ထောက်ပံ့ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ထောက်ပံ့ Covering Burma and Southeast Asia Tue, 30 Dec 2025 12:46:11 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ထောက်ပံ့ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ထောက်ပံ့ 32 32 မြန်မာရွေးကောက်ပွဲဟာ ရှီကျင့်ဖျင် ရဲ့ သဘောတူညီမှုလို့ တရုတ်ပြော (ရုပ်/သံ) https://burma.irrawaddy.com/video/2025/12/30/409575.html Tue, 30 Dec 2025 12:46:11 +0000 https://burma.irrawaddy.com/?p=409575 မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားမှာထားရှိတဲ့ သဘောတူညီမှုဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြောလာပါတယ်။]]>

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားမှာထားရှိတဲ့ သဘောတူညီမှုဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြောလာပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ သဘောထား မှတ်ချက်စကား ပြောရာမှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ တရားဝင်မှုနဲ့ သံတမန်ရေးရာ နိမ့်ကျနေတဲ့ အာဏာသိမ်း စစ်တပ်ကို တရားဝင်မှုပေးပြီး တရုတ်ရဲ့ မြန်မာနိုင်ငံထဲက အကျိုးစီးပွားတွေအတွက် ရွေးကောက်ပွဲကိုပါ ထောက်ပံ့ပေးလိုက်တာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်ဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ကိုင်ဆွဲထားတယ်လို့ လူသိရှင်ကြား အကြိမ်ကြိမ် ထုတ်ပြောနေပေမယ့် မြန်မာ့အရေးမှာ နိုင်ငံရေးနဲ့ စစ်ရေးပိုင်းတွေမှာ ထင်ထင်ပေါ်ပေါ် အကြပ်ကိုင် စွက်ဖက်မှုတွေလုပ်နေတာကို မြင်နေရတာဖြစ်ပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ https://burma.irrawaddy.com/news/2023/03/01/330747.html Wed, 01 Mar 2023 07:20:16 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8-%e1%80%9c%e1%80%80%e1%80%ba%e1%80%94%e1%80%80%e1%80%ba%e1%80%94.html ၂၀၁၇ခုနှစ်က ပထမဆုံး ပြုလုပ်သည့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စစ်တပ်ပူးတွဲ စစ်လေ့ကျင့်မှုတွင် တွေ့ရသည့် စစ်ဖက်အရာရှိကြီးများအိန္ဒိယကုမ္ပဏီများသည် မြန်မာစစ်တပ်သုံး ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များ အတွက် ခဲယမ်းနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်နိုင်ရန်အဓိကလိုအပ်သော လေယာဉ်ဆီများ တင်သွင်း ဖြန့်ဖြူးပေးသော ကုန်သွယ် ရေးကွင်းဆက်တွင် ပါဝင်နေကြောင်း သိရသည်။]]> ၂၀၁၇ခုနှစ်က ပထမဆုံး ပြုလုပ်သည့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စစ်တပ်ပူးတွဲ စစ်လေ့ကျင့်မှုတွင် တွေ့ရသည့် စစ်ဖက်အရာရှိကြီးများ

မြန်မာစစ်တပ်အား အိန္ဒိယ အစိုးရပိုင် ကုမ္ပဏီနှင့် ပုဂ္ဂလိကကုမ္ပဏီများက လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီများ အဓိက ထောက်ပံနေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့( Amnesty International) နှင့် Justice For Myanmar က ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းအဖွဲ့အစည်းများ၏ အဆိုအရ အိန္ဒိယကုမ္ပဏီများသည် မြန်မာစစ်တပ်သုံး ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များ အတွက် ခဲယမ်းနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်အဓိကလိုအပ်သော လေယာဉ်ဆီများ တင်သွင်း ဖြန့်ဖြူးပေးသော ကုန်သွယ် ရေးကွင်းဆက်တွင် ပါဝင်နေကြောင်း သိရသည်။

စင်ကာပူနိုင်ငံမှ လေယာဉ်ဆီ တိုက်ရိုက်တင်သွင်းရန် ခက်ခဲလာနေသော မြန်မာစစ်တပ်အတွက် လေယာဉ်ဆီရရှိရန် လုပ် ဆောင်ပေးနေသည့် ကုမ္ပဏီများတွင် ဆိပ်ကမ်းဝန်ဆောင်မှုကုမ္ပဏီ India of Reliance Industries၊ ဂရိသင်္ဘောလိုင်း ကုမ္ပဏီ Prime V တို့ဖြစ်ပြီး အိန္ဒိယ Sikka မှ ထွက်လာ သော လေယာဉ်ဆီသင်္ဘောသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း တွင် ဆိုက်ကပ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့( Amnesty International) နှင့် Global Witness တို့ကဆိုထားသည်။

ထိုကုမ္ပဏီများ၏ ပံ့ပိုးမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ခန့်က သီလဝါဆိပ်ကမ်းသို့ A1 လေယာဉ်ဆီ တန်ချိန် ၁၂,၅၉၂ တန်ကို မြန်မာစစ်တပ်က တင်သွင်းနိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့များက ထုတ်ဖော်နိုင်ခဲ့ သည်။

Amnesty International ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Montse Ferrer က “တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နေတဲ့ မြန်မာစစ်တပ်လက်ထဲမှာ ဇာတ်သိမ်းသွားနိုင်ခြေရှိတဲ့ လေကြောင်း လောင်စာဆီ တင်ပို့မှုအသစ်တွေကို ကျွန်တော်တို့ ခြေရာခံ လိုက်ပါပြီ။ ဒီတိုက်ခိုက်မှုတွေဟာ ကလေးတွေ အပါအဝင် အရပ်သားတွေကို ပုံမှန်သေဆုံးစေပေမယ့် လောင်စာဆီရှိမှ လေယာဉ်တွေကသာ ပျံတက်နိုင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ လေယာဉ်ဆီတင်သွင်းရောင်းချခြင်းနှင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့သော ဆွစ်ဇာလန် နှင့် စင်ကာပူအခြေစိုက် Puma Energy သည် မြန်မာမှ ၎င်း၏လုပ်ငန်းများကို ရောင်းချရာတွင် လူ့အခွင့်အရေး ဥပဒေများ ကို လိုက်နာခဲ့သည် ဆိုသော်လည်း မြန်မာစစ်တပ်နှင့် အနီးကပ်ဆက်ဆံရေးရှိသော ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ Shoon Energy ကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Shoon Energy ကုမ္ပဏီသည် ယခင်က Asia Sun Aviation ကုမ္ပဏီဖြစ်ပြီး မြန်မာစစ်တပ်ကိုယ်စား လေယာဉ်ဆီတင်သွင်း ကာ လေတပ်စခန်းများသို့ ဖြန့်ဝေပေးနေသော Asia Sun ကုမ္ပဏီ၏ လုပ်ငန်းခွဲတခုလည်းဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ လေယာဉ်ဆီအဓိက သိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်း နိုင်ငံပိုင်လုပ်ငန်းတခုဖြစ်သော မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း(MPPE) ထိန်းချုပ်ထားသည်။

Asia Sun ကုမ္ပဏီနှင့် ကုမ္ပဏီတာဝန်ရှိသူများကို ဗြိတိန် နှင့် ဥရောပသမဂ္ဂ(EU) တို့က စီးပွားရေးအရေး ယူပိတ်ဆို့မှုများ လုပ်ဆောင်ထားသည်။

Global Witness မှအကြီးတန်းစုံစမ်းစစ်ဆေးသူ Hanna Hindstrom ကလည်း မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများ ကို ကူညီနေသော လောင်စာဆီမှုများ မထောက်ပံ့ပေးဖို့ တိုက်တွန်းပြောဆိုသွားသည်။

အိန္ဒိယအစိုးရပိုင်ကုမ္ပဏီဖြစ်သော Yantra India Limited သည် မြန်မာစစ်တပ်သို့ ၁၂၂ မီလီမီတာ ရှိသော အမြောက် ပြောင်း ၂၀ ခန့်ကို ပြီးခဲ့သော အောက်တိုဘာလအတွင်းက ပေးပို့ခဲ့ကြောင်း မြန်မာစစ်တပ်၏ လက်နက် တင်သွင်းမှုများနှင့် စီးပွားရေးလုပ်ငန်းများအကြောင်း စုံစမ်းဖော်ထုတ်နေသော Justice for Myanmar ကလည်း ထုတ်ပြန် လာသည်။

အမေရိကန် ဒေါ်လာ ၃၃၀,၀၀၀ တန်ကြေးရှိသည့် အဆိုပါ စစ်လက်နက်ပစ္စည်းကုန်သွယ်မှုကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီ Innovative Industrial Technologies Company Limited က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ထို အမြောက် ပြောင်းများကို မြန်မာစစ်တပ်၏ အမြောက်များ ထုတ်လုပ်ရာတွင် အသုံးပြုဖွယ်ရှိနေကြောင်း ထိုအဖွဲ့က ဆိုထားသည်။

အိန္ဒိယအစိုးရပိုင်ကုမ္ပဏီ Yantra India Limited တွင် သေနတ်၊ အမြောက်များနှင့် တင့်ကားများ၌ တပ်ဆင်သော စက်သေနတ် များအတွက် လိုအပ်သော အစိတ်အပိုင်းများ ထုတ်လုပ်နိုင်သောစက်ရုံကို ပိုင်ဆိုင်ထားသည်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိန္ဒိယအစိုးရက အခုလို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးတာက မြန်မာစစ်တပ်က အရပ်သားပြည်သူများကိုအပေါ် တိုက်ခိုက်နေခြင်းကို တိုက်ရိုက်ထောက်ခံရာ ရောက်ပါတယ်” ဟု ပြောသည်။

ထို့ပြင်အိန္ဒိယရောက် မြန်မာနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသော India for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် အိန္ဒိယအစိုးရပိုင် Bharat Electronics Ltd လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီသည် ၂၀၂၁ခုနှစ်အတွင်း ရေဒါနည်းပညာ၊ အဝေးထိန်းစနစ်ပါဝင်သည့် လေကြောင်းကာကွယ်ရေးလက်နက် ကို စစ်ကောင်စီထံ ရောင်းချခဲ့ပြီး ၂၀၂၂ခုနှစ်တွင် အိန္ဒိယ ကုမ္ပဏီတခုဖြစ်သော Tonbo Imaging မှ မောင်းပြန်နှင့် စနိုက်ပါရိုင်ဖယ်တွင် အသုံးပြုသည့် အဝေးကြည့် မှန်ပြောင်း၊ အိန္ဒိယကုမ္ပဏီ Sandeep Metalcraftသည် ဗုံးဆန်နှင့် လက်နက်ကြီးများတွင်သုံးသည့် စနက်တံများကို မြန်မာစစ်တပ်ထံ ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံသည် ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်သော်လည်း ဆိုးရွားသော လူ့အခွင့် အရေးချိုးဖောက်မှုများ နှင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြု ဆက်ဆံနေသည့် အနည်းငယ်သော နိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီစသည့်နိုင်ငံများက မြန်မာစစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးကို လျော့ချထားသော်လည်း အိန္ဒိယသည် ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းက သံအမတ်ခန့်အပ်လွှာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည်။

ထို့ပြင် အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့သလို ၂၀၂၂ ခုနှစ် ဧပြီလနှင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာ (Shri Vinay Kumar) က စစ်ကောင်စီ ဝန်ကြီးများ ဖြစ်သော ဦးကိုကိုလှိုင်၊ ဦးခင်ရီတို့နှင့် တွေ့ဆုံခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Vinay Mohan Kwatra က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံခဲ့သည်။

သမိုင်းကြောင်းအရ အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့ဘက်နယ်စပ်တွင် အဓိကကျသည့် လုံခြုံရေး စိန်ခေါ်မှု နှစ်ခုနှင့် ရင်ဆိုင်နေရပြီး ထိုစိန်ခေါ်မှုများအတွက် လွန်ခဲ့သော နှစ်အနည်းငယ်က စတင်ကာ မြန်မာနှင့် ပူးပေါင်း ဆောင်ရွက် နေရသည်။ ထိုစိန်ခေါ်မှု နှစ်ခုမှာ နယ်စပ်ဖြတ်ကျော် သူပုန်များကို နှစ်နိုင်ငံပူးပေါင်း ကိုင်တွယ်ဖြေရှင်းရေး နှင့် မြန်မာနိုင်ငံတွင် တရုတ်သြဇာ ကြီးထွားနေခြင်း ဖြစ်သည်။

မြန်မာတွင် စစ်အုပ်စု အာဏာသိမ်းပြီး မကြာမီ အိန္ဒိယကြည်းတပ်အကြီးအကဲ မန်နော့ မူကွတ်ဒ် နာရာဗါနီက မြန်မာ စစ်တပ်နှင့် ပူးပေါင်းစစ်ဆင်ရေး အများအပြားသည် မြေပြင်စစ်ဆင်ရေးများတွင် စစ်သားများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးစေသကဲ့သို့ ပူးပေါင်းအင်အား ထိရောက်မှုကိုလည်း တိုးတက်စေပြီး မျှော်မှန်းထားသလောက် စစ်ဆင်ရေး အကျိုးအမြတ်ရှိကြောင်း ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သွားရောက်သော စစ်ခေါင်းဆောင်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းတွင် အိန္ဒိယ ၏အရှေ့မျှော်ဝါဒဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားသော ကုလားတန်မြစ် စီမံကိန်းကို သွားရောက် လေ့လာခဲ့ရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်း ကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်း၊ ယခုစီမံကိန်း သည် နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောသွားကြောင်း စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။

You may also like these stories:

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

မြန်မာကို လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို

မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကြောင့် အိန္ဒိယ ရင်ဆိုင်ရသော အကျပ်အတည်း

ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ

မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်

]]>
အလုပ်လက်မဲ့ အထည်ချုပ် အလုပ်သမားများအတွက် အီးယူ တိုက်ရိုက် ထောက်ပံ့မည် https://burma.irrawaddy.com/news/2020/04/09/220388.html Thu, 09 Apr 2020 13:23:21 +0000 https://burma.irrawaddy.com/lytbox/?p=220388 လုပ်ခလစာ ရရှိရေး တောင်ဒဂုံစက်မှူဇုန်ရှိ   Euro Gate  အထည်ချုပ်စက်ရုံမှအလုပ်သမားများက ဧပြီ ၉ ရက်နေ့ ညနေပိုင်းက ဆန္ဒပြနေကြစဉ် / အောင်ကျော်ထက် / ဧရာဝတီမြန်ကူ (Myan Ku) ရန်ပုံငွေမှ ငွေသား အကူအညီများကို နိုင်ငံသားပိုင်၊ အကျိုးတူပိုင် သို့မဟုတ် နိုင်ငံခြား သားပိုင် အထည်ချုပ် စက်ရုံများတွင် အလုပ်လုပ်ရင်း အလုပ်လက်မဲ့ ကြုံခဲ့ရသည့် လုပ်သားများထံ တိုက်ရိုက် လွှဲပြောင်း ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။]]> လုပ်ခလစာ ရရှိရေး တောင်ဒဂုံစက်မှူဇုန်ရှိ   Euro Gate  အထည်ချုပ်စက်ရုံမှအလုပ်သမားများက ဧပြီ ၉ ရက်နေ့ ညနေပိုင်းက ဆန္ဒပြနေကြစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာနိုင်ငံမှ COVID-19 ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည့် အထည်ချုပ် လုပ်သား များအတွက် ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ် ငွေသား ရန်ပုံငွေ ယူရို ၅ သန်း (ကျပ် ၈ ဘီလီယံ ဝန်းကျင်) ကို ပံ့ပိုးပေးသွားမည် ဟု သတင်း ရရှိသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး H.E မစ္စတာ Kristian Schmidtက “အီးယူနဲ့ လက်တွဲ လုပ်နေ တဲ့ သမဂ္ဂတွေဆီက အချက်အလက်တွေ စုနေတုန်းမို့ မေလ ၁ ရက်ဆို စလွှဲလို့ ရပြီ။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းက ဥရောပကို တင်ပို့နေတဲ့ အပြင် နိုင်ငံတဝှမ်းက အမျိုးသမီးတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၄ သိန်းခွဲကို ဖန်တီးပေးနေတာပါ” ဟု ပြောသည်။

မြန်ကူ (Myan Ku) ရန်ပုံငွေမှ ငွေသား အကူအညီများကို နိုင်ငံသားပိုင်၊ အကျိုးတူပိုင် သို့မဟုတ် နိုင်ငံခြားသားပိုင် အထည် ချုပ် စက်ရုံများတွင် အလုပ်လုပ်ရင်း အလုပ်လက်မဲ့ ကြုံခဲ့ရသည့် လုပ်သားများထံ တိုက်ရိုက် လွှဲပြောင်း ထောက်ပံ့ ပေး သွားမည် ဖြစ်သည်။

မြန်ကူ စီမံကိန်းအဖွဲ့တွင် အစိုးရမှ တာဝန်ရှိသူများ၊ လူထုမိတ်ဖက် လုပ်ငန်းများနှင့် လုပ်ငန်း ကိုယ်စားပြု ထုတ်ကုန် တံဆိပ် များ ပါဝင်ပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း(MGMA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) တို့နှင့် ပူးတွဲ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းသည် COVID-19 ကြောင့် စီးပွားရေး အပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခဲ့ပြီး မတ်လ နှောင်း ပိုင်းတွင် စက်ရုံပေါင်း ၄၀ ကျော်မှ လုပ်သားပေါင်း ၂၅,၀၀၀ ကျော်တို့သည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရ သည်ဟု မြန်မာ့ လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (Centre for Economic and Social Development – CESD) က သိရသည်။

CESD ၏ အလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ဇော်ဦးက “အီးယူကနေ မြန်မာ့ အထည်ချုပ်လုပ်ငန်းကဏ္ဍကို အခုလို မြန်ဆန် ကောင်းမွန်တဲ့ ပံ့ပိုးမှုပေးမှု အတွက်လည်း တကယ့်ကို ကျေးဇူး တင်တယ်။ ဒီလို ပံ့ပိုးကူညီမှုက လုပ်သားတွေ ခံစားနေရတဲ့ အကျိုးသက်ရောက်မှုကို တဖက်တလမ်းကနေ ပြေလျော့စေနိုင်မယ့်အပြင် ဒီကမ္ဘာ့ ကူးစက်ရောဂါကို တွန်း လှန်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ လုပ်သား စတဲ့ သုံးပွင့်ဆိုင် တာဝန်ရှိသူတွေကြား အထောက်အပံ့ကောင်း တခု အဖြစ် ရပ်တည်ပေးနိုင်မှာပါ” ဟု ပြောသည်။

ဒေါက်တာ ဇော်ဦးက ဆက်လက်၍ “ဒီလို ကူညီမှုကလည်း လက်ခစား (CMP) စနစ်နဲ့ လုပ်ဆောင်နေတဲ့ အထည်ချုပ် လုပ်ငန်းကဏ္ဍ အတွက် လူမှုရေးရာ ကာကွယ်ပေးရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် ရေရှည် မဟာဗျုဟာတွေကို ချမှတ် ကျင့်သုံးနိုင်ဖို့ ကူညီပေးရာ ရောက်ပါတယ်” ဟု ပြောသည်။

CESD အဖွဲ့အစည်းမှ အထည်ချုပ်လုပ်ငန်းအပေါ် သုံးသပ်လိုက်သည့် အခါ စက်ရုံများ ထဲက ၄၀ ရာခိုင်နှုန်းသည် COVID- 19 ၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရပြီး ထိုကဏ္ဍ၏ သုံးပုံတပုံက အီးယူ ဈေးကွက်ပေါ် မှီခိုနေရသည်ကို လေ့လာ တွေ့ရှိရကြောင် ၎င်းက ဆိုသည်။

အထည်ချုပ်စက်ရုံ ပိတ်သွားသဖြင့် အလုပ်လက်မဲ့ ဖြစ်နေရသူ မသန္တာဦး က “ကျမတို့ စက်ရုံက မတ်လက ပိတ်တာ။ ပြန် တော့ လမ်းစရိတ်တောင် မရှိဘူး။ သူတု့ိကလည်း အခု ထောက်ပံ့မယ် ပြောတယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည် က လက်လုပ်လက်စား သမားတွေကို ထောက်ပံ့မယ် ပြောတယ်။ သူတို့ပြောတော့ လယ်ယာ၊ စက်လှေ၊ ဆိုင်ဖွင့်ထား တဲ့သူတွေ မပါဘူးပေါ့။ တကယ်တော့ ကျမတို့က လှေလေးတစီး ထောင်ထားတယ်။ ပိုက်ဆံရှိလို့ မဟုတ်ဘူး။ ငတ်မှာစိုးလို့ သူများဆီက ချေးပြီး ထောင်ထားတာ” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “ကျမတို့လို အလုပ်ပြုတ်လာတဲ့ သူတွေ သူတို့က ထောက်ပံ့မယ် မထင်ဘူး။ ဘာလို့ဆို ကျမတို့ စက် ရုံက အရင်ဆုံး ပိတ်လိုက်တဲ့ စက်ရုံတွေ၊ ဆက်နေဖု့ိကလည်း အဆောင်ခ မတတ်နိုင်တော့ ပြန်လာကြတာ။ ဒါကြောင့် ကျမတို့ကို ထိရောက်တဲ့ ထောက်ပံ့ပေးမှုတွေ လိုချင်တယ်” ဟု ပြောသည်။

အဆိုပါ အထောက်အပံ့ကို လက်ရှိ အခြေအနေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် (သို့မဟုတ်) ၎င်းတို့ နေထိုင်ရာ နေရာများမှ နှင်ထုတ်ခံခဲ့ရသည့် လုပ်သားများ၊ လုပ်ငန်းရှင်နှင့် လုပ်သားများကြား ချုပ်ဆိုထားသည့် စာချုပ်များ တရား မဝင် ရပ်စဲ ရုပ်သိမ်းခံရခြင်း အပြင် အကျိုးအကြောင်း ဆီလျော်မှု မရှိသည့် ညွှန်ကြားချက်များကို ကြုံတွေ့ ခံစားခဲ့ရသည့် လုပ်သားများနှင့် လုပ်သားများကို ဆက်လက် လုပ်ကိုင်ခွင့် ပေးရန်နှင့် အနည်းဆုံး သင့်တော်သည့် အထောက်အပံ့ များကိုလည်း ၎င်းတို့အတွက် ပံ့ပိုးပေးရန် သဘောတူထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) များမှ လုပ်သားများ စသည်တို့ထံ Wave Money ဝန်ဆောင်မှုမှ တဆင့် လွှဲပြောင်း ပံ့ပိုးပေးသွားမည် ဖြစ်သည်။

အဆိုပါ ပံ့ပိုးကူညီမှု ရရှိမည့်သူများကို အလုပ်သမား သမဂ္ဂများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးမှု များမှ တဆင့် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်ကလည်း “အထည်ချုပ် အလုပ် သမားက စာရင်း အရမ်းများတော့ အခုမှ အချက်အလက် စုနေတယ်။ ပြန်သွားကြတဲ့ အလုပ်သမားတွေကိုလည်း ပေးနိုင် အောင်ပေါ့။ အထည်ချုပ် လုပ်နေတဲ့သူတွေက အရမ်းများတော့ သူတို့ အရင်က ရခဲ့တဲ့ လစာအတိုင်းတော့ ပြန်ရဖု့ိ မသေ ချာဘူး။ ဒါပေမယ့် ကျနော်တို့ အလုပ်သမားတိုင်း ရအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ သူတို့ကို မေ၊ ဇွန်၊ ဇူလိုင် ၃ လ တော့ ပံ့ပိုးပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတဝန်း၌ အထည်ချုပ် စက်ရုံပေါင်း ၆၀၀ နီးပါး ရှိရာ ပြီးခဲ့သည့် မတ်လမှ စတင်၍ စက်ရုံ ပိတ်သိမ်းမှုများ ဖြစ် ပေါ်ခဲ့ပြီး လုပ်သား အများအပြား အလုပ်လက်မဲ့ ဖြစ်မှုကို များစွာ တွေ့မြင်နေရကာ ထိုအခြေအနေမျိုးကို ဧပြီလတွင်ပါ ဆက်လက် ကြုံရနိုင်သည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

၎င်းက “အခုလို အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ မြန်ကူ အရေးပေါ် ငွေသား ရန်ပုံငွေက ထိခိုက် နစ် နာခဲ့ရတဲ့ အလုပ်လက်မဲ့ ထောင်၊ သောင်းပေါင်းများစွာသော လုပ်သားတွေနဲ့ သူတို့မိသားစုတွေကို အဓိက ပံ့ပိုးကယ်တင် ပေးနိုင်မယ့် အထောက်အပံ့ကောင်း နည်းလမ်း တခု ဖြစ်ပါတယ်” ဟု ပြောသည်။

ဥရောပ သမဂ္ဂသည် မြန်ကူ အရေးပေါ် ငွေသားရန်ပုံငွေ အဖြစ် ယူရို ၅ သန်းသည် United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲသည့် လူသားချင်း စာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှ တဆင့် ရယူခြင်းဖြစ်သည်။

Wave Money ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အတူ မြန်ကူစီမံကိန်းကို မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်း ကဏ္ဍအတွင်း လူမှုအကျိုးပြုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုများနှင့် ထုတ်လုပ်မှု စံချိန်စံညွှန်းများကို အားကောင်းလာ စေရန် ထင်ရှားစွာ ရပ်တည် လုပ်ဆောင်လျက် ရှိသည့် ဥရောသမဂ္ဂ၏ SMART Textile & Garments စီမံကိန်းက တာဝန် ယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်

ပုသိမ် Amava အထည်ချုပ်စက်ရုံမှ လုပ်သား ၄၅၀ ကျော် အလုပ်ရပ်နားခံရ

COVID – 19 ကြောင့် ပုသိမ်စက်မှုဇုန် အလုပ်သမား၂၉၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

COVID-19 ကြောင့် စက်ရုံ အချို့ဧပြီလအတွက် ခွင့်ရက်ရှည်ပေး

]]>