• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပူပိုင်းဒေသသု႔ိ ရွှေဝါငါးကြင်းသားပေါက်များ ဖြန့်ဖြူးမည်

by ဒီလှိုင်းဝင်း
13 July 2018
in သတင်း
A A
ရန်ကုန်တိုင်းအတွင်းရှိ ငါးမွေးမြူရေးကန်တကန်တွင် ပိုက်ဖြင့် ဆယ်ယူထားသော ငါးများ  / The Global New Light of Myanmar

ရန်ကုန်တိုင်းအတွင်းရှိ ငါးမွေးမြူရေးကန်တကန်တွင် ပိုက်ဖြင့် ဆယ်ယူထားသော ငါးများ / The Global New Light of Myanmar

4.6k
VIEWS
Share on FacebookShare on Twitter

ငါးလုပ်ငန်းဦးစီးဌာနနှင့် JICA တို့ပူးပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များထံသို့ ရွှေဝါငါးကြင်းသားဖောက်များအား ဖြန့်ဖြူးပေးသွားမည်ဟု ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) မှ သိရသည်။

ငါးသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် JICA တို့ပူးပေါင်း၍ တပိုင်တနိုင် ငါးမွေးမြူရေး တိုးချဲ့ ပညာပေးမှုများနှင့် နည်းပညာများ ဖြန့််ဝေပေးလျက်ရှိပြီး အမာခံငါးမွေးမြူသူ ၁၈ ဦးကို သင်တန်းပေးကာ ၎င်းတို့ထံမှ ထွက်ရှိလာသော ရွှေဝါငါးကြင်း သားပေါက်များအား အပူပိုင်းဒေသ ငါးမွေးမြူရေး လုပ်ငန်းရှင်များထံသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

”အဲဒီ အမာခံငါးမွေးမြူသူတွေကို ငါးသားပေါက် ဖောက်လုပ်စေပြီး စီမံကိန်းက ပြန်လည်ဝယ်ယူပေးတယ်၊ ပြင်ပကို ရောင်းချခွင့်ပေးပါတယ်။ အခုနှစ်အတွက် မိုးရာသီရောက်ပြီဆိုတော့ ငါး မွေးမြူရေးကို လုပ်ဆောင်လို့ ရတဲ့အတွက် သားဖောက်ထားတဲ့ ရွှေဝါငါးကြင်းတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီးဌာန (နေပြည်တော်) မှ ဦးစီးအရာရှိ ဦးကျော်မိုးအောင်က ပြောသည်။

ငါးမွေးမြူရေးဆိုင်ရာ နည်းပညာများတိုးမြှင့်ပေးခြင်းဖြင့် လူမှုစီးပွားရေး တိုးတက်လာစေရေး စီမံကိန်းဖြင့် ငါးလုပ်ငန်းဦးစီး ဌာနနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းကို ၂၀၁၄ မတ်လက စတင်ခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပထမနှစ်မှ စ၍ ငါးမွေးမြူရေး လုပ်ကိုင်သူများအား သင်တန်းများနှင့် နည်းပညာဖြန့်ဝေပေးခဲ့ရာ ၄ နှစ်အတွင်း အမာခံ ငါးမွေးသူ ၁၈ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

”သင်တန်းတွေ ဖွင့်လှစ်ပေးနေတဲ့အတွက် မွေးမြူချင်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာန တွေကို ဆက်သွယ်မေးမြန်းစေချင်ပါတယ်။ ဒါမှ ငါးမွေးမြူရေး လုပ်ငန်း လုပ်ချင်သူတွေ အတွက် သင်တန်းပေးသွားနိုင်မှာ ဖြစ်သလို၊ လိုအပ်တာတွေကိုလည်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တယ်၊ ပထမနှစ်မှာ သင်တန်းပေးတယ်၊ ဒုတိယနှစ် အမာခံငါးမွေးမြူသူ ငါးဦး၊ ဒုတိယနှစ်မှာ ၈ ဦးကနေ စတုတ္ထနှစ်မှာတော့ ၁၈ ဦးအထိ ရှိလာခဲ့ တယ်” ဟု ဦးကျော်မိုးအောင်က ဆက်လက် ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ တောင်သူလယ်သမားများ အနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ကာ ငါးသားဖောက်မှုများကို တဆင့် ဖြန့်ဖြူးနိုင်သည်အထိ လုပ်ဆောင်နိုင်ရန်၊ အသေးစား ငါးမွေးမြူသူများ လိုအပ်သော ငါး သားပေါက်များ ရရှိစေရန်၊ သင်တန်းများ ပေးအပ်ခြင်းဖြင့် ဆောင်ရန်၊ ရှောင်ရန် များကို သိရှိကာ ငါးမွေးမြူခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန်နှင့် ကျန်းမာ သန်စွမ်းသော ငါးသားပေါက် လိုအပ်ချက်ရှိနေခြင်းကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်သည်ဟု သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

“JICAနဲ့ ပြုလုပ်တဲ့ စီမံကိန်းကလည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ဆိုရင် ပြီးတော့မှာ ဖြစ်ပါတယ်။ JICA နဲ့ စီမံကိန်း ပြီးရင် ငါးလုပ်ငန်းဦးစီးဌာနက ဆက်လက်ပြီး သင်တန်းတွေ ပေးသွားမယ်။ ဒါမှသာ လူမှုစီပွားရေးတွေ ဖွံ့ဖြိုး တိုးတက်လာပြီး ပြည်တွင်းငါးစားသုံးမှု ကဏ္ဍအတွက်လည်း အထောက်အပံ့ဖြစ်လာမယ်” ဟု ဦးကျော်မိုးအောင်က ဆိုသည်။

ယခုအခါ ငါးလုပ်ငန်းဦးစီးဌာနနှင့် JICA တို့ ပူးပေါင်း၍ စီမံကိန်းကာလအတွင်း တိုင်းသုံးတိုင်းနှင့် ပြည်နယ် ငါးခုတွင် သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်း ၁၆၀ နှင့် သင်တန်းသား နှစ်ထောင် ကျော်ကို သင်တန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ ဖွင့်လှစ်တော့မည့် ပဉ္စမမြောက် သင်တန်းကို ရခိုင် ပြည်နယ်တွင် ထပ်မံ တိုးချဲ့သွား မည်ဟု သိရသည်

Your Thoughts …
Tags: JICA နှင့် ငါးလုပ်ငန်း ပူးပေါင်းကာ ရွှေဝါငါးကြင်းသားပေါက်များ ဖြန့်ဖြူးပေးမည်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် အထက (၃) ကျောင်းတွင် Clean Yangon စေတနာ့ ဝန်ထမ်းများက အမှိုက် လျှော့ချရေး အစီအစဉ်ကို ဇူလိုင် ၄ ရက်က အသိပညာပေး ပြုလုပ်စဉ်  / Clean Yangon

စွန့်ပစ်ပစ္စည်း ပြန်အသုံးပြု လက်မှုပညာ သင်ကြားပေးရန် စီစဉ်

ယုံကြည်ရာ ဂီတဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သူ ဦးရဲလွင် (ရုပ်/သံ)

ယုံကြည်ရာ ဂီတဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သူ ဦးရဲလွင် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved