အချိုရည် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အချိုရည် Covering Burma and Southeast Asia Wed, 19 Jul 2023 01:47:59 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အချိုရည် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အချိုရည် 32 32 ကိုကာကိုလာ ကြက်တောင်ပံကြော် စားရအောင် https://burma.irrawaddy.com/lifestyle/food/2020/11/01/232614.html Sun, 01 Nov 2020 04:44:19 +0000 https://burma.irrawaddy.com/lytbox/?p=232614 အရသာရှိတဲ့ ကိုကာကိုလာ ကြက်တောင်ပံကြော်အရင်ဆုံး ကြက်တောင်ပံတွေကို သန့်စင်ဆေးကြောပြီး နှစ်ပိုင်းပိုင်းကာ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်ထည့်ပြီး ခဏ နှပ်ထားပါ။ ]]> အရသာရှိတဲ့ ကိုကာကိုလာ ကြက်တောင်ပံကြော်

ဒီတပတ်တော့ အရသာရှိတဲ့ ကြက်တောင်ပံကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ကိုကာကိုလာလို့ ပြောလိုက်ရင် သောက်စရာ အချိုရည်ဆိုတာ သိကြပေမယ့် ဟင်းပွဲထဲမှာ ထည့်သုံးလိုက်မယ်ဆိုရင် ဘယ်လို အရသာ ပြောင်းလဲသွားမလဲ။ ကိုကာကိုလာ ကြက်တောင်ပံကြော် အရသာက အချိုမများဘဲ တကိုက် ကိုက်လိုက်တိုင်း အချိုရည်နဲ့ ဟင်းခတ် အမွှေးကြိုင်နံ့တွေကို တပြိုင်တည်း ခံစားမိစေမှာပါ။

ကိုကာကိုလာ ကြက်တောင်ပံကြော်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ကြက်တောင်ပံ ၁ ကီလို
ကိုကာကာလာ (300ml)
ချင်း
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ
ဆား
နှမ်း
ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်တောင်ပံတွေကို သန့်စင်ဆေးကြောပြီး နှစ်ပိုင်းပိုင်းကာ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်ထည့်ပြီး ခဏ နှပ်ထားပါ။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာရင် ကြက်တောင်ပံတွေကို ရွှေအိုရောင် အနည်းငယ် သမ်းသွားတဲ့အထိ တဖက်ကို ၅ မိနစ်ခန့်စီ ကြော်ပေးပါ။

ကြက်တောင်ပံတွေ ရွှေအိုရောင်သမ်းလာပြီဆိုရင် မီးလျှော့ပြီး ကိုကာကိုလာ 300 ml တဘူး လောင်းထည့်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ထည့်ပါ။ ကြိတ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ အနည်းငယ်ထည့်ပါ။ ၅ မိနစ် လောက်တည်ပြီးရင် အထက်အောက်ညီအောင် တဖက်ကို လှန်ပေးပါ။

၁၀ မိနစ်လောက်ကြာလို့ အသား နူးပြီးဆိုရင် မီးအေးအေးနဲ့ အချိုရည်တွေ ပျစ်သွားတဲ့အထိ နောက်ထပ် ၃ မိနစ်လောက် ထပ်တည်ထားပါ။

အသားလည်းနူးအိပြီး ကိုကာကိုလာတွေ ကြက်သားထဲ စိမ့်ဝင်သွားပြီဆိုရင် အရသာရှိတဲ့ နာမည်ကျော် ကိုကာကိုလာ ကြက်တောင်ပံကြော်ရပါပြီ။ ပန်းကန်ထဲထည့်ပြီး ပါးပါးလှီး ထားတဲ့ ကြက်သွန်မြိတ်နဲ့ နှမ်းလေး ဖြူးလိုက်ရုံပါပဲ။

Ref: Yummy Kitchen

]]>
၁ လတိတိ အချိုရည် မသောက်တဲ့ Challenge စတင်လိုက်တဲ့ ယွန်းယွန်း https://burma.irrawaddy.com/lifestyle/entertainment/2020/05/19/222943.html Tue, 19 May 2020 11:58:35 +0000 https://burma.irrawaddy.com/lytbox/?p=222943 သရုပ်ဆောင် ယွန်းယွန်း  / Yoon Yoon's Facebook“ယွန်းတော့ လုပ်နိုင်မယ် ထင်တယ်။ အထဲက ကျောက်ကပ်တွေကို အနားပေးချင်လို့ ဒီ Challenge လေး အတူတူ လုပ်ချင်တဲ့သူ ရှိရင်လည်း ဖိတ်ခေါ်ပါတယ်။]]> သရုပ်ဆောင် ယွန်းယွန်း  / Yoon Yoon's Facebook

သရုပ်ဆောင် ယွန်းယွန်းက အခုလို အိမ်မှာ နေနေရတဲ့ ကာလမှာ အစားစားပြီးတိုင်း အချိုရည် အမြဲ သောက်တာဟာ မကောင်းတဲ့ အကျင့်ဆိုးကြီး တခု လုပ်မိသလို ခံစားရတာကြောင့် အချိန် ၁ လတိတိ အချိုရည် မသောက်တဲ့ Challenge လုပ်ဖို့ ပြောပြထားပါတယ်။

“အခုတလော အိမ်မှာနေရင်း အစားစားတိုင်း အချိုရည် အမြဲသောက်ဖြစ်နေတယ်။ အခုလို သိပ်လည်း မလှုပ်ရှားဖြစ်တဲ့အချိန်မှာ မကောင်းတဲ့ အကျင့်ကြီးတခု လုပ်မိသလို ခံစားရတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး ၁ လတိတိ ဘာအချိုရည်မှ မသောက်ဘဲ ရေနဲ့ Green Tea ပဲ သောက်တော့မယ်” လို့ ယွန်းယွန်းက ပြောပါတယ်။

အချိုရည် မသောက်ဘဲ နေနိုင်လိမ့်မယ်လို့လည်း ယွန်းယွန်းက ဆိုထားပါသေးတယ်။

“ယွန်းတော့ လုပ်နိုင်မယ် ထင်တယ်။ အထဲက ကျောက်ကပ်တွေကို အနားပေးချင်လို့ ဒီ Challenge လေး အတူတူ လုပ်ချင်တဲ့သူ ရှိရင်လည်း ဖိတ်ခေါ်ပါတယ်။ နေ့စဉ် ရေတွက်ပြီး Motivate လုပ်ကြမယ်” လို့ ယွန်းယွန်းက ပြောပါတယ်။

ဒီ Challenge ကိုတော့ ယွန်းယွန်းက မေလ ၁၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နေ့တိုင်း မသောက်ဖြစ်တဲ့အကြောင်းကို အသိပေးပြီး ၁ လအကြာ Challenge ပြုသွားမယ်လို့ သိရပါတယ်။

ကလေး သရုပ်ဆောင်ကနေ ဆယ်ကျော်သက် တယောက် ဖြစ်လာတဲ့ ယွန်းယွန်းကတော့ လက်ရှိမှာ Stay Home နေနေပြီး ၂၀၂၀ အတွင်းမှာတော့ “စိတ်ကန်း” ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ် ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ယွန်းယွန်းက၂၀၁၂ ခုနှစ်မှာ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးရုပ်ရှင် ကလေးသရုပ်ဆောင်ဆု (အထူးဆု) နဲ့ အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်

ကင်ဆာကုသဖို့ ဆေးရုံတက်နေရင်း အခြေအနေ ပြောပြတဲ့ မီးမီးခဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲကို ဝင်ပြိုင်ထားတဲ့ ချောစုခင်

]]>
စွန့်ပစ် ပလတ်စတစ်တွေကို Recycle လုပ်ပြီး အချိုရည်ဘူးအဖြစ် ပြန်အသုံးပြုမယ့် Coca-Cola https://burma.irrawaddy.com/lifestyle/trend/2019/10/27/207017.html Sun, 27 Oct 2019 04:30:09 +0000 https://burma.irrawaddy.com/lytbox/?p=207017 ကမ္ဘာကျော် အချိုရည် အမှတ်တံဆိပ် Coca-Colaအသုံးပြုလို့ မရတဲ့ ပလတ်စတစ် ပစ္စည်းတွေကို Coca-Cola က နည်းပညာကို အသုံးချပြီး ကုန်ချောပစ္စည်းတွေအဖြစ် ပြန်လည် အသက်သွင်း အသုံးပြုနိုင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။]]> ကမ္ဘာကျော် အချိုရည် အမှတ်တံဆိပ် Coca-Cola

သမုဒ္ဒရာထဲက စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေနဲ့ လူ့အသုံးအဆောင် ပလတ်စတစ် ပစ္စည်းတွေကို ပြန်လည် အသုံးပြုဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကယ်၍ ပြန်လည် အသုံးပြုဖို့ ကြိုးစားတယ်ဆိုရင်တောင် အဲဒီပစ္စည်းတွေဟာ အရည်အသွေး နိမ့်ပါးပြီး ပြန်လည် အသုံးပြုနိုင်လောက်တဲ့ ကုန်ချောအဆင့်ကို ရောက်ရှိဖို့ ထုတ်လုပ်ရာမှာ အကုန်အကျ များပြားလွန်းပါတယ်။

ကမ္ဘာကျော် Coca-Cola အချိုရည် ကုမ္ပဏီကတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု အနေနဲ့ သမုဒ္ဒရာထဲက ရရှိတဲ့ စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကို Recycle ပြုလုပ်ပြီး အချိုရည် ပလတ်စတစ်ဘူးတွေကို ပြန်လည် အသုံးပြု ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ စီးပွားရေးလက်တွဲဖော်တွေဖြစ်ကြတဲ့ Ioniqa Technologies, Indorama Ventures, Mares Circulares တို့နဲ့ ပူးပေါင်းပြီး သမုဒ္ဒရာထဲက ရရှိတဲ့ ပလတ်စတစ် ပစ္စည်းတွေကို အသုံးပြုကာ ပုလင်းပေါင်း ၃၀၀ အစမ်းထုတ်လုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကို မြေထဲပင်လယ်နဲ့ ကမ်းခြေက ရရှိတာဖြစ်ပြီး အရင်ကတော့ အဲဒီ ပလတ်စတစ်တွေကို ပြန်လည် အသုံးပြုလို့ မရလောက်အောင် အရည်အသွေး နိမ့်ပါးတယ်လို့ အများစုက သိရှိထားကြပါတယ်။ အသုံးပြုလို့ မရတဲ့ ပလတ်စတစ် ပစ္စည်းတွေကို Coca-Cola က နည်းပညာကို အသုံးချပြီး ကုန်ချောပစ္စည်းတွေအဖြစ် ပြန်လည် အသက်သွင်း အသုံးပြုနိုင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

အစမ်းထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ် ပုလင်းတွေမှာ ၂၅ ရာခိုင်နှုန်းဟာ သမုဒ္ဒရာထဲက ရရှိတဲ့ ပလတ်စတစ် ပစ္စည်းတွေကို အသုံးပြုထားတာဖြစ်ပြီး Coca-Cola ကုမ္ပဏီအနေနဲ့ ဒါဟာ အနာဂတ်ကာလမှာ သူတို့အသုံးပြုမယ့် ထုပ်ပိုးမှု ပုံစံတခုလို့ အတိအလင်း ဖွင့်ဟခဲ့တာပါ။

Coca-Cola ရဲ့ ထုပ်ပိုးမှုပုံစံအသစ်နဲ့ ပုလင်းတွေကို အနောက် ဥရောပနိုင်ငံတွေမှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ အခုလို Recycle ပုလင်းတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref. www.intelligentliving.co

]]>
အချိုရည်တွေထဲမှာပါတဲ့ သကြားဓာတ်ပေါ် မူတည်ပြီး အခွန်တိုးကောက်တော့မယ့် ထိုင်းနိုင်ငံ https://burma.irrawaddy.com/lifestyle/trend/2019/09/16/203984.html Mon, 16 Sep 2019 05:08:42 +0000 https://burma.irrawaddy.com/lytbox/?p=203984 အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ် ပမာဏအပေါ် မူတည်ပြီး အခွန် တိုးကောက်သွားမှာ ဖြစ်ပါတယ်အချိုရည် 100 ml မှာ သကြားဓာတ်ပါဝင်မှု ၁၀ ဂရမ်ကနေ ၁၄ ဂရမ်အထိကို ထိုင်းဘတ်ပြားဝက်ခန့်သာ ကောက်ခံခဲ့ပေမယ့် အောက်တိုဘာလကနေစပြီး ထိုင်းငွေ ၁ ဘတ် ကောက်ခံတော့မယ်လို့ သိရပါတယ်။ ]]> အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ် ပမာဏအပေါ် မူတည်ပြီး အခွန် တိုးကောက်သွားမှာ ဖြစ်ပါတယ်

ထိုင်းနိုင်ငံရဲ့ ယစ်မျိုးဌာနဟာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေစပြီး အချိုရည်တွေထဲမှ ာပါတဲ့ သကြားဓာတ် အနည်းအများပေါ် မူတည်ပြီး အခွန်တိုးမြှင့် ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ရခြင်းဟာ စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်တာဖြစ်ပြီး အချိုရည်တွေထဲမှာ ပါဝင်တဲ့ သကြားဓာတ်ဟာ အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါ စတာတွေအထိ ဖြစ်ပွားစေနိုင်တာကြောင့် အခုလို အခွန်တိုးမြှင့်ကောက်ခံပြီး ထိန်းချုပ်လိုက်တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင်တုန်းကတော့ အချိုရည် 100 ml မှာ သကြားဓာတ်ပါဝင်မှု ၁၀ ဂရမ်ကနေ ၁၄ ဂရမ်အထိကို ထိုင်းဘတ်ပြားဝက်ခန့်သာ ကောက်ခံခဲ့ပေမယ့် အောက်တိုဘာလကနေစပြီး ထိုင်းငွေ ၁ ဘတ် ကောက်ခံတော့မယ်လို့ သိရပါတယ်။

ဒီလိုတိုးမြှင့် ကောက်ခံလိုက်တဲ့အတွက် အချိုရည်နဲ့ ဖျော်ရည် ကုမ္ပဏီတွေဆီကနေ အရင်က ကောက်ခံရရှိတဲ့ အခွန်ငွေ (၂ ဒဿမ ၃) ဘီလျံအစား (၃ ဒဿမ ၅ ကနေ ၄ ဒဿမ ၅) ဘီလျံအထိ ရရှိနိုင်တော့မှာလည်း ဖြစ်ပါတယ်။

အခုလို အခွန်တိုးမြှင့် ကောက်ခံလိုက်ခြင်းကြောင့် စားသုံးသူတွေအနေနဲ့ သောက်သုံးနေကျ အချိုရည်တွေ ဈေးနှုန်းမြင့်တက် တာမျိုးကို ခံစားရမှာ မဟုတ်ဘဲ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေအနေနဲ့သာ မိမိတို့ ထုတ်ကုန် အချိုရည်တွေမှာ သကြားဓာတ် အလွန်အကဲ ထည့်သွင်းခြင်းကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ဒီလိုမျိုးကြေညာချက် ထုတ်ပြန်ခဲ့ဖူးပေမယ့် လုပ်ငန်းရှင်တွေဟာ သကြားဓာတ် လျှော့မယ့်အစား အချိုလျှော့ထားတဲ့ အချိုရည်တွေလို့ တံဆိပ်ကပ်ပြီး ရောင်းချခဲ့ကြပါတယ်။

အခုတခေါက် ပြုလုပ်မယ့် အစီအစဉ်မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ အချိုရည်ဘူးတွေမှာ ပါဝင်ပစ္စည်းတွေကို အသေးစိတ် တံဆိပ် ကပ်နှိပ်ထားရမှာ ဖြစ်ပြီး အချိုရည်ထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို သေချာစီစစ်လုပ်ဆောင်ကာ သကြား ပမာဏအလိုက် အခွန် ၂ ဆ တိုးမြှင့်ကောက်ခံသွားမယ်လို့လည်း ယစ်မျိုးဌာနက ပြောရေးဆိုခွင့်ရှိသူ Nattakorn Utensut က ဆိုပါတယ်။

Ref. www.pattaone.news

You may also like these stories:

ပြန်လည်ဆန်းသစ် ထုတ်လုပ်တော့မယ့် ကော်ဖီအရသာ Coca-Cola Blak

နွေနေပူမှာ ရေဓာတ်ဖြည့်ပြီး ရင်အေးစေမယ့် အစားအစာများ

Diet အချိုရည်ဘူး နေ့စဉ်သောက်ရင် နှလုံးနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ခြေများပြား

အမေရိကန်နိုင်ငံ အသင့်သောက်အသီးဖျော်ရည်တွေမှာ ဓာတ်သတ္တုပါဝင်မှုနှုန်းများနေ

]]>
အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်သုံးနိုင်မယ့် ကော့တေးများ https://burma.irrawaddy.com/lifestyle/food/2018/12/23/178274.html Sun, 23 Dec 2018 03:40:08 +0000 https://burma.irrawaddy.com/lytbox/?p=178274 ကော့တေးဆိုတာအသီးအနှံတွေ၊ အချိုရည်တွေနဲ့ အယ်လ်ကိုဟောတို့ပေါင်းစပ်ထားတာပါအမျိုးသမီးတွေအနေနဲ့ တနေ့မှာ ကော့တေးတခွက်ပုံမှန်သောက်သုံးပေးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့လည်း သိရပါတယ်။]]> ကော့တေးဆိုတာအသီးအနှံတွေ၊ အချိုရည်တွေနဲ့ အယ်လ်ကိုဟောတို့ပေါင်းစပ်ထားတာပါ

ကော့တေးဖျော်စပ်နည်းတွေ မဖော်ပြခင် အရင်ဦးဆုံးအနေနဲ့ ကော့တေးအကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။ ကော့တေးဆိုတာကတော့ အသီးအနှံတွေ၊ အချိုရည်တွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အရည်တို့ကို ရောစပ်ပြီး သောက်သုံးကြတဲ့ သောက်စရာတမျိုးပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ တနေ့မှာ ကော့တေးတခွက်ပုံမှန်သောက်သုံးပေးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ကော့တေးကိုအခုမှစမ်းသောက်မယ့်သူတွေအတွက်ရော ၊ မကြာခင်ရောက်လာတော့မယ့် ခရစ်စမတ်နဲ့ New Year ပွဲတွေအတွက် အိမ်မှာပဲ အလွယ်တကူဖျော်စပ်သောက်သုံးချင်သူတွေအတွက် ကော့တေးဖျော်စပ်နည်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) Apple mojito

Apple mojito ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ပန်းသီးစိမ်းတခြမ်း၊ ပန်းသီးအရည် 10ml၊ သံပုရာသီး ၅ စိတ်၊ ပူစီနံရွက် ၅ ရွက်၊ ရမ် 60ml၊ဆိုဒါနဲ့ သကြားရည်တို့ပဲ ဖြစ်ပါတယ်။ သကြားရည်၊ပူစီနံရွက်၊ သံပုရာသီးစိတ်နဲ့ ပန်းသီးတို့ကို အလုံပိတ်ဘူးထဲ ထည့်ပြီး ခလောက်ပေးပါ။ ရေခဲ၊ ရမ်နဲ့ ပန်းသီးအရည်တို့ကိုလည်း သီးခြားထည့်ပြီး ခလောက်ပေးပါ။

ပြီးရင်တော့ ခလောက်ထားတာတွေကို ဖန်ခွက်တခွက်ထဲရောထည့်ပြီး ရေခဲအနည်းငယ်နဲ့ ဆိုဒါတို့ထည့်ပြီး သောက်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

 

(၂) Sangria

Sangria ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ဝိုင်အနီ ၂ ခွက်၊ လိမ္မော်သီးတလုံး၊ သံပုယိုသီးတလုံး၊ ပန်းသီးတခြမ်း၊ လိမ္မော်ရည် ၁ ခွက်နဲ့ သစ်ကြပိုးခေါက်တချောင်းတို့ပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ အသီးအနှံတွေကို မိမိကြိုက်နှစ်သက်သလို လှီးဖြတ်ထားပါ။

ဖျော်စပ်မယ့်ဖန်ခွက်ဘူးထဲကို ဝိုင်အနီ၊ လိမ္မော်ရည်၊လှီးဖြတ်ထားတဲ့ အသီးအနှံတွေနဲ့ သစ်ကြံပိုးခေါက်၊ ရေခဲတို့ကို ထည့်ပြီးသောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

(၃) Long Island Ice Tea

Long Island Ice Tea ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ရမ် 25ml၊ ဗော်ကာ 25ml၊ ဂျင်မ် 25ml နဲ့ သံပုရာရည် 50ml နဲ့ coke တို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကို ရောစပ်ပြီး ရေခဲတုံးအနည်းငယ်ထည့်လိုက်ရုံနဲ့ သောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

(၄) Watermelon mojito

ဖရဲသီးတွေပေါပေါများများရတဲ့ အခုလိုရာသီနဲ့ လိုက်ဖက်တဲ့ Watermelon mojito ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း တွေကတော့ ဖရဲသီးအစိတ်ခပ်သေးသေးတစိတ်၊ ပူစီနံရွက် ၅ရွက်၊ ရမ် 25ml၊ သံပုရာရည်အနည်းငယ်နဲ့ သကြားရည်တို့ပဲဖြစ်ပါတယ်။

ပူစီနံရွက်၊ သကြားရည်နဲ့ သံပုရာရည်တို့ကို အရင်ဆုံးသမအောင်ဖျော်စပ်ထားပါ၊ ရမ်နဲ့ကြိတ်ချေထားတဲ့ ဖရဲသီးဖျော်ရည်တို့ကို သမအောင်ဖျော်စပ်ပြီး ပါဝင်ပစ္စည်းအားလုံးကို ဖန်ခွက်တခွက်ထဲရောစပ်ကာ ရေခဲတုံးအနည်းငယ်ထည့်ပေးရုံနဲ့ သောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

Ref. www.savethestudent.org

]]>