• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြန်ဝင် ဘင်္ဂါလီ ၆၀ ကျော်တွင် ၁၀ ဦး ထွက်ပြေး

by မင်းအောင်ခိုင်
1 June 2018
in သတင်း
A A
လှဖိုးခေါင် ကြားစခန်းတွင် ပြန်လည် ဝင်ရောက်လာသော ဘင်္ဂါလီများနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံနေစဉ် / ဒေါက်တာ ဝင်းမြတ်အေး ဖေ့စ်ဘုတ်

လှဖိုးခေါင် ကြားစခန်းတွင် ပြန်လည် ဝင်ရောက်လာသော ဘင်္ဂါလီများနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံနေစဉ် / ဒေါက်တာ ဝင်းမြတ်အေး ဖေ့စ်ဘုတ်

14.2k
VIEWS
Share on FacebookShare on Twitter

တဖက်နိုင်ငံက ပြန်ဝင်လာသော ဘင်္ဂါလီ ၆၂ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ရခိုင်ပြည်နယ် မောင်တော မြို့နယ် လှဖိုးခေါင် ကြားစခန်းတွင် ထားရှိခဲ့ရာ ၁၀ ဦး ထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က“၁၀ ဦး ပြေးတယ်လို့ ကြားတယ်။ ကျနော်တို့က စခန်းကို လွှဲပေး လိုက်ပြီ ဆိုတော့ တိုက်ရိုက် Control မလုပ်တော့ဘူး။ ပြန်မိလား၊ မမိဘူးလား ဆိုတာ ပြောရခက်တယ်။ ဟိုဘက်ကို ပြေးတာတော့ မဟုတ်လောက်ဘူး။ သူတို့ ရွာတွေကို ပြေးတာ ဖြစ်မယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ထိုဘင်္ဂါလီ ၁၀ ဦး ထွက်ပြေးသွားသည် ဆိုသော သတင်းသည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသလို ရခိုင် အခြေစိုက် သတင်းမီဒီယာ တခုဖြစ်သည့် DMG သတင်းဌာန ကလည်း “နေရပ်ပြန် ဘင်္ဂါလီ ၆၂ ဦးအနက် ၁၀ ဦး ထွက်ပြေး” ဆိုသည့် သတင်းကို မေလ ၃၁ ရက်နေ့ ညနေပိုင်းက ဖော်ပြခဲ့သည်။

ထွက်ပြေးသွားသော ဘင်္ဂါလီ ၁၀ ဦးသည် မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် အသီးသီးထွက်ပြေး သွားခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ဌာန ဆိုင်ရာ များက မေလ ၃၁ ရက်နေ့က လှဖိုးခေါင်ကြားစခန်းတွင် ထားရှိသော ပြန်လည်ဝင် ရောက်လာသည့် ဘင်္ဂါလီ များကို မူလ နေရာသို့ ပို့ဆောင်ရန် စိစစ်ရာမှ သိရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသော ဘင်္ဂါလီများသည် အကြမ်းဖက်သမားများ ဖြစ်နိုင်သည်ဟု ဒေသခံများ သုံးသပ်သော်လည်း အစိုးရ အာဏာပိုင်များကမူ တဖက်နိုင်ငံသို့ ထွက်ပြေးသွားခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့ နေထိုင်ခဲ့သည့် ကျေးရွာများသို့ သာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ဘူသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက“ကျနော်တို့ကတော့ သူတို့ ထွက်သွား ကတည်းက နိုင်ငံတော်ကို ပုန်ကန်လို့ ထွက်သွားတာ။ နောက်ပြီးတော့ နယ်စပ်ကို ဖြတ်ကျော်သွားတာ။ ပြန် လာရင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူရမယ်။ ဥပဒေအတိုင်းပဲ လုပ်စေချင်တာ”ဟု ဧရာဝတီသို့ ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန် ကမူ လှဖိုးခေါင်စခန်းမှ ပြန်လည် ဝင်ရောက်လာသော ဘင်္ဂါလီ ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ လှဖိုးခေါင်ကြားစခန်းသို့ ယမန်နေ့က သွားရောက်သည့် အခြေအနေအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၏ ဖေ့စ်ဘုတ် နှင့် အစိုးရ သတင်းဌာနများတွင် တရားဝင် ထုတ်ပြန်ထားသည်ဟု ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၏ ဖေ့စ်ဘုတ်တွင် ပြန်လည် ဝင်ရောက်လာသူများအား လိုအပ်သော ကူညီပံ့ပိုးမှုများနှင့်အတူ ၎င်းတို့၏ မူလ နေရာ (သို့မဟုတ်) အနီးစပ်ဆုံး နေရာများသို့ နေရာချထား နိုင်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း ရေးသား ဖော်ပြ ထားသည်။

ယင်းအပြင် မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသော ၆၂ ဦးထဲမှ ၁၀ ဦးသည် မိမိတို့ အစီအစဉ်ဖြင့် နေရပ် များသို့ ပြန်လည် ထွက်ခွာခဲ့ပြီး ကျန်ရှိသူ ၅၂ ဦးအား ၎င်းတို့၏ နေရပ်များသို့ ပြန်လည် ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲအပ်ခြင်း၊ မှတ်တမ်း တင်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

ဘင်္ဂါလီ ၁၀ ဦး ထွက်ပြေးသွားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

လက်ရှိအချိန်မှာတော့ လှဖိုးခေါင် ကြားစခန်းတွင် ကျန်ရှိသူ ဘင်္ဂါလီ ၅၂ ဦးကို ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည် ပို့ဆောင်ပြီး မိဘများထံ အပ်နှံထားပြီး ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြော သည်။

အရေးအခင်းကြောင့် ထွက်ပြေးသွားသူများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဆက်လက် နေထိုင်လိုခြင်း မရှိ၍ ၎င်းတို့၏ သဘောဆန္ဒဖြင့် တရားမဝင် ဝင်ရောက်လာခဲ့သည့် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် ဝင်ရောက် လာသူ ၆၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ရာ၌ အဆိုပါ ပြန်ဝင်လာသော ဘင်္ဂါလီများမှာ လိုအပ်သည့် ပုံစံများဖြည့်ရန် နှင့် လက်ခံရေး စခန်းများမှတဆင့် ပြန်လည်ဝင်ရောက်ရေး တို့ကို မသိရှိကြဟု အစိုးရက မှတ်ယူထားကြောင်း သိရသည်။

ထို့ကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း သတ်မှတ်ထားသည့် ပြန်လည် လက်ခံရေး စခန်းတွင် စနစ်တကျ စိစစ်မှုများ ပြုလုပ်ကာ ကြားစခန်းတွင် ထားရှိနိုင်ရေးအတွက် ကျခံရသော ပြစ်ဒဏ် များ ကို သမ္မတ က လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့ကြောင်း မေလ ၂၇ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန် ကြေညာ ခဲ့သည်။

Your Thoughts …
Tags: ပြန်ဝင် ဘင်္ဂါလီ ၁၀ ဦးထွက်ပြေး
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

No Content Available
Next Post
အဆိုတော် လင်းလင်း / လင်းလင်း Facebook

တကိုယ်တော် Show နဲ့ တကိုယ်တော်ခွေ ထွက်ဦးမယ့် လင်းလင်း

အသစ် မိတ်ဆက်လိုက်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်း  / သီဟတိုး / ဧရာဝတီ

AI Beauty 2.0 နည်းပညာနဲ့ အသစ် ထွက်လာတဲ့ OPPO F7 နဲ့ F7 Youth

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved