• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

တိုင်းရင်းသားရိုးရာဖျော်ဖြေမှုများနဲ့ ဖမ်းစားမယ့် Pai’s Bar

by ယုဖြူဟန်
5 August 2017
in Food
A A
/ Pai’s Bar facebook

/ Pai’s Bar facebook

11.3k
VIEWS
Share on FacebookShare on Twitter

ယခုနှစ်ပိုင်းအတောအတွင်းမှာ Bar တွေ သူ့ထက်ငါ အပြိုင်အဆိုင်ဖွင့်လှစ်လာကြတာတွေ့မြင်လာရပါတယ်။ အဲဒီလို သူ့ထက်ငါ အပြိုင်အဆိုင်တွေထဲကမှ မကြာသေးမီကမှ ဖွင့်လှစ်လိုက်တဲ့ Bar တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဆိုပါ Bar ရဲ့ အမည်ကတော့ Pai’s Bar လို့ခေါ်ပါတယ်။ Bar နဲ့ café ကိုတွဲပြီး ဖွင့်ထားတာပါ။ ဆိုင်နေရာကတော့ ရန်ကုန်-ပြည် လမ်းမပေါ် သွားလာရလွယ်ကူတဲ့ ရှစ်မိုင်လမ်းဆုံနားမှာ ဖွင့်လှစ်ထားတာပါ။

သွားလာရလွယ်ကူသလို ရန်ကုန်မြို့မှာ ယာဉ်ရပ်နားဖို့အခက်အခဲဖြစ်နေပေမယ့် ဒီဆိုင်မှာတော့ ကျယ်ဝန်းတဲ့ကားပါကင် တည်ရှိတာကို တွေ့ရပါတယ်။

“အခု ဖွင့်ထားတဲ့ ၈ မိုင်ပတ်ချာလည်ဆို Bar တွေ၊စားသောက်ဆိုင်တွေ သိပ်များများစားစားမရှိဘူး။ ဒီဘက်မှာ နေတဲ့သူတွေက သွားချင်ရင် မြို့ထဲကို ထွက်ရတယ်။ အဲဒီတော့ ဒီဘက်မှာ ဈေးကွက်ရဲ့ လိုအပ်ချက်ရှိတယ်လို့ ယုံကြည်တဲ့အတွက် ဖွင့်ဖြစ်တယ်” လို့ Pai’s Bar ကို တည်ထောင်သူ ဦးအောင်မျိုးပိုင်က ဧရာဝတီကို ပြောပါတယ်။

ဒီ ဆိုင်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ ဝန်ထမ်းတွေရဲ့ ယဉ်ကျေးပျူငှာစွာနှုတ်ဆက်သံကို အရင်ဆုံးကြားရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ဆိုင်အနေအထားက နှစ်ထပ်ပုံစံရှိပြီး ပထမဆုံးဝင်ဝင်ချင်းအောက်ထပ်မှာဆိုရင်တော့ Bar တွေမှာ တွေ့နေရတဲ့ပုံစံအတိုင်း အဆင့်အတန်းမြင့်မြင့်၊ စမတ်ကျကျ ခင်းကျင်းထားတဲ့ လူနှစ်ယောက်၊ လေးယောက်၊ ခြောက်ယောက်အထိ ထိုင်နိုင်မယ့် ထိုင်ခုံများကို ခင်းကျင်းထားပါတယ်။ ဆိုင်ထဲမှာလည်း သီချင်းသံခပ်အေးအေးမျိးကို နားဆင်နိုင်ပါတယ်။

ဆိုင်ရဲ့အောက်ထပ်မှာ မထိုင်ချင်ဘူးဆိုရင်လည်း မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အေးဆေးစကား ပြောနိုင်ဖို့အတွက် သီးသန့်အခန်းတွေလည်း စီစဉ်ထားပါသေးတယ်။ အဲဒီအခန်းတွေမှာဆိုရင်လည်း အခန်းအမည်တွေကို နိုင်ငံ အမည်တွေနဲ့ ပေးထားတာဟာ အမြင်ဆန်းနေပါတယ်။

အဲဒီလို နိုင်ငံအမည်တွေ ပေးထားတဲ့အလျောက် အခန်းထဲဝင်လိုက်တယ်ဆိုတာနဲ့ အမည်ပေးထားတဲ့နိုင်ငံနေရာကို ရောက်သွားရသလို ထူးခြားတဲ့ အခန်းပြင်ဆင်မှုပုံစံတွေကို ခံစားရပါတယ်။

Pai’s Bar မှာဆိုရင် ဥရောပအစားအစာ၊ အီတာလျှံ အစားအစာတွေကို အဓိကရရှိမှာဖြစ်ပါတယ်။ Bar ဆိုတဲ့ အတွက်လည်း အဖျော်ယမကာနဲ့ ပက်သက်ပြီးတော့ Cocktail၊ Whiskey အစုံအလင်ရွေးချယ်သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

အစားအစာတွေကိုလည်း နာမည်ကြီးစာဖိုမှူး ကိုယ်တိုင်ကြီးကြပ်ပြီး ပြင်ဆင်ပေးနေတဲ့အတွက် အရသာကတော့ ပြောပြဖို့မလိုအောင် ကောင်းမွန်ပါတယ်။ ဒီလိုဆို ဈေးနှုန်းကကြီးမြင့်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဈေးနှုန်းတွေကလည်း အသင့်အတင့်နဲ့ လက်ရာကောင်းကောင်းကို စားသုံးနိုင်မှာပါ။

ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ Unplug music အစီအစဉ်ကိုလည်း နေ့တိုင်းစီစဉ်ပေးထားပါတယ်။ တပတ်လုံးလုံး ဖျော်ဖြေရေးအစီအစဉ်များရှိတဲ့အထဲကမှ အထူးအစီအစဉ်အနေနဲ့ တခြားဆိုင်တွေမှာပြုလုပ်တဲ့ပုံစံမျိုးမဟုတ်ဘဲ သောကြာနေ့မှာတော့ နာမည်ကြီးတိုင်းရင်းသား တေးသံရှင်ကို ဖိတ်ခေါ်၍ ဖျော်ဖြေပြီး စနေနေ့မှာတော့ တိုင်းရင်းသား ရိုးရာအကများကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားရိုးရာဖျော်ဖြေမှုကို Bar မှာ ထည့်သွင်းထားတဲ့အပေါ် Pai’s Bar ရဲ့ တည်ထောင်သူ ဦးအောင်မျိုးပိုင်က “ဒီမှာက Entertainment Program က တပတ်လုံးလုံးရှိတယ်။ သောကြာနေ့ဆိုရင် ကျော်ကြားတဲ့ အဆိုတော် တယောက်ခေါ်ဆိုတယ်။ စနေနေ့ဆိုရင် တိုင်းရင်းသားရိုးရာအကလေးတွေ ထည့်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ Bar & Restuatant တွေမှာ ကိုယ်တွေရဲ့ မြန်မာ့ရိုးရာကို ပြတာမဟုတ်ပါဘူး။ အဓိကကတော့ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုပါ။ သောကြာ၊ စနေတွေဆို ညနေပိုင်းမှာ ခရီးသွားကုမ္ပဏီတွေကို ချိတ်ထားတယ်။ Tour guide တွေကို ချိတ်ထားတယ်။ အဲဒီအတွက် Tourist Attaraction တခုအနေနဲ့ စနေနေ့တရက်ကိုတော့ တိုင်းရင်းသားရိုးရာ အကတွေလုပ်တာပေါ့။ မြန်မာမှုလည်း ထိန်းသိမ်းပေးရာရောက်တယ်။ တမြို့လုံးမှာ Traditional Dance Show လုပ်ပေးတဲ့ Bar လည်း ဒီ Bar တခုပဲရှိမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

Pai’s Bar ရဲ့ နောက်ထပ်ထူးခြားတဲ့ ဝန်ဆောင်မှုတခုကတော့ Bar ကို လာရောက်ကြတဲ့ ဧည့်သည်များ သောက်စား ပြီးတဲ့အခါ အပြန်တွင် ကားမောင်းဖို့ရန် အဆင်မပြေတာမျိုးဖြစ်စေ ဒါမှမဟုတ် ပြည်ပမှ ရောက်ရှိလာတဲ့ နိုင်ငံခြားသားဧည့်သည်များကို လေဆိပ်မှ သွားရောက်ခေါ်ယူပေးခြင်းမျိုးဖြစ်စေ စသည်တို့ကို Shutter Bus များဖြင့် ကြိုဆို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုများလည်း စီစဉ်ပေးထားပါတယ်။

အဆိုပါ ဆိုင်ဖွင့်လှစ်ထားတာလည်း မကြာသေးတဲ့အတွက် ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဈေးနှုန်းများကို ၅ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Member ကတ်များလည်း ပြုလုပ်ပေးထားပြီး အဆိုပါကတ်ဈေးနှုန်းကတော့ ၁၂၅ ဒေါ်လာ ကျသင့်မှာပါ။

ဒီဆိုင်မှာဆိုရင်လည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီ ၊ မိတ်ဆုံစားပွဲ၊ အစည်းအဝေး၊ စာနယ်ဇင်းရှင်းလင်းပွဲ ၊ တေးစီးရီးမိတ်ဆက်ပွဲတွေ ပြုလုပ်မယ်ဆိုရင်လည်း အထူးနှုန်းထားတွေနဲ့ လက်ခံဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ဆိုင်လိပ်စာကတော့ – junction 8 အနီး၊ အမှတ် ၁၁၂၊ ပြည်လမ်း ၄ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။

Your Thoughts …
Tags: Pai’s Bar
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အတန်ဆုံးပါဆိုတဲ့ Samsung Galaxy Tab S3

အတန်ဆုံးပါဆိုတဲ့ Samsung Galaxy Tab S3

မကြာမီ ပြန်စတော့မယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပွဲစဉ်များ

မကြာမီ ပြန်စတော့မယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပွဲစဉ်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved