• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 ကြောင့် စက်ရုံ အချို့ဧပြီလအတွက် ခွင့်ရက်ရှည်ပေး

by သဇင်လှိုင်
7 April 2020
in သတင်း
A A
အနည်းဆုံး လုပ်ခလစာနှင့် ပတ်သက်ပြီး  ယခုနှစ် ဇန်နဝါရီလပိုင်း က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတခု / ထက်ဝေ / ဧရာဝတီ

အနည်းဆုံး လုပ်ခလစာနှင့် ပတ်သက်ပြီး ယခုနှစ် ဇန်နဝါရီလပိုင်း က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတခု / ထက်ဝေ / ဧရာဝတီ

13.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံအချို့တွင် COVID-19 ကြောင့် ဧပြီလအတွက် ခွင့်ရက်ရှည် များ လစာပြည့်၊ လစာမဲ့များဖြင့် ခွင့်ပြုခဲ့ကြောင်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ထံက သိရသည်။

လက်ရှိ အချိန်အထိ အလုပ်ရှင်၊ အလုပ်သမားကြား သဘောတူညီချက် စာချုပ်စာတမ်းဖြင့် ခွင့်ရက်ပေးခဲ့သည့် စက်ရုံ ၁၆ ရုံ ရှိပြီး အချို့စက်ရုံများကလည်း စာချုပ် မချုပ်ဘဲ သဘောတူပေးခဲ့ကြကြောင်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

ဒေါ်ခိုင်ဇာအောင်က “အလုပ် လုပ်မယ့် ရက်တွေကို လုပ်သက်ခွင့် ရှောင်တခင်ခွင့်နဲ့ ပေးတော့ လစာ အပြည့်ရမှာပေါ့။ လုပ် သက် ၁ နှစ်အောက်တို့ ၆ လအောက်တို့ကတော့ အလုပ်မပြုတ်ဘူး ခွင့်ပေးမယ်ပေါ့။ တရုံနဲ့ တရုံ ပုံစံမတူဘူးပေါ့” ဟု ပြော သည်။

ဧပြီ ၄ ရက်မှ စပြီး ဧပြီလကုန် အထိ ကာလအတွင်း သင်္ကြန်ပိတ်ရက် မဟုတ်သည့် ကျန်ရက်များကို ခွင့်ပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ ခွင့်ရက်များမှာ လုပ်သက်ခွင့်များ၊ ရှောင်တခင်ခွင့်များကို ကြိုတင် အသုံးပြုခြင်းဖြင့် လည်းကောင်း၊ လစာမဲ့စနစ်ဖြင့် လည်းကောင်း၊ အစားထိုး ပြန်လည် ဆင်းပေးရန် သဘောတူညီချက်ဖြင့် လည်းကောင်း ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း စက်ရုံ အသီးသီး၏ ထုတ်ပြန်ချက်များအရ သိရသည်။

AMG 1 အထည်ချုပ် စက်ရုံမှ အလုပ်သမား မသက်မာစိုး က “လုပ်သက်ခွင့် ရှိတဲ့သူတွေက လုပ်သက်ခွင့်နဲ့ လဲလှယ်တယ်။ လုပ်သက်ခွင့် ယူပြီးသား လူတွေ နှစ်မပြည့်သေးလို့ မရသေးတဲ့သူတွေဆိုရင် ၁၀ ရက် ထည့်ပေးပြီးတော့ ၆ လပိုင်းကနေ စပြီးတော့ ၁ လကို ၂ ရက်နှုန်းတဲ့ ဖြတ်ယူပါဆိုပြီး စာချုပ် ချုပ်ဆိုတာ” ဟု ဆိုသည်။

၎င်းကဆက်၍ “လုပ်ငန်းခွင် အတွင်းမှာလည်း လူစုလူဝေး ဖြစ်တဲ့အတွက် တဦးတယောက်ကို ကူးပြီဆိုရင် ကျန်တဲ့သူ အတွက်လည်း ကူးစက်ဖို့က အမြန်ဆုံး အနေအထားမှာ ရှိတယ်။ အဲဒါကြောင့်မို့လို့ ညီမတို့က မဖြစ်ခင် ကာ ကွယ်တာပေါ့။ ဒါကြောင့်မို့လို့ ဧပြီလ ၁ လကို ယာယီ ပိတ်သိမ်းချင်တယ်။ နောက်လတွေကတော့ အခြေအနေပေါ် မူတည် တာပေါ့” ဟုပြောသည်။

COVID-19 ကူးစက်မှုမှ ကာကွယ်နိုင်ရန် အတွက် ရာနှင့်ချီပြီး အလုပ်ဆင်းနေရသည့် စက်ရုံများကို ဧပြီလအတွင်း ယာယီ ပိတ်သိမ်းပေးရန် စက်ရုံ ၃၀ ကျော်မှ ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုခဲ့ကြပြီး နောက်ဆုံးတွင် အလုပ်ရှင်များဘက်မှ ခွင့် ရက်ရှည်ပေးရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVI-19 ပိုးတွေ့သူ၂၁ ဦး ရှိပြီး သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ရာ အစိုးရက သတိပေး လမ်းညွှန်ချက်များ နေ့ စဉ် ထုတ်ပြန်ကြေညာ လုပ်ဆောင်နေသလို တိုင်းဒေသကြီးအလိုက် အာဏာပိုင်များကလည်း လူစုလူဝေး မဖြစ်စေရေး အတွက် ပွဲလမ်း သဘင်များ တားမြစ်ခြင်း၊ နေအိမ်တွင်သာ နေထိုင်ကြရန် ထုတ်ပြန်ကြေညာမှုများ လုပ်ဆောင်နေသည်။

You may also like these stories:

နေပြည်တော် စစ်ကြောရေးစခန်းတွင် COVID-19 ကာကွယ်ရန် သီးသန့်စောင့်ကြည့်ထားသူ ၁၀၀ ကျော် ရှိ

ကျန်းမာရေးပစ္စည်း အဆမတန် ဈေးတင်ရောင်းသူများကို သည်းခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ညွှန်ကြားချက်မရှိဘဲ လမ်းနေရာ ပိတ်ဆို့တားဆီးမှုမလုပ်ရန် ရန်ကုန်တိုင်းအစိုးရ အမိန့်ထုတ်ပြန်

Your Thoughts …
Tags: ခွင့်ရက်ရှည်စက်ရုံသင်္ကြန်ပိတ်ရက်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

by ဧရာဝတီ
1 October 2024
1.7k

ဆည်ရေများ လွှတ်နေမှုကြောင့် လွိုင်ကော်မြို့နှင့် ၁၀ မိုင်အကျော်၌ တည်ဆောက်ထားသည့် လောပိတရေအား လျှပ်စစ်စက်ရုံဝင်းအတွင်းထိ ရေများဝင်ရောက်လာနေပြီး စက်ရုံ အမှတ် ၂ နှင့် အမှတ် ၃ ကို ရပ်နားထားကြောင်း

ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဦးထွန်းကြိုင် / ဇင်မိုးဝါ / ဧရာဝတီ

လူမှုဖူလုံရေးကို အားလုံး အကျုံးဝင် မှတ်ပုံတင်သင့်တယ်

by မျိုးပပစန်း
13 January 2020
6k

လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်သော စက်ရုံ၊ အလုပ်ရုံများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်နေသည် များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဦးထွန်းကြိုင်ကို ဧရာဝတီသတင်းဌာန သတင်းထောက် မျိုးပပစန်းမှ တွေ့ဆုံမေးမြန်းထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကုန်ကြမ်းပိတ်လိပ်များ ရောက်ရှိလာစဉ် / MRTV / facebook

တရုတ်ပိုင် အထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းပိတ်လိပ်များ လေကြောင်းဖြင့် တင်သွင်း

by မျိုးပပစန်း
18 March 2020
68.2k

အထည်ချုပ် လုပ်ငန်းရှင်များ၏ လတ်တလော လိုအပ်ချက်မှာ ကုန်ကြမ်း ပိတ်လိပ်များ ဖြစ်သော်လည်း အဓိက ဝယ်လက် ဖြစ်သော ဥရောပ နိုင်ငံများတွင် COVID-19 ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသဖြင့်လည်း နောက်ပိုင်းတွင် ကုန်အမှာစာများ လျော့ကျသွားမည့် အခြေအနေကို...

စက်သုံးဆီ ဝယ်ယူ၍ မရသည့် အခြေအနေများ ဖြစ်ပေါ်နေပြီး ရန်ကုန်မှာပင် မနက် ၁၀ နာရီ ကျော်ပါက လိုသလောက် ဝယ်ယူ၍ မရသည့် အခြေအနေ ရှိနေသည်

စက်သုံးဆီ ပြတ်လပ်မှု ၃ ရက်ထက် ပိုကြာပါက စက်ရုံများ ရပ်တန့်နိုင်

by ဧရာဝတီ
16 August 2022
11.7k

တနိုင်ငံလုံးတွင် ဆီ ပြတ်တောက်မှုများရှိလာသဖြင့် စက်သုံးဆီ ဆက်တိုက် ပြတ်တောက်မှု ၃ ရက်ထက် ပိုလာပါက စက်ရုံ၊ အလုပ်ရုံ လုပ်ငန်း များ ရပ်တန့်လာနိုင်သည့် အခြေအနေများ ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်

ယနေ့ မနက်ပိုင်းက Grand Enterprises Garment Co., Ltd ရှေ့တွင် ဆန္ဒပြသည့် အလုပ်သမားများ / ထက်ခေါင်လင်း / ဧရာဝတီ

GEG အထည်ချုပ် လုပ်သားဆန္ဒပြမှု အလုပ်ရှင်နှင့် သဘောတူညီမှုရရှိ

by ထက်ခေါင်လင်း
26 March 2020
28k

ဥရောပ နိုင်ငံအများအပြားက ကိုရိုနာဂယက်ကြောင့် ဆိုင်များပိတ်ခြင်း၊ မြို့များ ပိတ်ခြင်း ပြုလုပ်သည့်အခါ ကုန်ချောဈေးကွက် ရပ်တန့်သွားကြောင်း အဆိုပါ စက်ရုံ၏ မန်နေဂျာတဦးဖြစ်သူ မစ္စအမ်းလီက ရှင်းပြသည်။

မန္တလေးမြို့   / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းအတွင်း EMP တင်ပြနိုင်ခြင်း မရှိသော စက်ရုံများကို ပိတ်သိမ်းမည်

by ဒီလှိုင်းဝင်း
12 January 2020
8k

EMP (Environmental Management Plan) ကို သတ်မှတ်ကာလ အတွင်း တင်ပြနိုင်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံများအား ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က သိရသည်။

Next Post
လူမှုကွန်ရက်မှတဆင့် ပြည်သူများနှင့် တွေ့ ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counsellor Office

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ အမိန့်စာအတု ပြုလုပ်သူများကို ထိရောက်စွာ အရေးယူမည်ဟု ဆို

၂၀၂၀ မတ် ၈ရက်က မန္တလေးမြို့ စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံ

မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများ နားမည့်ကာလ၌ လစာ အပြည့်ပေးရန် တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved