• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

by သဇင်လှိုင်
7 March 2020
in ဆောင်းပါး
A A
၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

24.9k
VIEWS
Share on FacebookShare on Twitter

မြန်မာန်ိုင်ငံတွင် ဥပဒေစိုးမိုးမှုအားနည်းခြင်း၊ အသိပညာအားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့၏ သားကောင်အဖြစ် အလုပ်သမား လူတန်းစားအချို့မှာ ကောင်းမွန်စွာရှင်သန် နေထိုင်နိုင်ခွင့်ကိုပင် မရလောက်အောင် လုပ်အားခ အမြတ် ထုတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ကလေးလုပ်သားများ၊ အိမ်အကူများ၊ ကျားဖောင်လုပ်သားများ စသည့် အခြေခံအဆင့် အလုပ်သမားများမှာ အဆိုပါ အခြေအနေများကို အများဆုံး ကြုံတွေ့နေရခြင်းဖြစ်သည်။

ယင်းတို့အနက် အချို့သော အမှုများမှာ လူသိရှင်ကြား ဖော်ပြခံရသဖြင့် တရားရုံးများတွင် အမှုရင်ဆိုင် ဖြေရှင်းသည် အထိ ရောက်ရှိနေသည့်တိုင် အချို့သောအမှုများမှာ ယနေ့အထိ မပြီးပြတ်သေးပေ။ ၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၀ အထိ လူသိထင်ရှား ဖြစ်ပွားခဲ့သည့် လုပ်သားများ နှိပ်စက်ညှင်းပန်းခံရမှု အမှုများစွာ ရှိခဲ့ပြီး အချို့မှာလည်း မထင်မရှားနှင့်သာ ပြီးဆုံးသွားရာ အချို့ ဖြစ်စဉ်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ပန်ဒိုရာအဆီချလုပ်ငန်းရဲ့ နှိပ်စက်ညှင်းပန်းမှု

ပန်ဒိုရာအဆီချလုပ်ငန်းပ်ိုင်ရှင်၏ နှိပ်စက်မှု ခံရသူ မဇာလီဝင်

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မန္တလေးမြို့က ပန်ဒိုရာ အဆီချလုပ်ငန်းက အလုပ်သမား မိန်းကလေးကို အလုပ်ရှင်လင်မယားက ရက်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းမှု ဖြစ်ပွားခဲ့သလို နောက်ထပ် အလုပ်သမား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ကို လည်း အဓမ္မလုပ်အားခိုင်းစေကာ လုပ်အားနှင့်ငွေကြေး ခေါင်းပုံဖြတ်ရယူခြင်း ညှဉ်းပန်း နှိပ်စက်ခြင်းတွေ ပြုလုပ်ခဲ့တယ်။

နှိပ်စက်ခံခဲ့ရသူ မဇာလီဝင်းမှာ ခွေးလှောင်အိမ်တွင် ပိတ်လှောင်ထားခြင်း၊ ခွေးစာကျွေးခြင်း၊ ရေမတိုက်ခြင်း၊ ညဉ့်နက်သန်းခေါင်မှ အိပ်ရခြင်း၊ အိပ်ငိုက်လျှင် လက်ချောင်းထိပ်ကို အပ်ဖြင့် ဖောက်တာတွေ ပြုလုပ်ခံခဲ့ရတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေနဲ့ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ ရှိတဲ့ ပန်ဒိုရာအဆီချလုပ်ငန်း ပိုင်ရှင်ဇနီးမောင်နှံ ဦးလှဌေးနှင့် ဇနီး ဒေါ်တင်နွယ်မောင်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ ၂၄/၂၅/ ၃၂အရ  အမှုဖွင့်ခဲ့ပေမယ့် တရားခံတွေက ထွက်ပြေးတိမ်းရှောင်နေခဲ့ရာကနေ ယနေ့ အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။

အမှုမှာ အပါဝင်ပတ်သက်သူ ဆိုင်ဝန်ထမ်း ၈ ဦးကိုလည်း ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၃ အရ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ တရားစွဲဆိုပြီး မေလတွင် စတင်စစ်ဆေးခဲ့ပေမယ့် တရားခံတွေဟာ အမှုရင်ဆိုင်ဆဲကာလမှာကတည်းက တရားရုံးကို ရုံးချိန်း မလာရောက်တော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားကြတယ်။

တရားခံ ၁ ဦးဖြစ်တဲ့ ဦးလှဌေးကို ၂၀၁၆ ခုနှစ် ဇွန်လမှာ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးနေစဉ် စက်တင်ဘာလမှာ ဦးလှဌေး ကွယ်လွန်ခဲ့ပါတယ်။

အဆိုပါ အမှုကို တရားရုံးက ယာယီပိတ်သိမ်းကာ ပလပ်ထားပြီး တရားခံ ဒေါ်တင်နွယ်မောင်နှင့်အတူ ဝန်ထမ်းနှစ်ဦးကိုတော့ တရားခံပြေးအဖြစ် ကြေညာထားပါတယ်။

အင်းဝအုပ်ချုပ်ဆိုင်ရဲ့ ညှင်းပန်းနှိပ်စက်မှု

၂၀၁၆ ခုနှစ်မှာ လူသိများခဲ့တဲ့ အမှု ၁ မှုကတော့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်က အသက်မပြည့်သေးတဲ့ အိမ်အကူ မိန်းကလေး ၂ ဦးကို  နှိပ်စက်ညှင်းပန်းမှု ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အသက် ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင် နှင့် မသဇင်တို့ဟာ  အင်းဝ အပ်ချုပ်ဆိုင်တွင်  ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့စဉ် ကာလာတလျှောက် နားရက်မရှိ အလုပ် လုပ်ခဲ့ရတဲ့ အပြင် မိဘများနှင့်လည်း တွေ့ခွင့် မရခဲ့ပေ။

အဲဒီအပြင် အလုပ်ရှင်တွေရဲ့ နှိပ်စက်မှုကြောင့် မစန်းကေခိုင်၏ လက်ဆယ်ချောင်းစလုံး ကျိုးသွားသည့်အပြင် ခန္ဓာကိုယ်အနှံ့ ကတ်ကြေးနှင့် ထိုးခံရတဲ့ ဒဏ်ရာများ၊ မီးရှို့ခံရခြင်းကြောင့်လည်း ဒဏ်ရာများ ရရှိခဲ့သလို မသဇင်တွင်လည်း ဓားဖြင့် ခုတ်သည့်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

နှိပ်စက်ခဲ့တဲ့  အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦးကို တရားစွဲဆိုခဲ့ပြီး ယင်း ၆ ဦးမှ ၄ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွေမှာ ပြစ်မှုကျူးလွန်ခဲ့သည့် မိသားစုဝင်များကို လူကုန်ကူးမှု ဥပဒေ၊ ကလေးသူငယ် ဆိုင်ရာ ဥပဒေ နှင့် ရာဇသတ်ကြီးတို့ရှိ ပုဒ်မများဖြင့် အနောက်ပိုင်းခရိုင်တရားရုံး၌ အမြင့်ဆုံးထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခဲ့တယ်။

ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဒေါ်တင်သူဇာနှင့် မစုမွန်လတ်ကို ထောင်ဒဏ် ၁၆ နှစ်နှင့် ၁ လ  အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ပြီး၊ ကိုရာဇာထွန်းအား ထောင်ဒဏ်  ၁၃ နှစ်နှင့် ၁ လ၊ ကိုတင်မင်းလတ်အား ထောင်ဒဏ် ၉ နှစ်နှင့် ၁ လ စီ ချမှတ်ခဲ့ကာ ကျန်သူများဖြစ်သည့် မသီရိလတ် နှင့် ဦးကိုလတ် တို့မှာ အမှုမှကွင်းလုံးကျွတ် လွတ်ခဲ့တယ်။

ထောင်ဒဏ် ၁၆ နှစ်နှင့် ၁ လ ချမှတ်ခံရသည့် ဒေါ်တင်သူဇာကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အင်းစိန် အကျဉ်းထောင်ထဲမှာ ဆီးချိုရောဂါနဲ့ သေဆုံးခဲ့တယ်။

ဒဂုံမြို့သစ်က အိမ်အကူကလေးငယ် နှိပ်စက်ခံရမှု

၂၀၁၇ ခုနှစ်တွင်လည်း အိမ်အကူကလေးငယ် ၁ ဦးကို မီးပူနှင့် ကပ်၊ ရေနွေးပူလောင်း နှိပ်စက်ခဲ့တဲ့ ဖြစ်ရပ် ၁ ခုကို မီဒီယာအချို့မှာ ဖော်ပြခဲ့သော်လည်း အာဏာပိုင်တွေအနေနဲ့ မည်သို့ အရေးယူခဲ့သည်ကို မသိရှိရပါ။

ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က အိမ်အကူမိန်းကလေးငယ် ၁ ဦးအား မီးပူဖြင့်ကပ်၊ ရေနွေးပူဖြင့်လောင်းပြီး လင်မယား ၂ ဦးက ညှင်းပန်းနှိပ်စက်ခဲ့ခြင်း ဖြစ်ပါတယ်။

နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးငယ်၏ ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းနှစ်ဖက်နှင့် ပေါင်နှစ်ဖက် တို့မှာ မီးအပူ လောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့်ခြေထောက် နှစ်ဖက်တို့တွင်လည်း ဖူးရောင်ဒဏ်ရာများ တွေ့ရှိရပြီး အိမ်ရှင်ဖြစ်သူ ထွန်းထွန်းနဲ့ ဇနီးဖြစ်သူ မြတ်နိုးသူတို့ ၂ ဦးက မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်း တို့ကြောင့် ဒဏ်ရာများ ရရှိခဲ့ပါတယ်။

ညှင်းပန်းနှိပ်စက်ခဲ့သူ ထွန်းထွန်းနှင့် မြတ်နိုးသူတို့ ၂ ဦးကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းမှ (ပ)၆၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့တယ်။

အဲဒီအပြင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ကလေးသူငယ် ဥပဒေဖြင့် အရေးယူနိုင်ရေး လူကူန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းမှုရှိ၊ မရှိ တို့ဆောင်ရွက်ခဲ့သော်လည်း မည်သို့ အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို မသိရှိခဲ့ရပါ။

လှည်းကူးက အိမ်အကူ သေဆုံးမှု

အိမ်အကူမှာ နှိပ်စက်ညှည်းပန်းခံရသည့် ဒဏ်ရာများကြောင့် သေဆုံးရသည်ဟု ယူဆကာ သံသယတရားခံကို ဖမ်းဆီး တရားစွဲဆိုခဲ့သော်လည်း ယနေ့အထိတိုင် အမှု မပြီးပြတ်သေးချေ။

၂၀၁၈ ခုနှစ် မေလက ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ တပ်မတော် အရာရှိ ၁ ဦး၏ အိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်သူ မကရင်မကို အိမ်ရှင်ဖြစ်တဲ့ ဒေါ်သိင်္ဂီစု ဆိုသူက တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ မကရင်မ နေအိမ်သို့ လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာမှာ မကရင်မ သေဆုံးခဲ့တယ်။

သူမသေခင် ပြောခဲ့တာကတော့ အိမ်ရှင်ဖြစ်သူ အရာရှိကတော် ဒေါ်သိင်္ဂီစုက မိမိအား နှိပ်စက်ခဲ့သည်ဟု ရပ်ရွာရှိသူများအား ပြောဆိုခဲ့ပြီး သေဆုံးခဲ့တယ်လို့ သိရတယ်။

အိမ်အကူ မကရင်မဟာ ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံ့တေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန်က ထွက်ဆိုထားတယ်။

မကရင်မမှာ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်ပြင်ပတွင်လည်း တုံးသော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲ ဒဏ်ရာများ၊ စုတ်ပြဲ ဒဏ်ရာမျာ တွေ့ရှိရကြောင်းလည်း တွံ့တေးမြို့နယ်၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းသွင်က မကရင်မ သေဆုံးမှုဖြစ်ပြီး မေလအတွင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားထားပါတယ်။

မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင် စစ်ဆေးနေခဲ့ပြီး ၂ နှစ်ကျော် ကြာမြင့်ပြီဖြစ်တဲ့ ယနေ့အထိ စစ်ဆေးဆောင်ရွက်ဆဲ အဆင့်တွင်သာ ရှိနေပါတယ်။

အလားတူ ၂၀၁၈ ခုနှစ်အတွင်းမှာပင် မန္တလေးတိုင်းဒေသကြီးတွင် အိမ်အကူမိန်းကလေး ၁ ဦး  ၈ နှစ်ကြာ ပိတ်လှောင် နှိပ်စက်ခံရသည့် အဖြစ်အပျက် ပေါ်ထွက်လာခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ် ၁ ခုမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးငယ် ၁ ဦးဟာ အက်ဆစ်ဖြင့်ပက်ခံရတဲ့ အပြင် ရှစ်နှစ်ကြာ ပိတ်လှောင်ခြင်းကိုပါ ခံခဲ့ရတယ်။

 

ဖြစ်စဉ်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင် နေထိုင်သူ နန်းမေဇင်ဦးဟာ အလုပ် လုပ်ကိုင်ရန် ၂၀၀၈ ခုနှစ်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ကာ အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုး၏ ကုန်စုံဆိုင်တွင် လုပ်ကိုင်ခဲ့ပြီး နောက် ဆိုင်ပိတ်သိမ်းလိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။

အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်မှ နန်းမေဇင်ဦးကို အက်ဆစ်ဖြင့် လောင်းချခဲ့ပြီး ရှစ်နှစ်ကြာအောင် နေအိမ်အတွင်း ပိတ်လှောင်ခဲ့ပြီး အိမ်မှုကိစ္စများခိုင်းစေရုံသာမက မတရားညှဉ်းပန်းနှိပ်စက်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း တရားရုံးတွင် စစ်ဆေးစဉ် ပေါ်ပေါက်ခဲ့တယ်။ လုပ်အားခလည်း လုံးဝ မပေးခဲ့ဘူးလို့ နှိပ်စက်ခံရသူက ထွက်ဆိုခဲ့တယ်။

အိမ်ရှင်တွေရဲ့ လုပ်ရပ်ကြောင့် အိမ်အကူ နန်းမေဇင်ဦး၏ ဘယ်ဘက် မျက်နှာတခြမ်း လောင်ကျွမ်း ပျက်စီးခဲ့ပြီး မျက်စိတဖက် ကွယ်ခဲ့ရတယ်။

ဒါကြောင့် အိမ်ရှင် ဒေါ်မိုးမိုးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေအရ ဖမ်းဆီး တရားစွဲခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ မန္တလေးခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တယ်။

ဒေါ်မိုးမိုး၏ ချွေးမ မနီနီနုနွယ်ကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တဲ့ အပြင် အပြင်းအထန်နာကျင်စေမှု ပုဒ်မအတွက် အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တယ်။

ကျားဖောင်လုပ်သား ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု

ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသား လူငယ် ၁ ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အတွင်းက ကျားဖောင်လုပ်ငန်းတွင် ရေလုပ်သားအဖြစ် ရောင်းစားခဲ့ပြီး လုပ်အား ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ ဖြစ်ရပ်တခု ယမန်နှစ်အတွင်းက ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ငထွေရူးလမ်းနေ အသက် ၂၀ အရွယ် ကိုမြတ်သူရထွန်းကို ပွဲစား အမျိုးသမီး ၂ ဦးက လစာ သိန်း ၂၀ ခန့် ရရှိမယ်လို့ မက်လုံးပေး ခေါ်သွားခဲ့ပြီးနောက် ကျားဖောင်လုပ်ငန်းရဲ့ ရေလုပ်သားအဖြစ် ရောင်းစားခဲ့ပါတယ်။

ထို့သို့ ရောင်းစားခံခဲ့ရပြီးနောက် ကျားဖောင်လုပ်ငန်းရဲ့ ဖောင်ဦးစီး ကျော်အောင်ဆိုသူက နှိပ်စက်တာကြောင့် ဘယ်လက်ဖျံရိုးကျိုးကာ နားရွက်တွင်လည်း ပြတ်ရှဒဏ်ရာ ရရှိခဲ့သလို မျက်ခုံးတဖက် ကွဲသွားခဲ့တယ်။ မိသားစုဝင်တွေရဲ့ အဆင့်ဆင့် စုံစမ်းမှုတွေကြောင့် ကိုမြတ်သူရထွန်း ရောင်းစားခံရတဲ့ဖြစ်ရပ်ဟာ လူသိရှင်ကြား ဖြစ်သွားတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
552
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

ကိုမြတ်သူရထွန်းရဲ့ အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့(လူကုန်တား)မှ ဖောင်ဦးစီးဖြစ်သူ အသက် ၄၂ နှစ်အရွယ်ရှိ ကျော်အောင်နှင့် အသက် ၄၂ နှစ်အရွယ်ရှိ ကိုအောင်ဗလ(ခေါ်) ဗလကြီးတို့ ၂ ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖမ်းဆီးထားပြီး ၇ ဦးကို အမှုဖွင့်ထားပါတယ်။

ကိုမြတ်သူရထွန်းကို ရောင်းစားဖို့ စည်းရုံးခဲ့ကြသူများဖြစ်တဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်နေ မအေးသက်မာ၊ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်နိုင်နိုင်ကျော်၊ ဒေါ်အန်းကုန်း၊ ဖျာပုံမြို့နယ်ရှိ ကိုသန်းကျော်နှင့် အမျိုးသား ၁ ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို အမှုဖွင့်ထားသော်လည်း ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါ။

လပွတ္တာ ကလေးလုပ်သားနှိပ်စက်ခံရမှု

ယခုနှစ် အစပိုင်းမှာတင် ဖြစ်ခဲ့တာကတော့ လပွတ္တာမြို့၊ တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် ငွေကျပ် ၈ သောင်း ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဆိုင်အလုပ်သမား အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေ(ခ) ထက်စည်သူအောင်ကို ဆိုင်ရှင် ဒေါ်ချိုချိုစန်းက မီးရှို့ နှိပ်စက်ခဲ့မှု ဖြစ်ပါတယ်။

မီးရှို့နှိပ်စက်မှုကြောင့် မောင်ဖိုးစနေ(ခ) ထက်စည်သူအောင်တွင် ကျောပြင်၊ ဘယ်လက်၊ ညာလက်၊ ခန္ဓာကိုယ် အပေါ်ပိုင်းတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့တာကြောင့် လပွတ္တာမြို့ ၃ မိုင် ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရတယ်။

ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဝင် ဦးမြင့်ဌေးက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာကြောင့် ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို လပွတ္တာမြို့မရဲစခန်းက ပြစ်မှုအမှတ် ၇၆/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ယခုဖော်ပြခဲ့တာတွေကတော့ ဧရာဝတီသတင်းဌာနကနေ စုစည်းလို့ ရရှိထားတဲ့ ဖြစ်စဉ်အချို့ ဖြစ်ပါတယ်။ အလားတူ ဖြစ်စဉ်များစွာလည်း ရှိနိုင်ပါတယ်။

ယင်းသို့ အခြေခံအလုပ်သမားများ၊ အိမ်အကူများ၊ ကလေးငယ်များ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းရဲ့ အဓိက အကြောင်းရင်းများကတော့ လုံလောက်ခိုင်မာသော ဥပဒေများ မရှိခြင်း၊ တရားဥပဒေစိုးမိုး မှုအားနည်းခြင်း၊ ဥပေဒ၏ အကာအကွယ်ကို လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ဆိုးရွားလှတဲ့ အထက်ပါ နှိပ်စက်ခံရမှု ဖြစ်စဉ်များစွာ ယနေ့ထက်ထိတိုင် ဖြစ်နေခဲ့ပေမယ့် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဟန့်တား ကာကွယ်နိုင်မယ့် ဥပဒေအကာအကွယ်များကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသလို တရားစီရင်ရေးပိုင်းမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာက အားနည်းချက် ဖြစ်နေပါတယ်။

You may also like these stories:

လပွတ္တာတွင် ကလေးအလုပ်သမားကို မီးရှို့နှိပ်စက်သည့် ဆိုင်ရှင်ကိုဖမ်းဆီး

လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား

ဥပဒေအကာအကွယ်လိုအပ်ဆဲ အိမ်အကူအလုပ်သမများ

Your Thoughts …
Tags: လုပ်သားအလုပ်သမား နှိပ်စက်ညှင်းပမ်းမှုများအိမ်အကူဥပဒေ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

by ဧရာဝတီ
6 September 2024
3k

ထိုကျောင်းပိတ်သိမ်းခံရမှုအပေါ် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်သီချင်းနှင့် မြန်မာနိုင်ငံတော် သီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ပါဝင်ကြောင်း သိရသည်။

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

by ဧရာဝတီ
19 June 2025
2.7k

ဒီဥပဒေထဲမှာ CDM မပြုလုပ်တဲ့သူတွေ၊ စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းဆက်လုပ်နေတဲ့သူတွေ၊ အာဏာသိမ်းပြီးမှ ဝန်ထမ်းဝင် လုပ်တဲ့သူတွေကို အသိအမှတ်မပြုတော့ဘူးတို့၊ ပြီးရင် ဘာလို့လုပ်ခဲ့တယ်ဆိုတာ ပြည်သူတွေကို ပြန်တောင်းပန်ရမယ်ဆိုတဲ့ ဟာတွေကတော့ လူ့အခွင့်အရေးနဲ့ရော၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

by ယဉ်မွန်
27 September 2024
1.8k

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထားထုတ်ပေးမယ့် ဥပဒေသစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

by ဧရာဝတီ
28 September 2023
1.6k

ယင်းဥပဒေပါ ပြစ်မှု ပြစ်ဒဏ်အားလုံးသည် ရဲက အရေးယူပိုင်ခွင့်ရှိကြောင်း ဖော်ပြထား၍ တနိုင်တပိုင် လူမှုကွန်ရက်မှ Online Shop လုပ်ကိုင်နေသူများမှာ စိုးရိမ်မှုများ ရှိနေကြောင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

by ဧရာဝတီ
3 July 2025
938

လက်ရှိ နိုင်ငံအတွင်း ကြုံတွေ့နေရသည့် နိုင်ငံရေးအပြောင်းအလဲနှင့် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကျင်းပရန် စိန်ခေါ်မှုများ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲပေးကြမည့် ပြည်သူလူထုအတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ မြင့်မားနေဆဲဖြစ်သည့်အတွက် ရွေးကောက်ပွဲအား ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း

Next Post
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အရေးပေါ်ကာလ သမ္မတနှင့် တပ်ချုပ် ဘယ်သူဦးဆောင်မလဲ မဲစခွဲမည်

ကောက်စာ - ကန်ပိုက်တီးတွင် စီးပွားရေးဇုန်ထူထောင်ရန် တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြု ကုမ္ပဏီ တခုနှင့် နားလည်မှုစာချွန်လွှာကို ကချင်ပြည်နယ်အစိုးရက လက်မှတ်ရေးထိုးလိုက်သည်

နယ်စပ်စီးပွားရေးဇုန် ထူထောင်ရန် တရုတ်-မြန်မာ ဖက်စပ်လုပ်ငန်းနှင့် ကချင်ပြည်နယ်အစိုးရ လက်မှတ်ရေးထိုး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved