• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထန်တလန်ရဲစခန်း အသိမ်းခံရပြီးနောက် CNA တပ်စခန်းငယ်များကို စစ်တပ် ဗုံးကြဲ

by ဧရာဝတီ
9 February 2023
in သတင်း
A A
ထန်တလန် မြို့မရဲစခန်း တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ထန်တလန် မြို့မရဲစခန်း တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

2.9k
VIEWS
Share on FacebookShare on Twitter

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNA)နှင့် ထန်တလန် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက စစ်အုပ်ချုပ်ရေး ကြေညာ ထားသော ချင်းပြည်နယ် ထန်တလန် မြို့မရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က CNA ၏ တပ်စခန်းငယ် များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထန်တလန် မြို့မရဲစခန်း သိမ်းပိုက်ခံရပြီး လက်နက်ခဲယမ်း အမြောက်အမြား ဆုံးရှုံးမှုကြောင့် စစ်ကောင်စီက ယနေ့ နံနက် ပိုင်းတွင် တိုက်လေယာဉ်အပါအဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်နေခြင်း ဖြစ် ကြောင်း နှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိကြောင်း သိရသည်။

CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ထန်တလန်မြို့နယ်အတွင်းက ကျနော်တို့ရဲ့ တပ်စိတ်စခန်းငယ် ၃/၄ ခု လောက်ကို စစ်ကောင်စီက လာရောက် ဗုံးကြဲနေတာ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိဘူး။ စခန်းငယ်တခုမှာ အဆောက်အအုံတခုတော့ ပျက်စီးသွားတာ ရှိတယ်။ ကျနော်တို့က တော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် စခန်းတည်ဆောက်ပုံက ပြောင်းလွယ်ပြင်လွယ် တည်ဆောက်ထားတာဖြစ်လို့ ကျနော်တို့ဘက်က ထိခိုက် ကျဆုံးမှု မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်းစခန်းချနေသည့် အဆိုပါ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက် ညနေ ၉ နာရီဝန်းကျင်တွင် CNA ပူးပေါင်းတပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ နာရီ၌ စခန်းတခုလုံး ကို သိမ်းပိုက် ရရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

၎င်းက “ည ၉ နာရီလောက်မှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေ စီးနင်းတိုက်ခိုက်တာ မနက် ၁ နာရီလောက်မှာ စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ စခန်းသိမ်းတိုက်ပွဲမှာ ကျနော်တို့ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၄၀ ကျော် ရတယ်” ဟု အတည်ပြုသည်။

အဆိုပါ တိုက်ပွဲအတွင်း CNA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စခန်းအတွင်း သေဆုံးနေသည့် အလောင်း ၄ လောင်း တွေ့ရှိရပြီး ကျန်စစ်ကောင်စီတပ်သားများ လက်နက်မဲ့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း လည်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းကလည်း ထန်တလန်မြို့ပေါ်ရှိ CB ဘဏ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများ အား CNA တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းတိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး ဖမ်းဆီးခံရပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

ထန်တလန် မြို့မရဲစခန်း တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့အား စစ်ကောင်စီတပ်မှ အကြိမ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် မြို့ပေါ်တွင် အရပ် သားပြည်သူများ နေထိုင်ခြင်း မရှိတော့ဘဲ စစ်ကောင်စီတပ်နှင့် ချင်းဒေသခံတော်လှန်ရေးတပ်များ တပ်စွဲနေထိုင်လျက် ရှိကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်းမှ တူမီးကိုင်ကာ စတင်တော်လှန်ခဲ့သည့် မင်းတပ်မြို့နယ်သည် အာဏာသိမ်းမှု အစောပိုင်းကာလ ၂၀၂၁ မေလကတည်းက စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး ကျန်ရှိသည့် စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်း မရှိသေးသော ပလက်ဝမြို့နယ်မှာလည်း ယမန်နှစ် မေလတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကြေညာခံထားရသည်။

ထို့ပြင် ယခု ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးမြို့နယ် ထပ်မံတိုးမြှင့်ကြေညာမှုထဲ ချင်းပြည်နယ်မှ ထန်တလန် အပါအဝင် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါးမြို့နယ်များလည်း ပါဝင်လာရာ ချင်းတ ပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီ ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

You may also like these stories:

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

CNF ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲဖို့ ကြံရွယ်နေသလား

ဟားခါးတွင် စစ်တပ်ကို ချင်းကာကွယ်ရေးတပ်များ ဝိုင်းတိုက်

Your Thoughts …
Tags: CNAစစ်ကောင်စီထန်တလန်ဗုံးကြဲမြို့မရဲစခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သီပေါ နောက်ဆုံးစော်ဘွား၏ မဟာဒေဝီ အင်ဂီ အီဘာဟတ်

ကွယ်လွန်သူ သြစတြီးယားနွယ်ဖွား ရှမ်းမဟာဒေဝီအကြောင်း တစေ့တစောင်း

မိုးဗြဲ PDF  တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်  / Mobye PDF

မိုးဗြဲအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved