• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတိုင်းအတွင်း EMP တင်ပြနိုင်ခြင်း မရှိသော စက်ရုံများကို ပိတ်သိမ်းမည်

by ဒီလှိုင်းဝင်း
12 January 2020
in သတင်း
A A
မန္တလေးမြို့   / ဇော်ဇော် / ဧရာဝတီ

မန္တလေးမြို့ / ဇော်ဇော် / ဧရာဝတီ

8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီးအတွင်း ဦးစားပေး စက်မှုကဏ္ဍများအောက်ရှိ စက်ရုံ၊ အလုပ်ရုံများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပတ်ဝန်း ကျင်ဆိုင်ရာ စီမံခန့် ခွဲ့ မှု EMP (Environmental Management Plan) ကို သတ်မှတ်ကာလ အတွင်း တင်ပြနိုင်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံများအား ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ရန် ညွှန်ကြားရခြင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအတွက် များစွာ အထောက်အကူ ဖြစ်နိုင်သောကြောင့် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာ၌ ဥပဒေစည်းကမ်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ် က “စက်မှုကဏ္ဍအောက်က လုပ်ငန်း ၉ မျိုးကို ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲ့မှု EMP အစီအစဉ်ကို ရေးဆွဲတင်ပြဖို့ ညွှန်ကြား ထားတယ်၊ ညွှန်ကြားချက်မှာပါတဲ့ သတ်မှတ်ရက်အတွင်း စက်ရုံလုပ်ငန်းတွေက ရေးဆွဲထားတဲ့ EMP Plan ရေးဆွဲဖို့အတွက် သက်ဆိုင်ရာဌာနနဲ့လည်း ပူးပေါင်းမှုမရှိဘူး၊ EMP Plan လည်းလုံးဝရေးဆွဲဖို့ မလုပ်ရင်တော့ မလုပ်တဲ့ စက်ရုံ၊ အလုပ်ရုံကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေလုပ်သွားမယ်” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဦးစားပေးစက်မှုကဏ္ဍ ၉ ခုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများကို ပတ်ဝန်းကျင်ဆိုင်ရာ စီမံ ခန့်ခွဲ့မှု EMP(Environmental Management Plan) ရေးဆွဲတင်ပြရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အချိန်တနှစ် ပေးခဲ့သော်လည်း တင်ပြနိုင်ခြင်းမရှိသည့် စက်ရုံအများအပြား ကျန်ရှိနေခြင်းကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထိ ၆ လသက်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ တင်မင်းမောင် က “တိုင်းအတွင်းမှာ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို EMP တင်ပြဖို့ သက်တမ်း ၆ လ ထပ်တိုးပေးထားပါတယ်၊ သတ်မှတ်ရက် အတွင်းမှာ စက်ရုံ၊ အလုပ်ရုံတွေက ရေးဆွဲထားတဲ့ EMP Plan တင်ပြရမယ်ဆိုပေမယ့် ကျနော်တို့ ဌာနနဲ့ ပူးပေါင်းပြီး Third Party နဲ့စာချုပ်ချုပ်ပြီး Plan ရေးဆွဲနေကြောင်း တရားဝင်တင်ပြရင် အရေးယူ ဆောင်ရွက်မှု မလုပ်ဘဲ ဆက်စောင့်ပေးမှာပါ၊ ဒါကို တင်ပြဖို့ ကျန်သေးတဲ့ စက်ရုံတွေ ရှိနေခဲ့ရင် အဲဒီစက်ရုံတွေကို သက်တမ်း ပြည့်ရင် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်” ဟု ပြောသည်။

EMP ရေးဆွဲနိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ဖော်ပြပေးထားသည့် အဖွဲ့ ၃၇ ဖွဲ့၊ တသီးပုဂ္ဂလ ၁၄၂ ဦးတို့ဖြင့် ချိတ်ဆက် ရေးဆွဲနိုင်ရန် ဆောင်ရွက်ပေးထားပြီး လုပ်ငန်းတူများ စုပြီး အုပ်စုလိုက် ရေးဆွဲမည် ဆိုလျှင် ကုန်ကျစရိတ် သက်သာမည့်အပြင် အမြန်ဆုံး ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ တင်မင်းမောင် က “အားလုံး EMP Plan ရေးဆွဲရမှာ ဖြစ်တာကြောင့် ဌာနအနေနဲ့ လေတိုင်းတာတာ၊ မြေတိုင်းတာတွေမှာ ကူညီ လုပ်ပေးနေပါတယ်၊ လုပ်ငန်းအားလုံးကို EMP Plan ရေးဆွဲဖို့ Third Party နဲ့ချိတ်ဆက်ပေးထားတယ်၊ ကြပ်မတ်တာတွေလည်း လုပ်ပေးနေတဲ့အပြင် EMP ရေးဆွဲလုပ်ကိုင်ဖို့ ဘာတွေလုပ်ရမယ် ဆိုတာကိုလည်း စစ်ဆေးတာတွေ လုပ်ပေးနေပါတယ်” ဟု ပြောသည်။

ဦးစားပေးစက်မှုကဏ္ဍ ၉ ခုအောက်တွင် အရက်၊ ဘီယာ၊ ဝိုင် ချက်လုပ်ခြင်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ ပိုးသတ်ဆေး အမျိုးမျိုး ထုတ်လုပ်ဖော်စပ်ခြင်းနှင့် ထည့်သွင်း ထုတ်ပိုးခြင်း၊ ဘိလပ်မြေနှင့် ထုံးထုတ်လုပ်ခြင်း၊ အဝတ်အထည်နှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ သတ္ထုအရည်ကျို ပုံလောင်းခြင်း လုပ်ငန်း၊ ပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်း၊ သားရေနယ်စက်ရုံ၊ သကြားစက်ရုံတို့ ပါဝင်ကြောင်း သိရသည်။

ယင်းစက်မှုကဏ္ဍ လုပ်ငန်း ၉ မျိုးကို ညွန်ကြားချက် ထုတ်ပြန်ပေးထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ ၄၂၊ နည်းဥပဒေခွဲ (ခ) ပါ ပြဌာန်းချက်အရ စွန့်ပစ်ပစ္စည်း သန့်စင်ရေးအတွက် Pre-Treatment Plant စက်ရုံ၊ စခန်းများကို တနှစ် အတွင်း အပြီးတည်ဆောက်ရမည်ဖြစ်ပြီး တည်ဆောက်ခြင်း မရှိပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒအတိုင်း အရေးယူ ဆောင်ရွက်ခြင်းများကို ပြုလုပ်သွား မည်ဟု သိရသည်။

ဦးမျိုးသစ်က “Pre- Treatment Plant မဆောက်ခဲ့ဘူးဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒအတိုင်း လုပ်ငန်းရပ်ဆိုင်းတာ၊ စက်ရုံပိတ် သိမ်းတာ၊ အမှုစွဲတင်တာ လုပ်ဆောင်မယ်၊ ခုလို ထုတ်ပြန်လို့ လိုက်နာကြတာတွေ တော်တော်များများ ရှိလာတာက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် အားရှိစရာဖြစ်တယ်၊ ဒါပေမယ့် ကျန်နေတာတွေလည်း ကျန်နေသေးတယ်၊ လက်ရှိမှာတော့ သားရေနယ် လုပ်ငန်းအစုတွေက ဒိန်းမတ်နိုင်ငံရဲ့ အကူအညီနဲ့ ရေဆိုးသန့်စင် စက်ရုံတည်ဆောက် နိုင်ခဲ့တာရှိတယ်” ဟု ဆက်လက်ပြောသည်။

စက်မှုကဏ္ဍ လုပ်ငန်း ၉ မျိုးတွင် သတ္ထုအရည်ကျိုလုပ်ငန်းမှာ ၁၀၀ ကျော်ဖြင့် လုပ်ငန်းအများဆုံးဖြစ်ပြီး သားရေနယ် လုပ်ငန်းမှာ ၅၆ ခုရှိနေခြင်းကြောင့် ဒုတိယအများဆုံးဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများတွင် ပါဝင်သည့် လုပ်ငန်း အရွယ်အစား အားလုံး EMP Plan ရေးဆွဲရမည်ဖြစ်ရာ လုပ်ငန်းအသေးများ အနေဖြင့် EMP Plan ရေးဆွဲရန် အခက် အခဲများရှိနေကြောင်း သိရသည်။

သားရေနယ်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် တဦးက “EMP Plan ရေးဆွဲရာမှာက လုပ်ငန်းအကြီး၊ အသေးအားလုံး ဆိုတော့ လုပ်ငန်းအသေးတွေ အနေနဲ့ ကုန်ကျစရိတ် တွေကြောင့် ကြန့်ကြာနေတာလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံတွေ ရေးဆွဲဖို့တော့ လိုအပ်ပါတယ်၊ လုပ်ငန်းအသေးတွေ အတွက်ကို သက်ဆိုင်ရာကလည်း ဘယ်လိုပံ့ပိုး ကူညီပေးနိုင်မလဲ ဆိုတာကို အဖြေရှာပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသည် ၂၀၁၅ ခုနှစ်က အပြီးသတ်ထွက်ရှိခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်း ဥပဒေ ၅၅ ပါ ပြဌာန်းချက်အရ နိုင်ငံတဝှမ်းလုံး တည်ထောင် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (သို့) ကနဦး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြန်ရခြင်းဟု သိရသည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံလုပ်ငန်းရှင်များ အသင်းမှ ဦးဝင်းဌေး က “ကျနော်တို့ အစက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေကို မသိခဲ့ဘူး။ အခုနောက်ပိုင်းမှာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကဏ္ဍအတွက် ဘာတွေလိုအပ်တယ်၊ ဘယ်လိုတွေလုပ်ရမယ် ဆိုတာတွေကို သိလာရတော့ အဲဒီအတိုင်း လုပ်ဆောင်နေပါတယ်။ အခုဆိုရင် အစိုးရကလည်း ညွှန်ကြားချက်ထုတ်ပြန်ပြီး လုပ်ဆောင်ခိုင်းတာ အလွန်ကောင်းပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၈ ထောင်ခန့်ရှိပြီး မန္တလေးခရိုင် အတွင်းမှာပင် လုပ်ငန်း ၅ ထောင်ကျော်ဖြင့် အများဆုံးရှိနေသလို မန္တလေးစက်မှုဇုန် အတွင်း၌ စက်မှုလက်မှု လုပ်ငန်းကြီး ၃၈၉ ခု၊ လုပ်ငန်းလတ် ၃၁၇၊ လုပ်ငန်းသေး ၄၉၈ ခုရှိကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ စာရင်းများအရ သိရသည်။

ယခင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အားနည်းခဲ့ခြင်းများကြောင့် ကမ္ဘာတဝှမ်းလုံး၌ ရာသီဥတု ဖောက် ပြန်ပြောင်းလဲပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နေရကြာင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ရာသီဥတု ဖောက်ပြန်ပြောင်း လဲလာခြင်းများနှင့်အတူ လူတို့၏ ဖန်တီးမှုများကြောင့် ဂေဟစနစ်များ ပျက်ဆီးကာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက် ဆီးမှုများရှိနေသဖြင့် ဝိုင်းဝန်းထိန်းသိမ်းလုပ်ဆောင်သင့်ကြောင်း သိရသည်။

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

အောင်သပြေဖြစ်စဉ်မှ တရားရှင်လွတ်မြောက်လာသူက စက်ရုံမန်နေဂျာကို တရားပြန်စွဲမည်

မန္တလေးတိုင်း SME ဖွံ့ဖြိုးရေး ကဏ္ဍ ၇ ရပ် အခြေခံ ရေးဆွဲထား

မြန်မာ့ ရေအားလျှပ်စစ် မူဝါဒကို တရုတ်နဲ့ရေးနေတယ် ဆိုပါလား

Your Thoughts …
Tags: EMPစက်ရုံပိတ်သိမ်းခြင်းမန္တလေး
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
ထိုင်းစတိုင် ငှက်ပျောဖူးသုပ်

ချဉ်ငန်စပ် အရသာနဲ့ ခံတွင်းမြိန်စေမယ့် ထိုင်းစတိုင် ငှက်ပျောဖူးသုပ်

ဦးသိန်းစိန်အစိုးရ လက်ထက် သမ္မတ၏  စီးပွားရေး အကြံပေးလည်း ဖြစ်သူ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက / ဧရာဝတီ

ကျနော်တို့ရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ထိုင်စားတဲ့ စီးပွားရေး ဖြစ်လာနေတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved