• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး စိုးရိမ်ရ

by ဧရာဝတီ
21 June 2023
in သတင်း
A A
ဦးဝင်းမြင့်အပြင် ပါတီနာယက ဦးဝင်းထိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် အခြားအသက်အရွယ်ကြီးရင့်သော NLD အဖွဲ့ဝင်များ၏ ကျန်းမာရေးသည်လည်း စိုးရိမ်စရာဖြစ်သည်

ဦးဝင်းမြင့်အပြင် ပါတီနာယက ဦးဝင်းထိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် အခြားအသက်အရွယ်ကြီးရင့်သော NLD အဖွဲ့ဝင်များ၏ ကျန်းမာရေးသည်လည်း စိုးရိမ်စရာဖြစ်သည်

7.4k
VIEWS
Share on FacebookShare on Twitter

အကျဉ်းချခံထားရသော သမ္မတ ဦးဝင်းမြင့်သည် ကျန်းမာရေး အခြေအနေဆိုးရွားနေပြီး ဆီးပိုက်တပ်ဆင်ထားရကြောင်း သူ့ကို ဖမ်းဆီးထားသည့် တောင်ငူထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

သူ ခံစားနေရသည့် ရောဂါ၏ သဘောသဘာဝကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဆီးပိုက်တပ်ဆင်ထားရခြင်းသည် အသက်အရွယ်ကြီးသူများတွင် ဖြစ်တတ်သည့် ဆီးကြိတ်ရောင်ခြင်း သို့မဟုတ် လေဖြတ်ခြင်းအပါအဝင် အခြားပြင်းထန်သော ရောဂါများ ကုသရာတွင် ထုံးစံအားဖြင့် သုံးတတ်သည်။

အသက် ၇၁ နှစ် ရှိပြီဖြစ်သော ဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင် ၁၂ နှစ်ချထားပြီး ပဲခူးတိုင်းတောင်ငူတွင် ဇန်နဝါရီလမှ စတင်ချုပ်နှောင်ထားသည်။

ပါတီနာယက ဦးဝင်းထိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် အခြားအသက်အရွယ်ကြီးရင့်သော NLD အဖွဲ့ဝင်များ၏ ကျန်းမာရေးသည်လည်း စိုးရိမ်စရာဖြစ်နေသည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဦးဝင်းထိန်ကို ညဘက်တွင် အောက်ဆီဂျင်စက် တပ်ဆင်ပေးရပြီး အသက် ၇၁ နှစ် ရှိပြီ ဖြစ်သော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ခံစားနေရသည်။

အကျဉ်းချမခံရမီကပင် သွားလာရာတွင် တုတ်ကောက် သို့မဟုတ် ဘီးတပ်ကုလားထိုင်အသုံးပြုနေရသော ဦးဝင်းထိန်ကို ထောင် အနှစ် ၂၀ ချပြီး မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးထားသည်။ သူ၏ အသက်အရွယ် ကြီးရင့်ခြင်းနှင့် ထောင်အတွင်း ညစ်ပတ်သော အခြေအနေများနှင့် သွေးတိုးခြင်း၊ ဆီးချိုရှိခြင်းနှင့် အသက်ရှူကျပ်ခြင်း စသည့် ကျန်းမာရေး ပြဿနာများပေါင်းစပ်လိုက်သောအခါ သူ့အတွက် အန္တရာယ် ကြီးမားသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထောင် ၂၅ နှစ်ချခံရပြီး သွေးကင်ဆာအတွက် ကုသခံနေရသည်။ သူသည် မိသားစုထံမှ ဆေးဝါးများ လက်ခံရရှိနေဆဲဖြစ်သော်လည်း စစ်ကောင်စီက ထောင်အတွင်း သူ၏ သွားလာမှုများနှင့် သူ့ထံ အစားအသောက်နှင့် ပစ္စည်းပေးပို့မှုကို ကန့်သတ်ထားသည်။ လွန်ခဲ့သောလက မန္တလေးတိုင်း အမရပူရမှ သူ၏နေအိမ်သည် ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်ခံရသည်။

တချိန်တည်းတွင် ထောင် ၂၈ နှစ်ချခံထားရသော NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် ဇွန်လ ၁ ရက်နေ့က အိုးဘိုထောင်တွင် နှလုံးရောဂါ ဖေါက်သည်။

နှလုံးဖောက်ခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သော်လည်း မန္တလေး အထွေထွေရောဂါကုဆေးရုံတွင် နှလုံး ပြဿနာများအတွက် ကုသမှုခံယူနေဆဲဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

တနင်္လာနေ့က အသက် ၇၈ နှစ်ပြည့်သော ဒေါ်အောင်ဆန်းစုကြည်သည် ပြင်းထန်သော ကျန်းမာရေး ပြဿနာ ရှိပုံမရပေ။ သို့သော် သူသည်လည်း အသက်အရွယ်နှင့် ပတ်သက်သည့် ကျန်းမာရေးအခြေအနေများအတွက် ဆေးဝါး အချို့ လိုအပ်သည်။ သူ၏ကျန်းမာရေး အခြေအနေကောင်းသည်ဟု စစ်ကောင်စီက ပြောသော်လည်း မြန်မာ နိုင်ငံသားများသည် နေပြည်တော်ထောင်တွင် ထောင် ၃၃ နှစ်ချထားခံရသည့် အရပ်သားခေါင်းဆောင်အတွက် လွန်စွာ စိုးရိမ်နေကြသည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုပေးသည်ဆိုသည့် ကျန်းမာရေး စောင့်ရှောက်မှုကို ယုံကြည်သူ မရှိသလောက်ပင်။

၂၀၂၁ ခုနှစ်တွင် အသက် ၇၉ နှစ်အရွယ် NLD ဝါရင့်ခေါင်းဆောင် ဦးဉာဏ်ဝင်းသည် ကိုဗစ်နိုင်တင်းကြောင့် အင်းစိန် ထောင်မှ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသို့ လွှဲပြောင်း ကုသခံရသော်လည်း စနစ်တကျ ကုသမှု အချိန်မီ မရသောကြောင့် သေဆုံးခဲ့သည်။ အကျဉ်းချခံ NLD အစိုးရ ဝန်ကြီးများ ပြင်းထန်သော ကျန်းမာရေး အခြေအနေများ ရင်ဆိုင်ရပြီး ထောင်ပြင်ပတွင် ကုသရန် လိုအပ်သည့် အခြားကိစ္စများလည်း ရှိသည်။

အာဏာသိမ်း စစ်ကောင်စီသည် မေလ ၃၁ ရက်နေ့အထိ ပြည်သူ ၃၈၁၈ ဦးကို သတ်ဖြတ်ထားကြောင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများကို မှတ်တမ်းတင်နေသည့် NLD ၏ အဖွဲ့တဖွဲ့က ဖေါ်ပြသည်။ ထိုသို့သတ်ဖြတ်ခံရသူများတွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် NLD ပါတီဝင် ၉၃ ဦးပါဝင်သည်။

လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် NLD ပါတီဝင် ၁၂၀၀ ခန့်ကိုလည်း ဖမ်းထားကြောင်း ထိုအဖွဲ့က ပြောသည်။

You may also like these stories:

နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့နှင့် စစ်အင်အား

အွန်လိုင်းမှ ဝေဖန်သူများကို နှိမ်နင်းရန် စစ်ကောင်စီ အရှိန်မြှင့်နေ

Your Thoughts …
Tags: NLDကျန်းမာရေးဒေါက်တာဇော်မြင့်မောင်ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဦးဝင်းမြင့်အကျဉ်းချအသက်အရွယ်ကြီးသူများဦးဝင်းထိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
အရာတော်မြို့နယ် စစ်ဆေးရေးဂိတ်နှင့် လမ်းမပေါ်တွင် စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ/CJ

အရာတော်မှ လူငယ် ၃ ဦး ဖမ်းခံရပြီးနောက် အဆက်အသွယ်ပြတ်နေ

ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖြစ် ပန်းသပိတ်များ ပြုလုပ်ကြစဉ်/ GSCB

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းပန်သူ တရာနီးပါး အဖမ်းခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved