• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်

by သီဟတိုး
18 February 2017
in Lifestyle
A A
အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်
အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်
အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်
အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်
အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်
အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်
ဓာတ်ပုံ - သီဟတိုး/ဧရာဝတီ
17.6k
VIEWS
Share on FacebookShare on Twitter

ခရီးသွားလို့ကောင်းတဲ့ ရာသီ၊ ဆောင်းအကုန် နွေအကူး နွေဦးကာလမှာ ပင်လယ်ကမ်းခြေဒေသကို အပန်းဖြေခရီး ထွက်တာ အကောင်းဆုံးပါ။ မြန်မာနိုင်ငံမှာတော့ ပင်လယ်ကမ်းခြေဒေသတွေဆိုရင် ချောင်းသာ၊ ငွေဆောင်၊ ငပလီ ကမ်းခြေခရီးတွေက အထင်ကရဖြစ်ပြီး နာမည်ကြီးပါတယ်။

ချောင်းသာ၊ ငွေဆောင်ခရီးတွေကို သွားဖူးနေကျ ရိုးအီနေပြီဆိုရင်တော့ အဲဒီကမ်းခြေတွေထက် ပိုမို ထူးခြားလှပပြီး သဘာဝအတိုင်း အရိုင်းဆန်လွန်းတဲ့ မြန်မာနိုင်ငံမြေပုံထဲက ဘင်္ဂလားပင်လယ်အော် အစွန်လေးမှာ ထိုးထွက်နေတဲ့ ဂေါ်ရန်ဂျီကျွန်းကို သွားရောက်လည်ပတ်နိုင်ဖို့ မိတ်ဆက်ပေးချင်ပါတယ်။

ဂေါ်ရန်ဂျီကျွန်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှာ တည်ရှိတာပါ။ ဂေါ်ရန်ဂျီကျွန်းကို သွားမယ်ဆိုရင် ရန်ကုန်၊ ဒဂုံဧရာ အဝေးပြေးဝင်းကနေ ငရုတ်ကောင်းမြို့နယ်အထိ Express ကားနဲ့ သွားနိုင်ပါတယ်။ အဲဒီကမှတဆင့် ဆိုင်ကယ်တို့၊ စက်လှေတို့ စီးပြီးသွားရတာပါ။

ဂေါ်ရန်ဂျီကျွန်းကို Package နဲ့ သွားမယ်ဆိုရင် စရိတ်ငြိမ်း(နေ၊စား၊တည်း) ၁ ညအိပ် ၂ ရက် ခရီးစဉ်တွေ ရှိပါတယ်။ ဂေါ်ရန်ဂျီကို Travel & Tours နဲ့ သွားမယ်ဆိုရင်တော့ ကိုယ်တိုင်စီစဉ်စရာမလိုတဲ့အတွက် အေးအေးဆေးဆေး အပန်းဖြေ သွားချင်သူတွေအဖို့တော့ အလွန်အဆင်ပြေပါတယ်။ တကိုယ်တော် ခရီးသွားချင်သူတွေအနေနဲ့လည်း ခရီးစဉ်ကို ကိုယ်တိုင် စီစဉ်နိုင်ပါတယ်။

ဂေါ်ရန်ဂျီကျွန်းကို သွားဖို့ ရန်ကုန်ကနေ ည ၈ နာရီခွဲလောက် ထွက်ရပါတယ်။ ဒဂုံဧရာ အဝေးပြေးဝင်းကနေ ငရုတ်ကောင်းမြို့အထိ ရောက်ရှိတဲ့ ယူနီဗာဆယ်နဲ့ ကံထူးအောင် Express ကားတွေလည်း အဲဒီအချိန်မှာ စထွက်ပါတယ်။

လမ်းအနည်းငယ်ကြမ်းပြီး အကွေ့အကောက်၊ တောင်ဆင်းတောင်တက်များတာကြောင့် ရန်ကုန်ကနေ ငရုတ်ကောင်းကို ရောက်ဖို့ အချိန် ၉ နာရီခန့် ကြာမြင့်ပါတယ်။ ရန်ကုန်ကနေ ည ၈ နာရီခွဲ စထွက်ရင် ငရုတ်ကောင်းကို မနက် ၆ နာရီခန့်မှာ ရောက်ရှိပါတယ်။

ငရုတ်ကောင်းမြို့ကို ရောက်ပြီဆိုရင်တော့ မနက်စာစားပြီး မနက် ၇ နာရီမှာ ဂေါ်ရန်ဂျီကျွန်းကို ရောက်ဖို့ ဆိုင်ကယ်တဆင့်၊ စက်လှေတဆင့် စီးသွားရပြီး သဘာဝအတိုင်း တည်ရှိလှပနေတဲ့ ကျောက်ဆောင်ကြီးတွေ ကျွန်းငယ်လေးတွေကို ပင်လယ်ဘက်ကနေ ကြည့်ရှုမယ်ဆိုရင်လည်း စက်လှေစင်းလုံးငှားပြီး ကြည့်ရှုလို့ရပါတယ်။

ဂေါ်ရန်ဂျီကျွန်းမှာဆိုရင် စပါးထားကျွန်း၊ လိပ်ချိုင်ကျွန်း၊ ငှက်သောင်၊ သစ်ရောင်း၊ ကျွန်းကြီး၊ ကျွန်းလေး၊ သဲဖြူကျွန်း၊ ကျောက်ခြေထောက်၊ ကြွေချိုင်၊ ပလ္လင်ချိုင် စတဲ့ လည်ပတ်စရာနေရာတွေရှိပါတယ်။

ဂေါ်ရန်ဂျီမှာ တည်းစရာ ဘန်ဂလိုလေးတွေလည်း ရှိပါတယ်။ “သီရိသုတအောင်၊ Goyangyi Lordge၊ G7 Plage၊ လမင်းသာ၊ ထီးထာ၊ ရေပြာကျွန်း” စတဲ့ ဘန်ဂလို Resort လေးတွေက တည်းခိုရတာ အဆင်ပြေပါတယ်။ ဈေးနှုန်းကလည်း သိပ်မကြီးဘဲ ကမ်းခြေနဲ့ တဆက်တည်း ရှိတာကြောင့် ပင်လယ်ပြင်မှာ ဆော့ကစား၊ ရေကူး အပန်းဖြေချင်သူတွေအတွက် အဆင်ပြေလှပါတယ်။

အဓိကကတော့ ဂေါ်ရန်ဂျီကျွန်းကိုရောက်ရင် ပထမဆုံး ဂေါ်ရန်ဂျီကျွန်းကြီးတခုလုံးကို အပေါ်စီးကနေ မြင်နေရပြီး ကျွန်း အလှကို မြင်နိုင်တဲ့ နေရာဖြစ်တဲ့ လှေကားထစ်ပေါင်း ၄၂၀ ရှိတဲ့ မြဝတီစေတီတော် တည်ရှိရာ တောင်ထိပ်ကို အရင်သွားရောက်ဖို့ အကြံပြုချင်ပါတယ်။

တောင်ပေါ် ဘုရားရင်ပြင်တော်ပေါ်ကနေ နှစ်ဖက်လှ ပင်လယ်ကြီး ဝန်းရံထားတဲ့ဂေါ်ရန်ဂျီကျွန်း အလှကို ကြည့်ရှုခံစားနိုင်သလို လမ်းခရီးတဝက်ကနေ လှမ်းမြင်နေရတဲ့ ပင်လယ်ပြင်အလှ၊ လိပ်ချိုင်ကျွန်း အလှတွေကို တဝကြီး ကြည့်ရှု ခံစားနိုင်ပါတယ်။

နေ့လယ်စာအတွက်ကိုတော့ တောင်အောက်ကိုဆင်းပြီး လတ်လတ်ဆတ်ဆတ်ပင်လယ်စာဟင်းတွေနဲ့ တဝကြီး စားသုံးနိုင်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တာမို့ စားရတာ စားပျော်ပါတယ်။ စားသောက်လို့ပြီးရင်တော့ တောင်ပေါ်ကနေ လှမ်းမြင်ခဲ့ရတဲ့ လိပ်ချိုင်ကျွန်းကို စက်လှေနဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။

လိပ်ပုံသဏ္ဍာန် ကျောက်ဆောင်ကြီးရှိလို့ လိပ်ချိုင်လို့ ခေါ်ဝေါ်တာဖြစ်ပြီး လိပ်ချိုင်နဲ့ တစပ်တည်းရှိတဲ့ ကမ်းခြေတခုလုံး သဘာဝအတိုင်း ခရုခွံတွေ ဖုံးလွှမ်းထားတဲ့ ခရုကမ်းခြေလေးကို အရင် ရောက်ရှိပါမယ်။ အဲဒီ ခရုကမ်းခြေမှာ ရေငုပ်ဝါသနာ ပါသူတွေအတွက် ကြည်လင်နေတဲ့ ရေအောက်မှာ Snorkeling လုပ်ပြီး လွတ်လပ်စွာ ကူးခတ်နေကြတဲ့ ရောင်စုံ ပင်လယ်ငါးလေးတွေကို သဘာဝအတိုင်း ကြည့်ရှုနိုင်ပါတယ်။

လိပ်ချိုင်မှာ ရေငုပ်၊ ရေကူး ဆော့ကစားပြီး ခရုတွေကောက်၊ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ကျောက်ဆောင် ကျောက်တုံး၊ ကျောက်နံရံတွေနဲ့ အလှဓာတ်ပုံတွေရိုက်၊ လှိုင်းလုံးကြီးတွေကို တမေ့တမောကြည့်ရှုနိုင်သလို ကမ်းစပ်မှာ သွားလာနေကြတဲ့ ကဏန်းလေးတွေ၊ ဝင်ကစွပ်ကောင်လေးတွေကိုလည်း ကြည့်ရှုလေ့လာ မှတ်တမ်းတင်နိုင်ပါသေးတယ်။

ရေကူး၊ ရေဆော့လို့ မောလာရင်တော့ ကမ်းစပ်မှာ လတ်ဆတ်တဲ့ပုစွန်ကင်၊ ငါးကင်တွေကို ဝယ်ယူစားသောက်နိုင်ပါတယ်။ ကမ်းခြေမှာ နေအပူရှိန်ပြင်းတာကြောင့် နေလောင်ခရင်မ်ကို ခပ်ထူထူလိမ်းပြီး နေကာမျက်မှန်လည်း တပ်ထားသင့်ပါတယ်။ လိပ်ချိုင်မှာမှ ရေကစားနိုင်တာ မဟုတ်ပါဘူး။ ကိုယ်တည်းခိုတဲ့ ဘန်ဂလိုအရှေ့က ကမ်းခြေမှာလည်း ဘောကွင်းစီး၊ ရေကူး ရေကစားနိုင်ပါသေးတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

ဘန်ဂလို Resort တွေမှာ ချောင်းသာ၊ ငွေဆောင်၊ ငပလီလို ရေကူးကန် မပါသေးတာကြောင့် ပင်လယ်ထဲမှာသာ ရေအဝကူးပြီး ပင်လယ်ရဲ့အရသာကို အပြည့်အ၀ ခံစားနိုင်ပါတယ်။

ညနေဘက်ဆို ဂေါ်ရန်ဂျီ ကမ်းခြေတလျှောက် လမ်းလျှောက်ရင်း နေဝင်ဆည်းဆာအလှ Sun Set ကြည့်မယ်။ ညဘက် ဘန်ဂလိုရှေ့မှာ မီးပုံပွဲလေး ဆင်နွှဲပြီး သူငယ်ချင်းတွေနဲ့ သီချင်းတွေဆိုကြမယ်။ မနက်မိုးလင်းရင်တော့ ဂေါ်ရန်ဂျီကျွန်းမှာ ရှိတဲ့ နံသာပုကျေးရွာကို သွားရောက်လည်ပတ်ပြီး ဒေသခံတွေရဲ့လူနေမှု ဘဝပုံစံနဲ့ ပင်လယ်ဒေသ ကျွန်းသူ၊ ကျွန်းသား တွေရဲ့နေ့စဉ်လုပ်ငန်းခွင်ကို လေ့လာနိုင်ပါတယ်။

ဂေါ်ရန်ဂျီကျွန်းကို နေရာအနှံ့ လည်ပတ်ပြီးသွားပြီဆိုရင်တော့ ရန်ကုန် အိမ်အပြန် ခရီးကို စတင်နိုင်ပါပြီ။ ဂေါ်ရန်ဂျီကျွန်းကို Package ခရီးစဉ်နဲ့ သွားမယ်ဆိုရင် (နေ၊စား၊ တည်းငြိမ်း) ကားခအပါအဝင် တဦးကို ၈၈,၀၀၀ ကျပ်ကျသင့်တဲ့ “Luck Trip ခရီးသွားဝန်ဆောင်မှုလုပ်ငန်း” ရဲ့တညအိပ် ၂ ရက်ခရီးစဉ်နဲ့ သွားရောက်နိုင်ပါတယ်။

Your Thoughts …
Tags: ဂေါ်ရန်ဂျီကျွန်း
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဒေါက်တာ နန်းပန်းအိခမ်း / သဇင်လှိုင် / ဧရာဝတီ

မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲဖို့ ပြောတဲ့ ဒေါက်တာ နန်းပန်းအိခမ်း နှင့် တွေ့ဆုံခြင်း

လေထဲက ဘတ်စ်ကား

လေထဲက ဘတ်စ်ကား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved