Entertainment

"Fantastic Beasts" မှာ Nagini မြွေမအဖြစ် မြင်တွေ့ရမယ့် မင်းသမီး Claudia Kim

Want create site? Find Free WordPress Themes and plugins.

မကြာခင် ရုံတင်ပြသတော့မယ့် “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်မှာ တောင်ကိုရီးယား မင်းသမီး Claudia Kim ကို Nagini အဖြစ် မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်မင်းသမီး Kim ဟာ နောက်ဆုံးထွက်ရှိခဲ့တဲ့ ရုပ်ရှင်အမြည်းဗီဒီယိုမှာ သူ့ကို Nagini အဖြစ် မြင်တွေ့ခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ Entertainment Weekly ရဲ့ အင်တာဗျူးတခုမှာ အဲဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။

မင်းသမီးက “Nagini ရဲ့ တခြားတဖက်ခြမ်းကို မြင်တွေ့ရမှာ စိတ်လှုပ်ရှားဖို့ကောင်းမှာပါ။ သူ့ကို ဝိညာဉ် ပစ္စည်း အဖြစ်ပဲ မြင်ခဲ့ကြရမှာပါ။ ဒီထဲမှာတော့ သူဟာ အသက်ရှင်နေထိုင်ချင်တဲ့ ထူးခြားပြီး ထိခိုက်လွယ်တဲ့ အမျိုးသမီး တဦးအနေနဲ့ မြင်တွေ့ရမှာပါ။ သူဟာ လူသားတယောက်လို နေချင်ခဲ့တာပါ။ အဲဒါ ဇာတ်ကောင်အတွက် ခြားနားချက်လို့ ကျမထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Nagini မြွေကို Harry Potter ရုပ်ရှင်တွေထဲမှာ Voldemort သခင်ကြီးရဲ့ အချစ်တော်မြွေအဖြစ် မြင်တွေ့ခဲ့ကြ ရတာပါ။

အခု “The Crimes of Grindelwald” ရုပ်ရှင်မှာတော့ Nagini ရဲ့ ထူးဆန်းတဲ့သွေးကျိန်စာမိနေတဲ့ ဆက်ကပ် ဖျော်ဖြေသူတဦးအနေနဲ့ နောက်ကြောင်းရာဇဝင်ကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။

မင်းသမီး Kim က “သူဟာ တခါတလေခံစားတတ်ပေမယ့် အဲဒါက ထိန်းချုပ်လို့မရပါဘူး။ အချိန် ပြည့်လာတဲ့ အချိန်အတိုင်း သူဟာ သားရဲ တိရိစ္ဆာန်အသွင်ကိုပြောင်းလဲသွားဖို့ ဖြစ်လာခဲ့တာပါ။ သူ့မှာ အခုထိ ဖော်ထုတ်ဖို့ လိုအပ်နေသေးတဲ့ စွမ်းအားတွေ ရှိပါတယ်။ မှော်ဆရာတွေမှာ ရှိတဲ့ စွမ်းအားအတိုင်း သူ့မှာရှိတယ်လို့တော့ ကျမ အတည်မပြုချင်ပါဘူး။ ပြီးတော့ ကျမမှာ မှော်ကြိမ်လုံး မရှိပါဘူး” လို့ ပြောကြားပါတယ်။

The Marco Polo နဲ့ Avengers: Age of Ultron ရုပ်ရှင်မင်းသမီးက အခုလိုမျိုး ဇာတ်လမ်း အသစ်တခုမှာ သရုပ်ဆောင်ထားတဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့တုန်းက Twitter မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Harry Potter နဲ့ Fantastic Beasts စာရေးဆရာမ J.K. Rowling က Nagini ဟာ အမျိုးသမီးတဦးဆိုတဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရတာ နှစ်ပေါင်း ၂၀ လောက် ရှိပြီလို့ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံတင်ပြသမယ့် “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်မှာ သရုပ်ဆောင်တွေအဖြစ် Eddie Redmayne, Katherine Waterston, Jude Law နဲ့ Johnny Depp တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

Ref: upi

Did you find apk for android? You can find new Free Android Games and apps.
Loading