• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

နေပြည်တော် စစ်ကြောရေးစခန်းတွင် COVID-19 ကာကွယ်ရန် သီးသန့်စောင့်ကြည့်ထားသူ ၁၀၀ ကျော် ရှိ

by သီဟလွင်
6 April 2020
in သတင်းတို
A A
နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင်ကြည့်ထားသူများ ထားရှိရန် ပြင်ဆင်ထား  / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင်ကြည့်ထားသူများ ထားရှိရန် ပြင်ဆင်ထား / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

33.5k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19 ကာကွယ်ရေး အတွက် စောင့်ကြည့်ရမည့်သူများကို စတင်လက်ခံနေရာ ယနေ့ထိ လူ ၁၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုလူများကို ဧပြီလ ၄ ရက်နေ့မှ စတင် လက်ခံနေခြင်းဖြစ်ကာ အများစုမှာ နယ်စပ်ဒေသများမှ ပြန်လာသူများဖြစ်ပြီး မြဝတီ၊ မူဆယ်၊ တာချီလိတ်၊ ဟိုပန်၊ လောက်ကိုင် အစရှိသည့် မြို့နယ်များနှင့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ပြန်လာသူများ ပါဝင်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “လက်ခံတဲ့အထဲမှာ ကရင်ပြည်နယ်က ပြန်လာတဲ့ အမျိုးသမီး ၁ ဦးက ကိုယ်အပူချိန် မြင့်တက်နေလို့ ဗုဗ္ဗသီရိဆေးရုံကို လွှဲပြောင်း ပေးအပ်ခဲ့တဲ့အတွက် စုစုပေါင်း စောင့်ကြည့်လူနာ ၁၀၁ ဦးကို လက်ခံ ထားရှိပြီး ဖြစ်ပါတယ်” ဟုပြောသည်။

တပ်မတော်က ရန်ကုန်ရှိ စစ်ကြောရေးစခန်းတွင်လည်း COVID-19 စောင့်ကြည့်လူနာများ လက်ခံစောင့်ရှောက်ပေးနေပြီး ရန်ကုန်နှင့်နေပြည်တော် ၂ ခုပေါင်း လူဦးရေ ၂၃၀ ခန့်ကို ကျန်းမာရေး စောင့်ရှောက်ပေးနေကြောင်း သိရသည်။

COVID-19 စောင့်ကြည့် ကာကွယ်ရန် ရန်ကုန် စစ်ကြောရေးစခန်းတွင် လူနှစ်ထောင်ခန့်အတွက် နေရာထိုင်ခင်းများ စီစဉ်ထားပြီး၊ နေပြည်တော် စစ်ကြောရေး စခန်းတွင်မူ လူတသောင်းခွဲအထိ ထားရှိ စောင့်ရှောက်ရန် အသင့်ဖြစ်နေပြီဟု ဗိုလ်ချုပ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်က အများပြည်သူနှင့်သက်ဆိုင်သော ရုံး၊ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အဦများကို ပိုးသတ်ဆေးဖျန်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလို ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့များကိုလည်း ကျန်းမာရေးစစ်ဆေးခြင်း၊ ကြိုတင် ကာကွယ်ရေး သရုပ်ပြခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ဆိုသည်။

တပ်မတော်အတွင်းတွင်မူ COVID ရောဂါပိုးတွေ့ရှိသူမရှိသေးဘဲ၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ၊ ၎င်းတို့နှင့် ထိတွေ့သူများကို စောင့်ကြည့်လူနာ အဖြစ်ထားရှိထားပြီး အရေအတွက်အားဖြင့် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင် စုစုပေါင်း ၄၃ ဦးရှိကြောင်း မတ်လကုန်ပိုင်းက တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် အစိုးရနှင့်ပရဟိတ ပူးပေါင်းအဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်နေသော စည်ပင်ရိပ်သာ (၁) နှင့် သက်ဆိုင်ရာနယ်မြေအသီးသီးရှိ ဆေးရုံများတွင် ထားရှိသော စောင့်ကြည့်လူနာ ၇၀၀ ခန့်ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၅  ရက်နေ့ ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၁ ဦး၊ သေဆုံးသူ ၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ကာပေါ်ရှိ နိုင်ငံအားလုံးနီးပါးကို ကူးစက်ပျံံ့နှံ့နေပြီး ကမ္ကာနှင့်အဝှမ်းတွင် COVID-19 ကူးစက်ခံရသူ ၁၂ သိန်းကျော်နှင့် သေဆုံးသူ ၆ သောင်း ၉ ထောင်ကျော်ထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
138
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.5k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
894

ဆက်စပ်လင့်

ကျန်းမာရေးပစ္စည်း အဆမတန် ဈေးတင်ရောင်းသူများကို သည်းခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Covid-19 သံသယဖြင့် သွားစစ်ဆေးခဲ့သည့် ရာအိမ်မှူးအိမ် တိုက်ခိုက်ခံရ၊ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

Your Thoughts …
Tags: COVID-19စစ်ကြောရေးစခန်းစောင့်ကြည့်လူနာ
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5.1k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

စစ်ကြောရေးတွင် စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများပြော

စစ်ကြောရေးတွင် စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများပြော

by ဧရာဝတီ
14 August 2025
906

ဖမ်းဆီးထားသူများကို ရာဇဝတ်မှုကျူးလွန်သည့် စစ်တပ်ထိပ်တန်း အရာရှိများအပါအဝင် ကျူးလွန်သူအချို့ကို ဖော်ထုတ်နိုင်သည်ဟု IIMM က ပြောသည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

Next Post
တပ်မတော်က ထုတ်ပြန်ထားသည့် ဖမ်းဆီးရမိသူ AA တပ်ဖွဲ့ဝင် ၄ ဦး / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်တောင်ပိုင်းတွင် AA တပ်ဖွဲ့ ဝင် ၄ ဦး ဖမ်းထားဟု တပ်မတော် ထုတ်ပြန်

COVID- 19 ကာကွယ်ရန် မျက်နှာစည်းများ တပ်ဆင်ကာ သွားလာနေသည့် ရန်ကုန်မြို့တွင်း ခရီးသွားများ / ထက်ဝေ / ဧရာဝတီ

ပြည်တွင်း၌ Mask ထုတ်လုပ်ရန် လုပ်ငန်းရှင်များ စီစဉ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved