လူသား Archives - ဧရာဝတီ https://burma.irrawaddy.com/tag/လူသား Covering Burma and Southeast Asia Sat, 08 Jun 2024 11:41:39 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png လူသား Archives - ဧရာဝတီ https://burma.irrawaddy.com/tag/လူသား 32 32 သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကျရှုံးနေကြပြီလား https://burma.irrawaddy.com/article/2024/06/09/384972.html Sun, 09 Jun 2024 00:30:23 +0000 https://burma.irrawaddy.com/?p=384972 ကျနော်တို့ လူသားတွေက ကြီးကြီးမားမား ပြောင်းလဲမှုသာ မလုပ်ရင် ကမ္ဘာကြီးက ကျနော်တို့ အသက်ရှင်ရေး ထောက်ပံ့ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို…]]>

ကျနော်တို့ ကမ္ဘာကြီးရဲ့ သက်ရှိများအပေါ်မှာ ပံ့ပိုးပေးနိုင်မှုနဲ့ အရင်းအမြစ်များဟာ အကန့်အသတ် အများကြီး ရှိနေပါတယ်။

ဒါပေမယ့် လူသားတွေဟာ ဒီအကန့်အသတ်နဲ့ ပတ်သက်ပြီးတော့ သတိပေးနေတာတွေကို မျက်ကွယ် ပြုနေကြပြီးတော့ စီးပွားရေး ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက်နေကြပါတယ်။

ဒီအကြပ်အတည်းကြီးရဲ့ အမှန်တရားကို သိမြင်နားလည်မှု အလွန်အားနည်းနေပြီးတော့ အရေးပေါ် အခြေအနေမှာ ထိတ်လန့်မှု ကင်းမဲ့ကြတာ သို့မဟုတ် ပြောင်းလဲမှုအတွက် ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို မဆောင်ရွက်ကြတော့ပါဘူး။

ဒီအတိုင်း ဆက်သွားနေရင် မကြာသော အနာဂတ်မှာ လူ့ယဉ်ကျေးမှုကြီး ပြိုလဲသွားနိုင်ပါတယ်။

ကျနော့်ရဲ့ သက်တမ်း အတွင်းမှာတင် သတ္တဝါ မျိုးစိတ်ပေါင်း ၆၀ ရာခိုင်နှုန်း မျိုးတုံးသွားပြီးတော့ ဒီပမာဏဟာ ရှိရင်း ပမာဏထက် ၁၀၀၀ ရာခိုင်နှုန်း ပိုလျင်မြန်နေပါတယ်။

အခုဆိုရင် ကျနော်တို့ရဲ့ မွေးမြူရေးနဲ့ အိမ်မွေး တိရိစ္ဆာန် အရေအတွက်ဟာ တောရိုင်းတိရိစ္ဆာန် အရေအတွက်ထက် အဆပေါင်း ၃၀ ကျော် ပိုများနေပါတယ်။

ကျနော် ငယ်ရွယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို သတိပေးနေကြပြီးတော့ “တိုးတက်မှုကို ကန့်သတ်ရေး” သဘောတရားကို ပြောလာကြပေမယ့် လက်တွေ့မှာတော့ မလုပ်ကြပါဘူး။

၁၉၉၀ ဝန်းကျင်မှာ ကမ္ဘာ့ သိပ္ပံပညာရှင်များက “လူသားမျိးနွယ်သို့ သတိပေးစာ” ကို ပထမအကြိမ်နဲ့ ၂၀၁၇ မှာ ဒုတိယ အကြိမ် ထုတ်ပြန်ခဲ့ကြပါတယ်။

တကယ်လို့ ကျနော်တို့ လူသားတွေက ကြီးကြီးမားမား ပြောင်းလဲမှုသာ မလုပ်ရင် ကမ္ဘာကြီးက ကျနော်တို့ အသက်ရှင်ရေး ထောက်ပံ့ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။

ကျနော့် လူသက်တမ်းအတွင်းမှာ ကာဗွန် ထုတ်လွတ်မှုက နှစ်ဆမက မြင့်တက်လာပါတယ်။ ၁၉၉၂ ခုနှစ်က ကုလသမဂ္ဂ ရဲ့ ဥတုရာသီဆိုင်ရာ ကွန်ဗင်းရှင်း ထုတ်ပြန်ပြီးနောက်မှာ ၆၀ ရာခိုင်နှုန်း တိုးတက်လာတာပဲ ဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာအသုံးပြုမှု ၅ ဆ မြင့်တက်လာပြီးတော့ ကျောက်မီးသွေး အသုံးပြုမှု ၈၀ ရာခိုင်နှုန်း တိုးတက် လာပါတယ်။

အန္တာတိကရဲ့ ရေခဲတွေဟာ ငယ်ငယ်ကထက် ၆ ဆပိုပြီး လျင်မြန်စွာ အရည်ပျော်နေပြီးတော့ အာတိတ် သမုဒ္ဒရာက ရေခဲ ၉၅ ရာခိုင်နှုန်း အရည်ပျော်သွားပါတယ်။

နည်းပညာအရ ဖြေရှင်းမှုတွေအတွက် အကောင်းမြင်ကြပေမယ့် ပြည့်ဖြိုးမြဲ စွမ်းအင်က ကျနော်တို့ အသုံးပြုနေတဲ့ စွမ်းအင် စုစုပေါင်းရဲ့ အလွန်သေးငယ် ပမာဏကိုသာ ဖြည့်တင်း ပေးနိုင်ပါသေးတယ်။

ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ အခြားစွမ်းအင်တွေကို အစားမထိုးနိုင်သေးတဲ့ အပြင် ရုပ်ကြွင်းလောင်စာတွေကို ပိုပြီးတော့တောင် အသုံးချလာကြပါတယ်။

၂၀၅၀ အထိ မျော်လင့်ချက် ထားနိုင်ဖို့ဆိုရင် တနှစ်ကို ကာဗွန်ထုတ်လွတ်မှု ပမာဏ ၆ ရာခိုင်နှုန်း အထိ လျှော့ချဖို့ လိုပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ GDP ကို ၆ ရာခိုင်နှုန်း လျှော့ချရမှာ ဖြစ်ပါတယ်။

စီးပွားရေး ပညာရှင်တွေ အတွက် ဒါဟာ လက်ခံနိုင်စရာ ပမာဏ မဟုတ်ပါဘူး။ ဒါဆို ကျနော်တို့ ပြိုလဲမှုကို ရှောင်လွှဲလို့ မဖြစ်နိုင်တော့ဘူးလား။

ပြောင်းလဲမှုကို လုပ်ကြတာမှာ ကျနော် တွေ့သလောက်ကတော့ ပြောင်းလဲမှု အကြောင်းကို စကားကြီး စကားကျယ် ပြောကြတာပါပဲ။

ရုပ်ကြွင်းလောင်စာ လျှော့ချရေး နိုင်ငံတကာ အစည်းအဝေးတွေ၊ စာချုပ်တွေ မိုးမွန်အောင် ချုပ်ဆို ဆွေးနွေးကြပါတယ်။

ဒါပေမယ့် ဖန်လုံအိမ် ဓာတ်ငွေ့က ပိုတိုးလာနေပါတယ်။ သဘောတူညီချက်တွေက ကောင်းပေမယ့် အသက်ဝင်အောင် မလုပ်နိုင်ကြပါဘူး။

နှစ်သန်းပေါင်း များစွာ သိုမှီးထားတဲ့ ရုပ်ကြွင်းလောင်စာတွေကို နှစ်ရာပေါင်း အနည်းငယ်အတွင်းမှာ ကုန်အောင် သုံးခဲ့ကြ ပါတယ်။

ကမ္ဘာကြီးမှာ နှစ်စဉ် လူပေါင်း သန်း ၉၀ တိုးပွားနေပါတယ်။ ပါးစပ်ပေါက် သန်း ၉၀ တိုးလာတာ ဖြစ်ပြီးတော့ သူတို့ စားသောက်ဖို့ စွမ်းအင် ပိုမိုလိုအပ်လာပါတယ်။

တကယ်လို့ ရုပ်ကြွင်းလောင်စာကို ဖယ်ထုတ်လိုက်ရင် လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ အသက်ရှင်ရေးကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်တော့ပါဘူး။

ရုပ်ကြွင်းလောင်စာများဟာ နှစ်သန်းပေါင်း များစွာ အားသွင်းထားရတဲ့ ဘက်ထရီတွေနဲ့ တူပါတယ်။ ဒါကို ဆယ်စုနှစ် အနည်းငယ်အတွင်း အသုံးချလိုက်ကြရပါတယ်။

ကျနော် သိလာတာကတော့ အခြေအနေ ဘယ်လောက် ဆိုးနေတယ် ဆိုတာကို လူတွေသေချာ နားမလည်ကြသေးဘူး ဆိုတာပါ။

ဒါကြောင့်ပဲ နိုင်ငံရေးသမား ဆိုသူတွေ၊ မူဝါဒ ရေးဆွဲသူတွေဟာ ပြောင်းလဲမှု လုပ်ဖို့ကို ရှောင်ရှားကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီလိုအပြောင်းအလဲတွေ လုပ်ရင် သူတို့ရဲ့ မဲတွေ ရှုံးတော့မှာပေါ့။ မဲဆန္ဒရှင်တွေက အရေးပေါ် အခြေအနေ ဖြစ်နေတာကို မသိကြသေးဘူးလေ။

ဒါကြောင့် သတင်း အချက်အလက်တွေကို ပိုပြီးပေးကြဖို့၊ ဒီအခြေအနေကို နားလည်လာအောင် ပိုပြီးတော့ ထုတ်ပြော ကြဖို့ပဲ တိုက်တွန်းကြဖို့ ရှိနေပါတယ်။ ။

Victoria University of Wellington ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပညာရှင် Professor Dr Mike Joy ၏ Our ongoing failure to save ourselves from environmental disaster ကို အမှီပြု တင်ဆက် ထားပါသည်။

(ဤစာစုကို စိမ်းလန်း ခါကာဘို (Green Khakabo) သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မဂ္ဂဇင်း (၂၀၂၂ စက်တင်ဘာ ၁၁) မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ယန္တရား အသစ် https://burma.irrawaddy.com/article/2024/03/03/380390.html Sun, 03 Mar 2024 01:00:28 +0000 https://burma.irrawaddy.com/?p=380390 အလှကို ခံစားတတ်အောင်၊ လောကကို ချစ်တတ်အောင်၊ လောဘ၊ ဒေါသကို နုံ့စေမည့် သင်ရိုး ညွှန်းတမ်းများ၊ ဘာသာရပ်များကို အားစိုက် ခွန်စိုက် လုပ်ကြမှသာလျှင် ပျော်စရာကောင်းသော၊ နေချင့်စဖွယ် ရှိသော… ]]>

သိပ္ပံ၏ ကျေးဇူး

ဘာသာစကားကို တွေ့လိုက်ခြင်းသည် လူသားတို့၏ လောကကို တဆင့် မြှင့်လိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထို့အတူ စက်ဝန်းဘီးကို တွေ့လိုက်ခြင်းသည်လည်း လူ့လောကကြီးကို နောက်တဆင့် ပြောင်းလဲ တိုးတက်လာစေသည် ဟု ဆိုကြပြန်ပါသည်။

ကျနော်တို့ မျက်မှောက်ခေတ်ကို ကြည့်ပြီး ပြောလိုက်ရလျှင်တော့ ကွန်ပျူတာကို တွေ့လိုက်ခြင်းသည် နောက်တဆင့် တက်သွားစေပြန်သည်ဟု ပြောရတော့မည် ထင်မိသည်။

ကွန်ပျူတာ၏ စွမ်းရည်သည် နောက်ထပ်မည်မျှထိအောင် မြင့်တက်လာဦးမည်၊ ကွန်ပျူတာကြောင့် လူ့လောကကြီး မည်သို့ အပြောင်းအလဲတွေ ဖြစ်လာဦးမည်ကို သိပ္ပံပညာရှင်များပင် မှန်းဆလို့ မရနိုင်အောင် ရှိနေသည်ဟု ပြောကြသည်။

ကွန်ပျူတာ ဆိုသည်ကလည်း သူ့ဘာသာသူ သန့်သန့်လေး ပြောင်းလဲ တိုးတက်နေတာမျိုး မဟုတ်။

သူ့ကို အမှိပြုပြီး အခြား ကိစ္စအရပ်ရပ်ကို ပြောင်းလဲ တိုးတက်သွားအောင်၊ စွမ်းရည် မြင့်တက်အောင် လုပ်ဆောင်ပေးသော ပစ္စည်း ဖြစ်လေရာ ကမ္ဘာကြီး တခုလုံး ရှေ့လျှောက် ဘာတွေ ပြောင်းလဲကုန်ဦးမည်ကို စိတ်ကူး မြင်ယောင်လို့ပင် မရနိုင်အောင် ဖြစ်နေလေတော့သည်။

ရှေးလူ ခေတ်လူ

ခက်နေသည်က လူတွေ လုပ်လိုက်သော ပစ္စည်းတွေက တဆင့်ပြီး တဆင့် ပြောင်းလဲ တိုးတက် လာသော်လည်း လူတွေရဲ့ သဘာဝက ကမ္ဘာဦးက အတိုင်း ကျန်နေရစ်ခဲ့ခြင်း ဖြစ်သည်။

ဝိဇ္ဖာ၊ သိပ္ပံ စသော ပညာရပ်တွေမှာတော့ ရှေ့လူတွေ တွေ့ရှိခဲ့ပြီးကို အခြေခံပြီး နောက်တဆင့် ထပ်မံ တိုးတက်အောင် ကြံစည်လို့ ဖြစ်နိုင်သည်။

သမိုင်း ဘာသာရပ်ကို လေ့လာပြီ ဆိုလျှင် ရှေ့သွား သမိုင်းပညာရှင်များ၏ တွေ့ရှိချက်ကို အခြေခံပြီး နောက်ထပ် သုတေသန ပြုလုပ်နိုင်သည်။

ပုဂံခေတ် အကြောင်းကို လေ့လာ သုတေသန ပြုတော့မည် ဆိုလျှင် စာကြည့်တိုက်သို့ သွားပြီး ပုဂံခေတ် ဆိုင်ရာ စာအုပ် စာတမ်းတွေကို အခြေခံအဖြစ် လေ့လာနိုင်သည်။ ပြီးမှ နောက်တဆင့် တက်ပြီး ကြံစည် ပြုစုနိုင်သည်။

ထို့အတူ သိပ္ပံပညာ ဘက်တွင်လည်း အက်ဒီဆင် တွေ့ခဲ့သော လျှပ်စစ် မီးလုံးကို အခြေခံပြီး မီးချောင်းတွေ၊ မီးဝိုင်းတွေ၊ မျက်တောင်ခတ် မီးတွေ စသည်အားဖြင့် အမျိုးမျိုး ထွင်လိုက်နိုင်သည်။

ခက်နေသည်က လူပဲ ဖြစ်သည်။ ဘယ်သူ့ ဘဝ မဆို အစကချည်း ပြန်ပြန်စနေရသည်။ မွေးလာလိုက်ပါပြီ ဆိုလျှင် ကမ္ဘာဦးက လူအတိုင်းပဲ မွေးလာရတော့သည်။ ဘာမျှ ထူးထူးခြားခြား ပါမလာ။

နောက်မှ ပတ်ဝန်းကျင်အလျောက် တိုးတက် သယောင်ယောင် ဖြစ်လာသည်။ ဒါမှာလည်း နေပုံထိုင်ပုံတွေ လောက်ကိုသာ ပြောနေရခြင်း ဖြစ်သည်။

မွေးကတည်းက တထွေးကြီးပါလာသော လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေကတော့ ကမ္ဘာဦး လူသားနှင့် ဘာမျှ မထူးဟု ဆိုရတော့မည် ဖြစ်သည်။

လူသား တဦးက တဦးကို၊ လူအုပ်စု တစုက နောက်တစုကို လွှမ်းမိုးလိုခြင်း၊ ဗိုလ်ကျလိုခြင်း၊ တဦး ပစ္စည်းကို တဦးက အနိုင် အထက် လုယူလိုခြင်း စသည်တို့မှာ ကမ္ဘာဦး ကျောက်ခေတ် လူသားနှင့် ဘာမျှ မခြားဟုသာ ဆိုလိုက်ချင်မိတော့သည်။

ကမ္ဘာဦးကတော့ တယောက်နှင့် တယောက် တိုက်ကြခိုက်ကြပြီ ဆိုလျှင် ကျောက်ခဲနှင့် ပစ်ကြပေလိမ့်မည်။ အခုတော့ ဒုံးတွေ၊ ဗုံးတွေနှင့် ပစ်ကြသည်။

လူလုပ် ပစ္စည်းတွေက တိုးတက်လာသလောက် လူကလိုက်ပြီး မတိုးတက်နိုင်လေတော့ ကမ္ဘာကြီး တခုလုံးတွင် ဝုန်းဒိုင်း ကျဲနေသော အသံကို တရံမပြတ် ကြားနေရတော့သည်။

လူသား မြှင့်တင်ရေး

တခါ ဖတ်ခဲ့ဖူးသော ဟာသကလေးကို ပြန်ပြီး သတိရနေမိသေးသည်။

လူသားစား လူရိုင်းတဦးကို လူသားအချင်းချင်း သတ်စားသည်မှာ ရိုင်းလှကြောင်း ပြောပြတော့ ထိုလူက မင်းတို့လည်း စစ်တွေ ဘာတွေ ဖြစ်တော့ တဦးကိုတဦး သတ်တာပါပဲ။

ဘာထူးသလဲဟု ပြန်ပြောသည်။

ဒီတော့ ငါတို့က သတ်ပေမယ့် အသားကို မစားဘူးဟု ပြောသည်။

ဒီတော့ လူရိုင်းက “ဟ ငါတို့က အသားစားဖို့လို့ သတ်တာ၊ မင်းတို့က အသားလည်း စားတာမဟုတ်ဘဲနဲ့ ဒီအတိုင်း သက်သက်မဲ့ လိုက်သတ်နေတာ၊ ဒီထက် ရိုင်းတာ ဘာရှိသေးလဲ” ဟု ချေပလေသည်။

ထိုချေပချက်မှာ ဟာသဟု ဆိုလိုက်ရသော်လည်း စဉ်းစား ဆင်ခြင်စရာတွေ ပါနေကြောင်း စာဖတ်သူ သတိထားမိ ပါလိမ့်မည်။

သမိုင်းတလျှောက်တွင် လူသားကို တိုးတက်လာအောင် “လူသားမြှင့်တင်ရေး” လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ပါ၏။

ထင်ထင်ရှားရှားကို ပြောလိုက်ရလျှင်တော့ ဗုဒ္ဓ မြတ်ရှင်လို၊ ခရစ်တော်လို သူတော်စင် ဘာသာရေး ခေါင်းဆောင်များပင် ဖြစ်ပါသည်။

ထိုထိုသော ပုဂ္ဂိုလ်တို့သည်ကား ပစ္စည်း တိုးတက်ရေး မဟုတ်၊ တိုးတက်သော လူသား ဖြစ်မြောက်ရေး အတွက် မီးကုန် ယမ်းကုန် ဆောင်ရွက်သော သူများ ဖြစ်ကြပါပေသည်။

သို့သော် ဖြစ်လာခဲ့ရပုံက သိပ္ပံ၏ တွေ့ရှိချက်များသည် ဘာသာရေး ဟူသမျှ၏ အခြေကို လိုက်နှဲ့နေသကဲ့သို့ ဖြစ်လာရပြန်လေသည်။

ငရဲပြည်၊ နတ်ပြည် ဆိုတာ၊ အဘ ဘုရားသခင်၊ ကောင်းကင်ဘုံ ဆိုတာတွေကို သို့လော သို့လော ဖြစ်လာကြပြန်သည်။

ဒီကြားထဲတွင် သိပ္ပံဖြင့် ထုတ်သော ပစ္စည်း လက်နက်တွေကို သုံးပြီး ဘာသာရေး စစ်ပွဲကိုတောင် တိုက်ကြခိုက်ကြ သေးသည် ဆိုလိုက်တော့ “ဘယ်လိုတွေ ဖြစ်ကုန်တာလဲဟ” ဟု မျက်စိလည်စရာပင် ဖြစ်လာပြန်တော့သည်။

သိပ္ပံ သိပ္ပံ ဟု ပြောနေရသော်လည်း၊ သိပ္ပံ၏ တွေ့ရှိချက်ကို တန်ဖိုး ထားနေရသော်လည်း သိပ္ပံပညာရှင်ကြီးများ ကိုယ်တိုင် ကပင်လျှင် “ယနေ့ သိပ္ပံပညာ၏ တွေ့ရှိချက်များသည် တဧကလောက် ရှိသော လယ်ကွက်ထဲ ကျနေသည့် ပဲစေ့ တစေ့ ပမာဏမျှသာ ရှိသေးသည်” ဟု ဆိုလိုက်ပြန်တော့ ဘာကို ဆက်ပြီး တွေးလိုက်ရမှန်းကို မသိတော့။

ယန္တရား အသစ်

တခု ရှိသည်က သိပ္ပံကို အခြေခံသော အယူဝါဒများက ဘာသာရေးကို လုံးဝ ပစ်ပယ်လိုက်သော်လည်း ဘာသာရေး ကဲ့သို့ ခွန်အားကောင်းသော “ပုထုဇဉ် ထိန်းသိမ်းရေး” ယန္တရား တခုခုကို လုပ်မပေးနိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သူတို့၏ လူ့အဖွဲ့အစည်း ကြီးကြီးငယ်ငယ် တို့သည်လည်း ဖရိုဖရဲ ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေသည်။

လာမည့် ရာစု ခေတ်တွင် လူသား အားလုံးသည် သိပ္ပံ ရှာဖွေမှုများကို အာရုံ စိုက်ခြင်းထက် သိပ္ပံက ပေးလိုက်သော ပစ္စည်းများကို မည်သို့ သုံးစွဲကြမည်ကို အလေးအနက် စဉ်းစားကြရတော့မည် ဖြစ်သည်။

လူသည် မွေးလာရာတွင် ကမ္ဘာဦး လူနှင့်မခြား လောဘ၊ ဒေါသ၊ မောဟတွေ တထွေးကြီး ပါလာခဲ့သည်ဟု အထက်တွင် ဆိုခဲ့ပါသည်။

ထိုလူကို သိပ္ပံပညာတွေကိုချည်းသာ ဖိသင်ပေးနေခဲ့လျှင် ကမ္ဘာဦး လူသားကို စွမ်းရည် မြှင့်ပေးနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။

ညာရေးစနစ်က အစ ပြန်လည် သုံးသပ်ကြရတော့မည်ဟု ထင်မိသည်။

အလှကို ခံစားတတ်အောင်၊ လောကကို ချစ်တတ်အောင်၊ လောဘ၊ ဒေါသကို နုံ့စေမည့် သင်ရိုးညွှန်းတမ်းများ၊ ဘာသာရပ်များကို အားစိုက် ခွန်စိုက် လုပ်ကြမှသာလျှင် ပျော်စရာကောင်းသော၊ နေချင့်စဖွယ် ရှိသော လူ့လောကကြီး ဖြစ်လာပေလိမ့်မည်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် ၂၁ ရာစုသည် “ပုထုဇဉ် ထိန်းသိမ်းရေး ယန္တရား”ကို အပြင်းအထန် တီထွင် ဆောက်လုပ်ရမည့် ရာစုကြီးဟု ထင်နေမိပါသည်။ ။

(စာရေးဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “အနာဂတ်ကို မကြောက်နဲ့” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>
မုသားရှာစက် https://burma.irrawaddy.com/article/2024/03/02/380334.html Sat, 02 Mar 2024 01:00:38 +0000 https://burma.irrawaddy.com/?p=380334 “မုသားရှာစက်” ဖြင့် မှတ်တမ်းတင်လိုက်သည့် အခါတွင် အရေပြား၊ နှလုံးခုန်နှုန်း၊ အသက်ရှူသံ စသည်တို့၏ လျှပ်စစ် စီးကြောင်းထဲတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်ဟု ဆိုပါသည်။]]>

မကြာသေးမီတုန်းက ကျနော်သည် မုသားရှာစက် ကိရိယာများနှင့် ပတ်သက်သည့် မဂ္ဂဇင်း၊ ဝတ္ထုများကို ဖတ်ခဲ့ပါသည်။

ဤတွင် ကျနော် လိုက်လံ ရှာဖွေနေသည့် သတင်းကောင်း တခုကို သွားတွေ့ပါသည်။

သူ့စာကို ဖတ်ပြီး ကျနော် နားလည်သည့် အတိုင်း ပြောရလျှင် မည်မျှလောက် သေးငယ်သည့် မုသားပင် ဖြစ်စေ မုသားစကား ပြောတော့မည် ဆိုသည်နှင့် လူ၏ ဦးနှောက်ထဲမှ နက်ရှိုင်းသော တနေရာတွင် မီးခိုးပြ အချက်ပေးသလို အထိတ်တလန့် အချက်ပေးမှု တခုခု ပေါ်ပေါက်လာတတ်ပါသည်။

ဦးနှောက်ထဲတွင် ထိုသို့ အထိတ်တလန့် ဖြစ်မှုမရှိဘဲ မည်မျှသေးငယ်သော မုသားကို ဖြစ်စေ ပြောဆို၍ မရဟု ဆိုပါသည်။

ထိုသို့ ဦးနှောက်ထဲတွင် အထိတ်တလန့် ဖြစ်သွားသည်နှင့် အာရုံကြော တုံ့ပြန်မှုများ ဖြစ်စေ သို့မဟုတ် နျူရို ဟိုမုန်းများ ဖြစ်စေ သို့မဟုတ် နှစ်ခုစလုံး ဖြစ်စေ ပေါ်ပေါက်လာတတ်သည်ဟု ဆိုပါသည်။

ထိုသို့သော တုံ့ပြန်မှုမျိုးကို “မုသားရှာစက်” ဖြင့် မှတ်တမ်းတင်လိုက်သည့် အခါတွင် အရေပြား၊ နှလုံးခုန်နှုန်း၊ အသက်ရှူသံ စသည်တို့၏ လျှပ်စစ် စီးကြောင်းထဲတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်ဟု ဆိုပါသည်။

ဤတုံ့ပြန်မှုများမှာ စိတ်ပင်ပန်း တင်းကျပ်လာလျှင် ဦးနှောက်က ပြုလုပ်လေ့ရှိသည့် တုံ့ပြန်မှုများနှင့် အတူတူပင် ဖြစ်သည်ဟု ဆိုပါသည်။

သို့ဖြစ်လျှင် မုသားပြောခြင်းသည် စိတ်ပင်ပန်းစေသော အရာ ဖြစ်ပါသည်။ ကာကွယ်မှု အတွက် ပြောသည် ဖြစ်စေ၊ သက်သာမှု အတွက် ပြောသည် ဖြစ်စေ၊ အမြတ်အစွန်း ရလိုမှု အတွက် ပြောသည် ဖြစ်စေ၊ ထိုသို့မှ မဟုတ်သေးလျှင် ပျော်ရွှင်မှု သက်သက် အတွက်ပင် ဖြစ်စေ မုသားပြောခြင်းသည် စိတ်ကို တင်းကျပ် စေပါသည်။

မုသား ပြောခြင်းသည် အလွန် သောက ဖြစ်စေသော စိတ်တင်းကျပ်မှု တခုဖြစ်ပြီး ထိုသောကကြောင့် ဗဟို အာရုံကြော ဖွဲ့စည်းမှု စနစ်ကြီးမှ အချက်ပြ လက္ခဏာများသည် တခုပြီးတခု ထွက်လာခဲ့ကာ မိမိခန္ဓာကိုယ်တွင် တခုခု မှားနေပြီ ဆိုသည်ကို သတိပေးနေကြပါသည်။

စိတ်ပညာ သက်သက် အမြင်ဖြင့် ပြောရလျှင်မူ မုသားပြောခြင်းသည် သဘာဝ မကျသော လုပ်ဆောင်မှု တခု ဖြစ်ပါသည်။ ထိုအချက်ကို ဖတ်လိုက်သည့် အခါတွင် ကျနော်သည် အလွန်ကောင်းသည့် သတင်းတခုဟု ယူဆလိုက်ပါသည်။

ဤသည်ကို ထောက်၍ ကျနော်တို့ လူသားသည် လိုအပ်ချက်အရ စာရိတ္တ ရှိသော မျိုးနွယ်တခု ဖြစ်ကြောင်း ထင်ရှားစေပါသည်။

အနည်းဆုံး ကျနော်တို့သည် တယောက်အပေါ်တွင် တယောက် မှန်ကန်မှု ရှိရန် ဇီဝဗေဒ ဆိုင်ရာ နည်းအရ ဖွဲ့စည်း ထားသည်ဟု ကျနော် နားလည်ပါသည်။ သတိပြုရန်မှာ မုသားစကား ပြောခြင်းသည် ကိုယ်ခန္ဓာကို နာကျင်စေခြင်း မရှိပါ။

သင်သည် မုသားစကားများကို နှစ်ပေါင်းများစွာ နေ့ရော ညပါ ပြောနိုင်ပါသည်။ သို့ပြောသည့်တိုင် ခန္ဓာကိုယ်ကို တစုံတခု ပျက်စီး ထိခိုက်မည် မဟုတ်ပါ။

သို့ရာတွင် ထိုသို့ မုသားများကို ပြောနေခြင်းဖြင့် ထိုသို့ ကြိမ်ဖန်များစွာ အကျင့်ပါနေသော မုသားများကို ပြောနေခြင်းသည် ကျနော်တို့၏ ချွေးအိတ်များ၊ ကျောက်ကပ် အနီးမှ အကျိတ်များကို တဖြည်းဖြည်း ပျက်စီးစေသည်ဟု မုသားရှာစက်က အကြောင်းကြားနိုင်ပါသည်။ ထိုမျှမက အခြားသော အစိတ်အပိုင်းများလည်း ပါကောင်း ပါနိုင်ပါသေးသည်။

မုသားစကား ပြောခြင်းသည် မကြာခဏ ခေါင်းကိုက်ခြင်း၊ ခါးဆစ် နာခြင်း၊ ကျောအောင့်ခြင်း စသည့် သာမန် ဖြစ်လေ့ ဖြစ်ထ ရှိသော ရောဂါများ၏ အကြောင်းအရင်း ဟုတ် မဟုတ်ကို ကျနော်တို့ လေ့လာ စူးစမ်းကြည့်သင့် ပါသည်။

လူသည် ပင်ကိုအားဖြင့် အမှန်တရားကို ပြောချင်ပါသည်။ ယင်းမှာ မျိုးရိုးဗီဇထဲတွင် ပါလာသည့် ဇီဝဗေဒ ဆိုင်ရာ လက္ခဏာချက် တခု ဖြစ်ဟန် တူပါသည်။

အတောင်သည် ငှက်၏ မူလပစ္စည်း ဖြစ်သကဲ့သို့ လည်းကောင်း၊ အကြေးခွံသည် ငါး၏ မူလပစ္စည်း ဖြစ်သကဲ့သို့ လည်းကောင်း၊ အမှန်ကို ပြောလိုစိတ်သည် လူ၏ မူလပစ္စည်း ဖြစ်ဖွယ် ရှိပါသည်။

ထိုသို့ အမှန်ကို ပြောလိုသည့်စိတ် တည်းဟူသော မူလပစ္စည်းကြောင့် ကျနော်တို့ နေချင်သော ဘဝမျိုးကို အနီးစပ်ဆုံး ကျနော်တို့ နေနေရခြင်း ဖြစ်ဟန် တူပါသည်။

တနည်း ပြောရဦးမည် ဆိုလျှင် ကျနော်တို့သည် ကျနော်တို့၏ ယဉ်ကျေးမှု ထုံးတမ်း စည်းကမ်းအရ ကလေးဘဝ ကတည်းက အမှန်ကို ချစ်မြတ်နိုးတတ်ရန် နားလည် သင်ကြားခဲ့ကြရပါသည်။

ထိုအတိုင်း မှန်လျှင် တခါတရံတွင် ထိုထုံးတမ်း စည်းကမ်းများ မရှိသော လူ့အဖွဲ့အစည်းမျိုးကို တွေ့ကောင်း တွေ့ပါလိမ့်မည်။ ထိုသို့ လိမ်လည်နေသော အစုသည် အောင်မြင်နေသည် ဟုလည်း ကျနော် မထင်ပါ။

ဇီဝဗေဒ သဘောဖြင့် ပြောရလျှင် ကျနော်တို့ အချင်းချင်း တတ်နိုင်သမျှ လိမ်လည်ခြင်း မပြုဘဲ ထိန်းသိမ်း ချုပ်တည်းရမည့် အကြောင်းတွေ အများကြီး ရှိပါသည်။

ကျနော်တို့သည် ပေါင်းသင်း ဆက်ဆံရေး မျိုးနွယ်တခု ဖြစ်ပါသည်။ အခြားသော ပေါင်းသင်း ဆက်ဆံရေး အင်းဆက် ပိုးမွှားတို့ထက် တဦးကိုတဦး အပြန်အလှန် မှီခိုနေကြရပါသည်။

ကျနော်တို့သည် ပျားတကောင်ထက် ပို၍ အထီးကျန် ဖြစ်သော ဘဝမျိုးကို မနေနိုင်ပါ။ မျိုးနွယ်တခု အနေဖြင့် ကျနော်တို့သည် တဦးနှင့်တဦး အမှီပြု၍ နေကြရပါသည်။

ကျနော်တို့ ဘဝမျိုး တည်ရှိနိုင်ရေး အတွက် အပြန်အလှန် ယုံကြည်မှုသည် အခြေခံ လိုအပ်ချက် တရပ် ဖြစ်ပါသည်။ ထို အပြန်အလှန် ယုံကြည်မှု မရှိလျှင် ကျနော်တို့၏ ဆက်နွှယ်မှုများသည် ပြတ်တောက်သွားမည်သာ ဖြစ်ပါသည်။

မုသားမပြောရန် ချုပ်တည်းရသော ကိစ္စသည် တော်တော် လွယ်သောကိစ္စ ဖြစ်ပါသည်။ တော်တော် နူးညံ့သည့် ကိစ္စလည်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုချုပ်တည်းမှုကို ကျနော်တို့ မသိလိုက်၊ မမြင်လိုက်ကြပါ။

သို့ရာတွင် ကျနော်တို့သည် မုသား ပြောနေကြပါသည်။ ကိုယ့်လိပ်ပြာ ကိုယ်မသန့် ဖြစ်လာသည့် အခါတွင် ကျနော်တို့သည် မုသား ပြောနေခြင်း ဖြစ်ကြောင်း အလိုလို သိလာကြပါသည်။

ယခုမူ ထိုမုသား ပြောခြင်းကို မှတ်တမ်း တင်ပေးမည့် စက်ကိရိယာကလေး တခု ရှိသည် ဆိုသဖြင့် ကျနော် ဝမ်းသာရပါသည်။ ။

(အမေရိကန် သိပ္ပံပညာရှင် စာရေးဆရာ Lewis Thomas ၏ The Lie ကို ပြန်ဆိုသည်။)

(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤ ဘာသာပြန်ဆောင်းပါးကို လင်းဦးတာရာ စာအုပ်တိုက်က ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသော “ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ် (သမိုင်းစကား၊ ပန်းစကား-၂)” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)

]]>
ခွေးတွေကို လူသားတွေရဲ့ မိတ်ဆွေအဖြစ် အသိအမှတ်ပြုပွဲတော် နီပေါနိုင်ငံမှာ ကျင်းပ https://burma.irrawaddy.com/lifestyle/trend/2020/01/16/213103.html Thu, 16 Jan 2020 10:06:12 +0000 https://burma.irrawaddy.com/lytbox/?p=213103 နီပေါနိုင်ငံမှာ ခွေးတွေအတွက် ကျင်းပပေးတဲ့ ပွဲတော်သန်းပေါင်းများစွာသော နီပေါနိုင်ငံက ဟိန္ဒူလူမျိုးတွေဟာ ဒေဝါလီပွဲတော်ကို အလင်းရောင်တွေရဲ့ ပွဲတော်အဖြစ် တင်စားခေါ်ဝေါ်ပြီး နှစ်တနှစ် ကုန်ဆုံးခါနီးတိုင်းမှာ ကျင်းပလေ့ရှိပါတယ်။]]> နီပေါနိုင်ငံမှာ ခွေးတွေအတွက် ကျင်းပပေးတဲ့ ပွဲတော်

ခွေးတွေကို အိမ်မွေးတိရစ္ဆာန် ဆိုတာထက် ပိုပြီး လူသားတွေရဲ့ အပြည့်စုံဆုံးနဲ့ အရင်းနှီးဆုံး မိတ်ဆွေအဖြစ် သတ်မှတ်ထားကြပါတယ်။

ခွေးတွေဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ရဲ့ ပိုင်ရှင်ကို သစ္စာရှိရှိ စောင့်ရှောက်တာ၊ ဘယ်လိုတောင်းဆိုမှု လိုအင်ဆန္ဒမျိုးမှ ရှိမနေဘဲ ပိုင်ရှင်ကို ခင်တွယ်တာတွေအပြင် နေ့စဉ်ဘဝရဲ့ သေးငယ်တဲ့အရာလေးတွေကိုတောင်မှ ဂရုတစိုက်ရှိတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။

အကယ်လို့ သင်သာ ခွေးတွေကို ချစ်တတ်သူ ဂရုစိုက်တတ်သူတယောက် ဆိုရင်တော့ သွားရောက် လည်ပတ်လို့ရတဲ့ ပွဲတော်တခုအကြောင်း ပြန်လည်မျှဝေပေးပါရစေ။ အဲဒီပွဲတော်ကတော့ နီပေါနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတာဖြစ်ပြီး နီပေါနိုင်ငံသူနိုင်ငံသားတွေဟာ နှစ်တနှစ်ရဲ့ ရက်တရက်ကို အသေအချာရွေးချယ်ကာ ခွေးတွေရဲ့ သစ္စာရှိမှုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးအတွက် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

သန်းပေါင်းများစွာသော နီပေါနိုင်ငံက ဟိန္ဒူလူမျိုးတွေဟာ ဒေဝါလီပွဲတော်ကို အလင်းရောင်တွေရဲ့ ပွဲတော်အဖြစ် တင်စားခေါ်ဝေါ်ပြီး နှစ်တနှစ် ကုန်ဆုံးခါနီးတိုင်းမှာ ကျင်းပလေ့ရှိပါတယ်။

ဟိန္ဒူလူမျိုးတွေရဲ့ ဒေဝါလီပွဲတော်အပြင် ခွေးတွေအတွက် အဓိက ဦးတည်တဲ့ ပွဲတော်ကိုတော့ Kukur Tihar ဒါမှမဟုတ် Kukur Puja လို့ခေါ်ဆိုလေ့ ရှိပါတယ်။ Tihar ပွဲတော်ကျင်းပမှုဟာ ၅ ရက်တိတိ ကြာမြင့်တတ်ပြီး ဒုတိယမြောက်နေ့ကတော့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အနှစ်သက်ဆုံး ခွေးလေးတွေအတွက် ဆုတောင်းမှု ပြုလုပ်တဲ့နေ့ပဲ ဖြစ်ပါတယ်။

ဒုတိယနေ့မှာတော့ ခွေးလေးတွေကို အရသာရှိတဲ့ အစားအစာတွေ၊ ဒေသထွက် ပန်းတွေနဲ့ အလှဆင်ပေးခြင်းတွေအပြင် Tika သင်္ကေတကို သူတို့လေးတွေရဲ့ နဖူးမှာ ရေးဆွဲပေးခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

အနီရောင် ပေါင်ဒါမှုန့်နဲ့ ရေးခြယ်ထားတဲ့ Tika သင်္ကေတဟာ ခွေးတွေရဲ့ အသိစိတ်ကို ဂုဏ်ပြုတဲ့ နွေးထွေးတဲ့ အဓိပ္ပာယ် သက်ရောက်ပြီး Tihar ပွဲတော်ဟာ အိမ်မွေးခွေးတွေအပြင် လမ်းဘေးခွေးတွေကိုပါ ရည်ရွယ်တဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။

Ref. www.healthyfoodhouse.com

You may also like these stories:

အိမ်မှာအထီးကျန်စွာ ကျန်ခဲ့ရတဲ့ အိမ်မွေးခွေးတွေအတွက် သီချင်း Playlist မိတ်ဆက်လိုက်တဲ့ Spotify

တောမီးဒဏ်သင့် တိရစ္ဆာန်တွေအတွက် Koala ရွှံ့ရုပ်လုပ်ပြီး အလှူငွေရှာပေးနေတဲ့ ကလေးငယ်

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်

]]>
လူသားတွေဟာ လူအချင်းချင်းထက် ခွေးတွေကို ပိုမိုချစ်ခင်ကြကြောင်း လေ့လာတွေ့ရှိ https://burma.irrawaddy.com/lifestyle/trend/2019/10/08/205822.html Tue, 08 Oct 2019 06:20:06 +0000 https://burma.irrawaddy.com/lytbox/?p=205822 လူတွေဟာ လူအချင်းချင်းထက် ခွေးတွေကို ပိုပြီး ချစ်ခင်ကြင်နာလေ့ ရှိပါတယ်"ကိုယ်မွေးထားတဲ့ ခွေးမဟုတ်တဲ့ တခြားခွေးတွေ အပေါ်မှာတောင် ချစ်ခင်ကြင်နာနိုင်ကြပေမယ့် လူအချင်းချင်းပေါ်မှာတော့ သံသယစိတ်တွေနဲ့ ဆက်ဆံကြတာ များပါတယ်”]]> လူတွေဟာ လူအချင်းချင်းထက် ခွေးတွေကို ပိုပြီး ချစ်ခင်ကြင်နာလေ့ ရှိပါတယ်

သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လူသားတွေဟာ လူအချင်းချင်းထက် ခွေးတွေကို ပိုမိုစာနာပြီး ချစ်ခင်ကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လူတွေဟာ မိမိတို့မွေးမြူထားတဲ့ ခွေးတွေကို အိမ်မွေးတိရစ္ဆာန်တကောင်ထက် ပိုပြီး ချစ်ခင်ကြင်နာကြသလို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေထက်တောင် ပိုကာ ချစ်ခင်လေ့ရှိကြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Society and Animals ဂျာနယ်ရဲ့ ဖော်ပြချက်တွေအရ လူတွေဟာ လူအချင်းချင်း ဖိနှိပ်ခံ၊ အနိုင်ကျင့်ခံနေရတဲ့သူတွေ၊ စားရမဲ့သောက်ရမဲ့ဖြစ်ကာ လမ်းဘေးမှာ လေလွင့်နေသူတွေနဲ့ ဒုက္ခိတဖြစ်ကာ ဆင်းရဲဒုက္ခရောက် နေရသူတွေထက် ခွေးတွေကို ပိုမိုချစ်ခင်စာနာကြကြောင်း တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတွေအရ လူအများစုဟာ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်တင်စောင့်ရှောက်ထားတဲ့ ဂေဟာတွေ၊ ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာတွေမှာ လှူဒါန်းတာထက် ပိုင်ရှင်မဲ့ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ Animal Shelter လို နေရာမျိုးတွေမှာ ပိုမို လှူဒါန်းလေ့ရှိကြကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

လေ့လာမှု အသေးစိတ်တွေအရ ခွေးတွေအပေါ် ချစ်ခင်စာနာကြင်နာကြတဲ့ Level ဟာ လူသား ကလေးငယ်တွေအပေါ် ချစ်ခင်ကြင်နာကြတဲ့ Level နဲ့ တူညီပြီး အရွယ်ရောက်ပြီးသား လူတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခွေးတွေလောက် ချစ်ခင်စာနာမှု မရှိကြဘူးလို့လည်း သိရပါတယ်။

“ခွေးချစ်သူ အများစုက ကိုယ်မွေးထားတဲ့ ခွေးလေးတွေကို တိရစ္ဆာန် တကောင်လို့ မမြင်ကြပါဘူး၊ ကိုယ့်မိသားစုဝင် တယောက်လို၊ သွေးရင်းသားရင်း တယောက်လို သဘောထားကြပါတယ်။ ဒါပေမယ့် ကိုယ်မသိတဲ့ လူစိမ်းတယောက် အပေါ်မှာတော့ ဒီလိုမျိုး ချစ်ခင်ကြင်နာမှုတွေကို မထားနိုင်ကြပါဘူး”

“ကိုယ်မွေးထားတဲ့ ခွေးမဟုတ်တဲ့ တခြားခွေးတွေ အပေါ်မှာတောင် ချစ်ခင်ကြင်နာနိုင်ကြပေမယ့် လူအချင်းချင်းပေါ်မှာတော့ သံသယစိတ်တွေနဲ့ ဆက်ဆံကြတာ များပါတယ်”လို့ Portsmouth University က သုတေသီတဦးက ပြောပါတယ်။

Ref. www.businessinsider.com

You may also like these stories:

ခွေးတွေကို ကြင်ကြင်နာနာ မွေးမြူလေ့ရှိတဲ့ မြို့ကြီး ၄ မြို့

တမိသားစုလုံးကို မီးလောင်ပြင်ကနေ ကယ်ထုတ်ပြီး အသက်အဆုံးရှုံးခံခဲ့တဲ့ ခွေးလေး Zippy

အကျဉ်းထောင်ထဲမှာ အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့်ပြုတဲ့ အင်ဒီယားနားပြည်နယ်

အလုပ်လုပ်တဲ့နေရာကို နေ့တိုင်း ခွေးခေါ်လာတဲ့ သန့်ရှင်းရေး မိန်းကလေး

]]>