• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတနှင့် ရွေး/ကော် ဥက္ကဋ္ဌတို့ စာချွန်တော် လျှောက်ထားခံရမှု ကြားနာ

by ဇူးဇူး
29 January 2021
in သတင်း
A A
ယနေ့လျှောက်လဲချက်ပေးခဲ့သည့် ပါတီနှစ်ခု၏ အမှတ်တံဆိပ်များ

ယနေ့လျှောက်လဲချက်ပေးခဲ့သည့် ပါတီနှစ်ခု၏ အမှတ်တံဆိပ်များ

13k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) တို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ရွေး  ကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌတို့အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် လျှောက်ထားမှုနှင့် ပတ် သက်၍ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

လျှောက်ထားသူများနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ရှေ့နေများက စာချွန်တော် လျှောက်ထားမှုအား မည်သည့်အတွက်ကြောင့် လက်ခံသင့်ကြောင်းကို Video Conferencing စနစ်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၃ ဦးရှေ့ ၌ လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ၎င်းတို့၏ လျှောက်ထားမှုအား လက်ခံမည်၊ လက်မခံမည်ကို ၂ ပတ်ခန့် အကြာ တွင် အကြောင်းပြန်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမှ အမျိုးသားရေး ရှေ့နေတဦးဖြစ်သူ ဦးဇော်ဝိတ်နှင့် DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်တို့က သမ္မတ အပါအဝင် ၄ ဦးနှင့် UEC ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးတို့အား ‘အာဏာပိုင်မေး စာချွန်တော်အမိန့်’ ထုတ်ဆင့်ပေးရန် လျှောက်ထားခြင်း  ဖြစ်သည်။

USDP ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်းက UEC ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးကို ‘အာဏာပေး စာ ချွန်တော် (သို့) အာဏာပိုင်မေး စာချွန်တော် အမိန့်’ ထုတ်ဆင့်ပေးရန် လျှောက်ထားပြီး စုစုပေါင်း စာချွန်တော် လျှောက် ထားမှု ၃ မှု ဖြစ်သည်။

စာချွန်တော် လျှောက်ထားသူ USDP မှ ဦးလှသိန်းက “တခြားသူတွေလည်း လျှောက်လဲချက် တင်တယ်။ အန်ကယ်တို့ လည်း လျှောက်လဲချက် တင်တယ်။ နောက်တော့မှ အန်ကယ်တို့ဟာတွေ လက်ခံတယ်၊ မခံဘူးဆိုတာ သူတို့ ပြန်ကြားမှာ” ဟု ဧရာဝတီကို ပြောသည်။

ယခုလို စာချွန်တော် လျှောက်ထားမှုနှင့် ပတ်သက်၍ မည်သည့်အတွက်ကြောင့် လျှောက်ထားခြင်းဖြစ်သည်၊ လျှောက်ထား ချက်တွင် မည်သည့်အချက်အလက်များ ပါဝင်သည်ကိုမူ confidential (လျှို့ဝှက်) ဖြစ်၍ မပြောနိုင်သေးကြောင်း၊ တရားရုံး က လက်ခံပြီဆိုမှသာ ပြောမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးလှသိန်းက “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နစ်နာမှုရှိတဲ့ဟာတွေကို စာချွန်တော်တင်တယ်။ တရားသူကြီးအဖွဲ့ကနေ ကြားနာတယ်။ ကြားနာပြီးတော့ အဲဒီစာချွန်တော်တွေ လက်ခံမယ်၊ မခံမယ်ဆိုတာတော့ နောက် ၁၄ ရက် ကြာရင် ပြန် ပြီးတော့ အကြောင်းပြန်ပေးမယ်လို့ သိရတယ်” ဟု ဆိုသည်။

အာဏာပေး စာချွန်တော်အမိန့် ဆိုသည်မှာ တရားဝင် အခွင့်အာဏာရှိသူ တဦးဦး (သို့) အဖွဲ့အစည်းတခုခုက ဖြစ်စေ၊ အစိုး ရဌာန တခုခုကဖြစ်စေ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်။

အာဏာပိုင်မေး စာချွန်တော်အမိန့် ဆိုသည်မှာ အစိုးရဌာနတခုခု (သို့) အခွင့်အာဏာ အပ်နှင်းထားသည့် အဖွဲ့အစည်းတခု ခုသည် တဦးတယောက် (သို့) အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိမရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီ ညွတ်ခြင်း ရှိမရှိ ရေးသား ထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်။

USPD ပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီက မဲမသမာမှုများအား ကိုင်တွယ်ဖြေရှင်းရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံတော် သမ္မတ ထံ ဦးတိုက်လျှောက်ထားခဲ့သော်လည်း မည်သည့် တုန့်ပြန်မှုမှ မရသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် စာချွန် လွှာ တင်သွင်းရခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က သံလွင်လမ်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောဆိုထားသည်။

DNP ပါတီကလည်း UEC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေး/ကော်အဖွဲ့ခွဲ တာဝန်ရှိသူများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေပါ တာဝန်များကို ပျက်ကွက်ကြောင်း၊ ဥပဒေနှင့် မညီညွတ်မှုများ ပြုလုပ်သည်ဟု ဆိုကာ စွပ်စွဲထုတ်ပြန်ထားသည်။

ယနေ့ တရားရုံးတွင် လျှောက်လဲချက် ပေးသည့် အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင် နှင့် ဦးဇော်ဝိတ်တို့ကို ဆက်သွယ်ရာ ဖုန်း လက်ခံဖြေကြားခြင်း မရှိပါ။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

တရားရုံး၏ လုပ်ထုံးလုပ်နည်းအရ ကနဦး ဆုံးဖြတ်ရေးအဖွဲ့ တရားသူကြီး ၃ ဦးပါအဖွဲ့က ယနေ့ တင်လိုက်သည့် လျှောက် လဲချက်များနှင့် ကနဦးတင်ထားသည့် လျှောက်ထားချက်များကို အသေးစိတ် စိစစ်ကာ ဥပဒေများနှင့် တိုက်ဆိုင်ညှိနှိုင်း ပြီး နောက် လက်ခံပြီး ဆက်လက် ကြားနာစစ်ဆေးမှု ပြုသင့်၊ မပြုသင့်ကို စည်းဝေး ဆုံးဖြတ်မည်ဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရှင်းပြသည်။

“အကယ်လို့ သူတို့က ဆက်လက်ကြားနာရန် မသင့်လို့ ဆုံးဖြတ်ရင် စာချွန်တော် လျှောက်ထားမှုက အဲဒီမှာ ပြီးသွားပြီ။  နောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်တဲ့အတွက် ရှေ့ဆက်တက်စရာ မရှိဘူး” ဟု ၎င်းက ပြောသည်။

အကယ်၍ လက်ခံကြားနာရန် သင့်သည်ဟု ဆုံးဖြတ်လျှင် လျှောက်ထားခံရသူများနှင့် ရှေ့နေချုပ်ရုံးထံ မိတ္တူ၊ အမှုခေါ်စာ များ ပို့မည်ဖြစ်ကြောင်း၊ ထို့နောက် အမှုစစ်ဆေးမည့် ရက်တရက်ကို ရုံးချိန်းခေါ်ပြီး အပြီးသတ်လျှောက်လဲချက် (Final Argument) ကို နှစ်ဖက်မှ ဥပဒေ အကိုးအကား၊ စီရင်ထုံး အကိုးအကားများဖြင့် လျှောက်လဲရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှောက်လဲချက်များကို တိုက်ဆိုင်စစ်ဆေးပြီးမှသာ အပြီးသတ် ဆုံးဖြတ်ပေးမည့် တရားသူကြီးချုပ်ကိုယ်တိုင် အဖွဲ့ခေါင်းဆောင်အဖြစ်ပါမည့် တရားသူကြီး အဖွဲ့တဖွဲ့ကို ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် စာချွန်တော်အမိန့် ထုတ် သင့်၊ မသင့် နောက်ဆုံး ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

၂၀၁၁ တွင် ထုတ်ပြန်ထားသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စာချွန်တော် အမိန့်ဆိုင်ရာ ညွှန်ကြားချက်ထဲတွင် ၂၀၀၈ အခြေခံဥပဒေအရ အပြီးအပြတ် အခွင့်အာဏာ ပေးထားသည့် ကိစ္စများနှင့် ပတ်သက်၍ လျှောက်ထားလာပါက ယင်း စာချွန်တော် လျှောက်ထားလွှာကို လက်မခံရဘူးဟု အတိအကျ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လက်ခံလိုက်တာကိုက ဥပဒေရေးရာ ပြဿနာဖြစ်နေတာ။ ညွှန်ကြားချက် အတိအကျ ရှိတာကို ဆန့်ကျင်ပြီး လက်ခံတာ ကိုက ညီညွတ်မှု မရှိဘူး။ လက်ခံသင့်၊ မသင့်မှာ အောင်မြင်နိုင်ခြေ အရမ်းနည်းတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၀၂ တွင် ထုတ်ပြန်ကြေညာပြီးသည့် ရွေးကောက်ပွဲရလဒ်သည် ပြောင်းလဲ၍ မရ ကြောင်း၊ UEC ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားရာ ရွေးကောက်ပွဲရလဒ် သည် ပြောင်းလဲစရာ အကြောင်းမရှိကြောင်းလည်း ၎င်းက ထောက်ပြသည်။

Your Thoughts …
Tags: စာချွန်တော်သမ္မတဦးစိုးမောင်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
5.6k

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

by စောမေရီ
26 July 2024
2.4k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ကိုယ်သူ သမ္မတ အဖြစ် လွှဲပြောင်း ယူလိုက်တဲ့ လုပ်ရပ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ခံပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)

မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)

by ဧရာဝတီ
22 January 2025
1.5k

အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် ရွေးကောက်ခံ သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

by ဧရာဝတီ
7 June 2025
1.4k

ထရမ့်ကို မတ်စ်က တိုက်ရိုက်တိုက်ခိုက်မှုများသည် ရီပတ်ဗလစ်ကန် အသုံးစရိတ် ဥပဒေအပေါ် လူသိရှင်ကြား ထိပ်တိုက်တွေ့မှုအပြီး နောက်ဆုံးအလှည့်အပြောင်းဖြစ်သည်။

Next Post
မြောက်ဦးမြို့နယ်အတွင်းမှ လယ်သမားကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ်၌ စပါးဝယ်သူမရှိ၍ တောင်သူများ အခက်ကြုံ

Apple ရဲ့ ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်က စက်ရုံတွေဆီ ကူးပြောင်းရေး လုပ်ဆောင်နေပါတယ်။

Apple ရဲ့ ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved