• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

စာအုပ်ကောင်းတွေ ထက်အောက်မြေတခွင် ပျံ့နှံ့စေချင်

by သန်းနိုင်ဦး
18 June 2017
in Lifestyle
A A
စာအုပ်တိုက်တွေ ဆက်တိုက်ထွက်ပေါ်နေတယ်ဆိုပေမယ့် စာအုပ်စာစောင်တွေရဲ့ပျံ့နှံ့မှုက အားရကျေနပ်ဖွယ် မကောင်း ဘူး / မျိုးမင်းစိုး / ဧရာဝတီ

စာအုပ်တိုက်တွေ ဆက်တိုက်ထွက်ပေါ်နေတယ်ဆိုပေမယ့် စာအုပ်စာစောင်တွေရဲ့ပျံ့နှံ့မှုက အားရကျေနပ်ဖွယ် မကောင်း ဘူး / မျိုးမင်းစိုး / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

ယခုနှစ်ပိုင်းမှာ စာအုပ်ထုတ်ဝေရေးတိုက်တွေ ပေါ်လာတာ ဝမ်းမြောက်ဖွယ် တွေ့နေရပါတယ်။ အထူးသဖြင့် စာ ပေစိစစ်ရေးစနစ် ဖျက်သိမ်းပြီးနောက်ပိုင်းမှာ ထုတ်ဝေရေးတိုက်တွေ မိုးဦးကျမှိုပွင့်တွေလို တတိုက်ပြီး တတိုက် ထွက်ပေါ် လာတာဖြစ်ပါတယ်။

စာအုပ်တိုက်တွေ ဆက်တိုက်ထွက်ပေါ်နေတယ်ဆိုပေမယ့် စာအုပ်စာစောင်တွေရဲ့ပျံ့နှံ့မှုက အားရကျေနပ်ဖွယ် မကောင်း ဘူး။ တချို့စာအုပ်ကောင်းတွေဆို နယ်မြို့တွေထိ ရောက်မလာဘဲ တိုက်ကျစာအုပ်ဈေးကွက်မှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာ တွေရှိတယ်။ လက်ရှိ စာအုပ်ဖြန့်ချိရေး အခြေအနေကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

စာအုပ်ဖြန့်ချိရေးစနစ် ယခုထက်ပိုကောင်းဖို့ အားလုံးဝိုင်းဝန်းကြံဆောင်ကြရမှာဖြစ်ပါတယ်။ လက်ရှိ စာအုပ်ထုတ်ဝေရေး တွေ များလာပေမယ့် ဖြန့်ချိရေးက စနစ်ရဲ့အားနည်းချက်တွေကြောင့် စာအုပ်ဈေးကွက် ထင်သလောက် ခရီးမပေါက်သေး ပါ။

ဖြန့်ချိရေး တွင်ကျယ်လာရင် စာအုပ်ထုတ်လုပ်မှုတွေ ပိုများလာနိုင်ပြီး စာအုပ်ဈေးကွက်လည်း ပိုမိုကျယ်ပြန့်လာနိုင်ပါတယ်။ စာအုပ်အများစုအုပ်ရေ တထောင်ကုန်ဖို့အရေး ဖြစ်ဖြစ်မြည်အောင် ရောင်းနေရတဲ့အခြေအနေဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်ဝန်းကျင်က စာအုပ်တွေဟာ အုပ်ရေ ၅၀၀၀ ပြိုက်ခနဲ ကုန်အောင် ရောင်းချရတဲ့စာအုပ်တွေရှိပါတယ်။ အဲဒီတုန်း က လမ်းပန်းဆက်သွယ်ရေးလည်း အခုလောက်မကောင်းသေးတဲ့အပြင် သယ်ယူပို့ဆောင်ရေး ယာဉ်ယန္တရားတွေလည်း အလုံ အလောက် မရှိသေးတဲ့အချိန်ပါ။

သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ဆိုရင် ငွေစက္ကူတွေ တရားမဝင် သိမ်း တဲ့ ကာလမှာပင် အုပ်ရေ ၃၀၀၀ ပြိုက်ခနဲ ကုန်သွားလို့ လပိုင်းအတွင်းမှာပဲ နောက်ထပ်ဆက်ရိုက်ရတဲ့ စာအုပ်အဖြစ် မှတ် တမ်းဝင်ခဲ့ပါတယ်။

အခုခေတ်မှာ လမ်းပန်းဆက်သွယ်ရေးတွေလည်း အရင်ထက်ပိုကောင်းလာတဲ့အပြင် ကား၊ ရထား၊ လေကြောင်း၊ သဘောၤ စ တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အရင်ထက် အဆင့်မီခဲ့ပေမယ့် စာအုပ်ပျံ့နှံ့အားက ရာဂဏန်း မသေချာပါ။

စာအုပ်ပို့ခတွေအတွက် အာဏာပိုင်အဖွဲ့အစည်း အသီးသီးက စဉ်းစားဆောင်ရွက်ပေးကြစေလိုပါတယ်။ စာအုပ်ထုတ်ဝေ ဖြန့် ချိရေးဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်တယ်ဆိုသည့်တိုင် အခြားကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ မတူကွဲပြားမှုတွေ ရှိနေပါတယ်။

စာအုပ်ထုတ်ဝေဖြန့်ချိရေးဟာ အသိဉာဏ်ဖြန့်ကြက်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်လို့ တန်ဆာခလျှော့ချရေးတွေ နိုင်ငံပိုင်မီဒီ ယာတွေမှာ စာအုပ်ကြေညာတဲ့အခါ အခြားကုန်စည်တွေထက် လျှော့ပေါ့ပေးဖို့ လိုအပ်ပါတယ်။

ဆိုင်ခန်းငှားခဈေးကြီးမြင့်မှုကလည်း စာအုပ်ဖြန့်ချိရေးကို ချည့်နဲ့စေပါတယ်။ မြို့တွင်းမှာ ကာလရှည်ကြာငှားရမ်းလုပ်ကိုင် ခဲ့ကြတဲ့ စာအုပ်ဆိုင်အချို့ဆိုင်ခန်းငှားခဈေးကြီးမြင့်မှုကြောင့် ဆက်မငှားနိုင်တော့ဘဲ လုပ်ငန်းရပ်ဆိုင်းလိုက်ရတာတွေရှိ တယ်။

နေရာကျဉ်းကျဉ်းမှာ မဖြစ်မနေ ငှားရမ်းထားရသူတွေကလည်း ဈေးကွက်ခိုင်မာပြီးသား စာရေးဆရာတွေရဲ့စာအုပ်ကိုသာ အကန့်အသတ်နဲ့ မှာယူကြတော့တယ်။ စာအုပ်ဆိုတာ ပုပ်သိုးကုန်မဟုတ်ဘူးဆိုသော်လည်း နေရာအပုတ် မခံနိုင်လို့ မသေ ချာတဲ့ စာအုပ်ဆို မမှာယူကြတော့ပါဘူး။

နာမည်ကြီးစာရေးဆရာတွေရဲ့ စာအုပ်ကောင်းတွေသည်ပင် အုပ်၂၀ အုပ် ၃၀ လောက်သာ အကန့်အသတ်နဲ့ မှာယူကြတော့ တယ်။ လိုအပ်ရင် အချိန်မရွေး ဖုန်းနဲ့ ဆက်သွယ်မှာယူနိုင်တဲ့ခေတ်မို့ မလိုအပ်ဘဲ မမှာယူကြတော့ဘူး။

ရန်ကုန်လို မြို့ကြီးပြကြီးမှာတောင် ရန်ကုန်ပတ်လည် အုပ်(၈၀) လို့ စာချိုးရတဲ့အထိ စာအုပ်ဖြန့်ချိရေးစနစ်က ချုံးချုံးကျနေ ပါတယ်။
စာတိုက်ကနေ ပို့ပေးတဲ့ဝန်ဆောင်မှု VPP စနစ် (စာအုပ်ရောက်မှ ရွေးယူရတဲ့စနစ်)ကတော့ အခုအခါမှာ ဘယ်စာအုပ်တိုက် ကမှ မသုံးတော့ပါဘူး။ အဲဒီ VPP စနစ်နဲ့ စာဖတ်ပရိတ်သတ်အချို့စာအုပ်ကောင်းတွေ ဝယ်ယူ ဖတ်ရှုခွင့်ရခဲ့ကြတယ်။

ဒီစနစ်က မဆလခေတ်နှောင်းပိုင်းအထိ ကောင်းကောင်းအသုံးဝင်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ ဒီဝန်ဆောင်မှုကို စာ အုပ်တိုက်တွေက လုပ်မပေးနိုင်တော့ဘူး။ VPP စနစ်သာ အားကောင်း မောင်းသန်ရှိခဲ့ရင် စာဖတ်ပရိတ်သတ်တွေလည်း အ ဆင်ပြေ၊ စာအုပ်တိုက်တွေလည်း တွက်ခြေကိုက် စာတိုက်လုပ်ငန်းလည်း ဝန်ဆောင်ခရ၊ သားရွှေအိုးထမ်းတဲ့ကိန်း ဆိုက် မှာဖြစ်ပါတယ်။

ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံကြီးတွေမှာလည်း ဒီနေ့အချိန်ထိ စာတိုက်ဝန်ဆောင်မှုလုပ်ငန်း အားကောင်းနေဆဲဖြစ်ပါတယ်။ အ သုံးတည့်နေတဲ့ VPPလို စနစ်ကောင်းတခု တိမ်မြုပ်သွားတာ နှမြောစရာလည်းကောင်း လွမ်းစရာလည်းကောင်းတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

စာအုပ်တိုက်အချို့က အွန်လိုင်းမှာ ဈေးကွက်ဖြန့်ကြက်လာကြတယ်။ စာဖတ် ပရိတ်သတ်တဦးချင်း အမှာတွေအပေါ် ပို့ခ မယူဘဲ အိမ်အရောက်ပို့ ဝန်ဆောင်မှုတွေ လုပ်လာတာရှိတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာတွေပါပဲ။

လက်ရှိဖြန့်ချိရေး အကျပ်အတည်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ထွက်ဖို့ ကြံဆောင်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်ပို့ခတွေ ဈေးကြီးနေတယ်ဆိုတဲ့ ထုတ်ဝေသူအချို့ရဲ့ညည်းချင်းတွေလည်း ကြားနေရပါတယ်။ အစိုးရပိုင် ယာဉ်ယန္တ ရားတွေမှာ စာအုပ်သယ်ယူပို့ဆောင်ခကို သက်သာတဲ့နှုန်းထားနဲ့ ဝန်ဆောင်မှုပေးနိုင်ရင် လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်မှာ ပါပဲ။

စာအုပ်ဖြန့်ချိရေးအခက်အခဲတွေကတော့ ယနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။ ဒီပြဿနာတွေအတွက် ဝိုင်းဝန်းအဖြေရှာကြရမှာ ဖြစ်ပါတယ်။

စာအုပ်တိုက်တွေက စာအုပ်တွေ ဆက်ထုတ်နေကြဦးမှာဖြစ်ပါတယ်။ ထုတ်တဲ့စာအုပ်ကောင်းတွေ စာဖတ်ပရိတ်သတ် လက် ဝယ်ရောက်ဖို့ ဘယ်လိုကြံဆောင်ကြမှာလဲ။ လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ ညည်းညူနေမယ့်အစား စာအုပ်ကောင်းတွေ လက်လှမ်းတမီအနေအထား ရောက်ရှိလာအောင် ဖော်ဆောင်ပေးကြရမှာဖြစ်တယ်။

အဲဒီလို ဖော်ဆောင်ဖို့အတွက် စာအုပ်ကောင်းတွေ လက်တကမ်းမှာ ရှိနေရပါမယ်။ စာအုပ်ဖြန့်ချိရေးစနစ် အားကောင်းမောင်း သန်ဖြစ်လာပြီဆိုရင် စာအုပ်ကောင်းတွေ လက်တကမ်းကို ရောက်ရှိလာမှာ မြေကြီးလက်ခတ်မလွဲပါ။ စာအုပ် ဖြန့်ချိရေး အဆင်ပြေစေဖို့ ဝိုင်းဝန်းကြိုးပန်းကြရမယ့် အချိန်ကို ရောက်နေပါပြီ။

Your Thoughts …
Tags: စာအုပ်ဖြန့်ချိရေး
သန်းနိုင်ဦး

သန်းနိုင်ဦး

Contributor

Similar Picks:

No Content Available
Next Post
Dual Messenger လုပ်ဆောင်ချက်အသစ်နဲ့ Samsung J Pro Series စမတ်ဖုန်းများ

Dual Messenger လုပ်ဆောင်ချက်အသစ်နဲ့ Samsung J Pro Series စမတ်ဖုန်းများ

ဒီဇိုင်း-ကျော်မျိုးထိုက်/ ဧရာဝတီ

သင့်ကို အလုပ်မခန့်ချင်သူတွေရဲ့လက္ခဏာ ၅ ချက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved