• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒဏ်ရာရသော်လည်း မာန်မလျှော့သော PDF များ

by ခင်နဒီ
9 February 2023
in ဆောင်းပါး
A A
ခုခံတော်လှန်ရေး ရဲဘော်များဖြစ်သည့် ဟိန်းထက်၊ ရာဗင် (ကျီးကန်း) နှင့် တောဝက်

ခုခံတော်လှန်ရေး ရဲဘော်များဖြစ်သည့် ဟိန်းထက်၊ ရာဗင် (ကျီးကန်း) နှင့် တောဝက်

8.2k
VIEWS
Share on FacebookShare on Twitter

ရာဗင် (ကျီးကန်း) နှင့်အဖွဲ့သည် မြန်မာနိုင်ငံတောင်ပိုင်း တောထဲ၌ စစ်ကောင်စီကို တိုက်ခိုက်ရန် မောင်းသူမဲ့ဒရုန်းကို တပ်ဆင်ပြီးစီးကာနီးအချိန်တွင် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားသည်။ ယခုနှစ်အတွင်း မြန်မာ့ခုခံတော်လှန်ရေး အင်အားစုများ ရင်ဆိုင်ရသည့် အဆိုးရွားဆုံး ထိုဖြစ်ရပ်တွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားပြီး တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့၊ ဘဝကိုပြောင်းလဲသွားစေသည့် ဒဏ်ရာများရခဲ့ကြသည်။

မောင်းသူမဲ့ဒရုန်းယာဉ်ကို လွှတ်တင်ရန် ၅ မိနစ်မျှသာ လိုတော့ချိန်တွင် ပေါက်ကွဲမှုကို ခံစားလိုက်ရပြီး နောက်ထပ်ဗုံး နှစ်ဒါဇင် ပေါက်ကွဲသောအခါ ရာဗင်သည် မလှမ်းမကမ်းတွင်ရှိနေသည်။

ပထမဆုံးပေါက်ကွဲမှုသည် ကျယ်လောင်လှသောကြောင့် နားများအူသွားပြီး နောက်ဆက်တွဲ ပေါက်ကွဲမှုများကို မကြားနိုင်တော့ပေ။ ကြီးမားသော လိမ္မော်ရောင်မီးတောက်က သူနှင့် အခြားအဖွဲ့ဝင်တဦးဖြစ်သူ သူ၏ညီငယ် ဟိန်းထက်ကို ဖုံးလွှမ်းသွားပြီး ပေါက်ကွဲမှုကြောင့် သူတို့နှစ်ဦးလုံး မြေပြင်တွင် လဲကျသွားသည်။

ပေါက်ကွဲချိန်တွင် ဟိန်းထက်သည် မောင်းသူမဲ့ဒရုန်းကို နောက်ဆုံးအကြိမ် စစ်ဆေးနေခြင်းဖြစ်ပြီး ဗုံးနှင့် အနီးဆုံးတွင် ရှိနေသည်။ ရာဗင်က သူ့ညီထံသွားရန် ကြိုးစားသော်လည်း သူ၏ခြေထောက်တဘက် ကြေမွနေသောကြောင့် မြေပြင်သို့ ချက်ချင်းပြန်လဲကျသွားပြီးနောက် သတိလစ်သွားသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
409
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k

ပေါက်ကွဲချိန်တွင် ဟိန်းထက်သည် မောင်းသူမဲ့ဒရုန်းကို နောက်ဆုံးအကြိမ် စစ်ဆေးနေခြင်းဖြစ်ပြီး ဗုံးနှင့် အနီးဆုံးတွင် ရှိနေသည်။ ရာဗင်က သူ့ညီထံသွားရန် ကြိုးစားသော်လည်း သူ၏ခြေထောက်တဘက် ကြေမွနေသောကြောင့် မြေပြင်သို့ ချက်ချင်းပြန်လဲကျသွားပြီးနောက် သတိလစ်သွားသည်။

သူ ပြန်သတိရလာသောအခါ သူ၏ညီ ပေါက်ကွဲမှုဖြစ်သည့်နေရာတွင်ပင် သေဆုံးသွားကြောင်းနှင့် သူ၏ခြေထောက်ကို ဖြတ်ရမည်ဖြစ်ကြောင်း သိလိုက်ရသည်။

ထိုပေါက်ကွဲမှုအတွင်း အဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသည်။

ရှေ့တန်းတိုက်ခိုက်ရေးတပ်ဖွဲ့

မတော်တဆမှု မဖြစ်ပွားမီက မောင်းသူမဲ့ ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့တွင် အဖွဲ့ဝင် ၁၃ ဦးပါဝင်ပြီး အများစုသည် အသက် ၂၀ ကျော်အရွယ်များဖြစ်သည်။ ရှေ့တန်းစစ်မျက်နှာတွင် အမြဲတစေရှိနေပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်တွင် ၎င်းတို့၏ မောင်းသူမဲ့ဒရုန်းများဖြင့် အင်အားကြီးမားသော စစ်ကောင်စီကို ရဲရင့်စွာ တိုက်ခိုက်သည်။

၎င်းတို့သည် ရန်သူစခန်းများတည်နေရာကို ထောက်လှမ်းရန်၊ ဗုံးကြဲရန်နှင့် စစ်ကောင်တပ်စခန်းများ၊ လှည့်ကင်းများကို အလစ်အငိုက်တိုက်ရန်၊ စစ်ကောင်စီလက်နက်ကြီးများကို ဖျက်ဆီးရန်၊ ခုခံတော်လှန်ရေးသမားများ အသာစီးရမည့် နေရာများကို ရှာဖွေရန်နှင့် လက်နက်အကြီးအကျယ် တပ်ဆင်ထားသော စစ်ကောင်တပ်များကို တိုက်ပွဲတွင် အနိုင်ရစေရန် မောင်းသူမဲ့ဒရုန်းများကို အသုံးပြုသည်။

တော်လှန်ရေးတာဝန် ထမ်းဆောင်နေစဉ်က ရာဗင်နှင့် ပေါက်ကွဲဒဏ်ရာကြောင့် ဆေးရုံရောက် ရာဗင်

အသက် ၂၉ နှစ်ရှိပြီဖြစ်သော ခုခံတော်လှန်ရေးသမား ရာဗင်သည် လက်နက်စတင်ကိုင်စွဲစဉ်ကပင် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သောကြောင့် သူ၏ချစ်လှစွာသောညီငယ်နှင့် သူ၏ ခြေထောက်တဘက် ဆုံးရှုံးရခြင်းအတွက် နောင်တမရပေ။ ခြေထောက်တဘက် ဖြတ်တောက်ရသည့်အပြင် သူ၏ဦးခေါင်းတွင် ဗုံးဆံတခု ရှိနေသေးပြီး ဝမ်းဗိုက်ခွဲစိတ်ကုသရန် လိုအပ်နေသလို မီးလောင်ထားသောလက်ကိုလည်း ဆေးကုရန် လိုအပ်နေသေးသည်။

“အချိန်မရွေး သေဆုံးနိုင်တယ်ဆိုတာကို ကျနော်တို့ နှစ်ယောက်လုံးသိပေမယ့် တိုက်ပွဲဝင်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်” ဟု သူကပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတဝန်းမှ လူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံတွင် သင်တန်းတက်ပြီး ရိုင်းစိုင်းသော စစ်ကောင်စီကို ချေမှုန်းရန် လက်နက်စွဲကိုင်ကြသည်။ ၎င်းတို့ကို ယခုအခါတွင် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟု လူသိများလာသည်။

လက်နက်ကိုင် ခုခံတော်လှန်မှုသည် ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲများ တနှစ်ခွဲကြာလာသောအခါ သိသိသာသာ အောင်ပွဲရလာသော်လည်း မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ တိုက်ခိုက်နေသော PDFs များသည် ကြီးမားသောတန်ဖိုး ပေးဆပ်နေရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာ၏ စာရင်းများအရ တိုက်ပွဲများတွင် ကျဆုံးသည့် တော်လှန်ရေးတပ်သား ၁,၅၀၀ အထိရှိပြီး ၁ ထောင်ကျော်သည် သေရာပါမည့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာ၏ စာရင်းများအရ တိုက်ပွဲများတွင် ကျဆုံးသည့် တော်လှန်ရေးတပ်သား ၁,၅၀၀ အထိရှိပြီး ၁ ထောင်ကျော်သည် သေရာပါမည့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ရာဗင်နှင့် ထိုမတော်တဆမှုတွင် ဒဏ်ရာရခဲ့သည့် အခြားအဖွဲ့ဝင်များသည် ဒဏ်ရာများအတွက် ခွဲစိတ်ကုသမှုနှင့် ဆေးကုသမှုများကို လုံခြုံသော နေရာတခုတွင် ရရှိနေသည်။

သူတို့၏ ခန္ဓာကိုယ်တွင် အမာရွတ်များကျန်ရစ်ပြီး လှုပ်ရှားသွားလာမှုများ ထာဝရ ထိခိုက်သွားသော်လည်း ကျဆုံးသွားပြီး ရဲဘော်များ အောင်မြင်အောင် မလုပ်နိုင်ခဲ့သောပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးသည် သူတို့၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ထင်ရှားနေသည်။ နိုင်ငံနှင့်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရေး အရာရာကို စွန့်လွှတ်ရန် စိတ်အားထက်သန်နေသည့် ခံနိုင်ရည်ရှိသော ခုခံတော်လှန်ရေးသမားများ၏ စွန့်လွှတ်မှု၊ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီနေသည်။

တော်လှန်သော ညီအကိုများ

လွန်ခဲ့သောနှစ်အထိ ရာဗင်နှင့် သူ၏ညီ အသက် ၂၅ နှစ်အရွယ် ဟိန်းထက်တို့သည် ဝင်ငွေကောင်းပြီး ဘဝအာမခံချက် ရှိသည့် ဗီဒီယိုရိုက်ကူးသူများ ဖြစ်သည်။

အာဏာမသိမ်းခင်က ရန်ကုန်တွင် တွေ့ရသော ဟိန်းထက်နှင့် ရာဗင်တို့ ညီအစ်ကို

ဗီဒီယို ရိုက်ကူးခြင်း၊ အီလက်ထရွန်းနစ် ကိရိယာများနှင့် ရိုက်ကူးထုတ်လုပ်ခြင်းသည် ၎င်းတို့၏ ဝါသနာများဖြစ်သည်။ သူတို့ရိုက်ကူးခဲ့သည့် ဗီဒီယိုများတွင် ယခုအခါ အဖမ်းခံထားရသည့် ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အခြားခေါင်းဆောင်များ၊ စီးပွားလုပ်ငန်းရှင်များနှင့် ထင်ရှားကျော်ကြားသူများ ပါဝင်သည်။ နှစ်ဦးလုံးသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်လင့်သောကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးပြီး တာဝန်ကျေခဲ့သူများလည်း ဖြစ်သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချလိုက်ကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးလိုက်သောအခါ သူတို့၏ဘဝသည် တဆစ်ချိုးပြောင်းလဲသွားသည်။

ညီအစ်ကိုနှစ်ဦးသည် မြတ်နိုးသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စွန့်လွှတ်လိုက်ပြီး ခုခံတော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြသည်။ ကနဦးတွင် ၎င်းတို့သည် လမ်းမများပေါ်မှ ဆန္ဒပြပွဲများတွင် ပါဝင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ သို့သော် စစ်တပ်က ထုံးစံအတိုင်း ပြည်သူ့အသံကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို စတင်သတ်ဖြတ်နှိမ်နင်းပြီးနောက် ရန်ကုန်မှ ဆန္ဒပြသူများကို စစ်ကြောင်းရှေ့ဆုံးမှ ယာယီ အတားအဆီးများ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးများဖြင့် အကာအကွယ်ပေးသည့် အဖွဲ့များတွင် ၎င်းတို့ ညီအစ်ကိုလည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီက လက်နက်မဲ့ အရပ်သားများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို တနေ့ထက်တနေ့ ပိုမိုသတ်ဖြတ်လာသောအခါ ၎င်းတို့သည် လက်နက်စွဲကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ရာဗင်တွင် ဇနီးနှင့် သမီးငယ် နှစ်ဦးရှိပြီး ဟိန်းထက်သည် အသည်းကင်ဆာ နောက်ဆုံးအဆင့် ခံစားနေရသည့် မိခင်နှင့်အတူနေကာ အနီးကပ် စောင့်ရှောက်နေသူ ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် သစ္စာပြုပြီးနောက် ညီအစ်ကိုနှစ်ဦးသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အိမ်မှထွက်လာပြီး တောထဲ၌ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်တွင် စစ်သင်တန်းတက်သည့် အစောဆုံး လူငယ်အုပ်စုတွင် ပါဝင်လိုက်ကြသည်။ သင်တန်းဆင်းသောအခါ ၎င်းတို့သည် ရန်ကုန်မှ မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ဖြစ်လာကြသည်။

တောတွင်းစခန်းရောက် ရဲဘော် ဟိန်းထက်နှင့် ရဲဘော် ရာဗင်တို့ ညီအစ်ကို

ပြောက်ကျားတပ်ဖွဲ့ဝင်တဦးအနေဖြင့် အဖမ်းခံရလုနီးပါးဖြစ်ခဲ့သည့် အချိန်တခုအကြောင်းကိုလည်း ရာဗင်က ပြန်လည် ပြောပြခဲ့သည်။ စစ်ကောင်စီက ဖမ်းဆီးသတ်ပစ်သည်ကို ခံမည့်အစား လက်တွင်ရှိသမျှ ဖောက်ခွဲပစ္စည်းအားလုံးကို အသေခံဖောက်ခွဲပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ၎င်းတို့ ပြင်ဆင်ထားခဲ့ကြသည်။ သူတို့နှင့် သင်တန်းတက်ခဲ့သူ ၂၀၀ ခန့်အနက် ၅၀ ခန့်သာ ကျန်တော့သည်။ ယခုမရှိတော့သော ထိုသူများသည် အဖမ်းခံရ သို့မဟုတ် အသတ်ခံရ သို့မဟုတ် ပျောက်ဆုံးနေကြသူများ ဖြစ်သည်။

သူတို့နှင့် သင်တန်းတက်ခဲ့သူ ၂၀၀ ခန့်အနက် ၅၀ ခန့်သာ ကျန်တော့သည်။ ယခုမရှိတော့သော ထိုသူများသည် အဖမ်းခံရ သို့မဟုတ် အသတ်ခံရ သို့မဟုတ် ပျောက်ဆုံးနေကြသူများ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် နည်းပညာရူးသွပ်သော ညီအစ်ကို နှစ်ဦးသည် ၎င်းတို့ကျွမ်းကျင်သည့် အရပ်ဘက်သုံး ဒရုန်းနည်းပညာကို စစ်မြေပြင်မှ ပိုမို လက်နက်ကောင်းသော စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာတွင် သုံးရန် စိတ်ကူးဖြင့် တောတွင်းစခန်းသို့ ပြန်သွားကြသည်။

ကင်မရာရိုက်ကူးရန် ထုတ်လုပ်ထားသည့် မောင်းသူမဲ့ဒရုန်းများကို PDFs များက ပိုမိုအသုံးပြုလာပြီး စစ်ကောင်စီ တပ်များကို ကုန်းတွင်းတွင်သာမက ရေပြင်တွင်ပါ အောင်မြင်စွာတိုက်ခိုက်သည့် သတင်းများလည်း ကြားလာရသည်။ သို့သော် ဒရုန်းများကို စမ်းသပ်ခြင်းနှင့် ဗုံးတပ်ဆင်ခြင်းသည် လွန်စွာ အန္တရာယ်များသည်။

လက်နက်ထုတ်လုပ်ခြင်းနှင့် ဒရုန်းများကို စစ်ရေး အသုံးပြုခြင်းများအတွက် စစ်တပ်တွင် လုံခြုံရေး စည်းမျဉ်းများ၊ သုတေသနနှင့် ထုတ်လုပ်ရေး အခြေခံအဆောက်အအုံများ ရှိသော်လည်း PDFs များသည် ထိုသို့သော စွမ်းရည်၊ အတွေ့အကြုံ၊ ရန်ပုံငွေနှင့် ရုပ်ဝတ္တုပစ္စည်းများ ကင်းမဲ့နေကြောင်း ရာဗင်က ပြောသည်။

“ကျနော်တို့တွေက ကိုယ့်လက်နက်ကိုယ် လုပ်ရတော့ ကိုယ့်လက်နက်နဲ့ကိုယ် ထိခိုက်ဒဏ်ရာရ၊ သေဆုံးရတဲ့ တော်လှန်ရေးရဲဘော်တွေ အများအပြားရှိတယ်” ဟုလည်း သူကပြောသည်။

ထိုမတော်တဆမှု ဖြစ်ပွားသောနေ့တွင်ပင် သားများ၏ ကံကြမ္မာကို မိခင်ဖြစ်သူထံ အသိပေးခဲ့သည်။ တော်လှန်ရေးအတွက် ရဲရင့်သော သူ့သား နှစ်ဦး၏ စွန့်လွှတ်မှုများအတွက် ဂုဏ်ယူကြောင်း မိခင်ဖြစ်သူက ပြောကြားခဲ့သည်။ သားနှစ်ဦးအတွက် တခုတည်းသောဆန္ဒမှာ “တော်လှန်ရေး အမြန်ဆုံး အောင်မြင်ရေးသာဖြစ်သည်” ဟုလည်း ၎င်းတို့၏ မိခင်က ပြောကြားခဲ့သည်။

ထိုအဖွဲ့က NUG ထံ ထိခိုက်သေဆုံးမှုများကို သတင်းပေးပို့ခဲ့သော်လည်း မတော်တဆဖြစ်မှု ခြောက်လကြာပြီးနောက် NUG က ဟိန်းထက်အပါအဝင် ကျဆုံးသူ သူရဲကောင်းများကို ဂုဏ်ပြုသည့်စာ မထုတ်ပြန်သေးကြောင်း အဖွဲ့ဝင်များက ပြောသည်။

တချိန်တည်းတွင် ရာဗင်ကလည် အရှုံးမပေးဘဲ ရရာနည်းလမ်းဖြင့် စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည်။

အိပ်မက်ကို မစွန့်လွှတ်

သူသည်ဆေးရုံတွင်သာ ရှိနေသေးသော်လည်း ကိရိယာများအတွက် လမ်းညွှန်အချက်အလက်များ ထုတ်ဝေရန်နှင့် ရန်ပုံငွေ ကူညီရှာဖွေပေးခြင်းကဲ့သို့သော အခြားဒရုန်းအဖွဲ့များကို ကူညီရန် လုပ်ငန်းများနှင့် အလုပ်ရှုပ်နေပြီ ဖြစ်သည်။

နေ့လယ်စာ ချက်ပြုတ်နေသည့် လုံခြုံသောနေရာရောက် တောဝက်နှင့် ရာဗင်

သူသည် ပဋိပက္ခဒေသများမှ မြေပြင်တိုက်ခိုက်ရေးသမားများအတွက် ဒရုန်းများ ပြင်ဆင်ပေးခြင်းနှင့် နည်းပညာ ပြဿနာများကို ဖြေရှင်းပေးခြင်းတို့ဖြင့် ကူညီနေသည်။

မတော်တဆမှုအတွင်း ခြေထောက်တဘက် ဆုံးရှုံးခဲ့သည့် အခြားအဖွဲ့ဝင်တဦးဖြစ်သူ တောဝက်နှင့်အတူ သူသည် “စားဘဲကြီး” အမည်ရှိ အစားအသောက် ဗီဒီယိုဘလော့တခု ထူထောင်ထားပြီး ၎င်းတို့တင်သော ပို့စ်များကို ကလစ် လုပ်ပါက တော်လှန်ရေးအတွက် အလှူငွေရသည့် Click to Donate အွန်လိုင်းပလက်ဖောင်း တခုကိုလည်း ထူထောင်ထားသည်။

မတော်တဆမှုအတွင်း ခြေထောက်တဘက် ဆုံးရှုံးခဲ့သည့် အခြားအဖွဲ့ဝင်တဦးဖြစ်သူ တောဝက်နှင့်အတူ သူသည် “စားဘဲကြီး” အမည်ရှိ အစားအသောက် ဗီဒီယိုဘလော့တခု ထူထောင်ထားပြီး ၎င်းတို့တင်သော ပို့စ်များကို ကလစ် လုပ်ပါက တော်လှန်ရေးအတွက် အလှူငွေရသည့် Click to Donate အွန်လိုင်းပလက်ဖောင်း တခုကိုလည်း ထူထောင်ထားသည်။

ဗီဒီယိုပညာကျွမ်းကျင်မှုကို အသုံးချပြီး ရာဗင်သည် တောဝက်နှင့် ထုတ်လွှင့်သည့် “စားဘဲကြီး” အမည်ရှိ ဗီဒီယိုဘလော့ကို ရိုက်ကူးတည်းဖြတ်ပေးသည်။ တောဝက်က ချက်ပြုတ် စားသောက်ပြီး ဧည့်သည်များဖြင့် စကားပြော အစီအစဉ်များကို ထိုပလက်ဖောင်းတွင် တင်သည်။

ကိုယ်လက်အင်္ဂါဆုံးရှုံးသူများပင် အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်နေပြီး တော်လှန်ရေးကို အခိုင်အမာထောက်ခံဆဲဖြစ်ကြောင်း ပြသခြင်းအားဖြင့် စစ်ကောင်စီအောက်တွင် နေ့စဉ် ရက်စက်ကြမ်းကြုတ်မှုများ ခံစားနေရသည့် ပြည်သူများကို စိတ်အားတက်ကြွစေရန် ရည်ရွယ်သော အစီအစဉ်ဖြစ်ကြောင်း ရာဗင်က ပြောသည်။

၎င်းတို့သည် လက်နက်ကိုင်တော်လှန်ရေး အုပ်စုများအတွက် ရန်ပုံငွေရှာရန် စားဘဲကြီးမှ အစားအသောက် ထုတ်ကုန်များကို ရောင်းချရန်လည်း ကူညီကြသည်။ ရရှိလာသော အကျိုးအမြတ်များကို အစီအစဉ်အတွက် ရန်ပုံငွေရရန်၊ ဒဏ်ရာရ ရဲဘော်များကို ပြန်လည်ထူထောင်သည့် စရိတ်များနှင့် တော်လှန်ရေးအုပ်စုများကို ထောက်ပံ့ရန် အသုံးပြုသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နောက်ကွယ်မှ ထောက်ပံ့နေရရုံမျှဖြင့် ရာဗင်က မကျေနပ်နိုင်ဘဲ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသောအခါ ရှေ့တန်းစစ်မျက်နှာသို့ ပြန်သွားရန် စိတ်အားထက်သန်နေသည်။

“စစ်အာဏာရှင်စနစ်ကို ကျနော့်သမီးတွေအတွက် အမွေမပေးချင်ဘူး။ သူတို့အတွက် ကောင်းတာတွေပဲ ထားခဲ့ချင်တယ်” ဟု သူကပြောသည်။

တော်လှန်ရေးတပ်သားမှ ဘလော့ဂါ ဖြစ်လာသူ

အသက် ၂၇ နှစ်အရွယ် တောဝက်သည်လည်း ဧပြီလ ၆ ရက်နေ့က ဖြစ်ပွားသည့် အထက်ပါ မတော်တဆမှုကြောင့် ခြေထောက်၊ လက်နှင့် မျက်နှာများတွင် ပြင်းထန်သော ဒဏ်ရာများရပြီး သူ၏ခြေထောက်ကို ပေါင်ရင်းမှ ဖြတ်ထားရသည်။ ‘တောဝက်’ ဟူသောအမည်မှာ သူ့ရဲဘော်များက သူ့ကိုပေးထားသော အမည်ဖြစ်သည်။

ဒဏ်ရာများသည် နာကျင်လွန်းသောကြောင့် ကနဦးတွင် သူ သေလိုက်ချင်သည်။ သို့သော် ခြေနှစ်ဘက်လုံးနှင့် လက်တဘက်ပါ ဆုံးရှုံးခဲ့ရသော်လည်း ဆုံးရှုံးမှုများကို စိတ်ထဲမထားဘဲ အမြဲပြုံးနေသည့် တော်လှန်ရေး ရဲဘော်တဦးကို တွေ့ပြီးနောက် ဆက်လက်ချီတက်ရန် သူဆုံးဖြတ်ခဲ့သည်။

ဒဏ်ရာများသည် နာကျင်လွန်းသောကြောင့် ကနဦးတွင် သူ သေလိုက်ချင်သည်။ သို့သော် ခြေနှစ်ဘက်လုံးနှင့် လက်တဘက်ပါ ဆုံးရှုံးခဲ့ရသော်လည်း ဆုံးရှုံးမှုများကို စိတ်ထဲမထားဘဲ အမြဲပြုံးနေသည့် တော်လှန်ရေး ရဲဘော်တဦးကို တွေ့ပြီးနောက် ဆက်လက်ချီတက်ရန် သူဆုံးဖြတ်ခဲ့သည်။

ဆေးကုသမှုခံယူနေသော ဘေးကင်းသည့် နေရာတွင် ဒဏ်ရာရ အခြားတော်လှန်ရေး ရဲဘော်များနှင့် အတူနေထိုင်ပြီး ချိုင်းထောက်အသုံးပြုခြင်းကို ရှောင်ရှားကာ ခြေတချောင်းတည်းဖြင် ခုန်သွားသော တောဝက်သည် အားကြိုးမာန်တက် ချက်ပြုတ်ပြီး “စားဘဲကြီး” အစားအသောက် အစီအစဉ်ကို တင်ဆက်ကာ ရှေ့တန်းမှ တော်လှန်ရေးသမားများကို ထောက်ကူရန် ကြိုးစားသည်။

သို့သော် အခြား အစားအသောက် ဗီဒီယိုဘလော့ဂါများနှင့်မတူဘဲ အချိန်ကြာမြင့်စွာ တင်ဆက်ရန် တောဝက်အတွက် ခက်ခဲသည်။ စားသောက်ပြရသည့် ဗီဒီယိုရိုက်ကူးရင်း တခါက ရုတ်တရက် ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်တွင် လဲကျသွားဖူးသည်။

သို့သော် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးရခြင်းအတွက် သူအရှုံးမပေးပေ။

“ဒါကို ဂုဏ်ယူစရာ အမှတ်တံဆိပ်အဖြစ်ပဲ ယူဆပြီး မရှိတော့တဲ့ခြေထောက်ကို ကြည့်လိုက်တိုင်း တခြားသူတွေ ကျနော့်လို ကံကြမ္မာမျိုး ရှောင်ရှားနိုင်စေလိုစိတ် ဖြစ်ပေါ်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာတယ်” ဟု သူကပြောသည်။

ကျနော်တို့သွေးက ရဲရဲနီတယ်

အာဏာမသိမ်းမီက လွတ်လွတ်လပ်လပ်နေတတ်သော ရက်ပ် ဂီတသမားဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ‘တည်ကြည်’ သည် ရက်ပ် ဂီတတွင်သာ စိတ်ဝင်စားသည်။ အမေရိကန် ရက်ပ်ဂီတသမား J Cole သည် သူ့ idol ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သူသည် ပထမဆုံးအကြိမ် မဲပေးသူအဖြစ် အခွင့်အရေးကို ကျင့်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအတွက် မဲပေးသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်သောအခါ တည်ကြည်က လက်မခံနိုင်ဘဲ ဆန္ဒပြပွဲများတွင် ပါဝင်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖြိုခွဲသောအခါ တလောကလုံးတွင် သူနှင့်အရင်းနှီးဆုံးသူဖြစ်သော သူ၏ညီငယ်ကို စစ်ကောင်စီ စစ်သားများ၏လက်ချက်ကြောင့် ဆုံးရှုံးရသည်။

တာဝန်ထမ်းဆောင်စဉ်က တောဝက်။ ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာကို ဆေးကုသမှုခံယူနေသည့် တောဝက်။

အသက် ၁၈ နှစ်ရှိပြီဖြစ်သော သူ၏ညီငယ်သည် အထက်တန်းကျောင်းပြီးခါစသာ ရှိသေးပြီး အာဏာသိမ်းပြီးနောက် မကြာမီ ရန်ကုန်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတခုကို စစ်ကောင်စီက ရက်စက်စွာ နှိမ်နင်းသောအခါ စစ်သားများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံရသည်။

ဆန္ဒပြပွဲများမတိုင်မီ ပစ်ခတ်သတ်ဖြတ်ခံရမည့် အန္တရာယ်နှင့်ပတ်သက်ပြီး မိဘများက သူတို့ကို သတိပေးသော်လည်း ညီဖြစ်သူက “အစ်ကို၊ ကျနော့်သွေးက ပန်းရောင်မဟုတ်ဘူး၊ ရဲရဲနီတယ်၊ ကျနော်တို့ လက်မလျှော့ဘူး” ဟု ပြောခဲ့သည်ကို တည်ကြည် မှတ်မိနေသည်။

ဆန္ဒပြပွဲများမတိုင်မီ ပစ်ခတ်သတ်ဖြတ်ခံရမည့် အန္တရာယ်နှင့်ပတ်သက်ပြီး မိဘများက သူတို့ကို သတိပေးသော်လည်း ညီဖြစ်သူက “အကို၊ ကျနော့်သွေးက ပန်းရောင်မဟုတ်ဘူး၊ ရဲရဲနီတယ်၊ ကျနော်တို့ လက်မလျှော့ဘူး” ဟု ပြောခဲ့သည်ကို တည်ကြည် မှတ်မိနေသည်။

စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို စတင်ပစ်ခတ်ချိန်တွင် တည်ကြည်၏ညီသည် ဒီမိုကရေစီ ကြွေးကြော်သံများ အော်ဟစ်ပြီး ဆန္ဒပြစစ်ကြောင်း၏ ရှေ့ဆုံးမှ ကာကွယ်ရေးစည်းတွင် ရှိနေသည်။ ကျည်ဆံတတောင့်က သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် ဒိုင်းကို ဖောက်ဝင်သွားသည်။ သွေးများစွန်းထင်းနေသည့် ညီ၏ ခန္ဓာကိုယ်ကို သယ်ဆောင်ပြီး လူနာတင်ယာဉ်သို့ သူပြေးသော်လည်း ဆေးရုံမရောက်မီ သူ့ညီ ကျဆုံးသည်။

ထို့နောက် တည်ကြည်သည် စစ်ကိုင်းတိုင်း၌ စစ်သင်တန်းတက်ပြီး ရန်ကုန်တွင် လပေါင်းများစွာ လှုပ်ရှားခဲ့သည့် မြေအောက်ပြောက်ကျား ဖြစ်လာကာ စစ်ကောင်စီပစ်မှတ်များကို အောင်မြင်စွာ တိုက်ခိုက်သည်။ သူ၏ ရဲဘော်အများအပြား ဖမ်းဆီးခံရပြီးနောက် တောတွင်းစခန်းသို့ ပြန်လာခဲ့သည်။

“နောက်မျိုးဆက်တွေ ကျနော်တို့လို မခံစားစေချင်ဘူး။ ဒီတကြိမ် ကျနော်တို့မနိုင်ရင် သူတို့တဘဝလုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေခံရလိမ့်မယ်” ဟု တည်ကြည်က ပြောပြပြီး ခုခံတော်လှန်ရေး အင်အားစုတွင် ပါဝင်ရခြင်းအကြောင်းကို ရှင်းပြသည်။

ကွန်မန်ဒို စစ်သားတယောက် ဖြစ်လာစေရန်အတွက် တောင်စောင်းတခုတွင် လေ့ကျင့်ရင်း ပြုတ်ကျပြီး တည်ကြည်သည် ခါးနှင့် ကျောက်ဆောင်ကို ရိုက်မိသည်။ နောက်တနေ့တွင် စစ်ရေးလေ့ကျင့်စဉ် ကိုယ်နေဟန်ထား မမှန်သောကြောင့် အထက်တာဝန်ရှိသူက သူ့ကို သစ်သားရိုင်ဖယ်ဖြင့် ရိုက်ပြီး အပြစ်ပေးသောအခါမှသာ သူ့တွင် ပြင်းထန်သော ဒဏ်ရာရရှိထားကြောင်း သိသည်။

ယခုအခါသူသည် လုံခြုံသောနေရာတခုတွင် ဆေးကုသမှုခံယူနေပြီး ပြန်လည် ကောင်းမွန်လာသောအခါ စစ်ကောင်စီကို တိုက်ခိုက်ရေးအတွက် ပြန်သွားရန် ဆုံးဖြတ်ချက်ကို ပြောပြသည်။

“ကျနော်ကတော့ သူတို့ကို ဆက်ပြီးတိုက်ခိုက်ရမှာပဲ” ဟု ပြောသည်။ တော်လှန်ရေး အောင်မြင်ရန်အတွက် NUG ခေါင်းဆောင်များသည် အကွဲကွဲအပြားပြားဖြစ်နေသော တော်လှန်ရေးအင်အားစုများကို စုစည်းရမည် ဖြစ်ကြောင်းလည်း ပြောသည်။

တောဝက်က “စားဘဲကြီး” အစီအစဉ်ကို တင်ဆက်နေစဉ်

“ကျနော်တို့မှာ ပြည်သူတွေရှိတယ်၊ စိတ်ဓာတ်နဲ့ ယုံကြည်ချက်ရှိတယ်။ ကျနော်တို့ အခုလိုအပ်နေတာက သူတို့ကို ဖြုတ်ချဖို့ ညီညွတ်မှုပဲ” ဟု သူကပြောသည်။

ရက်ပ်ဂီတသမားမှ တော်လှန်ရေးသမားဖြစ်လာသူ တည်ကြည်သည် အားလပ်ချိန်များတွင် တေးသီချင်းရေးစပ်ပြီး တော်လှန်ရေး၊ သူနှင့် သူ့ရဲဘော်များ၏ ခံစားချက်များကို ရက်ပ်သီချင်းဖွဲ့ သီဆိုသည်။

ဝက်ဆီဖတ် ရောင်းသူမှ တော်လှန်ရေးသမားသို့

“ဒီမကောင်းဆိုရွားတွေကို အမြစ်ဖြတ်မှ ကျနော်တို့လွတ်မြောက်မယ်” ဟု ဧရာဝတီတိုင်းမှ ကရင်တိုင်းရင်းသား ကိုအောင်ကြီးက ပြောသည်။

စစ်အာဏာမသိမ်းမီက သူသည် ရန်ကုန်တွင် ဝက်ဆီဖတ်ရောင်းချပြီး အလုပ်အကိုင်အဆင်ပြေသည်။

ရေဗင်နှင့် တောဝက်တို့ “စားဘဲကြီး” အစီအစဉ်အတွက် ရိုက်ကူးတင်ဆက်နေစဉ်

“ကျနော်တို့က လွတ်လပ်မှုကိုခံစားပြီး ကိုဗစ်နိုင်တင်းဖြစ်ပွားချိန်မှာ အမေစု အစိုးရဆီကတောင် အထောက်အပံ့ရတယ်။ ဒါပေမယ့် ဒါတွေအားလုံးကို စစ်အာဏာသိမ်းမှုက ဖျက်ဆီးပစ်လိုက်တယ်” ဟု သူကပြောသည်။

“ကျနော်တို့က လွတ်လပ်မှုကိုခံစားပြီး ကိုဗစ်နိုင်တင်းဖြစ်ပွားချိန်မှာ အမေစု အစိုးရဆီကတောင် အထောက်အပံ့ရတယ်။ ဒါပေမယ့် ဒါတွေအားလုံးကို စစ်အာဏာသိမ်းမှုက ဖျက်ဆီးပစ်လိုက်တယ်”

“ဒီလူတွေက တော်တော်ဆိုးတယ်။ သူတို့ကြောင့် ကျနော်တို့ပြည်သူတွေ ဒုက္ခအရမ်းရောက်တယ်” ဟု ပြောသည်။

ဒုတိယသက်တမ်း ဆက်လက် အုပ်ချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် သူမဲပေးခဲ့သော အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှုကို မကျေနပ်သောကြောင့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လက်နက်ကိုင်တော်လှန်ရေးသို့ ပူးပေါင်းလိုက်သည်။

“ကျနော်တို့ နိုင်ရင် ဖြုတ်ချခံ အရပ်သားအစိုးရကို အာဏာပြန်လည်ပေးအပ်မယ်” ဟု သူကပြောသည်။

ယခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကရင်ပြည်နယ်မှ စစ်ကောင်စီစခန်းတခုကို တိုက်ခိုက်ရန် သူ့တပ်ဖွဲ့က ကြိုးစားစဉ် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီး ဗုံးဆံတခု သူ့ဦးခေါင်းကို ထိမှန်သည်။

သူသတိလစ်သွားပြီး အိပ်ရာထဲတွင် နှစ်လနီးပါး လဲလျောင်းနေရသည်။ ကံအလွန်ကောင်းသောကြောင့် သေဘေးမှ လွတ်မြောက်ခြင်းဖြစ်ကြောင်း သူ့ရဲဘော်များကပြောသည်။ သို့သော် ထိုဒဏ်ရာသည် အာရုံကြောစနစ်ကို ထိခိုက်စေပြီး စကားပြောဆို လှုပ်ရှားသွာလာရာတွင် အခက်အခဲဖြစ်စေသည်။

“ကျနော် ဘယ်တော့မှ အရှုံးမပေးဘူး။ ကျနော် ပြန်ကောင်းလာရင် သူတို့ကို ပြန်တိုက်မယ်” ဟု အသက် ၃၃ နှစ်အရွယ် ထိုကရင်တိုင်းရင်းသားက ခက်ခက်ခဲခဲ တလုံးချင်း ပြောပြသည်။

ပဲခူးက တော်လှန်ရေးသမား

ရာဗင်နှင့် တဖွဲ့တည်းမှဖြစ်သော ‘နွေဦး’ သည် သူ၏ဇာတိ ပဲခူးတွင် ဝန်ကြီးချုပ်ဖြစ်ချင်ခဲ့ပြီး ပြည်သူ့အကျိုးဆောင်ရန် မျှော်မှန်းခဲ့သည်။ သူသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီက NLD ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ပေးသူတဦး ဖြစ်သည်။

ရေဗင်နှင့် တောဝက်

အာဏာသိမ်းမှု မဖြစ်ပွားပါက နွေဦးအနေဖြင့် လက်နက်ကိုင်ရန် အကြောင်းမရှိပေ။ ကာလကြာရှည်စွာ လက်တွဲလာသည့် ချစ်သူနှင့် လမ်းခွဲခဲ့ရပြီး လက်နက်ကိုင် တိုက်ပွဲဝင်ရန် သဘောမတူသောကြောင့် ဖြစ်ကြောင်း နွေဦးက ပြောသည်။

ကျဆုံးသွားသော ရဲဘော် ဟိန်းထက်၏ ရင်းနှီးသောသူငယ်ချင်းဖြစ်သူ နွေဦးသည် ဧပြီလ ၆ ရက်နေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ဒဏ်ရာရသူများထဲ ပါဝင်သည်။ ပေါက်ကွဲမှုအတွင်း ခြေထောက်နှင့် ခါးအောက်ပိုင်းသို့ ဗုံးဆံများ ထိမှန်သည်။ ပေါက်ကွဲမှုမတိုင်မီက သူသည်တောထဲတွင် တနေကုန် သွားလာနိုင်သည်။ ယခုအခါ တနာရီထက်ပို၍ လမ်းမလျှောက်နိုင်တော့ပေ။

နွေဦးသည် ဧပြီလ ၆ ရက်နေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ဒဏ်ရာရသူများထဲ ပါဝင်သည်။ ပေါက်ကွဲမှုအတွင်း ခြေထောက်နှင့် ခါးအောက်ပိုင်းသို့ ဗုံးဆံများ ထိမှန်သည်။ ပေါက်ကွဲမှုမတိုင်မီက သူသည်တောထဲတွင် တနေကုန် သွားလာနိုင်သည်။ ယခုအခါ တနာရီထက်ပို၍ လမ်းမလျှောက်နိုင်တော့ပေ။

ယခုအခါ နွေဦးသည် ရေဒီယို အစီအစဉ်များအတွက် စေတနာ့ဝန်ထမ်းလုပ်ကိုင်ပြီး တော်လှန်ရေးဒေသများမှ တိုက်ပွဲနှင့် စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်မှုသတင်းများ ပေးပို့သည်။

စစ်ကောင်စီသည် တနေ့တွင် ကျဆုံးရမည်ဆိုသည့် သူ့ရဲဘော်များ၏ ယုံကြည်ချက်အတိုင်း သူယုံကြည်သည်။ “အားလုံး တာဝန်ကျေရင် စစ်ကောင်စီ မြန်မြန်ကျဆုံးမယ်” ဟု သူကပြောသည်။

တော်လှန်ရေးသည် အနှေးနှင့်အမြန် အောင်မြင်မည်ဟု ယုံကြည်သူမှာ သူတဦးတည်း မဟုတ်ပေ။ မြန်မာပြည်သူများသည် လုယူခံရသည့် ၎င်းတို့၏ လွတ်လပ်မှု၊ အခွင့်အရေးများနှင့် နေ့စဉ်ဘဝများကို ပြန်လည်ရရှိကြမည် ဖြစ်သည်။

“ကျနော်တို့ မျိုးဆက်မှာ အောင်ပွဲခံပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်တဲ့အထိ ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်မယ်” ဟု ရာဗင်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Khin Nadi ၏ Bloodied but Unbowed: Myanmar’s Wounded Resistance Fighters Vow to Uproot Junta ကို ဘာသာပြန်သည်။)

You may also like these stories:

ရန်ကုန်မြို့ကြီး သွေးမအေးသွားပါ

ရဲဘော်ရဲဘက်များအတွက် အသက်စတေးခဲ့သော ခုခံတော်လှန်ရေးသမားများ

၂၀၂၃ တွင် မြန်မာ့ခုခံတော်လှန်ရေး အရှိန်မြင့်လာ

မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်

Your Thoughts …
Tags: Click to DonateKNUNLDNUGPDFsခုခံတော်လှန်ရေး အင်အားစုစစ်အာဏာရှင်စစ်အာဏာသိမ်းမှုစားဘဲကြီးဆန္ဒပြပွဲတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထိခိုက်ဒဏ်ရာရမှုမောင်းသူမဲ့ဒရုန်းမြို့ပြပြောက်ကျားရန်ပုံငွေရှာဖွေရေးရွေးကောက်ပွဲအစားအသောက် ဘလော့
ခင်နဒီ

ခင်နဒီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ခင်းကျင်းပြသထားသည့် မြန်မာ့ခေတ်ပြိုင်အနုပညာရှင်တဦးဖြစ်သည့် ဝင်းဖေ၏ ပန်းချီကားများ  / ဧရာဝတီ

ပန်းချီဈေးကွက် ပန်းချီကားအတုများဖြင့် ပြည့်လျှံနေ

ထန်တလန် မြို့မရဲစခန်း တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ထန်တလန်ရဲစခန်း အသိမ်းခံရပြီးနောက် CNA တပ်စခန်းငယ်များကို စစ်တပ် ဗုံးကြဲ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved