၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနေတယ်လို့ အကြောင်းပြအာဏာသိမ်းခဲ့တဲ့
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ကာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူ့ကို သမ္မတနေရာကို ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ နေပြည်တော် လရောင်တော စိုက်ပျိုးရေး သင်တန်းကျောင်းရဲ့ မန်နေဂျာ ဦးကျော်ဌေးဦးက ဧရာဝတီနှင့် မေးမြန်းခန်းတွင် ပြောသည်။
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအတိုင်း လုပ်ဆောင်ပေးမယ်လို့ ပြောဆိုခဲ့ပြီး နောက် စစ်ကော်မရှင်ဥက္ကဌ ရာထူးဖန်တီးပေးဖို့ အထိ ညှိနှိုင်းမှုတွေ ရှိခဲ့သော်လည်း နောက်ဆုံး သမ္မတပေးမလုပ်၍ အာဏာသိမ်းကြောင်း ဦးကျော်ဌေးဦးက ပြောဆိုသည်။
ဦးကျော်ဌေးဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပတ်တခါတွေ့ခွင့်ရသူ ဖြစ်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသည်။ နိုဝင်ဘာလဆန်းတွင် လွတ်ငြိမ်းသက်သာဖြင့် ပြန်လွတ်လာခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup