• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ပိုင် အထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းပိတ်လိပ်များ လေကြောင်းဖြင့် တင်သွင်း

by မျိုးပပစန်း
18 March 2020
in သတင်း
A A
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကုန်ကြမ်းပိတ်လိပ်များ ရောက်ရှိလာစဉ် / MRTV / facebook

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကုန်ကြမ်းပိတ်လိပ်များ ရောက်ရှိလာစဉ် / MRTV / facebook

68.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန် စက်မှုဇုန် ၃ ဇုန်ရှိ တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည့် အထည်ချုပ် စက်ရုံများအတွက် ကုန်ကြမ်းပိတ်လိပ် ၁၅ တန်ကို ယမန်နေ့ညက ကွမ်ကျိုးမြို့မှ တဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းဖြင့် တဆင့် တင်သွင်းခဲ့သည်။

COVID – 19 ဂယက်ကြောင့် တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ တရုတ်နိုင်ငံသားပိုင် အထည် ချုပ် စက်ရုံ ၁၁ ရုံတွင် ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး၊ အလုပ်သမားများ အလုပ်အကိုင် ဆက်လက် ရရှိ စေရေး အတွက် ရည်ရွယ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်း၍ လေကြောင်းဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန (DICA) က ထုတ်ပြန်ထားသည်။

စီးပွား/ကူးသန်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက “လေကြောင်းက သယ်တာက ကုန်ကျ စရိတ်က အရမ်းများ တယ်လေ။ လိုအပ်တဲ့သူတွေက ဆက်လုပ်သွားဖို့တော့ ရှိမှာပေါ့။ ကုန်ကျစရိတ် ရှိတော့ ကုန်း ကြောင်းက ဦးစားပေး သယ်ဖို့ ဆောင်ရွက်နေတယ်။ အဓိကတော့ မကြန့်ကြာစေရေးအတွက် ကျနော်တို့ဘက် အပိုင်းက ဆောင်ရွက်ပေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ကုန်ကျစရိတ် အသေးစိတ်တော့ ကျနော် မပြောတတ်ဘူး။ အရမ်းတော့ကွာတယ်။ ဒါက လူ ၁ ယောက် ခရီးသွားတာနဲ့ပဲ တွက်ကြည့်လိုက်ပေါ့။ အဲဒီ သဘောမျိုး ကွာတာပဲ။ ကုန်းလမ်းက ကျတော့ အမြောက်အမြား သယ်လို့ လွယ်တယ်။ လေကြောင်းက ဆိုတော့ အကန့်အသတ်ရှိတယ်။ ဒါကြောင့် ကွာခြားချက်က အဲဒီမှာ အများကြီး ပေါ်လာမှာ ဖြစ်တယ်”ဟု ရှင်းပြသည်။

လတ်တလောတွင် နယ်စပ်ကုန်သွယ်ရေး ယခင်ထက် ဝယ်သူရှိသော်လည်း အနည်းငယ်တန့်သွားခြင်းသာ ရှိနေပြီး ဆန်၊ ပြောင်း၊ သကြားများမှာ တရုတ်ဝယ်လက် ရှိနေကြောင်း၊ CMP (လက်ခစားလုပ်ငန်း) များ လိုအပ်ေသော ကုန်ကြမ်းကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း မှ ၁ ရက်လျှင် မော်တော်ယာဉ် အစီးရေ ၅၀ ခန့် ဝင်ရောက်မှု ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ရုံးအဖွဲ့မှူး ဦးခင်မောင်ဦးက “တရုတ်က သူတို့ဘက်မှာ ကုန်ကြမ်းရှိ နေရင် နောက်လည်း စီစဉ်ပေးဖို့ ရှိပါတယ်။ လောလောဆယ် နယ်စပ်ကလည်း ကားအစီး ၅၀ လောက် ဝင်တယ် ဆိုတော့ လေယာဉ်က စရိတ်စက ကြီးတော့ တချို့က ကျတော့လည်း ကုမ္ပဏီတွေနဲ့ ညိုရမယ်။ Cargo ၁ စီးစာ ပြည့်တယ်ဆိုရင် လွတ်ပေးမှာပေါ့။ တန်ချိန်ပြည့်မှ စရိတ်က ကိုက်မှာလေ။ အဲဒီလို လုပ်ရမှာတွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အထည်ချုပ် လုပ်ငန်းရှင်များ၏ လတ်တလော လိုအပ်ချက်မှာ ကုန်ကြမ်း ပိတ်လိပ်များ ဖြစ်သော်လည်း အဓိက ဝယ်လက် ဖြစ်သော ဥရောပ နိုင်ငံများတွင် COVID-19 ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသဖြင့်လည်း နောက်ပိုင်းတွင် ကုန်အမှာစာများ လျော့ကျသွားမည့် အခြေအနေကို စိုးရိမ်ရကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။

ဆက်လက်ပြီး ရုံးအဖွဲ့မှူး ဦးခင်မောင်ဦးက “အမှာစာတွေတော့ လျော့သွားနိုင်တဲ့ အလားအလာ ရှိတယ်။ အော်ဒါတွေတော့ လောလောဆယ် ရှိနေသေးတယ်။ လက်ဝါး အထည်ချုပ် ဆိုရင် သူက စက်ရုံ ၃ ရုံရှိတယ်။ တရုံရပ်သွားတာက ဥရောပ အမှာ ရပ်လို့ စက်ရုံ ရပ်သွားရတာ”ဟု ရှင်းပြ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ် စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး လုပ်သားဦးရေ ၅ သိန်းကျော်အထိ ရှိကာ လက်ရှိ COVID-19 ဂယက်ကြောင့် အထည်ချုပ်ကုန်ကြမ်းများ ပြတ်လပ်ကာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၀ ခန့် ရပ်နား ထားရကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က “အခု လေယာဉ်နဲ့ လာတဲ့ ကုန်ကြမ်းတွေက စက်ရုံ ၁၁ လောက်ဆိုတော့ တော်တော် ထိန်းထားနိုင်ပါတယ်။ ပိတ်သွားတဲ့ ဟာတွေကိုလည်း ကျနော် တို့က အဖြေရှာပေးရမှာပေါ့။ အခု အော်ဒါတွေကို Cancel လုပ်တာ ရှိတယ်။ ဥရောပမှာ ကုန်တိုက်တွေ ပိတ်တာ ရှိတယ်။ မြန်မာပြည်မှာရှိတဲ့ တရုတ်ကုန်သည်အသင်းနဲ့ ကျနော်တို့ တွေ့တယ်။ သူတို့ကတော့ ကုန်ကြမ်း ပြတ်တာ မဖြစ်တော့ဘူး ပြောတယ်။ သူတို့လည်း စိတ်ပူတာက ဟိုဘက်က ဈေးကွက်ပေါ့။ ဘယ်လို ရှိမလဲ”ဟု ပြောသည်။

ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် CTUM က ညိုနှိုင်း ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

စက်ရုံပိတ်သိမ်းမှုများကို ယာယီပိတ်သိမ်းမှု အပါအဝင် နေ့စဉ် အခြေအနေများကို စာရင်းကောက်ယူခြင်းများကို DICA က စတင် လုပ်ဆောင်နေကြောင်း၊ COVID-19 ကြောင့် မြန်မာ့ စီးပွားရေးထိခိုက်မှု နည်းစေရန် အတွက်လည်း အခွန် သက်သာခွင့် ပေးခြင်း၊ ဘဏ်အတိုးနှုန်း ချပေးခြင်း၊ ချေးငွေထုတ်ပေးတို့ကို အသေးစိတ် ညိုနှိုင်း ဆောင်ရွက်နေကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီမှ သိရသည်။

You may also like these stories:

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

လှိုင်သာယာအထည်ချုပ်စက်ရုံ ၃ ရုံမှ အလုပ်သမားများအရေး သုံးပွင့်ဆိုင် ဆွေးနွေးမှု မပြေလည်

ဝူဟန်ဗိုင်းရပ်စ်က တရုတ်နှင့် နီးလာမည့် မြန်မာကို စိုးရိမ်စေသည်

ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်

Your Thoughts …
Tags: စက်ရုံတရုတ်အထည်ချုပ်လုပ်ငန်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
မြန်မာ့မီးရထားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဘာတွေပြုလုပ်နေပြီလဲ (ရုပ်/သံ)

မြန်မာ့မီးရထားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဘာတွေပြုလုပ်နေပြီလဲ (ရုပ်/သံ)

မန္တလေးတွင် ကုန်ဈေးနှုန်းမတက်ရေး စားသောက်ကုန်များ သက်သာဈေးဖြင့် ရောင်းချပေး (ရုပ်/သံ)

မန္တလေးတွင် ကုန်ဈေးနှုန်းမတက်ရေး စားသောက်ကုန်များ သက်သာဈေးဖြင့် ရောင်းချပေး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved