• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထက်လင်းဆေးတွင် အာဆင်းနစ်ဓာတ် ပါဝင်မှု ကျန်းမာရေး ဝန်ကြီးဌာနက စစ်ဆေးမည်

by ထက်နိုင်ဇော်
19 January 2017
in သတင်း
A A
အာဆင်းနစ်ဓာတ်ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ထက်လင်းရင်လူးဆေး / ထက်နိုင်ဇော် / ဧရာဝတီ

အာဆင်းနစ်ဓာတ်ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ထက်လင်းရင်လူးဆေး / ထက်နိုင်ဇော် / ဧရာဝတီ

20k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ တိုင်ရင်းဆေးတမျိုး ဖြစ်သည့် “ထက်လင်း ချွဲသလိပ်ကြေ ရင်လူးဆေး”တွင် အာဆင်းနစ်ဓာတ် ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေမှု အပေါ် ကျန်းမာရေး ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သတင်း ရရှိသည်။

“ထက်လင်းမှာ အာဆင်းနစ် ရာခိုင်နှုန်း ပါဝင်မှု ဘယ်လောက်ရှိနေလဲဆိုတာ ဈေးကွက်ကနေ ကောက်ယူ စစ်ဆေး သွားမှာပါ။ သောက်ဆေးမဟုတ်ဘဲနဲ့ လိမ်းဆေးတွေမှာတော့ ကျောက်ဆေးဒါန်းက ပါတတ်ပါတယ်။ ကျောက်ဆေးဒါန်းမှာက အာဆင်းနစ်က ပါတတ်တယ်။ အာဆင်းနစ် ပါဝင်မှု အနည်းအများပေါ်မှာ မူတည်ပြီးမှ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမှာပါ” ဟု တိုင်းရင်းဆေးပညာ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့ရှိ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို မှာယူ၍ ပြန်လည် ရောင်းချနေသည့် ဆိုင်တဆိုင်ကို ယင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနက စစ်ဆေးရာ ထက်လင်းအမည်ရှိ မြန်မာ တိုင်းရင်းဆေးတွင် အာဆင်းနစ်ဓာတ် တွေ့ရှိသဖြင့် ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း ယင်းနိုင်ငံတွင် နေထိုင်သူ ဒေါက်တာ တင့်ဆွေက ၎င်း၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က တင်ပြခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် တွေ့ရှိသည့် ထက်လင်း ရင်လူးဆေးကိစ္စသည် ထုတ်လုပ်စဉ် ကာလကတည်းကပင် ဆေးထဲတွင် အာဆင်းနစ် ပါဝင်နေခြင်း ဖြစ်နိုင်သလို ဆေးအတုလည်း ရှိနိုင်ကြောင်း၊ ဖြစ်နိုင်ခြေ မျိုးစုံ ရှိနေသဖြင့် ထက်လင်းဆေးကို ဈေးကွက် အတွင်းမှ ရှာဖွေကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ အနေအထားအရ ရေမှာကိုက အာဆင်းနစ်ဓာတ်က ရှိနေတယ်။ ကလေးလိမ်းဆေးတွေမှာ များသောအားဖြင့် ကျောက်ဆေးတန်းတို့ ဘာတို့ ပါတတ်ပါတယ်။ ဒီကျောက်ဆေးဒါန်း ပါတာလောက်ကိုတော့ ကျနော်တို့ဌာနက လက်ရှိ အနေအထားအထိတော့ ခွင့်ပြုထားဆဲပါပဲ။ ဒီကျောက်ဆေးဒါန်းလို ဆေးမျိုးမှာ အဲဒီ အာဆင်းနစ်ဓာတ်ပါပါတယ်။ အနည်းနဲ့ အများပေါ့လေ”ဟု ဦးကျော်စိုးက ပြောသည်။

ထက်လင်းဆေးထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဒေါက်တာ ခင်မောင်ထွန်းကမူ ထက်လင်းဆေးတွင် အန္တရာယ်ရှိပါက အစားအသောက်နှင့် ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း (FDA) က ခွင့်ပြုမည် မဟုတ်ကြောင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ထံတွင်လည်း တရားဝင် ဆေးမှတ်ပုံတင် ရရှိရန် တင်ပြရပြီး ဆေးအရည်အသွေး စိတ်ချရ၍ လုပ်ငန်းလိုင်စင် ထုတ်ပေး ထားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အမေရိကန်က ဆိုလိုတာက ကျနော်တို့ တိုင်းရင်းဆေးတိုင်းမှာ သုံးတဲ့ တော်တော်များများမှာ မင်းလေးပါးနာတို့ ဘာတို့မှာလည်း အာဆင်းနစ် ဓာတ်ပါတယ်။ တိုင်းရင်းဆေးပညာ ဦးစီးဌာနကလည်း အန္တရာယ် မရှိလို့ ခွင့်ပြုတာပေါ့။ ကျနော်က ပရဆေးနဲ့ ပတ်သက်ပြီး ဒေါက်တာ ဘွဲ့ရထားတဲ့သူပါ” ဟု ထက်လင်းဆေးထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဒေါက်တာ ခင်မောင်ထွန်းက ပြောသည်။

အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ချက်တွင် မြန်မာစာ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ၁၄ ရက်နေ့တွင် ထိုသတင်းကို ကြားသိရကြောင်း ထက်လင်းဆေးဝါးလုပ်ငန်းက ဆိုသည်။

“ဒါကတမင်သက်သက်ကို ပုံကပ်ပြီးတော့ လုပ်တာ။ တယောက်ယောက်က ချောက်တွန်းတာပါ။ အမတို့ဆေးက ဒီသတင်းကြောင့် အရောင်းလည်း မကျဘူး။ ဒီတိုင်းပဲ။ ဆေးထုတ်တဲ့ သက်တမ်းကလည်း နှစ် ၄၀ နီးပါး ဖြစ်နေပြီ။ ဖော်မြူလာလည်း မပြောင်းဘူး။ ဗမာဆေးကို ဗမာဆေးအတိုင်းပဲ ထုတ်ထားတယ်” ဟု ထက်လင်းဆေးဝါးလုပ်ငန်းမှ ဒေါ်ဥမ္မာက ဧရာဝတီသို့ ပြောသည်။

ပြည်သူလူထု အနေဖြင့် တရားမဝင် ဆေးအဖြစ် ကြေညာပါက ဆက်လက် မသုံးစွဲရန် လိုအပ်ပြီး ဌာနအနေဖြင့်လည်း ဈေးကွက်တွင်း ဆက်လက်ဖြန့်ချိခြင်း မရှိစေရန် ဆောင်ရွက်နေကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရားစွဲဆိုမှုများပါ ပြုလုပ်နေကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်က နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်နေ့က ကျင်းပသည့် ၁၇ ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် သတင်းထောက်များကို ပြောသည်။

အောင်ထိပ်တန်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှ ဦးဝင်းဇော်ကလည်း “ကျနော်တို့ လုပ်ငန်းရှင်တွေစုပြီး အသင်းတခု နောက်ပိုင်းမှာ ပေါ်လာမှာပါ။ အခု ရန်ပုံငွေတခုထူထောင်ပြီး ဈေးကွက်ထဲက ဆေးဝါးတွေကိုယူပြီး အမြဲစစ်ဖို့ စီစဉ်နေပြီ။ ဌာန စစ်မယ်။ ကျနေ်ာတို့က ရန်ပုံငွေ လှူပေးမယ်။ အမြဲစစ်ဖို့ပါ။ တွေ့ရှိချက်ကို ကျနော်တို့က ပြည်သူလူထုကို ထုတ်ပြန်မယ်။ အဲဒီလို စစ်နိုင်ဖို့ ဆောင်ရွက်နေပြီး အမြဲကြေညာ ပေးနေနိုင်ရင် ပြည်သူတွေက ယုံကြည်မှု ရှိလာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

Your Thoughts …
Tags: Drugs
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ရွှေဗဟိုဘုန်းကြီးကျောင်းအတွင်းမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ / RPL / Facebook

မောင်တောရှိ ရွှေဗဟို ဘုန်းကြီးကျောင်း၌ စိတ်ကြွဆေးပြား သိန်း ၄၀ ကျော် ဖမ်းဆီးရမိ

by ခင်ဦးသာ
6 February 2017
15.7k

ရွှေဗဟိုကျောင်း ဆရာတော် စီးလာတဲ့ ကားဆီက ဆေးပြားအိတ်တချို့ကို အရင်ဖမ်းမိတယ်၊ အဲဒီက တဆင့် ကျောင်းတိုက်ကို ဝင်ရှာတော့ ကျောင်းဝင်းထဲကလည်းပဲ ဖမ်းမိတယ်၊ နှစ်ခုပေါင်း ဆိုရင် ဆေးပြားပေါင်း သိန်း ၄၀ ကျော်ရှိပါတယ်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွက် ချီးကျုးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်ခံရသူ ကိုရာဇာဟိန်း

၂၀၁၆ ဒီဇင်ဘာရဲ့ သူရဲကောင်း ကိုရာဇာဟိန်း

by ကောင်းမြတ်မင်း
27 January 2017
66.1k

ကျနော် အရမ်းလေးစားတဲ့ ဆရာတဦးက WY ဆေးတွေ အလွန်အကျွံ သုံးပြီး သေဆုံးခဲ့ရလို့ မူးယစ်ဆေးဝါးကို မုန်းတီးတဲ့စိတ်နဲ့ အကြောက်အလန့်မရှိဘဲ ဒါတွေကိုလုပ်ခဲ့တာပါ

Next Post
နောက်ဆုံးပေါ် 2017 Honda Fit

နောက်ဆုံးပေါ် 2017 Honda Fit

ပဲခူးမြို့နယ်ရှိ ဝင်းဂဘော် ဆင်စခန်း / ကျော်ဆုမွန် / ဧရာဝတီ

သစ်ထုတ်လုပ်ရေး စခန်းများကို ဆင်စခန်းများ အဖြစ် ပြောင်းဖွင့်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved