• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို

by ဧရာဝတီ
19 June 2023
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရစကားပြောကြားနေသည့် ကင်မ်အဲရစ်(ခ) ကိုထိန်းလင်း

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရစကားပြောကြားနေသည့် ကင်မ်အဲရစ်(ခ) ကိုထိန်းလင်း

5.1k
VIEWS
Share on FacebookShare on Twitter

အကျဉ်းချခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်နှင့် ဒီမို ကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား အာဏာပြန်လွှဲပေးရန် ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့တွင် သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တောင်းဆိုလိုက်သည်။

ယင်းပြင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတခုဖြစ်စေရေးအတွက် ပထမခြေလှမ်းမှာ မိခင်ဖြစ်သူအား လွှတ်ပေးရေးဖြစ် သည်ကို စစ်တပ်က သဘောပေါက်သင့်ပြီး လူထုတော်လှန်ရေးအား စစ်တပ်အနေဖြင့် အနိုင်ရမည် မဟုတ်ကြောင်းနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်ပြုရန်လည်း ၎င်းက ပြောထားသည်။

၎င်းက “အလွန်သိမ်မွေ့ပြီး ရှုပ်ထွေးပွေလီသောအခြေအနေတွင် ပြည်သူလူထုအားလုံးကို စည်းလုံးညီညွတ်စွာ ပေါင်း စည်းနိုင်ရေးအတွက် ကျနော့်အဖိုးပြီးလျှင် ကျန်ရှိသော တဦးတည်းသောသူဟာ ကျနော့်အမေသာ ဖြစ်ပါတယ်ဆိုတာ ကမာ္ဘတဝှမ်းရှိ လူများသိရှိနားလည်စေရန် မျှော်လင့်ပါသည်။ ထို့ပြင် တည်ငြိမ်အေးချမ်းသော နိုင်ငံတခုရရှိရန် ပထမခြေလှမ်းမှာ အမေ့ကို လွှတ်ပေးရန်ဖြစ်ကြောင်း စစ်တပ်က သဘောပေါက်သင့်ပါသည်” ဟု ပြောသည်။

ယင်းပြင် ကိုထိန်လင်းအနေဖြင့် ယနေ့ ကျရောက်သော မိခင်ဖြစ်သူ၏ မွေးနေ့အထိမ်းအမှတ်အဖြစ်လည်း ဆုတောင်း ပေးခဲ့ပြီး နောင်နှစ်တွင် လူကိုယ်တိုင် တွေ့ဆုံချင်ကြောင်းလည်း ပြောသည်။

ကိုထိန်လင်းက “နောက်နှစ် ဒီအချိန်ရောက်ရင်လည်း အမေ့ကို ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ကိုယ်တိုင် တွေ့ ဆုံဆုတောင်းပေးချင်ပါတယ်။ ဒီလိုမျှော်လင့်ချက်မျိုးကို ကျနော်ထုတ်ဖော်ပြသတာ ဒါပထမဆုံးအကြိမ် မဟုတ်သလို အခုအချိန်မှာတော့ ကျနော့်အတွေးတွေက သူမနဲ့အတူ ရှိနေတယ်ဆိုတာ သူမ သိဖို့ပဲမျှော်လင့်ပါတယ်။ Happy Birthday မေမေ” ဟု ပြောဆိုသွားသည်။

စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် မိခင်ဖြစ်သူနှင့် အဆက်အသွယ် တစုံတရာမရရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည့်နေရာနှင့် အခြေအနေမျာအား သိရှိခွင့်မရခဲ့ကြောင်း နှင့် ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်ရှိ မြန်မာသံရုံးတို့ထံ တိုက်ရိုက် ဆက်သွယ်တောင်းဆိုခဲ့သော်လည်း တစုံတရာ တုံ့ပြန်မှု မရှိခဲ့ကြောင်းလည်း ကိုထိန်လင်းက ဆိုသည်။

ယင်းပြင် မိခင်ဖြစ်သူအား တရားမဝင်ဖမ်းဆီးထားခြင်းသာဖြစ်ပြီး စွဲချက်အားလုံးသည်လည်း လိမ်လည်မှုများသာ ဖြစ် ကြောင်းနှင့် အမှုစစ်ဆေးမှုများလည်း မည်သည့်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီရုံသာမက အခြေခံအကျဆုံး ဥပဒေများ၏ စည်းမျဉ်းစည်းကမ်းများကိုလည်း ချိုးဖောက်ခံနေရပြီး ထိုကဲ့သို့အခြေအနေအား မြန်မာပြည်သူ တော် တော်များများ ချိုးဖောက်ခံနေရကြောင်းလည်း ၎င်းက ပြောထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ထားကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် မွေးနေ့ အထိမ်းအမှတ်အား သုံးနှစ်မြောက် အကျဉ်ထောင်အတွင်း ဖြတ် သန်းနေရသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယနေ့တွင် ရှေ့နေများက ထောင်ဝင်စာအနေဖြင့် သွားရောက် ပို့ဆောင် ရာတွင် လူချင်းတွေ့ဆုံခွင့်မရခဲ့ဘဲ ကျန်းမာရေးကောင်းမွန်ကြောင်းသာ သတင်းစကားကြား သိခဲ့ရကြောင်း NLD နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပစ္စည်းသွားပို့လို့ရတယ်၊ နေပြည်တော်ထောင်ကို သွားပို့ရတာ။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) က အဲဒီမှာပဲ ရှိတာကိုး၊ တွေ့ခွင့်တော့ မရဘူး။ နေကောင်းလား မေးကြည့်တော့ ကောင်းတယ်လို့ပဲ သိရတယ်” ဟု ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့စွပ်စွဲကာ တရားစွဲဆိုသည့် အမှု ၁၉ မှု ဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးခြားအဆောက်အအုံတခု၌ တဦး တည်း အကျဉ်းချထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းအပေါ် စွပ်စွဲပြစ်ဒဏ်ချမှုများနှင့် ပတ်သက်ပြီး ရာဇဝတ်ပြင်ဆင်မှုများ၊ အယူခံမှု များ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဆက်လက်လျှောက်ထားလျက်ရှိပြီး ဇူလိုင်လ ၇ ရက်နှင့် ၁၂ ရက်တို့တွင် အဆိုပါ ပြင်ဆင်မှု၊ အယူခံများအား ရှေ့နေများက လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချချုပ်နှောင်ကာ သတင်းအမှောင်ချထားသော်လည်း ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဆုတောင်းများအား လက်နက် ကိုင် တော်လှန်ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ ပြည်သူများနှင့် နိုင်ငံတကာ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများက ပန်းသပိတ်များနှင့် မွေးနေ့ အခမ်းအနားများ ပြုလုပ်ကာ ဆုတောင်းပေးလျက်ရှိသည်။

ရန်ကုန်မြို့ပေါ်မြို့နယ်အချို့နှင့် လိုင်းကားများပေါ်တွင်လည်း ပန်းသပိတ်လှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာစေကြောင်း၊ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်းနှင့် အားလုံးက သတိ ရနေကြကြောင်း အစရှိသည့် စာတန်းများအပြင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဟူသည့် စာတန်းများလည်း ချိတ်ဆွဲ ခဲ့ကြသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်များပြုလုပ်နေချိန်တွင် အာဏာသိမ်း စစ်ကောင်စီ ဘက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ပန်းရောင်းနေသူများအား ဈေးဆက်မရောင်းရန်နှင့် ပန်းမပန်ကြရန် ဖိအားပေးခဲ့ကြောင်းနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မဈေးကြီးအတွင်း ပန်းပန်ထားသည့် အမျိုးသမီးများအား စစ်ကောင် စီက ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများအား တားဆီးရန် ကြိုးပမ်းနေ သော်လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပုံစံအမျိုးမျိုးဖြင့် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်နေကြဆဲဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
52
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
272

You may also like these stories:

“ဒေါ်အောင်ဆန်းစုကြည်သည် ချွင်းချန်ထားလို့ မရတဲ့ ပုဂ္ဂိုလ်”

နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

Your Thoughts …
Tags: စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်ပန်းသပိတ်မွေးနေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားမျာ / ဧရာဝတီ

တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား

ရှီသည် ဘေ့ဂျင်းမှ ပြည်သူ့ ခန်းမဆောင်တွင် ဘလင်ကန်ကို လက်ခံတွေ့ဆုံခဲ့သည်

ဘလင်ကန်ခရီးစဉ်အတွင်း "တိုးတက်မှု"ရှိဟု ရှီ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved