• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံ အထက်ပိုင်းကို ခြေဆန့်လိုက်တဲ့ Bingo အချိုရည်

by ဧရာဝတီ
17 August 2018
in သတင်း
A A
Bingo အချိုရည်အကြောင်း ရှင်းပြနေတဲ့ ကုမ္ပဏီတာဝန်ရှိသူ တဦး / ထက်ဝေ / ဧရာဝတီ

Bingo အချိုရည်အကြောင်း ရှင်းပြနေတဲ့ ကုမ္ပဏီတာဝန်ရှိသူ တဦး / ထက်ဝေ / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

ပြင်သစ်နိုင်ငံ ကုမ္ပဏီမှ ကုန်ကြမ်းများဖြင့် ထုတ်လုပ်သော Bingo အချိုရည်ကို မြန်မာနိုင်ငံ အထက်ပိုင်းတွင်လည်း စတင်ဖြန့်ချိပြီဖြစ်ကြောင်း Bingo အချိုရည်ထုတ်လုပ်သည့် Royal Aster Company မှသိရသည်။

Royal Aster Company မှ အချိုရည်များ ထုတ်လုပ်ဖြန့်ချိနေသည့် အခြေအနေနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ရှိ Bingo စက်ရုံ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Royal Aster Company စတင်တည်ထောင်သူ ဒေါ်ရီရီမြင့် က “ကျမတို့ရဲ့ ထုတ်ကုန်တွေကို ကမ္ဘာ့အရည်အသွေး အဆင့်မီကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတာကို စားသုံးသူတွေကို သိစေချင်တယ်။ အောက်မြန်မာပြည်ကို ဖြန့်ချိပြီးပြီ အခုဆိုရင် အထက်မြန်မာပြည်ကို ထပ်မံဖြန့်ချိနေပါပြီဆိုတာကိုလည်း စားသုံးသူတွေကို သိစေချင်လို့ပါ” ဟုပြောသည်။

Bingo အချိုရည်ကို ကမ္ဘာ့အဆင့် နံပါတ် ၅ နေရာတွင်ရှိသည့် ပြင်သစ်အခြေစိုက် Mane Company မှ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်ခြင်းဖြစ်ကြောင်း Royal Aster Company မှသိရသည်။

ဒေါ်ရီရီမြင့်က “ကုန်ကြမ်းကို ပြင်သစ်အခြေစိုက် ကုမ္ပဏီနဲ့ အကြိုးတူပူးပေါင်းပြီးတော့ သူတို့ရဲ့ အဆင်မြင့်ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ အတွက်ကြောင့် စားသုံးသူတွေ စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ mane company က ကမ္ဘာပေါ်မှာ နှစ်ပေါင်း ၁၅၀ ရပ်တည်နေတဲ့ ကုမ္ပဏီကြီး တစ်ခုဖြစ်တယ်။ သူရဲ့ ပစ္စည်းကလည်း Expire Date ကို အနီးစပ်ဆုံး အသုံးပြုလို့ရအောင် ခွင့်ပြုပေးထားတဲ့အတွက်ကြောင့် သောက်သုံးသူတွေအတွက် ယုံကြည်စိတ်ချရတဲ့ လုံခြုံမှုရှိတယ်” ဟုဆိုသည်။

Bingo အချိုရည်ကို ၂၀၁၆ ခုနှစ် နှစ်ကုန်မှစတင်ကာ ဖြန့်ချိခဲ့ပြီး ယခုအချိန်တွင် အရသာ ၇ မျိုးအထိ ထုတ်လုပ်ရောင်းချနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Royal Aster Company တွင် အကြံပေးတာဝန်ယူထားသည့် World Marketer Mr. Alex Mandossian က “Bingo အချိုရည်က တခြားအချိုရည်နဲ့ မတူဘဲ ကွဲပြားခြားနားချက်က အရသာပိုင်းမှာ ဖြစ်တယ်။ အဲဒီလို အရသာကိုရအောင် ဘာလုပ်ထားလဲဆိုရင် တရုတ်နိုင်ငံက ကုန်ကြမ်းတွေကို အများစုသုံးတဲ့နေရာမှာ မသုံးဘဲနဲ့ ပြင်သစ်နိုင်ငံက ကမ္ဘာ့ကုမ္ပဏီကြီး တစ်ခုနဲ့ ချိတ်ပြီးတော့ ကုန်ကြမ်းပစ္စည်းတွေကို ရယူပြီးတော့ ထုတ်လုပ်တာဖြစ်တယ်” ဟုပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ဆက်လက်ပြီး Mr. Alex Mandossian က “ဒီလို အသုံးပြုထားတဲ့အတွက်လည်း အတွက်လည်း သစ်သီးအရသာ ၉၁ ရာခိုင်နှုန်း ထွက်အောင်ထုတ်လုပ်ထားတာဖြစ်တယ်။ ဒါက Bingo အချိုရည်ရဲ့ ထူးခြားချက်ဖြစ်တယ်” ဟုဆိုသည်။

နှစ်ပေါင်း ၁၅၀ နီးပါး ကုန်ပစ္စည်းများကို အရည်အသွေး ပြည့်မီစေရန် အတွက် ကုန်ကြမ်းပစ္စည်းများ ရွေးချယ်ရသည့် ပထမအဆင့်မှစကာ စက်ရုံမှနောက်ဆုံး ထုတ်လုပ်ပြီးသည့် အချိန်ထိ စနစ်တကျ စစ်ဆေးထိန်းသိမ်းမှုများ ပြုလုပ်ကြောင်းကို Mane Company မှ အထွေအထွေ မန်နေဂျာ Mr.Thibault Verdillon က ပြောသည်။

“အရည်အသွေးကို ထိန်းသိမ်းတဲ့နေရာမှာ ပစ္စည်းတွေရွေးချယ်တဲ့ ပထမအဆင့်ကစပြီး စစ်ဆေးထိန်းသိမ်းတာဖြစ်ပါတယ်။ အစကနေ စက်ရုံက ထွက်သွားတဲ့အထိ တဆင့်ချင်းကို ပြင်သစ်နဲ့ ဥရောပရဲ့ အရည်အသွေးအတိုင်းကို ထိန်းချုပ်ပြီးတော့မှ ကျနော်တို့က ထုတ်လုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ ပစ္စည်းကို အပြည့်အဝယုံကြည်ပြီးတော့ ဒီ Royal Aster Company နဲ့ဆက်လက်လက်တွဲ သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု၎င်းကဆိုသည်။

Your Thoughts …
Tags: Bingo အချိုရည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ငွေကြေး အကျပ်အတည်း (Currency Crisis) တကယ် စ နေပြီလား (ရုပ်/သံ)

ငွေကြေး အကျပ်အတည်း (Currency Crisis) တကယ် စ နေပြီလား (ရုပ်/သံ)

အဆိုတော် ဖြူဖြူကျော်သိန်း  / ဝေဝေနှင်း / ဧရာဝတီ

“မူးယစ်ဆေးဝါးဆိုတာ အနုပညာကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved