦးစီးဌာနက အသစ်ထုတ်မပေးတော့သည့်အတွက် လက်ရှိ အသက်ဝင်နေသည့် လုပ်ငန်းလိုင်စင်များမှာ ကျားဖောင်လောကအတွက်တော့ ရွှေထက် တန်ဖိုးရှိသည့်ပစ္စည်းများ ဖြစ်နေသည်။



စနစ်တကျ ကြပ်မတ်ဖို့လိုအပ်နေတဲ့ ကျားဖောင်လုပ်ငန်းများ (ရုပ်/သံ)

အကြီးစားကျားဖောင်လုပ်ငန်းရှင်တချို့မှာ လုပ်ငန်းလိုင်စင်ရှိသော်လည်း ကမာ္ဘ့ကပ်ရောဂါ COVID-19 ကြောင့် တရုတ်၊ အိန္ဒိယအပါအဝင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့နိုင်ခြင်းမရှိသည့် အခြေအနေအပေါ် စိုးရိမ်သည့် အတွက် ကျားဖောင် လုပ်ငန်း ရပ်နားမှုများ ရှိနေသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ကတော့ ကျားဖောင် ထွက်ချင်လည်း ထွက်ခွင့်မရှိသည့်အခြေအနေ ဖြစ်သည်။

“ဖျာပုံမြစ်ကမ်းဆိုတဲ့ရွာမှာ အရင်တုန်းက လုပ်ငန်းရှင် အယောက် ၂၀ လောက်ရှိတာ ဒီနှစ်ဆို ၄ ဦး ၅ ဦး လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေ မလုပ်ကြတော့ဘူး။ ရွာကြီးဆိုတာလည်း ခြောက်ကပ်နေတာပဲ။ ခါတိုင်းဆို ဒီအချိန်က လူတွေ စည်ကားနေပြီ။ လက်ရှိက ဖျာပုံမြို့တောင် ခြောက်ကပ်နေတယ်”ဟု ဖျာပုံမြို့ခံ ကိုကျော်စိုးမိုးက ပြောပြသည်။

ကျားဖောင်လုပ်ငန်းများကို ဥပဒေဖြင့် တင်းကြပ်လိုက်ခြင်း၏ကောင်းကျိုးက ပင်လယ်ထွက်မည့် ကျားဖောင်များ နည်းပါး သွားခဲ့သဖြင့် လုပ်သားလိုအပ်ချက်လည်း လျော့ကျသွားသည်။ ကျားဖောင်လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမား ရရှိရန် လူခေါ်ပွဲစားများကို အားကိုးရသည့်အခြေအနေလည်း လျော့နည်းသွားသည့်အပြင် ကျွမ်းကျင် ရေလုပ်သားများကို စိစစ်ရွေးချယ်နိုင်သည့်အခြေအနေ ရောက်ရှိခဲ့သည်။

“ရေလုပ်သားကတ်တွေ စနစ်တကျလုပ်တာ ကောင်းပါတယ်။ ကျနော်တို့က လူရွေးချယ်ခွင့် ပိုရသွားတယ်။ အရင်လိုတော့ ရေလုပ်သားကတ်ကို အနားကပ်မှ လုပ်တာမျိုး မရတော့ဘူး။ အချိန်နည်းနည်းပေးပြီးတော့ စနစ်တကျ လုပ်ရတာ တခုပဲ။ ကျန်တာအဆင်ပြေတယ်”ဟု နောက်မီးကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင် ဦးမြတ်သူက ပြောသည်။

ကျားဖောင်လုပ်ငန်းကျွမ်းကျင်သူ ရေလုပ်သားအများစု ပင်လယ်အတွင်း၌ အလုပ်လုပ်ကြမည်ဖြစ်၍ လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာမှု၊ ညှဉ်းပန်းနှိပ်စက် ခိုင်းစေမှု၊ သေကြေပျောက်ဆုံးမှုနှင့် အခြားသော ပဋိပက္ခများလည်း ယခင်နှစ်များထက် လျော့နည်း ကျဆင်းနိုင်ကြောင်း ဖျာပုံဒေသခံများက ပြောဆိုကြသည်။

အလုပ်လက်မဲ့ ကျားဖောင်လုပ်သားများ

နှစ်ပေါင်း ၂၀ ကျော် တရားဥပဒေစိုးမိုးမှု အားနည်းပြီး ဖရိုဖရဲ ဖြစ်ခဲ့သည့် ကျားဖောင်လုပ်ငန်းကို အခုနှစ်မှ စတင်၍ ဥပဒေဖြင့် စနစ်တကျ ကြပ်မတ်လိုက်သည့်အချိန်တွင် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း ပေါ်ပေါက်ခဲ့သည်။

“အခုလိုတင်းကြပ်လိုက်တော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းသမားတွေ ပြုတ်ကုန်တယ်။ ကျားဖောင် လောကမှာ သူတို့က ၈၀ ရာခိုင်နှုန်းလောက်ရှိနေတာ။ ကျားဖောင်တဖောင်ကို သိန်း ၁၀၀ လောက် ရင်းထားရတယ်။ ရှိတဲ့ငွေလေးနဲ့ ရင်းထားတဲ့ကျားဖောင်တွေက အခုချိန်ပြန်ရောင်းစားရင် ၁၀ သိန်းတောင် မရဘူး။ အရင်က လိုင်စင်မရှိလည်း ဖောင်ထွက် လို့ ရနေတော့ လိုင်စင်မလုပ်ခဲ့ကြဘူး။ အခုကျတော့ လိုင်စင်ရှိမှ ထွက်ရမယ်ဆိုတော့ သူတို့တွေရဲ့ထိခိုက်နစ်နာမှုက အများကြီးဖြစ်သွားတယ်”

ပထမဆိုးကျိုးကတော့ တနိုင်တပိုင် ငွေကြေးများဖြင့် ကပ်ဖောင်၊ တွဲဖောင်များ ရင်းနှီးမတည်ထားသည့် အသေးစားနှင့် အလတ်စား ကျားဖောင်လုပ်ငန်းရှင်များ၏ ထိခိုက်ဆုံးရှုံးမှုဖြစ်သည်။ ကျားဖောင် ၁ ဖောင်၏ အရင်းအနှီးက ကျပ်သိန်း ၁၀၀ ခန့်ရှိသည်။ လုပ်ငန်းရပ်နားခဲ့ရသည့်ဖောင်အရေအတွက်မှာ ၄ ထောင်ခန့် ရှိနေသည့်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တို့၏ ဆုံးရှုံးမှုက ကျပ်သိန်းပေါင်း သိန်းနှင့်ချီ ရှိနေသည်။

“အခုလိုတင်းကြပ်လိုက်တော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းသမားတွေ ပြုတ်ကုန်တယ်။ ကျားဖောင် လောကမှာ သူတို့က ၈၀ ရာခိုင်နှုန်းလောက်ရှိနေတာ။ ကျားဖောင်တဖောင်ကို သိန်း ၁၀၀ လောက် ရင်းထားရတယ်။ ရှိတဲ့ငွေလေးနဲ့ ရင်းထားတဲ့ကျားဖောင်တွေက အခုချိန်ပြန်ရောင်းစားရင် ၁၀ သိန်းတောင် မရဘူး။ အရင်က လိုင်စင်မရှိလည်း ဖောင်ထွက် လို့ ရနေတော့ လိုင်စင်မလုပ်ခဲ့ကြဘူး။ အခုကျတော့ လိုင်စင်ရှိမှ ထွက်ရမယ်ဆိုတော့ သူတို့တွေရဲ့ထိခိုက်နစ်နာမှုက အများကြီးဖြစ်သွားတယ်” ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင် လုပ်ငန်းရှင်ဟောင်း ဦးသန့်စင်က ရှင်းပြသည်။

ကျားဖောင်လောက၌ ဒုတိယမြောက် ထိခိုက်နစ်နာသူများကတော့ အခြေခံလူတန်းစား ကျားဖောင်လုပ်သား များပင် ဖြစ်သည်။ ကျားဖောင်လုပ်ငန်း၌ အလုပ်လုပ်ကြသည့် ကျွမ်းကျင်ရေလုပ်သားများမှာ ဖျာပုံမြို့နယ် သာမက ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မအူပင်အပါအဝင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ရေလုပ်သားများလည်း အပါအဝင် ဖြစ်သည်။

ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေအရ တင်းကြပ်မှုကြောင့် ကျားဖောင် ၄ ထောင်ခန့် လုပ်ငန်းရပ်ဆိုင်းသွားသလို အဆိုပါ လုပ်ငန်းများတွင် အလုပ်လုပ်နေကြသည့် ကျားဖောင်လုပ်သားနှင့် ကုန်းပေါ်၌ ပိုက်ဖာ၊ ငါးလှန်း၊ ငါးရွေးလုပ်သား ၁ သောင်းထက်မနည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။

“လုပ်ငန်းရှင်တွေက ဖောင်တွေလျော့လိုက်တော့ ကိုယ့်ရွာထဲကလူတောင် လူစေ့ အလုပ်မရတော့ဘူး။၊ တခြားရွာက လူတွေဆို ပိုဆိုးတာပေါ့။ လုပ်ငန်းရှင်တွေက ငွေရှိတော့ မလုပ်လည်း ဘာမှမဖြစ်ဘူး။ ကိုယ်တွေက လက်လုပ်လက်စား တွေ ဆိုတော့ အခုကျ ပိုဆိုးတာပေါ့။ အလုပ်မရှိတော့ ပိုက်ဆွဲ၊ နေ့စားလုပ်၊ တွေ့တဲ့အလုပ် အကုန်လိုက်လုပ် နေကြရ တယ်”ဟု ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ ဒေသခံ ကိုစိုးက ပြောပြသည်။

ကျားဖောင်လုပ်ငန်း၏အပြောင်းအလဲကြောင့် ရေလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကြသလို ကုန်းပေါ်ရှိ အလုပ်များမှာလည်း လုပ်အားခဈေးနှုန်းများ လျော့ကျခဲ့သည်။

“လူငှားတွေ၊ အလုပ်သမားတွေက ပိုကုန်ပြီ။ အဲဒီတော့ လုပ်ငန်းရှင်ကြီးတွေက အလုပ်သမားကို ခေါင်းခေါက် ရွေးတော့တာ။ တနေ့ ၁ သောင်းတန်ကို ၆ ထောင်ပဲ ပေးတယ်။ ကြိုက်ရင်လုပ်၊ မကြိုက်ရင် မလုပ်နဲ့ဆိုတော့ လူငှားတွေက ကြိတ်မှိတ်လုပ်ရတယ်။ မီဒီယာတွေက ရေလုပ်သားတွေ အခွင့်အရေး ရရှိအောင် ဖော်ထုတ် ဆောင်ရွက်ပေးပေမယ့် တကယ် အခွင့်အရေးရသွားတာက လုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်သွားတယ်။ လူငှားတွေဘဝက ပိုတောင် စုတ်ပြတ်သတ် သွားသေးတယ်။ လုပ်ငန်းရှင်ဈေးကွက် ဖြစ်သွားပြီ”ဟု ကျားဖောင်လုပ်ငန်းရှင်ဟောင်း ဦးသန့်စင်က ပြောဆိုသည်။

ဒေသတွင်း၌ အလုပ်လက်မဲ့ဦးရေ လျော့ချနိုင်ရေးအတွက် စက်လှေတစီးတွင် ကျားဖောင် ၈ ဖောင်အစား ၁၀ ဖောင် သို့ တိုးမြှင့်ပေးရန် ကျားဖောင်လုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနကို တောင်းဆိုထားသည်။

“ပင်လယ်ငါးသယံဇာတကို ထိန်းသိမ်းရမယ်ဆိုတာကို ကျနော်တို့ လေးလေးနက်နက် ခံယူထားပါတယ်။ ဒါပေမယ့် ဒေသ အတွင်းမှာ ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ ကျားဖောင်လုပ်ငန်းကို တုံးတိကြီးဖြတ်ချပြီး ကိုင်တွယ် လိုက်မယ်ဆိုရင် သူတို့ကို မှီခိုနေရတဲ့ ရေလုပ်သားတွေကို ဘယ်လိုရှင်းမလဲဆိုတာ ထည့်သွင်းစဉ်းစားရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖြေလျော့မှု တခု ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ သင်္ဘောတစီးကို ကျားဖောင် ၁၀ ဖောင်၊ ဒါမှမဟုတ် ၁၂ ဖောင်တော့ ခွင့်ပြုသင့်တယ်လို့ မြင်ပါတယ်”ဟု ဖျာပုံအမတ် ဦးသိမ်းဆွေက ပြောသည်။

“ဒီလိုမျိုး ဖြေလျော့ခွင့်ပြုမယ်ဆိုရင် အရင်တုန်းက ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်ခဲ့တဲ့ ကျားဖောင်တွေရဲ့ အရေအတွက် ထက်ထက်ဝက်မက လျော့ချပြီးသား ဖြစ်သွားမယ်။ အဲဒီလိုဆိုရင်တော့ ဒေသတွင်းက ရေလုပ်သားတွေကို တတ်နိုင်သလောက် ထိန်းကြောင်းမှုတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်”

ထို့ပြင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုထားသည့် ငါးသယ်ခွင့်လိုင်စင် (ရညန) လိုင်စင်ဖြင့် ခုတ်မောင်းနေသော ငါးသယ်သင်္ဘောများကို ကျားဖောင် ၄ ဖောင်ခန့် လုပ်ငန်းလုပ်ကိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက ဖြေလျော့ ခွင့်ပြုသင့်သည်ဟု ဦးသိမ်းဆွေက အကြံပြုသည်။

“ဒီလိုမျိုး ဖြေလျော့ခွင့်ပြုမယ်ဆိုရင် အရင်တုန်းက ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်ခဲ့တဲ့ ကျားဖောင်တွေရဲ့ အရေအတွက် ထက်ထက်ဝက်မက လျော့ချပြီးသား ဖြစ်သွားမယ်။ အဲဒီလိုဆိုရင်တော့ ဒေသတွင်းက ရေလုပ်သားတွေကို တတ်နိုင်သလောက် ထိန်းကြောင်းမှုတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဖျာပုံအမတ် ဦးသိမ်းဆွေက ၎င်း၏အမြင်ကို ပြောပြသည်။

ကျားဖောင်လုပ်သားများကို ရေလုပ်သားကတ်၊ အလုပ်ရှင်အလုပ်သမား စာချုပ်များဖြင့် စနစ်တကျ အလုပ်လုပ်ရန် စီမံသကဲ့သို့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှ အလုပ်ခန့်ရန် ကျားဖောင်လုပ်သားများကို ဆေးကုပေးနေသည့် ဒေါ်ညိမ်းတိုက်နယ်ဆေးရုံအုပ် ဒေါက်တာ မင်းဉာဏ်ပိုင်အောင်က အကြံပြုပြောဆိုသည်။

“ကျနော်ဖြစ်စေချင်တာတော့ လူတယောက်ကို အလုပ်လက်ခံတော့မယ်ဆိုရင် သူ့ဆီမှာ ရောဂါအခံ ပါ၊ မပါ သေချာလေး စစ်ဆေးစေချင်တယ်။ နောက်တခုက လုပ်သားတွေကို ပင်လယ်ထဲဆင်းတော့မယ်ဆိုရင် အရက်အလွန်အကျွံ သောက်လာ သူတွေ၊ အရင်သမားတွေကို ချက်ခြင်းပင်လယ်ထဲ မခေါ်သွားသင့်ဘူး။ ကုန်းပေါ်မှာ အရင်ဆေးကု၊ အရင်ဆုံး အရက်ဖြတ် ခိုင်း၊ အရက်ပြတ်တဲ့ဝေဒနာကို ဆေးကုပြီး အလုပ် လုပ်နိုင်ပြီဆိုမှ ခိုင်းသင့်တယ်။ ဖြစ်နိုင်ရင်တော့ အကုန်လုံးကို ကျန်းမာ ကြောင်း စစ်ဆေးစေချင်တယ်။ အဲဒီလိုစစ်ပြီးတော့မှသာ အလုပ်ခိုင်းမယ်ဆို ဒီပြဿနာတွေ နည်းသွားမှာပါ”ဟု ဒေါက်တာ မင်းဉာဏ်ပိုင်အောင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ကျားဖောင်လောက၌ ယခုနှစ် ငါးဖမ်းရာသီမှ စတင်၍ အပြောင်းအလဲ များ မြင်တွေ့နေရပြီဖြစ်သည်။

နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်ခဲ့ပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက် ခိုင်းစေမှု၊ လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှု၊ သေကြေပျောက်ဆုံးမှုများ ပေါ်ပေါက်ခဲ့သည့် ကျားဖောင်လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ်နိုင်စေရန် အစိုးရနှင့် လွှတ်တော်တို့က ဆောင်ရွက်နိုင်မည်လားဆိုတာ ဆက်လက် စောင့်ကြည့် သွားရမည်ဖြစ်သည်။

ရောဂါတွေကြားက ကျားဖောင်လုပ်သားတွေ (ရုပ်/သံ)

You may also like these stories:

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

ပင်လယ်ပြင် ရေလုပ်သားများ မှတ်ပုံမတင်ပါက အရေးယူမည်

ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်

ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ

]]>
ပင်လယ်ပြင် ရေလုပ်သားများ မှတ်ပုံမတင်ပါက အရေးယူမည် https://burma.irrawaddy.com/news/2020/02/29/216730.html Sat, 29 Feb 2020 02:48:59 +0000 https://burma.irrawaddy.com/lytbox/?p=216730 ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ  / ဆလိုင်းသန့်စင် /  ဧရာဝတီရေလုပ်သားများ၊ လုပ်ငန်းရှင်များ အားလုံး အမည်၊ နေရပ်လိပ်စာ၊ လုပ်ငန်းရှင်တဦးတွင် လုပ်သားပေါင်း မည်မျှ ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနတွင် အတိအကျ မှတ်ပုံတင်ရမည် ဖြစ်ပြီး စည်းကမ်းလိုက်နာခြင်း မရှိပါက ဥပဒေ ကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒု ဝန်ကြီးက ပြောသည်။]]> ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ  / ဆလိုင်းသန့်စင် /  ဧရာဝတီ

ပင်လယ်အတွင်း ငါးဖမ်း လုပ်ကိုင်နေသည့် ရေလုပ်သားများ မှတ်ပုံမတင်ဘဲ လုပ်ဆောင်ပါက အရေးယူမည်ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး တွင် မီဒီယာများကို ပြောကြားသည်။

ဒု ဝန်ကြီးက “မှတ်ပုံ မတင်ရင် ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုခံရမှာ ဖြစ်ပါတယ်။ ဖြစ်လာရင် ဒါ ဥပဒေကြောင်းအရ သွားရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုသို့ ပင်လယ်ထဲတွင် ငါးဖမ်း လုပ်ကိုင်နေသည့် ရေလုပ်သားများ တရားဝင် ခွင့်ပြုချက် ရရန်နှင့် ရေလုပ်ငန်းရှင်၊ ရေလုပ် သားများ လိုက်နာရမည့် တာဝန်နှင့် စည်းမျဉ်းစည်းကမ်းများ (Court of Conduct) အပိုင်းများကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက လုပ်ငန်းနှင့် ဆက်စပ်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ညှိနှိုင်း ဆွေးနွေးပြီး ဖြစ်ကြောင်း ဒု ဝန်ကြီးက ဦးလှကျော်က ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲမှ ပင်လယ် ကျားဖောင်လုပ်ငန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အလေးအနက် ထား ထိရောက်စွာ ထိန်းချုပ် ကြပ်မတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ခါးပြတ် ကျေးရွာမှ ကျားဖောင် လုပ်ငန်းရှင် ဦးသန့်စင်က ကျားဖောင်တွင် ရှိနေသည့် ရေလုပ် သားများကို လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူ၍ ငါးလုပ်ငန်းဦးစီးဌာနသို့ အမည် စာရင်းပေးသွင်းသည့် အခါတွင် နာမည်များ ကွဲလွဲနေသည့် အခက်အခဲများ ရှိကြောင်း ပြောသည်။

၎င်းက “တချို့ရေလုပ်သားတွေက အမှန် မပြောတာ ရှိတယ်။ အဖေ နာမည်တွေက တမျိုးစီ ဖြစ်နေတယ်။ လူကတော့ ဒီတယောက်ထဲပဲ နာမည်က ၃ ခုလောက် ဖြစ်ချင် ဖြစ်နေပြန်ရော” ဟု ဆိုသည်။

ဖျာပုံမြို့နယ်တွင် ပင်လယ် ဆိပ်ကမ်း ၈ ခု ရှိပြီး၊ ယင်း ၈ နေရာမှ ရေလုပ်သားများ ပျောက်ဆုံးခြင်း၊ ရေထဲခုန်ချခြင်း၊ ထွက် ပြေးပြီး ကုန်းပေါ် ပြန်ရောက်နေခြင်း၊ အလောင်း ပြန်မတွေ့တော့ခြင်း စသည့် ဖြစ်စဉ်မျိုး တနှစ်ကို လူ ၅၀ နဲ့ ၁၀၀ ကြား တွင် ရှိကြောင်း ဖျာပုံခရိုင် ပင်လယ်ကျားဖောင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ဧရာဝတီသို့ ဖြေကြားထား သည်။

ဖျာပုံမြို့နယ်အတွင်း မြန်မာ ပြည်တွင်းရှိ ရွှေ့ပြောင်း လုပ်သားများကို လူကုန်ကူးခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ ခြိမ်း ခြောက်ရိုက်နှက် ခိုင်းစေခြင်းများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ဦးသံချောင်းက ဆိုသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်း ရန်ကုန်မြို့မှ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမြတ်သူရထွန်းကို အမျိုးသမီး၂ ဦးက ဖျာပုံမြို့နယ်သို့ ခေါ်ဆောင်သွားပြီး ပင်လယ်ကျားဖောင် လုပ်ငန်းခွင်သို့ လူကုန်ကူးခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည့် နောက် ကျားဖောင် လုပ်ငန်းများ၌ ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအပေါ် မြန်မာပြည် တဝှမ်းလုံး မှ စိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြစ်တင်မှု အများအပြားလည်း ပေါ် ပေါက်ခဲ့သည်။

ကိုမြတ်သူရထွန်း လူကုန်ကူးခံရမှုနှင့် ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခိုင်းစေခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယတရား ခံ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ပင်လယ်ကျား ဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံဒေသသို့ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် ရေလုပ်သားများ၊ လုပ်ငန်းရှင်များ အားလုံး အမည်၊ နေရပ်လိပ်စာ၊ လုပ်ငန်းရှင်တဦးတွင် လုပ်သားပေါင်း မည်မျှ ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနတွင် အတိအကျ မှတ်ပုံတင်ရမည် ဖြစ်ပြီး စည်းကမ်းလိုက်နာခြင်း မရှိပါက ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒု ဝန်ကြီးက ပြောသည်။

ကျားဖောင် လုပ်ငန်းရှင် ဦးသန့်စင်က “သူတို့ မိန်းမတွေ ပိုက်ဆံလာထုတ်တယ်။ သူ့ ယောင်္ကျား နာမည်က တမျိုးဖြစ်နေ ပြီး၊ ပင်လယ်မှာ ရှိနေတဲ့ နာမည်က တမျိုး ဒါပေမယ့် ဟိုမှာ ရှိတဲ့ လူက အတူတူ ဖြစ်နေပြန်ရော။ အဲဒီ ပြဿနာတော့ ဖြစ် နေတာ ရှိတယ်” ဟု ပြောသည်။

ကျားဖောင် ရေလုပ်သားတဦး၏ ၁ လဝင်ငွေမှာ စားစရိတ်ငြိမ်း ၁ လလျှင် ငွေကျပ်၂ သိန်းခွဲမှ ၃ သိန်းခန့် အထိ ရရှိ ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

မွန်ပြည်နယ်ရှိ တရားမဝင် ငါးဖမ်းမှုများ တပ်မတော်(ရေ)နှင့် ပူးပေါင်း အရေးယူမည်

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ငါးအလွန်အကျွံဖမ်းဆီးမှုများ အရေးယူရန် စီစဉ်နေ

ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်

ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု

]]>
ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ https://burma.irrawaddy.com/news/2019/12/19/211101.html Thu, 19 Dec 2019 08:37:02 +0000 https://burma.irrawaddy.com/lytbox/?p=211101 ပင်လယ်ပြင်တွင် တွေ့ရသည့် ကျားဖောင်နှင့် ငါးဖမ်းလှေများ / ဆလိုင်းသန့်စင် / ဧရာဝတီပင်လယ်ပြင်ကို စစ်ဖို့က တရက်ခွဲလောက် သွားရတဲ့အခါမှာ အဖွဲ့တွေ စုပေါင်းပြီး လက်တွေ့ကျကျ ဆောင် ရွက်မှုလည်း မရှိဘူး။ အဲဒီလို ပင်လယ်ပြင်အထိ သွားရောက် စုံစမ်း မေးမြန်းနိုင်တဲ့ အခွင့်အာဏာကိုလည်း ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးမထား ဘူး။]]> ပင်လယ်ပြင်တွင် တွေ့ရသည့် ကျားဖောင်နှင့် ငါးဖမ်းလှေများ / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တွင် လုပ်အားခေါင်းပုံဖြတ်မှုများ၊ လူကုန် ကူးမှုများနှင့်အတူ လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိလာသည့်အတွက် ယခုဆိုရင် ပြည်သူများ က အဆိုပါ လုပ်ငန်းကို ပိတ်သိမ်းဖို့အထိ ပြောဆို ဝေ ဖန်လာကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ဝန်းကျင်ကတည်းက စတင်ပေါ်ပေါက်လာသည့် ကျားဖောင်လုပ်ငန်း သည် လုပ်ငန်းတိုးတက်မှု များပြားလာသလို လုပ်သား လိုအပ်ချက် ကြီးမားလာသည့်အတွက် အနယ်နယ်အရပ်ရပ်မှ လုပ်သားများကို ပွဲစားများနှင့် ချိတ်ဆက် ခေါ်ယူ ရပ်တည်နေရသည်။

သို့သော် ယနေ့အချိန်အထိ ကျားဖောင်လုပ်ငန်းသည် အလုပ်သမား၊ အလုပ်ရှင်တို့ ကျင့်သုံးလိုက် နာရမည့် လုပ်ငန်းပိုင်း ဆိုင်ရာ တိကျသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ မရှိ သေးပေ။ ထို့အတွက်လည်း ယခုလို လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရမှုများ ဖြစ်ပေါ်လာ နေခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ လျော့ပါးလာရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ (NLD) ဖျာပုံမြို့နယ်၏ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးသိမ်းဆွေကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်းက ဖျာပုံမြို့နယ်တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ပင်လယ်ပြင်မှာ ဘာကြောင့်ပဲ သေသေ လျော်ကြေး ၆ သိန်း သတ်မှတ်ထားတဲ့ ဟာက လွှတ်တော် ကိုယ်စားလှယ် တွေပါ ပါဝင်တယ်ဆိုတဲ့ အချက်က အမှန်ပဲလား။

ဖြေ။ ။ ဒီလို သတ်မှတ်တာကို ကျနော်တို့ကတော့ သဘောမတူဘူးဗျ။ ပြဿနာရဲ့ အတိမ်အနက် ပေါ် မူတည်လိမ့်မယ်။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာ မဟုတ်တဲ့အတွက် ကျနော်ကတော့ ငြင်းပါတယ်။ ဒီဟာကို ကျနော်တို့ မပြောခဲ့ဘူး။ လုပ်သားတယောက် သေဆုံးသွားရင် ၆ သိန်း ကျပ် လျော်ရမယ်ဆိုတာ အခုချိန်ထိ ကျနော်က မပြောခဲ့ဘူး။

မေး။ ။ အခုက အရပ်စာချုပ် ချုပ်ပြီး ခန့်တယ်၊ နောက် ပွဲစားတွေ လာအပ်တာ သိသိလျက်နဲ့ ကြိုတင်ငွေ ထုတ်ပေးပြီး ဖောင်ပေါ် တန်းပို့လိုက်တယ်၊ အလုပ်သမား ခံစားခွင့်တို့ ဘာတို့ကို အလုပ်ရှင်တချို့က ဥပဒေနဲ့ မညီမှန်း သိလျက်နဲ့ လုပ် နေကြတယ်။ အဲဒီတော့ ဒီလို အလုပ်ရှင် တွေက သိလျက်နဲ့ ဥပဒေကို ဖောက်ဖျက်နေတာလား။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ(ဇော်နောင်လင်း/ဧရာဝတီ)

ဖြေ။ ။ ဒေသရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို ရေလုပ်ငန်းရှင်တွေမှာလည်း အမျိုးမျိုး ရှိပါတယ်။ တချို့ က ပညာအခြေခံ အားနည်းတဲ့သူတွေ ရှိတယ်။ နောက်တခုက အောက်ခြေ ကျားဖောင်လုပ်သား ဘဝကနေ တက်လာတဲ့ သူတွေ ရှိတယ်။ တချို့လည်း ပညာတတ် လုပ်ငန်းရှင်တွေ ရှိပါတယ်။

ဒါပေမယ့် အများစုကတော့ ဥပဒေပိုင်းနဲ့ ပတ်သက်ရင် လေ့လာမှု အားနည်းတယ်။ အဲဒီ အားနည်းချက်တွေဟာ ဒီလိုမျိုး ကဏ္ဍတွေမှာ တကျောင်း တဂါထာ၊ တရွာတပုဒ်နဲ့ ဆောင်ရွက် နေကြတယ်။ နောက် ဒါနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ တွေ ပြဋ္ဌာန်းထားမှု အပိုင်းလည်း လိုအပ်နေတယ်။

မေး။ ။ အခု လုပ်ထားတဲ့ ကျားဖောင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ရှင် အလုပ်သမား သဘော တူစာချုပ်က တရားဝင် ဖြစ်သွားပြီလား။ လက်ရှိအချိန်မှာ ဘယ်လို အသုံးချနေသလဲ။

ဖြေ။ ။ ဒီစာချုပ်လည်း ဒေသန္တရစာချုပ်ပဲ။ ဒီစာချုပ်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ နောက် ဆက်စပ်နေတဲ့ ဌာနတွေ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ပြီး စာချုပ်ဖြစ်လာတာ။ ဒီ စာချုပ် အတိုင်းသာ ပီပီပြင်ပြင် လုပ်မယ် ဆိုရင် တော်တော်လေး မျှမျှတတ ဖြစ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အခုချိန်ထိ ဒီစာချုပ်ကို ဆောင်ရွက်တဲ့အပိုင်း မတွေ့ရသေးဘူး။ အရပ်စာချုပ်တွေနဲ့ပဲ သွားနေကြတယ်။

ဒီဟာကို အသက်ဝင်ဖို့က ဥပဒေ ပြဋ္ဌာန်းမှုနဲ့က ပိုအသက်ဝင်တယ်။ ဥပဒေမှာကလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အစိုးရအဖွဲ့ (နဝတ)က နိုင်ငံခြား ငါးဖမ်း ရေယာဉ်များနှင့် ငါးလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေ ပြဋ္ဌာန်း တယ်။ အဲဒါကို ၁၉၉၃ ခုနှစ်မှာ ပြင်ဆင်တယ်။

နောက်တခုက နဝတ အစိုးရကပဲ မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေဆိုပြီး ၁၉၉ဝ ခုနှစ်မှာ ပြဋ္ဌာန်းပြီး ၁၉၉၃ ခုနှစ်မှာ ပြန် ပြင်ဆင်တယ်။ ဒါပေမယ့် အဲဒီ ဥပဒေတွေမှာ နည်းဥပဒေ မရှိဘူး။ အဲဒါကြောင့် အကောင်အထည်ဖော်ဖို့မှာ အသက်မဝင် ဘူးလို့ ပြောရမယ်။ အခုတော့ ပင်လယ်ငါး လုပ်ငန်း ဥပဒေဆိုပြီး လွှတ်တော်ကို စတင်သွင်းလာပြီ။ အမျိုးသား လွှတ်တော် က စဆွေးနွေး မယ်လို့ သိရတယ်။

မေး။ ။ မှတ်ပုံတင်ထားတဲ့ အရေအတွက်ထက် ပင်လယ်ပြင်မှာ အများကြီး ဖြစ်နေတယ်။ လုပ်သားတွေလည်း အများကြီး လိုအပ်လာတယ်။ လူမှောင်ခိုတွေရဲ့ လုပ်ခလစာ ခေါင်းပုံဖြတ်မှု တွေလည်း ကြုံနေရတယ်။ ဒါကို ဘယ်ဌာနဆိုင်ရာမှ ပင် လယ်ပြင်အထိ နှစ်စဉ် လာမစစ်ကြဘူး။

ဖြေ။ ။ ဒီဟာက အားလုံးမှာ တာဝန်ရှိတယ်။ ရေလုပ်ငန်းရှင်တွေကလည်း ဒီအဖြစ်ပျက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ လွှတ်တော် ကိုယ်စားလှယ်တွေကို သေသေချာချာ ဆွေးနွေး တင်ပြထားသလားဆိုရင် အခုချိန်ထိ မရှိသေး ဘူး။ နောက်တခုက ပင်လယ်ပြင်ကို စစ်ဖို့က တရက်ခွဲလောက် သွားရတဲ့အခါမှာ အဖွဲ့တွေ စုပေါင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု လည်း မရှိဘူး။ အဲဒီလို ပင်လယ်ပြင်အထိ သွားရောက် စုံစမ်း မေးမြန်းနိုင်တဲ့ အခွင့်အာဏာကို လည်း ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးမထားဘူး။

ဒီရဲ့ဖြစ်စဉ်၊ ပြဿနာ၊ အခြေအနေ အားလုံးကို ကျနော်တို့ကို တင်ပြလာပြီဆိုရင် ဒီဟာအပေါ် အကောင်းဆုံးဖြစ်အောင် ပေါင်းစပ် ညှိနှိုင်းရတဲ့ အလုပ်ကို ကျနော်တို့က လုပ်ရမှာ။ ဥပမာ ဌာန ဆိုင်ရာ အားနည်းရင် အားနည်းတယ်ဆိုတာကို လွှတ် တော်ထဲမှာ ဆွေးနွေးမယ်၊ မေးမယ်။ ဥပဒေ အားနည်းနေရင် ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကျနော်တို့က ကြိုးစားမယ်။

ဒေသတွင်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး အဖြေကောင်းရဖို့ ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ အကြိမ်ကြိမ် အလုပ်ရုံ ဆွေး နွေးပွဲတွေ လုပ်တယ်။ ကျနော်တို့ သဘောထားတွေ ပြောပြခဲ့တယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ အားနည်းခဲ့ တယ်။

မေး။ ။ အခုဆိုရင် လူ့အခွင့်အရေး ကော်မရှင်၊ လူကုန်ကူးမှု တားဆီးရေးအဖွဲ့တို့၊ လွှတ်တော် ကိုယ်စားလှယ်က အစ ဌာန ဆိုင်ရာတွေက ဒီကိုမြတ်သူရထွန်း ကျားဖောင်ပေါ်မှာ ဖြစ်လာတဲ့ နောက်ပိုင်းမှ ဖိဖိစီးစီး လုပ်လာတယ်လို့ ပြည်သူတွေက ဝေဖန်ကြတဲ့အပေါ် ဘာပြောချင်လဲ။ ဒီဖြစ်စဉ်တွေက နှစ်စဉ်နှစ်တိုင်း ဖြစ်ပျက်နေတာကို။

ဖြေ။ ။ ပြည်သူတွေ ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေ နဲ့တော့ ဘာမှ စောဒက တက်စရာ အကြောင်းမရှိဘူး။ ပြည်သူဆိုတာက သူ့ရဲ့ ထင်မြင် ယူဆချက် ကို လွတ်လပ်စွာ ဆွေးနွေး ဝေဖန်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အလုပ်မလုပ်ဘူး ဆိုတာ ကိုတော့ ကျနော့်အနေနဲ့ ငြင်းချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပင် လယ်ပြင်နား အထိ သွားတယ်။ ဟိုး ပင်လယ်ပြင်ကြီး အထိတော့ မရောက်ဘူးပေါ့။

တရက်ခွဲလောက် အထိ သွားရသလို လှိုင်းဒဏ်၊ လေဒဏ်နဲ့။ လှိုင်းမူးတဲ့ဒဏ်က ကျနော်တို့လည်း မခံနိုင်ဘူး။ ပင်လယ် တော့ ဖြတ်ဖူးပေမယ့် လုပ်ငန်းခွင်အထိ ကျနော်တို့ မသွားဖူးဘူး။ ဒါပေမယ့် ပင်လယ်လုပ်ငန်း လုပ်တဲ့ ရွာလေးတွေ အကုန် ကျနော်တို့ ရောက်ဖူးတယ်။ ရောက်တဲ့ နေရာတိုင်း မှာလည်း ဒီပြဿနာတွေ မဖြစ်ပေါ်ရေးကို ကျနော်တို့ ဆွေးနွေးတယ်။ အလုပ်ရှင်တွေ လိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေ အလျဉ်းသင့်သလို ပြောတယ်။ ရေလုပ်သားတွေကိုလည်း ရေလုပ်သား ကတ်တွေလုပ်ဖို့ ဆွေးနွေးတယ်။

ဒါပေမယ့် လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အပိုင်းမှာ တချို့လည်း လုပ်သလို တချို့တော့ အား နည်းတယ်။ ရောက်တဲ့နေရာ တိုင်းမှာ လုပ်ငန်းရှင်တွေ အနေနဲ့ ရေလုပ်သားတွေ အပေါ် မျှမျှ တတလုပ်ဖို့ အမြဲတမ်း ပြောပါတယ်။ နောက် ဌာနဆိုင်ရာ တွေနဲ့လည်း ကျနော်တို့ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ ဒါနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော် တို့ ဆောင်ရွက်ခဲ့တာတွေဟာ ရုပ်သံမီဒီယာ ရိုက်ကူးတာ လွှင့်တာတွေ မရှိတော့ ဒီလို လုပ်ကိုင် ဆောင်ရွက်တာ မပေါ်လွင် ဘူးပေါ့။

မေး။ ။ ဧရာဝတီတိုင်း ဒေသကြီးက ရေချိုငါးလုပ်ငန်း ဥပဒေကို ပြဋ္ဌာန်းလိုက်နိုင်တယ်။ အဲဒီလို မျိုးပဲ ကျားဖောင်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ တိုင်းအဆင့်နဲ့ သီးသန့် ဥပဒေ ပြဋ္ဌာန်း သင့်လား။ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ ယန္တရား ဘာတခုမှ မရှိဘူး။

ဖြေ။ ။ ရေချိုငါးလုပ်ငန်း ဥပဒေက တိုင်းဒေသအဆင့် အနေနဲ့ လုပ်ပိုင်ခွင့်ကို ပေးထားတယ်။ ပင်လယ်ငါးလုပ်ငန်း ဥပဒေ က ပြည်ထောင်စုအဆင့်က ကိုင်တွယ်ရတာဗျ။ ဒါကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ဇယားမှာကို အတိအလင်း ပြဋ္ဌာန်း ပြီးသားပါ။ နောက်ပိုင်း ပြည်နယ်နဲ့ တိုင်း တွေကို လုပ်ပိုင်ခွင့် ပိုမိုပေးလာပြီဆိုရင်တော့ ဒီအချက်တွေက ဆွေးနွေးစရာ ပါ လာပြီပေါ့။ အခုချိန်မှာတော့ ဧရာဝတီတိုင်းမှာ၊ မွန်ပြည်နယ်မှာ စသဖြင့် ရှိနေတယ်။ ဒါကြောင့် လောလော ဆယ်မှာတော့ ပြည်ထောင်စု အဆင့်ကနေပဲ ဒါကို ကိုယ်တွယ် ဆွေးနွေးရလိမ့်မယ်လို့ ထင်တယ်။

မေး။ ။ ဒီကျားဖောင်လုပ်ငန်း လုပ်တဲ့ ရွာတွေမှာ ပြင်ပက တစိမ်းလူတွေတောင် ဝင်ဖို့ခက်တယ် ဆိုပြီး ပြည်သူတွေက ပြော နေကြတယ်။ တရားဥပဒေ စိုးမိုးရေးအပိုင်း အနေနဲ့ ဥပမာ ဖျာပုံမှာ လူကုန်တား အဖွဲ့ ရှိနေတာကြာပြီ။ ကိုမြတ်သူရထွန်း ကျမှ လူကုန်ကူး ဆိုတာ ပေါ်လာတယ်။ တခြားကိစ္စတွေမှာ မပေါ်ခဲ့ဘူး။ သတင်းမီဒီယာတွေ ရေးသားခဲ့ကြတာကြာပြီ။ အရေးတယူ ဆောင်ရွက်တာ မရှိခဲ့ဘူး။

ဖြေ။ ။ ကျနော်တို့ ပင်လယ်လုပ်ငန်း လုပ်တဲ့နေရာတွေမှာ နေရာဒေသအနှံ့က လာလုပ်ကြတဲ့ အတွက် စရိုက်စုံတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သွားလာရေး ခက်ခဲလှအောင် ဒေသရဲ့ လုံခြုံမှု ကတော့ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ ဒါတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ချဲ့ကားပြီးရေးတာ ပါပါတယ်။ ကျနော်တို့ရဲ့ ဒေသအနေအထားက အဲဒီလောက်အထိ ဆိုး ဆိုးဝါးဝါး မဟုတ်ပါဘူး။ ကျနော်ဆိုရင် အဲဒီ ရေလုပ်ငန်းလုပ်တဲ့ ရွာတွေ အနှံ့သွားနေတာပဲ။ ကြုံသလို အိပ်တာပဲ။ အပြင်က အလည်လာတဲ့သူတွေ၊ ငါးပိ၊ ငါးခြောက် လာဝယ်တဲ့သူတွေ လည်း လာနေတာပဲ။

စိုးရိမ်ထိတ်လန့်နေရတဲ့ နေရာဆိုတာ ကျနော် လက်မခံပါဘူး။ အခုလို လူကုန်ကူးမှုမျိုး အရေး ယူဆောင်ရွက်မှု မရှိခဲ့တဲ့ အပိုင်းကတော့ အားလုံးနဲ့ သက်ဆိုင်တယ်။ အဲဒီမှာ အရေးကြီးဆုံးက လုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေရဲ့ ပူးပေါင်း ပါဝင် မှုပဲ။ ရေလုပ်သားကလည်း အဲဒီလို ဖြစ်ပျက်လာပြီ ဆိုရင် နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေး၊ ရဲစခန်း၊ သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တွေ ကနေ လွှတ်တော် ကိုယ်စားလှယ်များဆီ လာရောက် အကူအညီ တောင်းစေချင်တယ်။ အဲဒီအခါ ဥပဒေနဲ့အညီ ဒီဟာ ကို ဘယ်လို ဆောင်ရွက်လို့ ရတယ်ဆိုတာ အကြံပြုပေးလို့ရတယ်။ အဲဒီအပိုင်းတွေ အားနည်းတယ်။

နောက်တခုက ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတချို့ဟာ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ ဖြေရှင်းပြီး ပျောက်သွားတယ်။ တချို့ ကိစ္စတွေမှာ ရေလုပ်သားတွေ အနေနဲ့ တိုင်ရမယ်ဆိုတဲ့အသိ အားနည်း တာလည်း ပါလိမ့်မယ်။ ငါးလုပ်ငန်း ဦးစီးဌာန၊ လွှတ် တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ရေလုပ်ငန်းရှင်၊ လူဝင်မှုကြီးကြပ်ရေး၊ လူကုန်တား၊ လူ့အခွင့်အရေး လှုပ်ရှားသူများ စသဖြင့် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုတယ်။ အခုဆို ကိုမြတ်သူရထွန်းကိစ္စ ဖြစ်လာမှ သူတို့ လည်း စိတ်ဝင်တစား ဖြစ်လာတာ။

ဒီပြဿနာတွေက နှစ်ပေါင်း ၃ဝ၊ ၄ဝ လောက်ကို အမြစ်တွယ်လာနေတာ။ ဒါတွေကို ပြည်သူသိ အောင် ပြောမယ်။ ပြင်ဆင် သင့်တာတွေကို ပြင်ဆင်မယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိနေတဲ့ အဖွဲ့အစည်းတွေ ကလည်း ဒါတွေကို ကြပ်မတ်ဖို့ လို တယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စား လှယ်တွေမှာလည်း တာဝန်ရှိပါတယ်။ ကျနော်တို့က ပေါင်းစပ် ညှိနှိုင်းရတဲ့ အပိုင်း ဖြစ်တယ်။

ကျနော်တို့လည်း ဒီတာဝန်ကို ကျေပွန်အောင် လုပ်ဖို့ လိုတယ်။ မလုပ်ဘူးလားဆို ဒေသကိုသွား တဲ့အခါ ဒါတွေ ဆွေးနွေး တယ်၊ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ရမယ့် အပိုင်းသည် ဒီလိုမျိုး ပေါ်ပေါက်လာပြီဆိုရင် ဒီပြဿနာကို သိအောင် ကျနော်တို့ ကြိုးစားမယ်။ လွှတ်တော်ထဲ မှာ မေးခွန်းတွေ၊ အဆိုတွေနဲ့ ဒါတွေကို ထိန်းကွပ်ဖို့ လိုပါတယ်။ ဒါကိုလည်း ကျနော်တို့ အနေနဲ့ ပြင်ဆင်နေပါတယ်။

ကျားဖောင်၌ အလုပ်လုပ်နေသည့် ရေလုပ်သားများ( ဆလိုင်းသန့်စင်/ဧရာဝတီ)

မေး။ ။ အခုတော့ လူကုန်ကူးမှု ဆိုတာ ကျားဖောင်တွေမှာ အခု ပေါ်လာပြီ။ ဟိုးအရင်ကတည်းက ဒီလိုမျိုး ဘယ်လောက် အထိ ရှိနေနိုင်တယ်လို့ သုံးသပ်ထားတာ ရှိလဲ။ ဘယ်လိုအချက်အလက် မျိုး သတင်းစကားမျိုး ကြားရတာရှိလဲ။

ဖြေ။ ။ ဒီလုပ်ငန်းဟာ အစဉ်အဆက် မိရိုးဖလာလို လုပ်လာခဲ့ကြတာ။ အရင်တုန်းက အလုပ် လိုအပ်တဲ့အခါ အလုပ်သမား တွေကိုယ်တိုင် အလုပ်လာရှာကြတယ်။ အလုပ်မှာလည်း လိုအပ်တဲ့ လုပ်သားကို မရဘူး။ နောက်ပိုင်းမှာ လုပ်ငန်းတွေက လည်း တဖြည်းဖြည်း ချဲ့လာတယ်၊ အလုပ်ရှင်တွေလည်း များလာတယ်။ အဲဒီမှာ လုပ်သား လိုအပ်ချက်က များလာတယ်။

အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြားခံပွဲစားတွေ ပေါ်လာတယ်။ အဲဒီ ပွဲစားတွေကလည်း လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် မလုပ်ဘူး။ စနစ်တကျနဲ့ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ပွဲစားတွေက ကြုံသလို ဆောင်ရွက်ကြတဲ့အခါ အမှားအယွင်းတွေ ပေါ်ပေါက်လာ တယ်။ လုပ်သား လိုအပ်ချက်အောက်မှာ ခေါင်းပုံဖြတ်ချင်တဲ့ ပွဲစားတွေ ပေါ်လာတာပေါ့။ အဲဒါတွေကို ဥပဒေ၊ နည်းဥပဒေတွေ၊ အမိန့် ညွှန်ကြားချက်တွေနဲ့ စနစ်တကျ သွားမယ်ဆိုရင် တော့ ဒါတွေ ပပျောက်သွား မှာပါ။ ဒါတွေကို အသက်ဝင်အောင် ကျနော်တို့ လုပ်ရမှာပေါ့။

မေး။ ။ ဥပဒေ၊ နည်းဥပဒေတွေ ထက်လာဖို့ဆိုတာ အချိန်အတိုင်းအတာ တခုအထိ ယူရမယ်။ အဲ့ဒီတော့ ဒီလိုဖြစ်စဉ်မျိုး တွေက ဒီကြားထဲမှာ ထပ်ဖြစ်လာနိုင်မလား။

ဖြေ။ ။ အခု အမျိုးသား လွှတ်တော်ရောက်နေတဲ့ ဥပဒေက နောက်ပုံမှန် အစည်းအဝေးထိ ရောက်သွားနိုင်တယ်။ အဲ့ဒီတော့ ဒီဥပဒေကို ဆွေးနွေးတာ၊ အတည်ပြုပြီးရင်တောင် အဆင့်ဆင့် ပေးပို့ရတာတွေနဲ့ ကြန့်ကြာဦးမယ်။ အဲဒီတော့ ဒီဥပဒေ၊ နည်းဥပဒေတွေ ပီပီပြင်ပြင် မထွက်ခင်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက တာဝန်သိသိနဲ့ ကြပ်မတ်မှု အားကောင်းကောင်း ဆောင်ရွက်ဖို့ လိုတယ်။ အခုဆိုရင် တိုင်းဒေသ အစိုးရအဖွဲ့ကလည်း ဆင်းလာတယ်။ လူကုန်တားအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေ ဆင်းလာတယ်။ ပင်လယ်ပိုင်းဒေသတွေ အထိ ကွင်းဆင်း စိစစ်မယ် ဆိုတာတွေ ကြားနေပါတယ်။

မေး။ ။ လုပ်သားလိုအပ်ချက်လည်း ရှိနေတော့ ဒီပွဲစားတွေကို တရားဝင် လမ်းကြောင်း ပုံစံမျိုးနဲ့၊ ဘယ်သူက ဘယ်ကျား ဖောင် လုပ်ငန်းကို ဘယ်လုပ်သား ပို့လိုက်တယ် ဆိုတာ စနစ်တကျ လုပ်လို့ မရနိုင်ဘူးလား။

ဖြေ။ ။ လုပ်သား ရှာဖွေမှုနဲ့ ပတ်သက်ပြီးတော့ အေးဂျင့်ပုံစံမျိုးနဲ့ တရားဝင် မှတ်ပုံတင်ပြီး လုပ်လို့ ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ အဲဒီလိုဆောင်ရွက်တဲ့ အပိုင်းကို မတွေ့ရသေး ဘူး။ အဲဒီလို တကယ်လုပ်မယ်ဆိုရင် အများကြီး ကျယ်ပြန့်တယ်။ တကယ်တမ်းဆို ရေလုပ်သား ကတ်တွေအထိ Smart ကတ် ပုံစံ လုပ်ထားသင့်တယ်။ ဒီလိုလုပ်မှလဲ ဒီလူ တွေရဲ့ လုံခြုံမှုက အပြည့်အဝ ရှိမယ်။ သူတို့တွေရဲ့ ကိုယ်ရေးရာဇဝင်တွေ စနစ်တကျ ထည့်သွင်းထားမယ်။

ကျားဖောင်လုပ်ငန်း ကွန်ရက်တွေကိုလည်း ပီပီပြင်ပြင် ချိတ်ဆက်ထားမယ်။ ဒီဒေသမှာ လာလုပ်တဲ့ဒီလူဟာ နောက်ဒေသ မှာ သွားလုပ်ရင်တောင် ဒီအသက်မွေးဝမ်းကျောင်းမှုနဲ့ ဘယ်လောက် အတွေ့အကြုံရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေပါ ပါသွား နိုင်ရမယ်။ အဲဒီလိုလုပ်တဲ့ အစဉ်အလာက ကျနော်တို့ဆီမှာ အားနည်းနေသေးတယ်။ ကျနော်တို့က ဒါတွေကို ဖြစ်စေချင် တယ်။ ပထမ အဆင့်အနေနဲ့ ရေလုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ဦးစီးဌာနတွေ က အသက်ဝင်အောင် စနစ်တကျ ထုတ်ပြန်ပေးစေချင်တယ်။

ရေလုပ်သားတွေလည်း လိုက်နာရမယ့် ကတ်တွေကအစ လုပ်ရမယ်။ အဲဒီအပိုင်းတွေမှာ လျော့ရဲနေတယ်။ ဒါကိုထိန်းကွပ် ဖို့က ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်ချည်း လုပ်လို့ရ တဲ့အပိုင်း မဟုတ်ဘူး။ ဒါတွေကို ကျနော်တို့ ကိုင်တွယ်ဖို့ လို နေပြီ။ ဒါတွေဟာ ကျနော်တို့ တိုင်းပြည်အတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်လာနေပြီ။

မေး။ ။ ငါးလုပ်ငန်း ဦးစီးဌာနက အားနည်းချက်တွေ ရှိနေတယ်ဆိုတာ ဘယ်လို အပိုင်းတွေမှာ လဲ။

ဖြေ။ ။ ရေလုပ်ငန်းရှင်တွေနဲ့ ပတ်သက်လာရင် သင်္ဘောတွေ မထွက်ခင်မှာထဲက သူတို့ စိစစ်ရမယ်။ ရေလုပ်ငန်းရှင် တယောက်ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသလား၊ လုပ်သားတွေကိုလည်း ရေလုပ်သားကတ် လုပ်ပေးထားဖို့ စိစစ်ရမယ်။

You may also like these stories:

ဖောပြီး သေတာ အများဆုံး ဖြစ်နေတယ်

လူကုန်ကူးခံရသူ တက္ကသိုလ်ကျောင်းသား အမှု နောက်ဆက်တွဲအဖြစ်၂ မှု ထပ်ဖွင့်

လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ

]]>