• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
in သူ့အတွေး သူ့အမြင်
A A
မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၂၀၁၅ ခုနှစ်က သမ္မတ ဦးသိန်းစိန် / AFP

5.6k
VIEWS
Share on FacebookShare on Twitter

ဒီနေ့ခေတ်မှာ သမ္မတဆိုတဲ့ စကားရပ်ဟာ အားလုံးနဲ့ မစိမ်းတော့တဲ့ စကားရပ်တခု ဖြစ်နေပါပြီ။ နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် နိုင်ငံ့ဥသျှောင်လို့ ဆိုလိုက်ရင် အများစုက သမ္မတဆိုတဲ့ စကားရပ်နဲ့ တွဲမြင်ကြပြီး အားလုံးနဲ့ ယဉ်ပါးနေတဲ့ နိုင်ငံရေး စကားလုံးတခု ဖြစ်နေခဲ့ပါပြီ။

သမိုင်းထဲက မဟာသမ္မတမင်း အဆက်အစပ်

RelatedPosts

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

13 June 2025
201
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

12 June 2025
3k
တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

12 June 2025
16.2k

မြန်မာရာဇဝင်တွေမှာလည်း သမ္မတဆိုတဲ့ စကားလုံးဟာ အားလုံးနဲ့ မစိမ်းတဲ့ စကားလုံးတခုအဖြစ် တည်ရှိခဲ့ပါတယ်။ ဦးကုလား မဟာရာဇာဝင်တော်ကြီး၊ မှန်နန်း မြန်မာရာဇဝင်တော်ကြီးတွေမှာ ကမ္ဘာတည်ပုံအခန်းတွေရဲ့နောက် မဟာသမ္မတမင်း စိုးစံတဲ့ အကြောင်းရေးသားခဲ့တာ ရှိပါတယ်။

သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်းကတော့ မဟာသမ္မတမင်းနဲ့ မြန်မာဘုရင်တွေ ဆက်စပ်ရေးသားတဲ့ ဝတ္ထုမျိုးတွေဟာ ကုန်းဘောင်မင်းဆက် မတိုင်ခင်က မပေါ်သေးဘူးလို့ ဆိုထားခဲ့ပါတယ်။

သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်းကတော့ မဟာသမ္မတမင်းနဲ့ မြန်မာဘုရင်တွေ ဆက်စပ်ရေးသားတဲ့ ဝတ္ထုမျိုးတွေဟာ ကုန်းဘောင်မင်းဆက် မတိုင်ခင်က မပေါ်သေးဘူးလို့ ဆိုထားခဲ့ပါတယ်။ အဲဒီမတိုင်ခင် အစောဆုံးတွေ့ရတဲ့ မှတ်တမ်းတွေမှာ မြန်မာဘုရင်တွေက အာဒိစ္စဝံသ နေနတ်မျိုးရိုးက ဆင်းသက်လာတယ်လို့ အသုံးအနှုန်းတွေကို အများဆုံးတွေ့ရပါတယ်။

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။ ကျန်စစ်သားမင်းဟာ ဘုရင်မျိုးရိုးကနေ ဆင်းသက်လာတာ မဟုတ်တဲ့ ငတပါးမင်း ဖြစ်တဲ့အတွက် သူ့ရဲ့သြဇာ တည်တံ့ဖို့ အဲဒီလို သုံးနှုန်းခဲ့တာ ဖြစ်မယ်လို့ ဒေါက်တာ သန်းထွန်းက အဆိုရှိခဲ့ပါတယ်။

မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျလည်း ဘုရင်ဖြစ်လာတဲ့ အခါ မဟာသမ္မတမင်းကနေ ဆင်းသက်လာတယ်လို့ သုံးနှုန်းခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ဆရာ ယုဒသန် (ဂျပ်ဆင်) ရေးသားခဲ့တဲ့ အဘိဓာန်ထဲမှာတော့ သမ္မတကို အများသဘောတူ တင်မြှောက်ထားတဲ့ အုပ်ချုပ်သူအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး အမေရိကန်သမ္မတကို ဥပမာပြဆိုထားပါတယ်။

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ဒါပေမယ့် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ သမ္မတကို ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်သူပုံစံအစား ဘုရင်ပုံစံမျိုးအဖြစ်နဲ့သာ မြန်မာတွေ ရှုမြင်ခဲ့ကြပုံရပါတယ်။ ကင်းဝန်မင်းကြီးရဲ့ ပြင်သစ်သွားနေ့စဉ်မှတ်တမ်းမှာ ပြင်သစ်သမ္မတမင်းလို့ ရေးသားခဲ့ပြီးတော့ ဦးမောင်မောင်တင် ရေးသားခဲ့တဲ့ ကုန်းဘောင်ဆက် မြန်မာရာဇာဝင်မှာလည်း ပြင်သစ်မင်းလို့သာ သုံးနှုန်းထားတာကို တွေ့ရပါတယ်။

ဒီအယူအဆဟာ ကိုလိုနီခေတ်နှောင်းပိုင်းကာလ အထိလွှမ်းမိုးမှု ရှိခဲ့ပုံရပါတယ်။ ဂျပန်ခေတ် ဒေါက်တာ ဘမော်ကို အဓိပတိအဖြစ် ခန့်အပ်တဲ့ အခမ်းအနားမှားလည်း သခင်ကိုယ်တော်မှိုင်းက ဒေါက်တာ ဘမော်ကို ဗမာနိုင်ငံတော်အဓိပတိ အရှင်မင်းကြီးလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ကိုလိုနီခေတ်ကာလ လွှမ်းမိုးမှုများ

သမ္မတဆိုတဲ့အသုံးက ကိုလိုနီခေတ်ကာလ သီချင်းများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပါတယ်။ ဝိုင်အမ်ဘီသခင်တင်ရေးတဲ့ မီးတုတ်သီချင်းမှာ “ကိုယ့်မင်းကိုယ့်ချင်း လိုရင်းဆိုတာ ဆင်းရဲသားသမ္မတဖြစ်မယ့် ဘုံဝါဒ အစစ်ပေါ့ဗျာ” လို့ စပ်ဆိုထားခဲ့ပါတယ်။ ဘုန်းကံရှိလို့ ဘုရင်အုပ်ချုပ်သူဖြစ်လာရတယ်ဆိုတာထက် အုပ်ချုပ်သူသမ္မတဆိုတာ လူတိုင်းဖြစ်လို့ရသလို ရွေးကောက်တင်မြှောက် သမ္မတစနစ်မျိုးကို ပိုမိုမျှော်လင့်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။

ဘုန်းကံရှိလို့ ဘုရင်အုပ်ချုပ်သူဖြစ်လာရတယ်ဆိုတာထက် အုပ်ချုပ်သူသမ္မတဆိုတာ လူတိုင်းဖြစ်လို့ရသလို ရွေးကောက်တင်မြှောက် သမ္မတစနစ်မျိုးကို ပိုမိုမျှော်လင့်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း မဟာသာကီဝင်ဆိုတဲ့ စကားရပ်တွေကို ဒို့ဗမာသီချင်း အပါအဝင်မှာ စပ်ဆိုထားကြတာကို ကြည့်ခြင်းဖြင့် မဟာသမ္မတမင်း အဆက်အစပ်ကလည်း ရှိနေသေးတယ်လို့လည်း ယူဆလို့ရပါတယ်။ အလားတူ အယူအဆမျိုးကို စကြာသိုက် အစရှိတဲ့ သီချင်းတွေမှာလည်း တွေ့နိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တဲ့ စကားတွေမှာလည်း သမ္မတစနစ်ဆိုတဲ့ စကားလုံးကို တွေ့နိုင်ပါတယ်။

၁၉၄၇ ခု၊ ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက “ကျနော်တို့ နိုင်ငံတော်မှာ သမ္မတစနစ်အားဖြင့် ဖွဲ့စည်းပြီးတည်ထောင်လိုတယ်။ သမ္မတစနစ်ဆိုတာ ဒီခေတ်အခါမှာသာ ကျနော်တို့ရဲ့ ဗမာစာမှာ ပေါ်ပေါက်လာတဲ့ စကားပဲ၊ ဘာလဲဆို တနိုင်ငံလုံးကို အုပ်ချုပ်ရမယ့် ပုဂ္ဂိုလ်ကို ၄ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်အားဖြင့် တကြိမ်ကျ ရွေးကောက်တင်မြှောက်တဲ့ ထုံးစံစနစ်၊ ဒီခေတ်ကျမှ ပေါ်လာတဲ့ စနစ်ဖြစ်တယ်” လို့ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက သမ္မတနိုင်ငံ (Republic) ကို ရည်ညွှန်းခဲ့ပုံရပြီး အဲဒီခေတ်ကာလက သမ္မတကို ရွေးကောက်တင်မြှောက်ရတဲ့ စနစ်မျိုးကို လိုလားခဲ့တယ်လို့ ယူဆလို့ရပါတယ်။

လွတ်လပ်ရေးကြေညာစာတမ်း

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

နောက်တဖန် လွတ်လပ်ရေး ကြေညာစာတမ်းမှာလည်း “လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦး ကာလလူတို့၏ ပဌမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝန်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမတ တင်မြောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသော တရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့် အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမတ မြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ” ဆိုပြီး ရေးထိုးညွှန်းဆိုခဲ့ပါသေးတယ်။ လွတ်လပ်ရေးကြေညာစာတမ်းမှာတော့ မဟာသမ္မတမင်းကို ညွှန်းဆိုပြီး နိုင်ငံအုပ်ချုပ်သူကို ရွေးကောက်တင်မြှောက်တဲ့ သမ္မတစနစ်ကို ဖော်ပြချင်ပုံရပါတယ်။

လွတ်လပ်ရေးကြေညာစာတမ်းမှာတော့ မဟာသမ္မတမင်းကို ညွှန်းဆိုပြီး နိုင်ငံအုပ်ချုပ်သူကို ရွေးကောက်တင်မြှောက်တဲ့ သမ္မတစနစ်ကို ဖော်ပြချင်ပုံရပါတယ်။

လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံဟာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ သမ္မတကို တိုက်ရိုက်ရွေးကောက်တာ မဟုတ်ဘဲ ပါလီမန်ကတဆင့်သာ ရွေးကောက်တင်မြှောက်ရတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒီဘက်ခေတ် နိုင်ငံရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် တားဆီးထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၎င်းကို ပြင်ဆင်တဲ့ ကြိုးပမ်းမှုကစလို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး မျှော်လင့်ချက် အိပ်မက်တွေကို ကြည့်ခြင်းအားဖြင့် သမ္မတဖြစ်ခြင်းဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါဆုံး နေရာတခုမှာ ရှိနေဆဲပဲဆိုတာ တွေ့နိုင်ပါတယ်။

မြန်မာဘုရင်တွေလက်ထက်က မဟာသမ္မတမင်းကနေ ဆင်းသက်တဲ့ အာဒိစ္စဝံသ ခတ္တိယနွယ်လာ သာကီဝင်မင်းတို့ရဲ့ အဆက်အနွယ်ဖြစ်တာကြောင့် အုပ်ချုပ်သူဘုရင် ဖြစ်ရပါတယ်ဆိုတဲ့ ယုံကြည်ချက်တွေဟာ လွတ်လပ်ရေးတိုက်ပွဲ ကာလအတွင်းမှာ ပြောင်းလဲလာခဲ့ပြီး အုပ်ချုပ်သူကို ကိုယ်တိုင်ရွေးချယ်ခွင့်ရမယ့် သမ္မတစနစ်ကိုသာ ပိုမိုမျှော်လင့်ခဲ့ကြပုံလည်း ရပါတယ်။

ဒါပေမယ့်လည်း လွတ်လပ်ရေးရကာစကနေ ဒီနေ့ခေတ်ကာလ အထိအုပ်ချုပ်သူတွေဟာ ရှေးဘုရင်တွေရဲ့ အဆောင်အယောင်တွေကို ဆက်လက်ထိန်းသိမ်း သုံးစွဲနေမှုကို ကြည့်ခြင်းအားဖြင့် မဟာသမ္မတမင်းကနေ ဆင်းသက်တယ်ဆိုတဲ့ လွှမ်းမိုးမှုကိုလည်း အလျဉ်းပယ်ရှားခြင်း မရှိသေးဘူးလို့ တွေးဆစရာလည်း ရှိပါတယ်။

You may also like these stories:

အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး စိုးရိမ်ရ

ဦးသန်းရွှေ၏ “သမ္မတလေယာဉ်အိပ်မက်” ဘယ်လိုပျက်

သမ္မတရူး၊ ရူးနေတဲ့စိတ်နဲ့ ထင်ရာစိုင်းနေတာ (ရုပ်/သံ)

မင်းအောင်လှိုင်၏ သမ္မတရူးထမှု ဇာတ်ရှိန်မြင့်နေ

သမ္မတ ပေးမလုပ်လို့ အာဏာသိမ်းရခြင်းအကြောင်း (ရုပ်/သံ)

ပြည်သူ့နှလုံးသားကို ဆွဲဆောင်နိုင်သော NUG ယာယီသမ္မတ ဒူဝါလရှီးလ

Your Thoughts …
Tags: ကင်းဝန်မင်းကြီးကုန်းဘောင်မင်းဆက်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံ့ဥသျှောင်ပါလီမန်ဒီမိုကရေစီစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေဗိုလ်ချုပ် အောင်ဆန်းမင်းအောင်လှိုင်မဟာသမ္မတမင်းရွှေစည်းခုံကျောက်စာသမ္မတ
AKM

AKM

AKM သည် သမိုင်းလေ့လာသူတဦးဖြစ်သည်။

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.3k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.4k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.4k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.1k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

Next Post
Neo ဘဏ်လို့ ခေါ်ပါတယ် ဒါမှမဟုတ် ဒစ်ဂျစ်တယ်ဘဏ်လို့ ခေါ်ပါတယ်

Neo ဘဏ်လို့ ခေါ်ပါတယ် ဒါမှမဟုတ် ဒစ်ဂျစ်တယ်ဘဏ်လို့ ခေါ်ပါတယ်

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.3k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • မျှော်သာမျှော် ပေါ်မလာသည့် ရုရှားဧည့်သည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate