• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID – 19 ကြောင့် ပုသိမ်စက်မှုဇုန် အလုပ်သမား၂၉၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

by ဆလိုင်းသန့်စင်
27 March 2020
in သတင်း
A A
Myanmar Knitting အထည်ချုပ် စက်ရုံမှ အလုပ်သမားများ  / ဧရာဝတီ

Myanmar Knitting အထည်ချုပ် စက်ရုံမှ အလုပ်သမားများ / ဧရာဝတီ

13.1k
VIEWS
Share on FacebookShare on Twitter

အီတလီနိုင်ငံမှ ကုန်ချောဝယ်ယူမှု ရပ်နားလိုက်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ် စက်ရုံမှ အလုပ်သမား၂၉၀၀ နီးပါးကို အလုပ်မှ ရပ်နားလျှော့ချခဲ့ကြောင်း သတင်း ရရှိသည်။

ဥရောပတိုက်ရှိ အီတလီနိုင်ငံတွင် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် COVID 19 ရောဂါများ ဆိုးရွားစွာ ပျံ့နှံ့ ဖြစ်ပွားနေ သည့်အတွက် အထည်မှာယူမှုများ လုံးဝမရှိတော့ကာ Myanmar Knitting အထည်ချုပ်စက်ရုံမှ စက်ရုံလုပ်သား၂၈၈၇ ဦး ကို အလုပ်မှ ယာယီရပ်နားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Myanmar Knitting အထည်ချုပ်စက်ရုံ မန်နေဂျာ ဦးသက်နိုင်က “ကျနော်တို့ရဲ့အဓိက ဝယ်သူက အီတလီနိုင်ငံပါ။ အဲဒီက နေ အထည်အမှာစာတွေ ထပ်မလာတော့တဲ့အပြင် လုပ်လက်စတွေပါ ရပ်ထားပါဆိုပြီးတော့ အီးမေးလ်တွေ ဝင်လာတဲ့ အတွက် မဖြစ်မနေ ဝန်ထမ်းလျှော့ချရတာပါ။ ဒီလိုလျှော့ချရာမှာ လုပ်သက် ၁ နှစ် ၁ လနဲ့ အဲဒီထက်နည်းပါးတဲ့ လုပ်သက် ရှိတဲ့ အလုပ်သမား၂၈၈၇ ဦးကို သူတို့ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ ပေးအပ်ပြီး အလုပ်ယာယီရပ်နားခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပုသိမ်စက်မှုဇုန်၏ အကြီးဆုံး စက်ရုံဖြစ်သော တရုတ်နိုင်ငံသားပိုင် Myanmar Knitting အထည်ချုပ် စက်ရုံတွင် အလုပ် သမား ၅၀၀၀ ကျော်ရှိပြီး လက်ရှိတွင်အလုပ်သမား ၂၉၀၀ နီးပါး လျော့ချခဲ့သည့်အတွက် စက်ရုံရှိ အလုပ်သမားအားလုံး၏ ထက်ဝက်ကျော်ကို အလုပ်မှ ယာယီရပ်နားခဲ့ခြင်း ဖြစ်သည်။

ပုသိမ်စက်မှုဇုန်တွင် တရုတ်၊ ထိုင်ဝမ်၊ သီရိလင်္ကာစသည့် ပြည်ပနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံ တည်ထောင်ထား သည့် အထည်ချုပ် စက်ရုံ ၈ ရုံ ရှိပြီး ဧရာဝတီတိုင်းအတွင်းမှ အလုပ်သမားပေါင်း ၁၂၀၀၀ ခန့် အလုပ် လုပ်ကိုင်နေကြ ကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681
Myanmar Knitting အထည်ချုပ် စက်ရုံမှ အလုပ်သမားများ (ဓာတ်ပုံ- ဧရာဝတီ)

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် Myanmar Knitting စက်ရုံက ပထမဆုံးအကြိမ် အလုပ်သမား၂၉၀၀ နီးပါး လျှော့ချခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၉၀၀၀ ခန့် ပုသိမ်စက်မှုဇုန်တွင် အလုပ်ဆက်လက် လုပ်ကိုင်လျက်ရှိသည်။

Myanmar Knitting စက်ရုံ အနေဖြင့် အလုပ်သမား လျှော့ချရာတွင် လုပ်သက် ၆ လ အထိရှိသူများအား ပုံမှန်လစာနှင့် နို့ တစ်ကြေး၊ လုပ်သက် ၆ လ အထက်ရှိသူများအား ပုံမှန်လစာ၊ နို့တစ်ကြေးနှင့် အလုပ်ထုတ် နစ်နာကြေး လဝက်စာ၊ လုပ် သက် ၁ နှစ်အထက် ရှိသူများကို လစာ၊ နို့တစ်ကြေး၊ အလုပ်ထုတ် နစ်နာကြေး ၁ လစာ၊ သင်္ကြန်ဆုကြေးနှင့် လုပ်သက် ခွင့်အတွက် ရရှိမည့် ငွေကြေးများအားလုံး ပေးအပ်သွားမည် ဖြစ်ကြောင်း စက်ရုံ တာဝန်ရှိသူများက ပြောဆိုသည်။

သာပေါင်းမြို့မှ ပုသိမ်သို့ လာရောက် အလုပ်လုပ်သူ Myanmar Knitting စက်ရုံလုပ်သား ကိုအောင်နိုင်ဝင်းက “အလုပ် နားခံရတဲ့ သူတွေထဲမှာတော့ ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်က အလုပ်သမားတွေ အများဆုံး ပါပါတယ်။ ကျနော်တို့ကို ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ ပေးအပ်ပြီးတော့ အလုပ် ယာယီရပ်နားခဲ့တဲ့အပေါ် ကျေနပ်ပါတယ်။ လကုန်အထိတော့ အလုပ်ဆင်းပေးရဦးမယ်။ လကုန်ပြီးရင်တော့ အလုပ်လက်မဲ့ ဖြစ်ပြီဆိုတော့ရရာ အလုပ် ဝင်လုပ်ရမှာပေါ့။ စားဝတ်နေရေး အတွက်က ထိုင်နေလို့ မရဘူးလေ” ဟု ပြောသည်။

Myanmar Knitting စက်ရုံမှ အလုပ်သမား ၂၉၀၀ နီးပါးကို အလုပ် ယာယီရပ်နားခဲ့သော်လည်း အထည်အမှာစာများ ပြန် လည်ရရှိပြီး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာသည့်အခါ လက်ရှိ အလုပ်ရပ်နားခံခဲ့ရသူများကို ဦးစားပေး ခန့်အပ် ပေး ရန် အလုပ်သမားများက တောင်းဆိုခဲ့ရာ မတ်လ ၂၅ ရက်က ဧရာဝတီ တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေ့မှောက်၌ အလုပ်ရှင်၊ အလုပ်သမား စာချုပ် ချုပ်ဆိုခဲ့ကြကြောင်း သိရ သည်။

ဝန်ကြီး ဒေါက်တာ စိုးဝင်းက “COVID 19 လည်း ကင်းစင်သွားပြီ၊ အီတလီနိုင်ငံအနေနဲ့လည်း အထည်တွေ ပြန်ဝယ်နိုင်ပြီ ဆိုရင် အခု ယာယီ အလုပ်ရပ် နားခံခဲ့ရတဲ့ အလုပ်သမားတွေကို မူလနေရာ၊ မူလ ရာထူးလစာအတိုင်း ပြန်လည် ခန့်အပ် ပေးဖို့ အလုပ်သမားတွေက တောင်းဆိုတဲ့အပေါ် အလုပ်ရှင်ကလည်း သဘောတူညီတဲ့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရဌာနဆိုင်ရာတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် စာချုပ် ချုပ်ဆိုခဲ့ပါတယ်” ဟု ပြောသည်။

အီတလီနိုင်ငံတွင် လူပေါင်း ၇ သောင်း ၄ ထောင်ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး အဆိုပါ လူနာများအနက် ၇၅၀၃ ဦး သေဆုံးခဲ့ကာ ကမာ္ဘပေါ်တွင် ကိုရိုနာကြောင့် လူအများဆုံး သေဆုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း COVID – 19 ရောဂါကို စောင့်ကြည့်သတင်း ထုတ်ပြန်နေသည့် Worldometers.info ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်း သယ်ယူ၍မရသည့် အတွက် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ ဟွာ မန် အထည်ချုပ်စက်ရုံမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၉ ရက်က စတင်၍ စက်ရုံရှိ အလုပ်သမား ၁၀၀၀ ကို အလုပ်မှ ယာယီ ရပ်နားကာ စက်ရုံ ယာယီ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ

အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း

အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ကြေညာ

Your Thoughts …
Tags: Myanmar Knittingကိုရိုနာဗိုင်းရပ်စ်အလုပ်လက်မဲ့အီတလီ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို

ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို

by ဧရာဝတီ
11 March 2024
2.3k

ထူးအုပ်စုတွင် သူ၏ပါဝင်ပတ်သက်မှုကြောင့် ရေချယ်တေဇကို အမေရိကန် ပြည်ထောင်စုက လွန်ခဲ့သောနှစ် ဇန်နဝါရီလတွင် ပိတ်ဆို့အရေးယူထားသည်။

နစ်ကိုလို မက်ခီယာဗယ်လီ

နစ်ကိုလို မက်ခီယာဗယ်လီ

by ဒေါက်တာ သန်းထွန်း
22 March 2025
1.9k

ရှင်ဘုရင်ဟာ လူအများရဲ့ ထောက်ခံချက်ကို ရယူနိုင်ဖို့ သိပ်လိုတယ် လို့လည်း ပြောပါတယ်။ ဘေးဒုက္ခနဲ့ ကြုံရင် လူအများရဲ့ထောက်ခံမှု အလိုအပ်ဆုံး ဆိုတာ သိမယ်။

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

by ညိုလတ်
10 August 2024
1.8k

ယခု အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်၏ ဖြစ်စဉ်သည် လူ့အခွင့်အရေး၊ ကျင့်ဝတ်၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးများပါ ရှုပ်ထွေးပါဝင်လာပြီဖြစ်၍ အတိအကျသိရရန် ခက်ခဲသွားခဲ့ပါပြီ။

ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်

ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်

by ဧရာဝတီ
28 April 2025
1.3k

မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်း၊ အင်းလေး စသည့် ဒေသများရှိ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ပြိုကျပျက်စီးခဲ့ရသည်။

Next Post
စစ်ကိုင်းတိုင်းအတွင်း ပြည်ပမှ ပြန်လာသူများကို Facility Quarantine လုပ်ရန် စီစဉ်မှုများ ပြုလုပ်နေစဉ်  / Khin Hmwe Lwinn / Facebook

Home Quarantine လိုက်နာမှု အားနည်း၍ Facility Quarantine စစ်ကိုင်း၌ လုပ်ဆောင်

သေသော်မှတည့် ဪ ကောင်း၏

သေသော်မှတည့် ဪ ကောင်း၏

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved