• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတပုံ မဖြုတ်ထား၍ တပ်အရာရှိက ရဲနှင့် ဌာနဝန်ထမ်းများအား ရိုက်နှက်ခဲ့

by ဧရာဝတီ
4 February 2021
in သတင်း
A A
သဲကုန်းမြို့အဝင် ဆိုင်းဘုတ် (သဲကုန်းမြို့နယ်ဌာနဆိုင်ရာများ/Facebook)

သဲကုန်းမြို့အဝင် ဆိုင်းဘုတ် (သဲကုန်းမြို့နယ်ဌာနဆိုင်ရာများ/Facebook)

24.9k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က အာဏာသိမ်းပြီး နောက်တရက်(ဖေဖော်ဝါရီ ၂ ရက်)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဓာတ်ပုံအား မဖြုတ် ထားသည့် ကိစ္စနှင့် ပတ်သက်၍ တပ်မတော် အရာရှိက ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများ၏ သတင်းပေးပို့ချက်နှင့် မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုက်နှက်ခံရသည့် ရဲတပ်ဖွဲ့နှင့် သစ်တောဌာန၏ မှတ်တမ်း များလည်း လူထုအကြား ပျံ့နှံ့လျက် ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇော်နိုင်ဦးက ဧရာဝတီ သို့ ပြောသည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နေသည့် ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ခလရ ၈၀ မှ ဗိုလ်မှူးသိန်းသန်းစိုး ဦးဆောင်သည့် အဖွဲ့အနေဖြင့် စခန်းအတွင်းရှိ ဦးဝင်းမြင့်ပုံအား ရာဘာတုတ်ဖြင့် ထိုးပြကာ “ဓာတ်ပုံ မဖြုတ်သေးဘူးလား၊ အရင်လူကို ထောက်ခံနေ တာလား၊ အာခံတာလား၊ ရေးတင်မယ်” ဟု ပြောဆိုကာ စခန်းမှူး ဒုရဲမှူးအောင်မင်းလွင်အား ရာဘာတုတ်ဖြင့် ရိုက်နှက်ခဲ့ ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စခန်းအတွင်း စစ်ဆေးနေစဉ် တခြားရဲတပ်ဖွဲ့ဝင်အား ထပ်မံ ရိုက်နှက်ခဲ့သည့်အတွက်လည်း စခန်းမှူး အပါအဝင် ရဲ တပ်ဖွဲ့ဝင် ၈ ဦးတွင် ဖူးယောင်/နာကျင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒကစမှူး (ပြည်) ထံသို့ သတင်းပို့ခဲ့ပြီးနောက် ရိုက်နှက်ခဲ့ သည့် ဗိုလ်မှူးသိန်းသန်းစိုးအား တပ်မတော် အက်ဥပဒေဖြင့် အရေးယူနိုင်ရန် ခလရ ၈၀ သို့ ပြန်လည်ခေါ်ယူ ထားကြောင်း လည်း ကြေးနန်းစာတွင် ဖော်ပြထားသည်။

သဲကုန်းမြို့နယ်၊ သစ်တောရုံးဝင်း အတွင်း၌လည်း ဖေဖော်ဝါရီ ၂ ရက်နေ့က တပ်မ ၆၆ (အင်းမ) မှ ပြောက်ကျားဝတ်စုံ ဝတ် ထားသူ ၇ ဦး ဝင်ရောက်လာကာ သမ္မတ ဦးဝင်းမြင့်ပုံ တွေ့မြင်ပြီးနောက် “ဘာလို့ အဲဒီပုံကို မဖြုတ်တာလဲ” ဟု မေးမြန်းပြီး မြို့နယ်ဦးစီးဌာနမှူး ဦးချစ်ကိုကိုအား အသင့်ပါလာသည့် တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ပြည်ခရိုင် သစ်တောဦးစီးဌာန ၏ တိုင်းညွှန်ကြားရေးမှူးထံ ထူးခြားဖြစ်စဉ် တင်ပြစာတွင် ဖော်ပြထားသည်။ 

သဲကုန်းမြို့မရဲစခန်း (IPRD Thegon/Facebook)

အဆိုပါ ရိုက်နှက်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီက သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြည်ခရိုင် သစ်တောဦးစီးဌာနတို့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြစ်စဉ်အား ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ 

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

တပ်မတော်အနေဖြင့်လည်း ၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး လတ်တလောတွင် ဖြေကြားပေးခြင်း မရှိသေးပေ။

တခြားသော ဖြစ်စဉ်အနေဖြင့်လည်း မြို့နယ်စည်ပင်သာယာရေးရုံးသို့ ဝင်ရောက်စစ်ဆေးခဲ့သည့် တပ်မတော်အရာရှိ တဦးက စည်ပင်ဌာနဆိုင်ရာ ဝန်ထမ်းတချို့အား ရိုက်နှက်မှုရှိခဲ့ကြောင်း သိရသည်။

ဦးဇော်နိုင်ဦးက “ရဲတပ်ဖွဲ့ဆိုရင် သူတို့ လက်နက်ကိုင် တပ်ဖွဲ့ချင်းလည်းဖြစ်တယ်။ ဌာနဆိုင်ရာ တာဝန်ထမ်းဆောင် နေကြ တဲ့သူတွေလည်း ဖြစ်တယ်။ ဒီလိုစရိုက် လက္ခဏာမျိုးက လုပ်စရာ အကြောင်းမှ မရှိတာ။ မလုပ်သင့်ပါဘူး” ဟု ပြောသည်။

အာဏာ သိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး တွင် အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအတွင်း မည်သည့် ကိစ္စရပ်မဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရ မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။ 

သို့သော် မြို့နယ်တချို့တွင် တပ်မတော် အရာရှိများက ဥပဒေအရ တရားဝင် ရပ်တည်နေဆဲဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးများအား ဝင်ရောက်ရှာဖွေကာ စာရွက်စာတမ်းများ သိမ်းဆည်းခြင်းနှင့် ချိတ်ပိတ်ကာ စောင့်ကြည့်မှုများ ပြုလုပ်လျက် ရှိသည့်အတွက် တရားမဲ့ ပြုကျင့်မှုများအား လေးနက်စွာ ကန့်ကွက်ကြောင်း NLD က ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း အမြန်ဆုံး တားမြစ်ပေးရန် တိုက်တွန်းထားသည်။ 

 

Your Thoughts …
Tags: တပ်အရာရှိရိုက်နှက်ရဲ၊ ဝန်ထမ်းသမ္မတ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
5.6k

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

by စောမေရီ
26 July 2024
2.4k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ကိုယ်သူ သမ္မတ အဖြစ် လွှဲပြောင်း ယူလိုက်တဲ့ လုပ်ရပ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ခံပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)

မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)

by ဧရာဝတီ
22 January 2025
1.5k

အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် ရွေးကောက်ခံ သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

by ဧရာဝတီ
7 June 2025
1.4k

ထရမ့်ကို မတ်စ်က တိုက်ရိုက်တိုက်ခိုက်မှုများသည် ရီပတ်ဗလစ်ကန် အသုံးစရိတ် ဥပဒေအပေါ် လူသိရှင်ကြား ထိပ်တိုက်တွေ့မှုအပြီး နောက်ဆုံးအလှည့်အပြောင်းဖြစ်သည်။

Next Post
တပ်မတော်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့လမ်းမပေါ်တွင် တွေ့ရသည့် သံချပ်ကာ ကားများ  / ဇော်ဇော် / ဧရာဝတီ

အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည်

၂၀၂၁ ဇန်နဝါရီ ၂၇ ရက်နေ့က မန္တလေးမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနေစဉ် / ဧရာဝတီ

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးမည့်သူများ စုရပ်တွင် ထိုးပေးမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved