• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရေးပေါ်ကာလ သမ္မတနှင့် တပ်ချုပ် ဘယ်သူဦးဆောင်မလဲ မဲစခွဲမည်

by ထွန်းထွန်း
7 March 2020
in သတင်း
A A
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

26.7k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ အခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအား မတ်လ ၁၀ ရက်နေ့ စတင်မဲခွဲရာတွင် ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုပါ ဆန္ဒမဲလက်မှတ် ၁ အနေဖြင့် စတင်မဲခွဲမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးက ကြေညာလိုက်သည်။

လွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားသည့် မဲလက်မှတ် နမူနာများအရ စတင်မဲခွဲမည့် ဆန္ဒမဲလက်မှတ် ၁ ပါ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုတွင် အရေးပေါ် အခြေအနေ၌ ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတ မည်သူဦးဆောင်မလဲ ဆိုသည့် ပုဒ်မ ပြင်ဆင်ချက်များလည်း ပါဝင်လျှက်ရှိသည်။

ယင်းအပြင် အရေးပါသည့် အချက်တချက်ဖြစ်သည့် လွှတ်တော် အသီးသီး၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုအား အဆင့်လိုက် လျော့ချမည့် ပုဒ်မ ၁၄ အား ပြင်ဆင်ချက်လည်း ပါဝင်လျှက်ရှိသည်။

မကွေးတိုင်း၊ မဲဆန္ဒနယ်အမှတ် ၄၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က “ကြိုတင်ဝေထားတဲ့ အတိုင်းပဲဖြစ်မှာပါ၊ မပြောင်းနိုင်ပါဘူး၊ ပထမရက်မှာတော့ အချက် ၁၄ ချက်ပါတဲ့ တမဲပေးရမယ်၊ ဒီအ ခြေအနေကို ကြည့်ပြီးမှ နောက်နေ့တွေ နှစ်မဲပေးလို့ အချိန်မီမလား မမီလား စောင့်ကြည့်ရမှာပေါ့၊ မဲပေးပြီးတာနဲ့ ချက်ချင်းရေတွက်ပြီး ရလဒ်ကြေညာရမယ်၊ ချက်ချင်းမရေတွက်ရင် သံသယတွေရှိလာမှာပေါ့၊ ပုဒ်မတခုခြင်းရဲ့ ပြင်နိုင် မပြင်နိုင် ရလဒ်လဲ ထွက်မှာပါ” ဟု ဧရာဝတီသို့ပြောသည်။

ကြိုတင်ဝေထားသည့် မဲလက်မှတ် ၁ တွင်ပါဝင်သည့် ပုဒ်မ ၁၄ ခုတွင် တပ်မတော်အား အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ဆိုသည့် အခန်းကဏ္ဍမှ ပယ်ဖျက်ပြီး ပြည်သူ့ဆန္ဒနှင့် အညီသာ ပါဝင်ရန် ပြင်ဆင်ချက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသည့် အချက်အား ပယ်ဖျက်ထားချက်နှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် တပ်မတော်က အမည်စာရင်တင်သွင်းမှုအား ပယ်ဖျက်ရန် အဆိုပြုချက်များ ပါဝင်လျှက်ရှိသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
527
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
45
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
92

နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ပါဝင်ဆောင်ရွက်ခွင့် ပြင်ဆင်ချက်နှင့် စည်းကမ်းပြည့်ဝသော စာသားများ ပယ်ဖျက်ရန် ပြင်ဆင်ချက်များ စသည်တို့လည်း ပါဝင်လျှက်ရှိသည်။

ပြင်ဆင်ချက်မူကြမ်းပါ ပုဒ်မများအား မဲခွဲရာတွင် ကိုယ်စားလှယ်တဦးလျှင် ၉ မဲစီ ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရမည်ဖြစ်ပြီး ပုဒ်မ ၄၃၆ (က) နှင့်အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခုအား မဲလက်မှတ် ၄ ခုနှင့် ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခုအား မဲ လက်မှတ် ၅ ခုအဖြစ် ခွဲခြားမဲပေးရမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင်သည့် ပုဒ်မများအား ပြင်ဆင်လိုလျှင် ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်သည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ပုဒ်မ ၄၃၆ (ခ)နှင့် အကျုံးဝင်သည့် ပုဒ်မများအတွက်မူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံယုံဖြင့် ပြင်ဆင်နိုင်မည်ဖြစ်သည်။

Your Thoughts …
Tags: ၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၄၃၆သမ္မတ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
5.6k

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

by စောမေရီ
26 July 2024
2.4k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ကိုယ်သူ သမ္မတ အဖြစ် လွှဲပြောင်း ယူလိုက်တဲ့ လုပ်ရပ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ခံပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)

မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)

by ဧရာဝတီ
22 January 2025
1.5k

အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် ရွေးကောက်ခံ သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

by ဧရာဝတီ
7 June 2025
1.4k

ထရမ့်ကို မတ်စ်က တိုက်ရိုက်တိုက်ခိုက်မှုများသည် ရီပတ်ဗလစ်ကန် အသုံးစရိတ် ဥပဒေအပေါ် လူသိရှင်ကြား ထိပ်တိုက်တွေ့မှုအပြီး နောက်ဆုံးအလှည့်အပြောင်းဖြစ်သည်။

Next Post
ကောက်စာ - ကန်ပိုက်တီးတွင် စီးပွားရေးဇုန်ထူထောင်ရန် တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြု ကုမ္ပဏီ တခုနှင့် နားလည်မှုစာချွန်လွှာကို ကချင်ပြည်နယ်အစိုးရက လက်မှတ်ရေးထိုးလိုက်သည်

နယ်စပ်စီးပွားရေးဇုန် ထူထောင်ရန် တရုတ်-မြန်မာ ဖက်စပ်လုပ်ငန်းနှင့် ကချင်ပြည်နယ်အစိုးရ လက်မှတ်ရေးထိုး

အိပ်ရာနိုးနိုးချင်း ရေတဖန်ခွက်အပြည့်သောက်သုံးပေးသင့်ပါတယ်

နွေရာသီမှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved