အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်က ကျင်းပတဲ့ ကာ/လုံအစည်း အဝေးမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရေးနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေအတွက် ဆက်လက် ဆောင်ရွက်စရာများ ရှိနေတယ်လို့ ပြောခဲ့ပြီးနောက် အခြေခံဥပဒေ ခုံရုံးက အရေးပေါ် အခြေအနေကို ၆ လ သက်တမ်း ထပ်မံတိုးမြှင့်လိုက် လိုက်ပါတယ်။
အခုလို သက်တမ်းတိုးလိုက်တာက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို ဆက်လက်ချုပ်ကိုင်သွားမယ့် သဘောလည်း သက်ရောက်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က အခုနှစ် ဩဂုတ်လမှာ ကျင်းပဖို့ ပြင်ဆင်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကိုလည်း နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup











