• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“လိင်ကိစ္စဆိုပါက ထိုင်းသို့ သွားပါ”ဆိုသည့် ဂမ်ဘီယာဝန်ကြီး စကား ထိုင်းအစိုးရ မကျေနပ်

by ဧရာဝတီ
28 February 2018
in သတင်း
A A
နိုင်ငံခြားသားများနှင့် စည်ကားနေသည့် ဘန်ကောက်မြို့ရှိ Soi Cowboy / Bangkok 112

နိုင်ငံခြားသားများနှင့် စည်ကားနေသည့် ဘန်ကောက်မြို့ရှိ Soi Cowboy / Bangkok 112

44.8k
VIEWS
Share on FacebookShare on Twitter

“လိင်ကိစ္စဆိုပါက ထိုင်းသို့ သွားပါ” ဆိုသော အာဖရိကတိုက် ဂမ်ဘီယာနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာကလည်း ထိုင်းနိုင်ငံ အနေဖြင့် လိင်ဖျော် ဖြေရေး ခရီးသွားလုပ်ငန်းပုံရိပ်ကို ပြောင်းရမည်ဟု မနေ့ကပြောသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ကလည်း ကန့်ကွက်ကြောင်း Bangkok Post ကဆိုသည်။

ပြီးခဲ့သည့် စနေနေ့က ဂမ်ဘီယာ ခရီးသွားလာရေးဝန်ကြီး ဟာမက်ဘက်က လိင်ကိစ္စအတွက် ကမ္ဘာ လှည့် ခရီးသွားသူများ အနေဖြင့် ထိုင်းနိုင်ငံသို့ သွားသင့်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်၊ ဂမ်ဘီယာ သည်လည်း အနောက်နိုင်ငံသူ အမျိုးသမီးများ အထူးသဖြင့် ဗြိတိန်သူများ လိင်အပျော်အပါးရှာရန် သွားရောက်လည်ပတ်သည့် နိုင်ငံဖြစ်သည်။

“ကျနော်တို့နိုင်ငံဟာ လိင် အပျော်အပါးရှာဖို့ လာလည်ရမယ့်နေရာမဟုတ်ဘူး။ လိင်အပျော်အပါးရှာ ချင်ရင် ထိုင်းကိုသွား” ဟု မစ္စတာ ဘက် နိုင်ငံပိုင်မီဒီယာဖြစ်သော GRTS ၏ အပတ်စဉ်စကားဝိုင်း တွင် ကားလ်ဖက်တူးအားပြောခဲ့သည်ဟု သတင်းများကဆိုသည်။

ထိုပြောကြားချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကမကျေနပ်ကြောင်းဆိုသလို၊ ဂမ်ဘီယာဝန်ကြီး၏ မှတ်ချက် ကြောင့် ထိုင်းနိုင်ငံ ပုံရိပ်နှင့် ထိုင်းခရီးသွားလုပ်ငန်းကို ထိခိုက်နိုင် ကြောင်း သံရုံးမှတဆင့် အကြောင်းကြားခဲ့သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
118
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
27
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
60

ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာက“ဒီလိုအလုပ်မျိုးနဲ့ ရပ်တည်နေတဲ့လူတချို့ကို ကျနော်တို့ လက်ခံရမှပဲ၊ ဒီလူတွေရဲ့ အသက်မွေးမှုနဲ့ ဝင်ငွေနှစ်ခုလုံးက ပြဿနာတွေကိုလည်း ကျနော်တို့ ကူညီဖြေရှင်းပေးရမှာပါ။ ဒီထက်ပို အရေးကြီးတာက သူတို့ ဒီအလုပ်ကနေ ပြောင်းလဲပစ်ဖို့ လိုလားသလား၊ မလိုလားဘူးလားဆိုတာ ကျနော်တို့ စုံစမ်းလေ့ လာဖို့ပဲဖြစ်ပါတယ်” ဟု ပြောသည်။

ဂမ်ဘီယာဝန်ကြီး၏မှတ်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အလေးထားလိမ့်မည်ဟု မိမိ မယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်းက ပြောသည်။

ဂမ်ဘီယာ ခရီးသွားလုပ်ငန်းဝန်ကြီး၏ မှတ်ချက်စကားပြောကြားပြီးနောက် ယမန်နေ့ညပိုင်းက ထိုင်းရဲတပ်ဖွဲ့က အာဖရိက နိုင်ငံများမှ နိုင်ငံသားများ၊ မြန်မာများ၊ ဖိလစ်ပိုင်များ အများဆုံး ကျက် စားသည့် နိုက်ကလပ်များ၊ အရက်ဘားများရှိရာ နေရာပေါင်း ၁၁၀ကို ထိုင်းရဲတပ်ဖွဲ့က ပစ်မှတ်ထား ရှာဖွေစီးနင်းမှုများ ပြုခဲ့ရာ နိုင်ငံခြားသား ၇၅ ဦးကို ထိန်းသိမ်းခဲ့ပြီး၊ တရားမဝင်ဝင်ရောက်မှု၊ နေထိုင်ခွင့် သက်တမ်းကျော် လွန်နေထိုင်မှု၊ တရားမဝင်အလုပ်လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ရုရှားလိင်ဆရာကြီး အဲလက်စ် လက်စလေ ဦးစီးသည့် အဆင့်မြင် လိင်သင်တန်းကို ထိုင်းနိုင်ငံ ပတ္တရားကမ်းလွန်ရှိ ကျွန်းတကျွန်းတွင် ဖွင့်လှစ်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ၁၀ဦး အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း Bangkok Post က ရေးသားသည်။

Your Thoughts …
Tags: လိင်ခရီးသွားလုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

/ Reuters

ထိုင်း- မြန်မာနယ်စပ်၌ လိင်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမေရိကန်နိုင်ငံသား ထိုင်းရဲဖမ်းဆီး

by ဧရာဝတီ
9 May 2018
12.5k

ကက်နက် ဗစ်ဂို အယ်လ်ဘတ်ဆန်ကို အရပ်ဝတ်ရဲ ၂ဦးက အသွင်ယူ ဖမ်းဆီးခြင်းဖြစ်ပြီး၊ အသက် ၂၅ နှစ်နှင့် ၁၈နှစ် အရွယ် မြန်မာအမျိုး သမီး ၂ ဦးကို ထိုင်းနိုင်ငံသို့နယ်စပ်ဖြတ်ကျော်ဝင် ရောက်ပြီး မယ်ဆိုင်ရှိ ဟော်တယ်တခုတွင်...

Next Post
မင်းသမီး Sridevi (ဆရီဒေဝီ) ပါဝင်တဲ့  “English Vinglish” ရုပ်ရှင်ကား

ဘာသာစကား ပညာပေးနဲ့ ပတ်သက်ပြီး ကြည့်သင့်တဲ့ ရုပ်ရှင် “English Vinglish”

နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် / ယုဖြူဟန် / ဧရာဝတီ

“စိုင်းစိုင်းက စိုင်းစိုင်း” အတွက် ရင်ခုန်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved