• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စွန့်ပစ်ပစ္စည်း ပြန်အသုံးပြု လက်မှုပညာ သင်ကြားပေးရန် စီစဉ်

by ဇူးဇူး
13 July 2018
in သတင်း
A A
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် အထက (၃) ကျောင်းတွင် Clean Yangon စေတနာ့ ဝန်ထမ်းများက အမှိုက် လျှော့ချရေး အစီအစဉ်ကို ဇူလိုင် ၄ ရက်က အသိပညာပေး ပြုလုပ်စဉ်  / Clean Yangon

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် အထက (၃) ကျောင်းတွင် Clean Yangon စေတနာ့ ဝန်ထမ်းများက အမှိုက် လျှော့ချရေး အစီအစဉ်ကို ဇူလိုင် ၄ ရက်က အသိပညာပေး ပြုလုပ်စဉ် / Clean Yangon

4.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)နှင့် Clean Yangon တို့ ပူးပေါင်း ဆောင်ရွက်နေသော အမှိုက် လျှော့ချရေး အစီအစဉ်တွင် လှိုင်သာယာမြို့နယ် အတွင်းရှိ အလုပ်လက်မဲ့ အမျိုးသမီးများအား စွန့်ပစ်ပစ္စည်း ပြန် အသုံး ပြု လက်မှု ပညာ သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

Clean Yangon သည် အမှိုက်လျှော့ချရေး စီမံချက် ပထမအဆင့် အနေဖြင့် စွန့်ပစ်အမှိုက် ဆိုင်ရာ ကျောင်း အသိ ပညာ ပေး ဆောင်ရွက်မှုများကို လုပ်ဆောင်လျက် ရှိပြီး ဒုတိယ အဆင့်အနေဖြင့် လမ်းပျော်ကလေးများနှင့် အလုပ် လက်မဲ့ အိမ်ထောင်ရှင် အမျိုးသမီးများကို လက်မှုပညာ သင်ကြားပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းပြ သည်။

ရန်ကုန် ၃၃ မြို့နယ်တွင် လှိုင်သာယာ မြို့နယ်သည် အမှိုက်စွန့်ပစ်မှု အများဆုံးဖြစ်နေခြင်း၊ လူဦးရေ ထူထပ်ခြင်း၊ လမ်း ပျော် ကလေး များခြင်း၊ အလုပ်လက်မဲ့ အမျိုးသမီးများခြင်း တို့ကြောင့် ယင်းအစီစဉ်ကိုပါ ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်း Clean Yangon တည်ထောင်သူများမှ တဦးဖြစ်သူ မသဉ္ဇာအေး က ဧရာဝတီကို ပြောသည်။

“သူတို့ကို ဒါလေးတွေ သင်ပေးလိုက်ခြင်းဖြင့် အမှိုက်တွေကနေ ဒီလိုပစ္စည်းတွေ ပြန်လုပ်လို့ရတယ် ဆိုတာ သိရှိသွား မယ်။ ပြီးရင် ကိုယ့်အိမ်သုံး ပစ္စည်းလေးတွေ ကိုယ်တိုင် လုပ်လို့ရသွားမယ်။ ဒါမျိုးလေးတွေကို အဓိက ရည်ရွယ်ပါ တယ်”ဟုလည်း ၎င်းက ဆို သည်။

ယင်း အမျိုးသမီးများကို ကော်ဖီမစ် အိတ်ခွံများဖြင့် ဖျာအမျိုးမျိုး ရက်လုပ်ခြင်း၊ ပြန်လည် အသုံးပြုနိုင်သည့် အိတ် ကလေး များ ပြုလုပ်ခြင်းတို့ကို သင်ကြား ပေးမည်ဖြစ်ပြီး ရရှိလာသည့် ပစ္စည်းများကို လူ့အဖွဲ့အစည်းအတွင်း အကျိုးပြု ရန် ပြန်လည်လှူဒါန်း ချင်သည် ဆိုပါကလည်း စီစဉ်ပေးမည် ဖြစ်ကြောင်း YCDC ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင် က ပြောပြသည်။

မသဉ္ဇာအေး ကလည်း “ဒါလေးတွေ လုပ်ခြင်းအားဖြင့် တခြားလူတွေ အတွက်လည်း အကျိုးရှိစေတယ် ဆိုတဲ့ ခံစားမှု လေးကို ရစေချင်တာပါ” ဟု ပြောသည်။

လတ်တလောတွင် လှိုင်သာယာတမြို့နယ်ကိုသာ စီစဉ်ထားပြီး နောက်ပိုင်း ကျောင်းအသိပညာပေး ပြုလုပ်သွားမည့် မြို့ နယ်များမှ ဒေသခံ အဖွဲ့များနှင့် ချိတ်ဆက်ကာ လက်မှုပညာ သင်ပေးခြင်း အစီစဉ် ထည့်သွင်းသင့် မသင့်ကို ဆွေးနွေး တိုင်ပင်ပြီး အသေးစိတ် ပြန်လည် စီစဉ်သွားမည်ဖြစ်ကြောင်း စီစဉ်နေသူများက ပြောဆိုသည်။

အခြေခံပညာ ကျောင်းများကို အသိပညာပေးမှုများ ဦးစားပေး လုပ်နေရသည့် အတွက် ယင်းအစီအစဉ်ကို ချက်ချင်း စနိုင်မည် မဟုတ်သေးသော်လည်း ပါဝင်ကူညီပေးမည့် စေတနာ့ ဝန်ထမ်းများကို ဇူလိုင်လကုန်ပိုင်းတွင် စတင် သင်တန်း ပေးမည် ဖြစ်သဖြင့် သင်တန်းပြီး ကာလတွင် စတင်နိုင်ရန် မျှော်မှန်းထားသည်ဟုလည်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

Clean Yangon မှ စေတနာ့ဝန်ထမ်းများ၏ အမှိုက်လျှော့ချရေး အစီအစဉ်အဖြစ် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က (၃) တွင် ဇူလိုင် ပထမအပတ်က အသိပညာပေးမှုများ ဆောင်ရွက်ခဲ့သကဲ့သို့ ဇူလိုင် ၁၃ မှ စတင် ကာ လှိုင်သာယာ မြို့နယ်ရှိ ကျောင်းများတွင် အသိပညာပေးမှုများ ပြုလုပ်မည် ဖြစ်သည်။

ရန်ကုန်မြို့တွင် အခြေခံပညာ ကျောင်းပေါင်း ၂၅၀၀ ကျော်ရှိပြီး ကျောင်းသူ/သား အရေအတွက် ၂ သိန်းကျော်ရှိရာ လှိုင်သာယာ တမြို့နယ်တည်းတွင် ကျောင်းပေါင်း ၅၈ ကျောင်းရှိပြီး ကျောင်းသူ/သား ဦးရေ ၁ သိန်းနီးပါး ရှိကြောင်း သိရ သည်။

ဒုတိယအဆင့်တွင် ပါဝင်မည့် လမ်းပျော်ကလေးများနှင့် ပတ်သက်၍လည်း ဒေါ်သန်းမြင့်အောင်က လမ်းပျော် ကလေး များကို ခေါ်ယူကာ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်တတ်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ရန် ပြောပြ မည် ဖြစ်ပြီး လက်မှုပညာ သင်တန်းပေးမည့် ကာလတွင်လည်း ၎င်းတို့ တနေ့တာ ရှာဖွေရရှိသော ဝင်ငွေနှင့်ညီမျှသည့် စာရိတ္တမပျက်ဘဲ ရသော ဝင်ငွေအဖြစ်ပေးရန် စီစဉ်ထားကြောင်း ရှင်းပြသည်။

“ပြောရမယ်ဆို ဘတ်ဂျက် မရှိပါဘူး။ ကျမတို့တွေ တလ ဘယ်လောက်ဆိုပြီး စုထားတာ။ ဘယ် အထောက်အပံ့မှ ခုထိ မရှိ သေးဘူး။ အလှူရှင်တွေ ပါလာရင်တော့ ကောင်းတာပေါ့။ သို့သော် အလှူရှင်ရှိမှ ထလုပ်မယ်ဆို အလုပ်က ဖြစ်မှာ မဟုတ် တော့ဘူး” ဟု ၎င်းက ပြောသည်။

လမ်းပျော်ကလေးများနှင့် နယ်ခံပရဟိအဖွဲ့မှ လူငယ်များကို အဖွဲ့ဖွဲ့ပေးကာ စားသောက်ဆိုင်၊ ကွမ်းယာဆိုင်၊ လက်ဖက် ရည် ဆိုင်များမှ စွန့်ပစ် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်နှင့် ကော်ဖီမစ်ခွံများကို သပ်သပ်ရပ်ရပ် ခေါက်ထားပေးရန်၊ ယင်း တို့ကို တပတ် (သို့) ငါးရက်တကြိမ် သွားသိမ်းရန်၊ သိမ်းဆည်းရရှိလာမည့် အိတ်ခွံတရာလျှင် ငွေမည်မျှပေးရန် စသဖြင့် စီစဉ်ထားသည် ဟုလည်း သိရသည်။

“ဒါဟာ သူတို့ရဲ့ ဂုဏ်သိက္ခာရှိသော ဝင်ငွေတခုပါ”ဟု ဒေါ်သန်းမြင့်အောင်က ပြောသည်။

ရန်ကုန်တမြို့လုံးမှ စွန့်ပစ်အမှိုက်တန်ချိန် တနေ့လျှင် ပျမ်းမျှ ၂၅၀၀ ခန့်ထွက်ရှိကြောင်း၊ ၂၀၁၄ သန်းခေါင်စာရင်း အရ လူ တဦးချင်း ဆီလျှင် တနေ့ကို အမှိုက် ၁ ပေါင် (၂၇ ကျပ်ခွဲသား)ခန့် ထွက်ရှိနေခြင်းကြောင့် တဦးချင်း အမှိုက်လျှော့ချ ရန် လိုနေသည့်အတွက် အမှိုက်လျှော့ချရေး စီမံချက်ကို ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Clean Yangon နှင့် YCDC တို့ ပူးပေါင်းပြုလုပ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အများစုက ကြိုဆိုသော်လည်း မည်မျှ အတိုင်းအတာအထိ အောင်မြင်မှု ရရှိမည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်းလည်း မှတ်ချက်ပြုကြ သည်။

၂၀၁၇ မေ ၁၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော Clean Yangon သည် ယခုအခါ ပရဟိတ အသင်းပေါင်း ၅၀ နီးပါး ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး တလတခါ လူစည်ကားရာ နေရာများ၌ စုပေါင်း အမှိုက်ကောက်ခြင်းနှင့် ပြည်သူလူထု ကို ပညာပေး လှုံ့ဆော်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Your Thoughts …
Tags: စွန့်ပစ်ပစ္စည်း
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ဒီစက်ဟာ ပလတ်စတစ်နဲ့ သံဘူးတွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ သင့်ကို ငွေအကြွေအချို့ ပြန်ပေးမှာ ဖြစ်ပါတယ်

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ

by ဟယ်လ်သင်
19 March 2019
7.3k

စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်သရိုက်တွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာမှာတော့ The Zero Waste ဆိုတဲ့ လှုပ်ရှားမှုကို ဈေးဝယ်စင်တာ အများစုမှာ ပြုလုပ်လာနေကြပါပြီ။

ဘန်ကောက်မြို့၌ စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးချခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းနေစဉ်  / အောင်သီဟ / ဧရာဝတီ

စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးချမှု ကုမ္ပဏီ ၄၀ ကျော် ပူးပေါင်း လုပ်ဆောင်မည်

by အောင်သီဟ
28 August 2019
5.1k

ဘိလပ်မြေ ထုတ်လုပ်သည့် The Siam Cement Group (SCG) ကုမ္ပဏီက ဦးဆောင်၍ နိုင်ငံတကာ ကုမ္ပဏီ ပေါင်း ၄၀ ကျော်က ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ပြည်လည် အသုံးချခြင်း...

ကမ္ဘာကျော် အချိုရည် အမှတ်တံဆိပ် Coca-Cola

စွန့်ပစ် ပလတ်စတစ်တွေကို Recycle လုပ်ပြီး အချိုရည်ဘူးအဖြစ် ပြန်အသုံးပြုမယ့် Coca-Cola

by ဟယ်လ်သင်
27 October 2019
8.4k

အသုံးပြုလို့ မရတဲ့ ပလတ်စတစ် ပစ္စည်းတွေကို Coca-Cola က နည်းပညာကို အသုံးချပြီး ကုန်ချောပစ္စည်းတွေအဖြစ် ပြန်လည် အသက်သွင်း အသုံးပြုနိုင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

ကျောင်းသားတွေဟာ နေ့စဉ် ကျောင်းလာတက်တိုင်း သူတို့အိမ်၊ ပတ်ဝန်းကျင်က ပလတ်စတစ်တွေကို ကောက်ယူလာရတာပါ

ပလတ်စတစ် အမှိုက်တွေ ကောက်လာပေးရုံနဲ့ ကျောင်းလခ ပေးစရာ မလိုတဲ့ စာသင်ကျောင်း

by ဟယ်လ်သင်
6 June 2019
6.1k

ဒီစာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေဟာ အယောက် ၁၀၀ ကျော်ခန့်ရှိပြီး နေ့စဉ် ကျောင်းလာတက်တိုင်း သူတို့အိမ်၊ ပတ်ဝန်းကျင်က ပလတ်စတစ်တွေကို ကောက်ယူလာရတာပါ။

လမ်းဘေးတွင် စွန့်ပစ်ထားသည့် Mask များ / ဟိန်းထက် / ဧရာဝတီ

ကိုဗစ်ကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှု အသစ်

by သဇင်လှိုင်
19 January 2021
7.4k

လူတဦးချင်းစီက နေ့စဉ်သုံးစွဲပြီး စွန့်ပစ်နေရတဲ့ တခါသုံး မျက်နှာ၊ နှာခေါင်းစည်း Mask တွေဟာ ထိတ်လန့် စရာ စွန့်ပစ်ပစ္စည်းပုံကြီး ဖြစ်လာနေသလို တဖက်မှာ စည်းကမ်းမဲ့ စွန့်ပစ်တဲ့ Mask တွေကလည်း ကမ္ဘာ့ဂေဟ စနစ်ကို ခြိမ်း...

အင်ဒိုနီးရှားဟာ တခြားနိုင်ငံတွေလိုပဲ ကိုဗစ်ကာလ ဆိုးကျိုးအနေနဲ့ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ စုပြုံလာတဲ့ဒဏ်ကို ခံနေရပါတယ်။

အင်ဒိုနီးရှားမှာ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ မြစ်ကြောင်းတလျှောက် ပြည့်လျှံ

by Aurora
6 September 2020
6.8k

အင်ဒိုနီးရှားနိုင်ငံရဲ့ ရောဂါကူးစက်မှုက လွန်ခဲ့တဲ့တပတ်အတွင်းမှာကို နေ့စဉ် အယောက် ၃,၀၀၀ ကျော်လောက် ကူးစက်ခံနေရပါတယ်။

Next Post
ယုံကြည်ရာ ဂီတဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သူ ဦးရဲလွင် (ရုပ်/သံ)

ယုံကြည်ရာ ဂီတဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သူ ဦးရဲလွင် (ရုပ်/သံ)

ပင်လုံညီလာခံသို့တက်ရောက်လာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဗိုလ်ချုပ်ဂွမ်မော် / ထက်ဝေ / ဧရာဝတီ

FPNCC စာတမ်းကို ဆွေးနွေးပေးရန် မြောက်ပိုင်းခေါင်းဆောင်များ ပြော

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved